11
တစ်ခုသောနေရာတွင် ပဌနာပြုတော်မူသည့်အဆုံး၌ တပည့်တော်တစ်ယောက်က အရှင်ဘုရား၊ ယောဟန်သည် ကိုယ့်တပည့်တို့အားသွန်သင်သည့်နည်းတူ တပည့်တော်တို့လည်းပဌနာပြုရန် သွန်သင်တော်မူပါဟုလျှောက်သော်၊ ကိုယ်တော်က ပဌနာပြု၍ဆုတောင်းရမည်မှာ 11.2 ေကာင်းကင်ဘုံ၌စံနေေတာ်မူေသာဟူ၍ေရှးကျမ်းေဟာင်းအချို့၌ပါရှိ၏။ အဘ၊ နာမတော်ကိုရိုသေကြပါစေသော။ နိုင်ငံတော်တည်ထောင်ပါစေသော။ 11.3 အလိုေတာ်သည်ေကာင်းကင်ဘုံ၌ပြည့်စုံသကဲ့သို့ေမြကြီးပေါ်မှာပြည့်စုံပါေစေသာဟူ၍ေရှးကျမ်းေဟာင်းအချို့၌ပါရှိ၏။တစ်ရက်စာကိုနေ့စဉ် သနားတော်မူပါ။ အပြစ်မြီစားတိုင်းပေါ်တွင် ဖြေလွှတ်သောအကျွန်ုပ်တို့အပြစ်များကို ဖြေလွှတ်တော်မူပါ။ စုံစမ်းရာသို့ဝင်စေတော်မမူပါနှင့် 11.4 အဆိုးမှကယ်နုတ်ေတာ်မူပါဟူ၍ေရှးကျမ်းေဟာင်းအချို့၌ပါရှိ၏။ ဟူ၍တည်းဟု မိန့်တော်မူ၏။
ကိုယ်တော်ကလည်း သင်တို့အနက်တစ်ယောက်ယောက်သည် မိတ်ဆွေဖြစ်သူ့ထံ သန်းခေါင်အချိန်သွားပြီးလျှင် အဆွေမုန့်သုံးလုံးချေးပါ။ ခရီးရောက်မဆိုက် မိတ်ေဆွတစ်ယောက်ကိုတည်ရန်မရှိပါဟု ဆိုသော်။ အိမ်တွင်ရှိသူက ကျွန်ုပ်ကိုဒုက္ခမရှာပါနှင့်။ တံခါးပိတ်ထားပါပြီ။ သားသမီးတို့လည်း ကျွန်ုပ်နှင့်တကွ အိပ်လျက်ရှိကြသဖြင့် ထ၍မပေးနိုင်ဟု အကယ်ဆိုခဲ့လျှင်၊ မိတ်ဆွေဝတ်ကြောင့် ထ၍မပေးသော်လည်း အနှောင့်အရှက်ကြောင့်လိုသမျှကိုထ၍ပေးလိမ့်မည် ငါဆို၏။ သင်တို့အားငါဆိုသည်ကား တောင်းကြလော့၊ ရလိမ့်မည်။ ရှာကြလော့၊ တွေ့လိမ့်မည်။ ခေါက်ကြလော့ပွင့်လိမ့်မည်။ 10 အသို့ဆိုသော် တောင်းသောသူတိုင်းရ၏။ ရှာသောသူလည်းတွေ့၏။ ခေါက်သောသူ့အားပွင့်တတ်၏။ 11 အဘဖြစ်သောသင်တို့တွင် သားကငါးတောင်းလျှင် ငါးအစားမြွေပေးမည့်သူ၊ 12 ဥတောင်းလျှင် ကင်းပေးမည့်သူရှိသလော။ 13 သို့နှင့်အညီ ဆိုးသွမ်းသောသင်တို့ပင် သားသမီးတို့အားကောင်းရာကို ပေးတတ်လျှင် ကောင်းကင်ဘုံစံသင်တို့အဘသည် လျှောက်တောင်းသူတို့အား သန့်ရှင်းသောဝိညာဉ်တော်ကို သာ၍ သနားတော်မူမည်မဟုတ်လောဟု မိန့်တော်မူ၏။
