8
တစ်ရံရောအခါ ဧလိရှဲသည် အသက်ရှင်ပြန်စေဘူးသော သူငယ်၏မိခင်အား အိမ်သူအိမ်သားပါ ထသွား၍ ခိုဝင်ခွင့်ရသောဒေသ၌ နေထိုင်လော့။ ဒုဗ္ဘိက္ခန္တရကပ်ကို ထာဝရဘုရားစီရင်တော်မူ၍ တစ်ပြည်လုံး၌ ခုနစ်နှစ်တိုင်တိုင် သင့်ရောက်လတ္တံ့ဟု သတိပေးသော်၊ ထိုမိန်းမသည် ဘုရားသခင့်လူယုံတော်၏စကားကိုနာယူလျက် အိမ်သူအိမ်သားပါ ဖိလိတ္တိပြည် သို့ထသွား၍၊ ခုနစ်နှစ်ပတ်လုံး နေထိုင်လေ၏။ ခုနစ်နှစ်စေ့သဖြင့် ဖိလိတ္တိပြည်မှပြန်လာသောအခါ ကိုယ့်အိမ်မြေကို ရအံ့သောငှါ ဘုရင်မင်းထံ အသနားခံဝင်ရောက်စဉ် ဘုရင်မင်းသည် ဘုရားသခင့်လူယုံတော်၏ တပည့်ဂေဟာဇိနှင့် ဆွေးနွေးဆဲဖြစ်၏။ ဧလိရှဲပြုသောအကြီးအကျယ်ရှိသမျှကို ပြန်ကြားလော့ဟုမိန့်ဆိုလျှင် သေသူ့ကိုရှင်ပြန်စေကြောင်း ပြန်ကြားခိုက် ရှင်ပြန်စေဘူးသော သူငယ့်မိခင်သည် ကိုယ့်အိမ်မြေ ကိုရလိုကြောင်းနှင့် ဘုရင်မင်းထံ အသနားခံရာ ဂေဟာဇိက၊ အိုအရှင်မင်းမြတ်၊ ဧလိရှဲရှင်ပြန်စေ သောသူငယ်နှင့် မိခင်ကား ထိုသူတို့ပင်တည်းဟု တင်လျှောက်သော်၊ မိန်းမအား ဘုရင်မင်းမေးသည်အလျောက် ပြန်ကြားလေ၏။ ထိုကြောင့် ဘုရင်မင်းက၊ သူပိုင်ဆိုင်သမျှနှင့် ပြည်တော်ကထွက်သောနေ့မှစ၍ ယနေ့တိုင်အောင်၊ မြေစုဆများကိုပေးစေဟု မိန့်ဆိုလျက် အမတ်တစ်ယောက်အား စီမံစေ၏။
တစ်နေ့သ၌ ဧလိရှဲသည် ဒမာသက်မြို့သို့သွားရောက်ရာ မကျန်းခန့်သောရှုရိဘုရင် ဗဟာဒဒ်မင်း ထံ ဤမြို့သို့ဘုရားသခင့် လူယုံတော်ရောက်လာကြောင်းတင်လျှောက်လျှင် ဘုရင်မင်းက၊ ဘုရားသခင့်လူယုံတော်ကိုတွေ့ဆုံရန် လက်ဆောင်နှင့်တကွသွားလျက် ဤဝေဒနာနှင့်ငါထမြောက်ဦးမည်လောဟူ၍ သူ့ဖြင့်ဘုရားသခင့်ထံ မေးလျှောက်လော့ဟု ဟာဇေလအား မိန့်ဆိုသည့်အတိုင်း၊ ဟာဇေလသည် ကုလားအုပ်လေးဆယ်ပေါ်တွင် ဒမာသက်မြို့ထွက်အထူးအမြတ်ကိုတင်ဆောင် လျက်၊ သွားရောက်တွေ့ဆုံသည်နှင့် ရှေ့မှောက်တွင်ရပ်ပြီးလျှင် ကိုယ်တော်၏သား