6
ထိုနောက် ပရောဖက်ဂိုဏ်းသားတို့က ကိုယ်တော့်ရှေ့တွင် ကျွန်တော်တို့နေရသောအရပ် ကျဉ်းမြောင်းပါ၏။ ယော်ဒန်မြစ်သို့သွားပြီးလျှင် နေရာထိုင်ခင်းတည်ဆောက်ရန် လူတိုင်းသစ်တစ်လုံးကျခုတ်လုပ် ပါစေဟု ဧလိရှဲထံခွင့်ပန်ကြသည့်အတိုင်းပေးရာ ကျွန်တော်မျိုးတို့နှင့်အတူ လိုက်ကြွတော်မူပါဟု တောင်းပန်ကြသည်နှင့်အညီ ဝန်ခံ၍လိုက်သွားလေ၏။ ယော်ဒန်မြစ်သို့ရောက်ပြီးနောက် သစ်ကိုခုတ်လှဲလျက် ရွေဖျင်းကြစဉ် ပုဆိန်တစ်လက်ကျွတ်၍ မြစ်ထဲသို့ကျသွားသည်နှင့် ကျသူက၊ အိုအရှင်ဘုရား ငှါးခဲ့သောပုဆိန်ပါ တကားဟု ဟစ်လျှင်၊ ဘုရားသခင့်လူယုံတော်က၊ အဘယ်မှာကျသနည်းဟုမေး၍ ညွှန်ပြသောနေရာတွင် တုတ်ကိုခုတ် ချသဖြင့် ပုဆိန်ပေါလောမျောရာ ဆယ်ယူလော့ဟုအမိန့်ရှိသည့်အလျောက် လက်ဆန့်၍ဆယ်ယူလေ၏။
ရှုရိဘုရင်သည် ဣသရေလနိုင်ငံနှင့် စစ်ရေးဖြစ်ပွားရာ ကျေးကျွန်သင်းပင်းတို့နှင့်တိုင်ပင်၍ ထိုထိုဤဤအရပ်တွင် တပ်စွဲမည်ဟု ပြဌာန်းလျှင် ဘုရားသခင့်လူယုံတော်က၊ ထိုထိုဤဤအရပ်တွင် ရှုရိတပ်စွဲချမည်ဖြစ်၍ ထိုအရပ်ကိုကြဉ်ရှောင် လော့ဟု ဣသရေလဘုရင့်ထံ သတင်းပေးနှင့်သည့်အတိုင်း 10 ဘုရင်မင်းသည် ဘုရားသခင်၏လူယုံတော်သတိပေးရာအရပ်သို့ သူလျှိုစေလွှတ်သဖြင့်၊ ကြိမ်ဖန်များစွာရှောင်၍ ဘေးလွတ်လေ၏။ 11 ထိုအကြောင်းကြောင့် ရှုရိဘုရင်စိတ်ပူပန်လျက် ကျေးကျွန်သင်းပင်းတို့ကိုခေါ်ပြီးနောက် ငါတို့အနက် ဣသရေလဘုရင့်ဘက်ပါသူ့ကို ငါ့အားမဖော်မပြဘဲ နေကြမည်လောဟုဆိုလျှင် 12 ထိုသို့မဟုတ်ပါ။ စက်ခန်းဆောင်တွင် အရှင်မင်းမြတ်မိန့်တော်မူသောစကားကိုပင် ဣသရေလပြည်ရှိ ပရောဖက်ဧလိရှဲသည် ဣသရေဘုရင်အား ပြန်ကြားလေ့ရှိပါသည်တကားဟု တင်လျှောက်သော်၊ 13 ငါဖမ်းဆီးရမိစေရန် ထိုသူ့နေရာအရပ်ကိုသွား၍ ချောင်းကြည့်လော့ဟုမိန့်ဆိုရာ ဒေါသန်မြို့ တွင်ရှိပါသည်ဟု တင်လျှောက်လေ၏။ 14 သို့ဖြစ်၍ မြင်းတပ်၊ ရထားတပ်နှင့်တကွ၊ သူရဲအမြောက်အမြားကိုစေလွှတ်သည့်အတိုင်း၊ ညဉ့်ချင်းချီသွားလျက် မြို့ကိုဝိုင်းထားရာ 15 ဘုရားသခင့်လူယုံတော်၏တပည့်သည် နံနက်အချိန်နိုးထထွက်သွားသောအခါ မြင်းတပ်၊ ရထားတပ်နှင့်တကွ၊ ဗိုလ်ထုဝိုင်းထားသည်ကိုမြင်ရ၍ အိုအရှင်ဘုရား၊ မည်သို့ပြုပါမည်နည်းဟု လျှောက်လျှင် 16 ဧလိရှဲက၊ မကြောက်လင့်။ ငါတို့ဘက်၌ရှိသူတို့သည် ရန်သူ့ဘက်၌ရှိသူတို့ထက်များလှပါသည် ဟုဆိုပြီးမှ 17 အိုထာဝရဘုရား၊ ထိုသူမြင်စေရန် စက္ခုကိုဖွင့်တော်မူပါဟု တောင်းလျှောက်သည့်အတိုင်း ထာဝရဘုရားသည် ထိုလုလင်၏စက္ခုကိုဖွင့်တော်မူသဖြင့် ဧလိရှဲပတ်ဝန်းကျင်တစ်တောင်လုံးတွင် မီးလျှံဖြင့်ပြီးသော မြင်းနှင့်ယဉ်များပြည့်လျက်ရှိသည်ကို မြင်ရ၏။ 18 ရှုရိတပ်ချဉ်းဝင်သောအခါ ဧလိရှဲက၊ အိုထာဝရဘုရား ဤသူတို့စက္ခုအလင်းကွယ်စေရန် ဒဏ်ခတ်တော်မူပါဟု တောင်းလျှောက်သည့်အတိုင်း ဒဏ်ခတ်တော်မူရာ 19 ဧလိရှဲက၊ ဤလမ်း၊ ဤမြို့မဟုတ်။ သင်တို့ရှာသောသူရှိရာငါပို့မည်။ လိုက်ကြလော့ဟုဆိုလျက် ရှမာရိမြို့သို့ပို့လေ၏။ 20 မြို့တွင်းသို့ရောက်ကြသော် အိုထာဝရဘုရား၊ ထိုသူတို့မြင်ရစေရန် စက္ခုကိုဖွင့်တော်မူပါဟု ဧလိရှဲတောင်းလျှောက်သည်နှင့်အညီ ထိုသူတို့စက္ခုကို ဖွင့်တော်မူသဖြင့်၊ ရှမာရိမြို့တွင်းမှန်းကို သိမြင်ကြကုန်၏။ 21 ဣသရေလဘုရင်သိမြင်သော်၊ အိုအဘ၊ ကွပ်ရမည်လောဟု ဧလိရှဲအားမေးလျှင် မကွပ်နှင့်။ 22 ဓား၊ လေး၊ လက်နက်တော်ဖြင့် ဖမ်းမိသူတို့ကို ကွပ်အပ်ပါသလော။ သူတို့ရှေ့တွင် စားဖွယ် သောက်ဖွယ်တည်ကျွေး၍ စားသောက်စေပြီးမှ ချင်းတို့သခင်ထံပြန်ပါစေဟုဆိုသော်၊ 23 ကြီးစွာသောစားသောက်ပွဲကို ခင်းကျင်းလျက် စားသောက်စေပြီးမှ ချင်းတို့သခင့်ထံ လွှတ်လိုက်၍ ပြန်သွားကြပြီးလျှင် ရှုရိတပ်သားတို့သည် ဣသရေလပြည်သို့ အနုကြမ်းစီးမလာဝံ့ချေ။