14 ကိုယ်တော်သည် နတ်အ ကိုနှင်ထုတ်တော်မူ၍ နတ်ထွက်ခွာသော် သူအသည်စကားပြောသဖြင့် လူပရိသတ်အံ့သြကြရာ၊ 15 အချို့က သူသည် နတ်မင်းဗေလဇေဗုလကိုမှီပြီးလျှင် နတ်များကိုနှင်ထုတ်သည်ဟုဆိုကြ၏။ 16 အချို့ကလည်းစုံစမ်း၍ မိုးကောင်းကင်မှနိမိတ်လက္ခဏာကို ကိုယ်တော့်ထံတောင်းကြ၏။ 17-18 ထိုသူတို့အထင်အမြင်များကို သိမြင်တော်မူသော် ကိုယ်တော်က ဗေလဇေဗုလကိုမှီပြီးလျှင် နတ်များကိုနှင်ထုတ်သည်ဟုသင်တို့ဆိုကြသည်မှာ အတွင်း၌ ကွဲပြားလျက်ရှိသောနိုင်ငံတိုင်းပျက်စီး၍ တစ်အိမ်ကိုတစ်အိမ်ဖိလဲတတ်၏။ ထိုနည်းတူစာတန်သည် အတွင်း၌ကွဲပြားလျက်ရှိလျှင် သူ့နိုင်ငံသည် မည်သို့တည်မြဲမည်နည်း။ 19 ဗေလဇေဗုလကိုမှီ၍ နတ်များကိုငါနှင်ထုတ်သည်မှန်လျှင် သင်တို့၏သားများမှာ မည်သူ့ကိုမှီ၍နှင်ထုတ်ကြသနည်း။ ထိုကြောင့်သူတို့သည် သင်တို့အပေါ်တွင် တရားစီရင်သူဖြစ်ကြရလိမ့်မည်။ 20 ဘုရားသခင့်လက်ညှိုးတော်ဖြင့် နတ်များကိုငါနှင်ထုတ်သည်မှန်လျှင် ဘုရားသခင်၏နိုင်ငံတော်သည် သင်တို့ထံရောက်နှင့်လေပြီ။ 21 ခွန်အားကြီးသူသည် လက်နက်စုံစွဲကိုင်လျက် ကိုယ့်ဝင်းအိမ်ကိုစောင့်နေသည့်ကာလ ပစ္စည်းများလုံခြုံသော်လည်း၊ 22 သူ့ထက်ခွန်အားကြီးသူသည် ရောက်လာအောင်မြင်သော် အားကိုးသောလက်နက်စုံကိုသိမ်း၍ ဥစ္စာများကိုခွဲယူတတ်၏။ 23 ငါ့ဘက်၌မရှိသူသည် တစ်ဖက်၌ရှိ၏။ ငါနှင့်အတူမစုမသိမ်းသူလည်း ခွဲလွှင့်သူ​ဖြစ်၏။ 24 နတ်ဆိုးတစ်ကောင်သည် လူထဲမှထွက်ခွာပြီးလျှင် ရေမရှိသောအရပ်များကိုေလျှာက်လျက် နားနေရာရှာ၍မတွေ့သော် ထွက်လာရင်း ငါ့အိမ်သို့ပြန်မည်ဟုဆိုလျက်၊ 25 ပြန်ရောက်သည့်ကာလ သုတ်သင်ပြုပြင်လျက်ထားသည်ကို တွေ့မြင်သဖြင့်၊ 26 မိမိထက်ဆိုးသွမ်းသော နတ်ခုနစ်ကောင်ကိုခေါ်ပြီးနောက် ဝင်နေသည်နှင့် ထိုလူ၏ နောက်အဖြစ်အနေသည် အရင်ထက်ဆိုးသတည်းဟု မိန့်တော်မူ၏။
27 ထိုသို့မိန့်တော်မူစဉ် ကိုယ်တော်ကိုလွယ်ရသောဝမ်းနှင့် စို့တော်မူသောသားမြတ်များ၌ မင်္ဂလာရှိသည်ဟု အသံလွင့်၍ လူပရိသတ်ရှိမိန်းမတစ်ယောက်လျှောက်သော်၊ 28 ကိုယ်တော်က ဘုရားသခင့်တရားတော်ကို ကြားနာစောင့်ရှောက်သူတို့၌ သာ၍မင်္ဂလာရှိသည်ဟု မိန့်တော်မူ၏။