ရှုရိဘုရင်ဗဟာဒဒ် မင်းက ဤဝေဒနာမှ အကျွန်ုပ်ထမြောက်ဦးမည်လောဟူ၍ မေးလျှောက်ရန် ကိုယ်တော့်ထံစေလွှတ်ပါ သည်ဟု လျှောက်သော်၊ 10 ဧလိရှဲက၊ ဘုရင်မင်းသည် ထမြောက်ဦးမည်ဟူ၍ ပြန်လျှောက်လေလော့။ သို့သော်လည်း၊ မုချကွယ်လွန်မည့်အကြောင်း ထာဝရဘုရားဖော်ပြတော်မူပြီဟုဆိုလျက်၊ 11 ဟာဇေလမျက်နှာပျက်သည့်တိုင်အောင် စိန်းစိန်းကြည့်၍ ဘုရားသခင့်လူယုံတော်ငိုကြွေးလေ၏။ 12 ဟာဇေလကလည်း၊ အရှင်ငိုကြွေးရခြင်းကား အသို့ကြောင့်ပါနည်းဟု မေးလျှင် သင်သည် ခံတပ်မြို့များကို မီးတိုက်လျက်၊ လက်ရွေးသူရဲများကို ဓားနှင့်ကွပ်လျက် သူငယ်များကို ဆောင့်သတ်လျက် ကိုယ်ဝန်ဆောင်မိန်းမများကိုခွဲဖောက်လျက် ဣသရေလအမျိုးသားတို့၌ပြုလတ္တံ့ သောအန္တရာယ်ကို ငါသိမြင်၍ ငိုကြွေးသည်ဟု ပြန်ဆိုသော်၊ 13 ဟာဇေလက၊ ခွေးမျှသာဖြစ်သောကျွန်တော်မျိုးသည် ဤကြီးစွာသောအမှုကိုပြုနိုင်အံ့လောဟု ပြန်လျှောက်သော်၊ ဧလိရှဲက၊ သင်သည်ရှုရိဘုရင်ဖြစ်လိမ့်မည်ကို ငါ့အားထာဝရဘုရားဖော်ပြတော်မူပြီဟုဆိုလေ၏။ 14 ဟာဇေလသည် ကိုယ့်သခင့်ထံပြန်ရောက်သည့်ကာလ အဘယ်သို့ဧလိရှဲမိန့်ဆိုသနည်းဟု မေးလျှင် ထမြောက်တော်မူဦးမည်ဟူ၍ မိန့်ဆိုပါသည်ဟု တင်လျှောက်ပြီးလျှင် 15 နောက်နေ့၌ အထည်ကိုရေဆွတ်၍ မျက်နှာတော်ပေါ်တွင် ဖုံးအုပ်သည့်အတွက် ဘုရင်မင်း ကွယ်လွန်ရာ အရိုက်အရာ၌ဟာဇေလနန်းစံလေ၏။
16 အာဟပ်မင်းသားတော်၊ ဣသရေလဘုရင်ယောရံမင်းနန်းစံငါးနှစ်တွင် ယုဒဘုရင်ယောရှဖတ် မင်းသားတော်ယဟောရံမင်းသည် 17 အိမ်နိမ့်သုံးဆယ့်နှစ်နှစ်ရှိသော်၊ နန်းတက်၍ ယေရုရှလင်မြို့၌ ရှစ်နှစ်စိုးစံလေ၏။ 18 အာဟပ်မင်းသမီးတော်နှင့်ထိမ်းမြားသဖြင့် ဣသရေလဘုရင်တို့နည်းလမ်းကို အာဟပ်မင်းမျိုး ကဲ့သို့လိုက်လျက် ထာဝရဘုရားမျက်မှောက်တော်တွင် ဆိုးသွမ်းမှုကိုပြုကျင့်၏။ 19 သို့ရာတွင် ထာဝရဘုရားသည် ကျွန်တော်ရင်းဒါဝိဒ်ကို ထောက်ထား၍ သားစဉ်မြေးဆက် အလင်းမကွယ်ရဟူသောဂတိတော်အတိုင်း၊ ယုဒအမျိုးကိုဖျက်ဆီးရန် အလိုတော်မရှိချေ။ 20 ထိုယဟောရံမင်းလက်ထက်တွင် လက်အောက်ခံဖြစ်သော ဧဒုံပြည်ပုန်ကန်လျက် မင်းသစ်တင် မြှောက်ကြသည်ဖြစ်၍ 21 ရထာတပ်အ​ပေါင်းတို့နှင့်တကွ ဇာဣရမြို့သို့ဘုရင်မင်းချီရပ်ရာ ကိုယ်တိုင်နှင့်ရထားတပ်ဗိုလ် များကို ဝိုင်းလာသောဧဒုံသူရဲတို့အား ညဉ့်အချိန်ထ၍ တိုက်ခိုက်လျှင် ကိုယ့်စစ်သားတို့အိမ်ရောက် ဆုတ်ပြေးကြသည့်အတွက် 22 ယုဒဘုရင့်လက်အောက်ခံဖြစ်သော ဧဒုံလူမျိုးသည် ယနေ့တိုင်အောင် ခြားနားလေ၏။ လိဗနမြို့လည်း ထိုကာလပုန်ကန်လေ၏။ 23 ယဟောရံမင်းပြုမူစီရင်သမျှအကြွင်းအကျန်သည် ယုဒရာဇဝင်၌ရေးထားလျက်ရှိ၏။ 24 ယဟောရံမင်းသည် ဘေးတော်ဘိုးတော်တို့နှင့်အတူ ကျိန်းစက်လျက် ဒါဝိဒ်မြို့တော်ရှိ သင်္ချၖိုင်းတော်တွင် စျာပနပြုခြင်းကိုခံရလျှင် သားတော်အာခဇိသည် အရိုက်အရာ၌နန်းစံလေ၏။
25 အာဟပ်မင်းသားတော် ဣသရေလဘုရင်ယောရံမင်းနန်းစံဆယ့်နှစ်နှစ်တွင် ယုဒဘုရင်ယဟော ရံမင်းသားတော်အာခဇိမင်းသည် 26 အိမ်နိမ့်နှစ်ဆယ့်နှစ်နှစ်ရှိသော် နန်းတက်၍ ယေရုရှလင်မြို့၌ တစ်နှစ်သာစိုးစံရ၏။ မယ်တော့်အမည်ကား ဣသရေလဘုရင်သြမရိမင်းမြေးတော်အာသလိတည်း။ 27 အာခဇိမင်းသည် အာဟပ်မင်းသမက်တော်ဖြစ်၍ အာဟပ်မင်းမျိုးနည်းလမ်းကိုလိုက်လျက် ထိုအမျိုးကဲ့သို့ ထာဝရဘုရားမျက်မှောက်တော်တွင် ဆိုးသွမ်းမှုကိုပြုကျင့်၏။ 28 အာဟပ်မင်းသားတော်ယောရံမင်းနှင့်အတူ ဂိလဒ်နယ်၊ ရာမုတ်မြို့သို့ချီ၍ ရှုရိဘုရင်ဟာဇေလ မင်းကို စစ်တိုက်ကြရာ၊ ရှုရိသူရဲတို့က၊ ယောရံမင်းကိုထိမှန်အောင် ပစ်ခတ်ကြ၏။ 29 ထိုမြို့၌ရှုရိဘုရင် ဟာဇေလမင်းနှင့်စစ်တိုက်၍ ပစ်ခတ်ခံရသောအနာကိုကုသရန် ယေဇရေလ မြို့သို့ယောရံမင်းဆုတ်ပြန်ခဲ့ရာ ယဟောရံမင်းသားတော် ယုဒဘုရင်အာခဇိမင်းလည်း ယေဇရေလ မြို့၌ မကျန်းခန့်သော ထိုမင်းကို သွားရောက်ကြည့်ရှုလေ၏။