24
ထိုမင်းလက်ထက်၊ ဗာဗုလုန်ဘုရင် နေဗုခဒ်နေဇာမင်းချီလာရာ ယောယကိမ်မင်းသည် သုံးနှစ် လက်အောက်ခံပြီးမှ တော်လှန်ခြားနားလေ၏။ ကျွန်တော်ရင်းပရောဖက်တို့အားဖြင့် ထားခဲ့သောဗျာဒိတ်တော်အတိုင်း ထာဝရဘုရားသည် ယုဒ ပြည်ကိုဖျက်ဆီးရန် ခါလဒဲ၊ ရှုရိ၊ မောဘ၊ အမ္မုန်တပ်သားတို့အား အနုကြမ်းစီးစေတော်မူ၏။ 3-4 ထာဝရဘုရားချမ်းသာမပေးနိုင်လောက်အောင် ယေရုရှလင်မြို့အပြည့်အလျှံ၊ အပြစ်ကင်းသူတို့အသွေးသွန်းမှုမှစ၍ မနာရှေမင်းပြုသမျှသော ပြစ်မှုများအတွက် ထာဝရဘုရားစီရင်ချက် ချတော်မူသည့်အတိုင်း ယုဒအမျိုးကိုမျက်မှောက်တော်မှ ပယ်ရှားအံ့သောငှါ၊ ထိုဘေးသင့်ရောက် သတည်း။ ယောယကိမ်မင်းပြုမူစီရင်သမျှအကြွင်းအကျန်သည် ယုဒရာဇဝင်တွင် ရေးထားလျက်ရှိ၏။ ယောယကိမ်မင်းသည် ဘေးတော်ဘိုးတော်တို့နှင့်အတူ ကျိန်းစက်လျှင် သားတော်ယေခေါနိသည် အရိုက်ရာ၌နန်းစံလေ၏။ အိဂျစ်ချောင်းနှင့်ဥဖရတ်မြစ်အကြား၊ အိဂျစ်ဘုရင်ပိုင်ပြည်နယ်များကို ဗာဗုလုန်ဘုရင်သိမ်းယူသောကြောင့် ကိုယ့်ပြည်မှနောက်တစ်ဖန်အိဂျစ်ဘုရင် မချီမထွက်ဝံ့ချေ။
ယေခေါနိမင်းသည် အိမ်နိမ့်ဆယ့်ရှစ်နှစ်ရှိသော်၊ နန်းတက်၍ ယေရုရှလင်မြို့၌ သုံးလသာစိုးစံရ၏။ မယ်တော့်အမည်ကား ယေရုရှလင်မြို့သား ဧလနာသန်၏သမီး၊ နဟုတ္တတည်း။ ထိုမင်းသည် ခမည်းတော်ပြုသမျှအတိုင်း၊ ထာဝရဘုရားမျက်မှောက်တော်တွင် ဆိုးသွမ်းမှုကို ပြုကျင့်၏။ 10 ထိုကာလ ဗာဗုလုန်ဘုရင် နေဗုခဒ်နေဇာမင်း၏ ဗိုလ်ချုပ်တို့သည် ယေရုရှလင်မြို့သို့ ချီတက်ဝိုင်းထားကြ၏။ 11 ထိုသို့ဝိုင်းထားစဉ် ဗာဗုလုန်ဘုရင်နေဗုခဒ်နေဇာမင်းကိုယ်တိုင်ချီလာသည်နှင့် 12 ယုဒဘုရင်ယေခေါနိမင်းသည် မယ်တော်နှင့်တကွ မှူးတော်မတ်တော်၊ မိန်းမစိုး၊ ကျေးကျွန် သင်းပင်းတို့ပါ ဗာဗုလုန်ဘုရင့်ထံ တိုးဝင်ချဉ်းကပ်ရာ၌ နန်းစံရှစ်နှစ်တွင် ဗာဗုလုန်ဘုရင်သုံ့ဘမ်း၍ ထာဝရဘုရားဗျာဒိတ်တော်အတိုင်း 13 ဗိမာန်တော်၊ နန်းတော်၊ ဘဏ္ဍာရှိသမျှကို သိမ်းယူလျက် ဗိမာန်တော်တွင် ဣသရေလဘုရင် ရှောလမုန်မင်းမွမ်းမံခဲ့သော ရွှေတန်ဆာများကိုချွတ်ယူပြီးလျှင် 14 ယေရုရှလင်မြို့ရှိသမျှသော မှူးတော်မတ်တော်၊ သူဌေး၊ သူကြွယ်၊ ပန်းတဉ်း၊ ပန်းပု၊ လူပေါင်း တစ်သောင်းကိုသိမ်းသွား၍ ဆင်းရဲသောပြည်သူပြည်သားတို့ကိုသာ ချန်ထားခဲ့၏။ 15 ယေခေါနိမင်းမှစသော မယ်တော်၊ 16 မိဖုရားများ၊ မိန်းမစိုးများ၊ အရာရှိများပြင်၊ စစ်ခေါင်းမာသူ ခုနစ်ထောင်၊ စစ်ရေးနှင့်ပန်းတဉ်း ပန်းပုတတ်သူတစ်ထောင်တို့ကို ယေရုရှလင်မြို့မှ ဗာဗုလုန်မြို့သို့ သုံ့ဘမ်းသိမ်းသွားရာ 17 အရိုက်အရာ၌ ယေခေါနိမင်း၏ဘထွေးတော် မဿနိကို ဇေဒကိအမည်သစ်ပြောင်း၍ ဗာဗုလုန် ဘုရင်နန်းတင်ခဲ့လေ၏။
18 ဇေဒကိမင်းသည် အိမ်နိမ့်နှစ်ဆယ့်တစ်နှစ်ရှိသော်၊ နန်းတက်၍ ယေရုရှလင်မြို့၌ ဆယ့်တစ်နှစ် စိုးစံလေ၏။ မယ်တော့်အမည်ကား လိဗနမြို့သားယေရမိ၏သမီး၊ ဟာမုတလတည်း။ 19 ထိုမင်းသည် ယောယေကိမ်မင်းပြုသမျှအတိုင်း၊ ထာဝရဘုရားရှေ့ ဆိုးသွမ်းမှုကို ပြုကျင့်သည့် အတွက် 20 မျက်မှောက်တော်မှပယ်ပစ်သည့်တိုင်အောင် ထာဝရဘုရားအမျက်တော်ကြောင့် ယေရုရှလင် မြို့မှစ၍ ယုဒတစ်ပြည်လုံး၌ ဘေးသင့်သတည်း။ ဇေဒကိမင်းလည်း ဗာဗုလုန်ဘုရင်ကိုခြားနားသည် ဖြစ်၍