29 လူပရိသတ်ထပ်မံစုရုံးကြသည့်ကာလ ကိုယ်တော်က ယခုလူမျိုးသည် ဆိုးသွမ်းသောလူမျိုးဖြစ်သတည်း။ နိမိတ်လက္ခဏာတောင်းကြသည်မှာ ယောန၏နိမိတ်လက္ခဏာမှတစ်ပါး မည်သည့်နိမိတ်လက္ခဏာကိုမျှ ပြမည်မဟုတ်။ 30 ယောနသည် နိနေဝေမြို့သူမြို့သားတို့အား နိမိတ်လက္ခဏာဖြစ်သည့်နည်းတူ လူ့သားသည် ယခုလူမျိုးအား နိမိတ်လက္ခဏာဖြစ်လိမ့်မည်။ 31 ရှောလမုန်မင်း၏ ဉာဏ်ပညာစကားကိုကြားနာခြင်းငှာ မြေကြီးအစွန်းအဖျားကရောက်လာသော တောင်ပြည့်ရှင်ဘုရင်မသည် တရားစီရင်တော်မူသည့်ကာလ၊ ယခုလူမျိုးနှင့်အတူရှင်ပြန်လျက် အပြစ်စီရင်လိမ့်မည်။ ရှောလမုန်မင်းထက်ကြီးမြတ်သူသည် ဤနေရာတွင်ရှိသည်တကား။ 32 ယောနဟောပြောသောကြောင့် နောင်တရသောနိနေဝေမြို့သူမြို့သားတို့လည်း ထိုကာလ၌ ယခုလူမျိုးနှင့် အတူရှင်ပြန်လျက် အပြစ်စီရင်ကြလိမ့်မည်။ ယောနထက်ကြီမြတ်သူသည် ဤနေရာတွင်ရှိသည်တကား။ 33 မီးထွန်းပြီးနောက် မြေတွင်း၌ဖြစ်စေ၊ တောင်းအောက်၌ဖြစ်စေ မည်သူမျှမထားတတ်။ အလင်းကို ဝင်လာသူတို့မြင်နိုင်ရန် ခုံပေါ်တွင်သာတင်ထားတတ်၏။ 34 မျက်စိသည် ကိုယ်ခန္ဓာ၏မီးရှူးသဖွယ်ဖြစ်လျက် သင့်မျက်စိကောင်းလျှင် တစ်ကိုယ်လုံးအလင်းနှင့်ပြည့်၏။ မကောင်းလျှင်မူကားကိုယ်ခန္ဓာသည် မှောင်နှင့်ပြည့်၏။ 35 ထိုကြောင့်သင်၌ရှိသောအလင်းသည် မှောင်ဖြစ်သည်မဖြစ်သည်ကို ရှုကြည့်ကြလော။ 36 သင့်ကိုယ်ခန္ဓာသည် တစ်ပိုင်းမျှမမှောင်ဘဲ လုံးလုံးအလင်းနှင့်ပြည့်လျှင် မီးရှူးတောက်ပ၍ လင်းစေသည့်နည်းတူ တစ်ကိုယ်လုံးအလင်းနှင့်ပြည့်လိမ့်မည်ဟု မိန့်တော်မူ၏။
37 ထိုသို့မိန့်တော်မူပြီးနောက် ဖာရိရှဲတစ်ယောက်သည် ကိုယ်တော်ကိုသုံးဆောင်တော်မူရန် ပင့်ခေါ်သည့်အတိုင်း ကြွဝင်၍စားပွဲထိုင်တော်မူရာ၊ 38 ထိုဖာရိရှဲမြင်သော် မသုံးဆောင်မီဦးစွာဆေးကြောတော်မမူသည်ကို အံ့သြသောကြောင့်၊ 39 အရှင်ဘုရားက ဖာရိရှဲဖြစ်သောသင်တို့သည် ယခုအခါအိုးခွက်ပြင်ဘက်ကို စင်ကြယ်စေသော်လည်း၊ အတွင်းသဘောမူကား အဓမ္မမှုလွန်ကျူးမှုများနှင့်ပြည့်၏။ 40 အချင်းလူမိုက်တို့၊ အပြင်ကိုဖန်ဆင်းသောအရှင်သည် အတွင်းကိုလည်းဖန်ဆင်းတော်မူသည်မဟုတ်လော။ 41 ထည့်ထားရာများကို စွန့်ကြဲပေးကမ်းကြလော့။ သို့ပြုလျှင် သင်တို့သုံးသောအရာရာသည် စင်ကြယ်လေပြီ။