24 ထိုအခြင်းအရာနောက် ရှုရိဘုရင်ဗဟာဒဒ်မင်းသည် အလုံးအရင်းတို့ကိုစုရုံးစေ၍ ရှမာရိမြို့သို့ ချီတက်ဝိုင်းထားသဖြင့်၊ 25 မြည်းခေါင်းတစ်လုံးကို ငွေရှစ်ဆယ်နှင့်လည်းေကာင်း၊ ချိုးငှက်ချေးတစ်စလယ်ကို ငွေငါးကျပ်နှင့်လည်းေကာင်း၊ ဝယ်ရမန်းတိုင်အောင် ထိုမြို့တွင် ကြီးစွာသောမွတ်သိပ်ခြင်းဖြစ်၏။ 26 ဣသရေလဘုရင်သည် မြို့ရိုးတစ်ေလျှာက် မြန်းကြွစဉ်၊ မိန်းမတစ်ယောက်က၊ အိုအရှင်မင်းမြတ်၊ ကယ်တော်မူပါဟုဟစ်လျှင် 27 ဘုရင်မင်းက၊ ထာဝရဘုရားကယ်တော်မူပါစေသော။ ငါမှာမူ ကောက်နယ်တလင်းမှသော်လည်းေကာင်း၊ ဖိနင်းရာစပျစ်ကျင်းမှသော်လည်းေကာင်း၊ မည်သို့ကယ်နိုင်အံ့နည်း။ 28 အကြောင်းကား အဘယ်သို့နည်းဟုမေးရာ သင့်သားကိုငါတို့စားရန် ယနေ့အပ်လော့။ နက်ဖြန် ငါ့သားကိုစားကြမည်ဟု မိန်းမတစ်ယောက်ဆိုသည့်အတိုင်း 29 ကျွန်မသားကိုချက်ပြုတ်၍စားကြပါပြီ။ နောက်နေ့စားရန် သင့်သားကိုအပ်လော့ဟု ကျွန်မ တောင်းရာ မအပ်ဘဲဝှက်ထားပါသည်ဟုတင်လျှောက်လေ၏။ 30 မြို့ရိုးတစ်ေလျှာက်မြန်းကြွသော ဘုရင်မင်းသည် ထိုမိန်းမစကားကိုကြားလျှင် ဝတ်လဲတော်ကို ဆုတ်သဖြင့် အတွင်း၌လျှော်တေဝတ်ဆင်ကြောင်း မြို့သူမြို့သားတို့သိမြင်ရကြ၏။ 31 ဘုရင်မင်းကလည်း ရှာဖတ်သားဧလိရှဲ၏ခေါင်းနှင့် ကိုယ်ယနေ့မကွဲလျှင် ထာဝရဘုရားသည် ငါ့အပေါ်တွင်သာ၍အပြစ်စီရင်ပါစေသောဟု ကျိန်ဆိုပြီးမှ 32 လွှတ်လိုက်သောရှေ့တော်ပြေးမရောက်မီ၊ ကိုယ့်အိမ်တွင် လူကြီးတို့နှင့်အတူ ထိုင်နေသော ဧလိရှဲက၊ ထိုလူသတ်သည်ငါ့ခေါင်းကိုဖြတ်စေရန် လွှတ်လိုက်ကြောင်းသိမြင်ကြ၏လော။ ရှေ့တော်ပြေးရောက်သောအခါ တံခါးပိတ်၍ဆီးတားကြလော့။ ရှေ့တော်ပြေးနောက် သူ့သခင့်ခြေသံ ကိုမကြားရသလောဟူ၍ ပြောစဉ်တွင်ပင် 33 ရှေ့တော်ပြေးရောက်လာ၍ ထာဝရဘုရားကို ငါစောင့်မြင်လျှင်မူကား အဘယ်အကျိုးနည်း ဟူ၍ အမိန့်တော်ပြန်သော်၊