42 အချင်းဖာရိရှဲတို့၊ သင်တို့၌အမင်္ဂလာရှိ၏။ သင်တို့သည် ပင်စိမ်း၊ စပါးလင် စသော ဟင်းသီးဟင်းရွက်တိုင်း ဆယ်ဘို့တစ်ဖို့ကိုလှူလျက် တရားစောင့်ခြင်းနှင့်ဘုရားကြည်ညိုခြင်းကို ချန်လှပ်ကြသည်တကား။ ဆိုခဲ့သောအလှူများကိုမလှပ်ထားဘဲ ဤဝတ်များကိုစောင့်သင့်၏။ 43 အချင်းဖာရိရှဲတို့၊ သင်တို့၌အမင်္ဂလာရှိ၏။ သင်တို့သည် ဓမ္မာရုံများတွင် မြင့်မြတ်သောနေရာ၌ထိုင်ခြင်း၊ စျေးများတွင်နှုတ်ဆက်ခံခြင်းကို နှစ်သက်ကြ၏။ 44 သင်တို့၌အမင်္ဂလာရှိ၏။ မထင်ရှား၍လူတို့မသိဘဲ ကျော်သွားသောသင်္ချၖိုင်းဂူများကဲ့သို့ ဖြစ်ကြသည်တကားဟု မိန့်တော်မူ၏။
45 ထိုကာလ ကျမ်းတတ်တစ်ယောက်က ဆရာ၊ ဤသို့ဆိုရာတွင် အကျွန်ုပ်တို့ကိုလည်းကဲ့ရဲ့ပါသည် ဟုပြန်ဆိုသော်၊ 46 ကိုယ်တော်ကအချင်းကျမ်းတတ်တို့၊ သင်တို့၌လည်းအမင်္ဂလာရှိ၏။ ထမ်းခဲသောဝန်ထုပ်များကို သူတစ်ထူးတို့အပေါ်တွင် တင်ပြီးလျှင် လက်တစ်ချောင်းနှင့်မျှ ကိုယ်တိုင်မမကြ။ 47 သင်တို့၌အမင်္ဂလာရှိ၏။ ကိုယ့်ဘိုးဘေးများသတ်ခဲ့သော ပရောဖက်တို့၏သင်္ချၖိုင်းဂူများကို သင်တို့တည်ဆောက်ကြလေစွ။ 48 သူတို့သတ်ခဲ့သည်နှင့်အညီ သင်တို့တည်ဆောက်ကြသဖြင့် ဘိုးဘေးတို့၏ အမှုကိုနှစ်သက်သောသက်သေခေါင်းဆောင်ဖြစ်ကြသည်တကား။ 49 အချို့တို့ကို သတ်ဖြတ်ခြင်း၊ အချို့တို့ကို ညှဉ်းပန်းခြင်းများကို သင်တို့ပြုအံ့သောပရောဖက်များ၊ တမန်များကို ငါစေလွှတ်မည်ဟု ဘုရားသခင်၏ဉာဏ်တော်မိန့်မြွက်သည့်အကြောင်းမှာ၊ 50-51 အာဗေလအသွေးမှ ပူဇော်ရာပလ္လင်တော်နှင့်ဗိမာန်တော်ကြားတွင် သေရသောဇာခရိအသွေးတိုင်အောင် ဤလောကတည်သည်ကစ၍ လွန်ခဲ့သောပရောဖက်ရှိသမျှတို့အသွေးကို ယခုလူမျိုးထံမှတောင်းဆိုရစေခြင်းငှာတည်း။ ယခုလူမျိုးထံမှ မုချတောင်းဆိုတော်မူလိမ့်မည် ငါဆို၏။ 52 အချင်းကျမ်းတတ်တို့၊ သင်တို့၌အမင်္ဂလာရှိ၏။ အသိပညာဆိုင်ရာသော့ကိုယူသွားသော သင်တို့သည် ကိုယ်တိုင်မဝင်။ ဝင်သူတို့ကိုလည်းကန့်ကွက်ကြသည်တကားဟု မိန့်တော်မူ၏။
53-54 ထိုအရပ်မှ ထွက်ကြွတော်မူသော် ကျမ်းတတ်ဆရာနှင့်ဖာရိရှဲတို့သည် ကိုယ်တော်ကိုကြီးစွာရန်ငြိုးဖွဲ့သဖြင့် နှုတ်တော်ထွက်စကားကိုဖမ်းမိရန် စောင့်စားလျက် အမျိုးမျိုးမေးမြန်းကြ၏။