23
ထိုအခါ ဘုရင်မင်းသည် ယေရုရှလင်မြို့မှစ၍ ယုဒအမျိုးလူကြီးတို့ကို ခေါ်ငင်စုဝေးစေပြီးလျှင် ပရောဟိတ်၊ ပရောဖက်မှစသော ယုဒပြည်သူ၊ ယေရုရှလင်မြို့သား၊ လူကြီးလူငယ်အပေါင်းတို့ပါ ဗိမာန်တော်သို့တက်၍ ဗိမာန်တော်တွင်တွေ့သော ပဋိညာဉ်တော်ဆိုင်ရာကျမ်းဆိုချက်အလုံးစုံကို ပရိသတ်ရှေ့ဖတ်ပြီးမှ တရားပလ္လင်ထက်ရပ်နေလျက် ထိုကျမ်းတွင်ပါရှိသောပဋိညာဉ်ချက်များကို အတည်ပြုအံ့သောငှါ၊ စိတ်နှလုံး၊ အသက်ဝိညာဉ် အကြွင်းမဲ့၊ ထာဝရဘုရားနောက်တော်သို့လိုက်ေလျှာက်၍၊ မိန့်မှာထုံးဖွဲ့သက်သေခံတော်မူချက်များကို စောင့်ထိန်းမည့်အကြောင်း ထာဝရဘုရားမျက်မှောက်တော်တွင် ပဋိညာဉ်ပြုရာ ပရိသတ်လုံး နှစ်သက်တူညီကြကုန်၏။ ထိုနောက် ပရောဟိတ်မင်းဟိလခိနှင့် ဒုတိယပရောဟိတ်တို့မှစသော အထွက်အဝင်စောင့် ကြည့်ရသူတို့သည် ဗာလနတ်၊ အရှဲရာနတ်နှင့်ကမ္ဘာ့တန်ဆာရှိသမျှအဖို့ တည်လုပ်ခဲ့သောအရာများ ကို အမိန့်တော်အတိုင်း ဗိမာန်တော်မှထုတ်ယူ၍ ယေရုရှလင်မြို့ပြင်ကေဒြုန်ချိုင့်ရှိမြေကွက်များ၌ မီးတိုက်ပြီးလျှင် ပြာကိုဗေသလမြို့သို့ပို့ရကြ၏။ ဘုရင်မင်းသည် ယေရုရှလင်မြို့ပတ်ဝန်းကျင်မှစ၍ ယုဒမြို့ရွာများရှိ မြင့်ရာဌာနများတွင် မီးဖြင့်ပူဇော်ကြစေရန် ယုဒဘုရင်တို့ခန့်ထားခဲ့သောပဆန်းတို့ကိုလည်းေကာင်း၊ နေ၊ လ၊ ဆယ့်နှစ်ရာသီစသောကမ္ဘာ့တန်ဆာရှိသမျှနှင့် ဗာလနတ်အား မီးဖြင့်ပူဇော်ပဆန်းတို့ကိုလည်းေကာင်း၊ ကွပ်မျက်လျက် ဗိမာန်တော်ရှိတံခွန်ကို ယေရုရှလင်မြို့ပြင် ကေဒြုန်ချိုင့်သို့ထုတ်၍ မီးတိုက်ချေမွှပြီးလျှင် အမုန့်ကိုလူယုတ်တို့သင်္ချၖိုင်းပုံတွင်ကြဲဖြန့်လေ၏။ အရှဲရာနတ်အဖို့၊ ဗိမာန်တော်တွင် မိန်းမတို့ရက်၍ ကာထားသော၊ ပြည့်တန်ဆာယောက်ျား တို့အခန်းကိုလည်း ဆွဲချလျက် မြို့တံခါးတော်အဝင်ဝဲဘက်၊ မြို့ဝန်ယောရှုတံခါးဦးရှိ၊ မြင့်ရာဌာနကိုဖြိုဖျက်သည့်ပြင် ဂေဗမြို့ မှစ၍ ဗေရရှေဘမြို့တိုင်အောင် ယုဒမြို့ရွာတိုင်း၌ မြင့်ရာဌာနများတွင် မီးဖြင့်ပူဇော်လေ့ရှိသော ပရော ဟိတ်တို့ကို ခေါ်ငင်၍ ၄င်းဌာနများကို မသန့်ရာဖြစ်စေလေ၏။
ထိုပရောဟိတ်တို့သည် ပရောဟိတ်ချင်းတို့နှင့်အတူ တဆေးမဲ့မုန့်ကိုစားခွင့်ရကြသော်လည်း၊ ယေရုရှလင်မြို့၊ ထာဝရဘုရား၏ပူဇော်ရာပလ္လင်တော်သို့ တက်ခွင့်မရချေ။ 10 နောက်တစ်ဖန် မည်သူမျှမောလုပ်နတ်အား သားသမီးတို့ကို မီးဖြင့်ဆက်ကပ်ခွင့်မရစေရန်၊ ဟိန္နုံချိုင့်ရှိတောဖက်အရပ်ကို မသန့်ရာဖြစ်စေပြီးလျှင် 11 ဗိမာန်တော်အဝင်၊ စင်္ကြံတန်းလျားတွင် မိန်းမစိုးနာသမ္မေလက်၏အခန်းအနီး၊ နေမင်းအား ယုဒဘုရင်တို့လှူခဲ့သော မြင်းရုပ်များကိုဖျက်၍ ဆိုင်ရာရထားကို လည်းမီးတိုက်လေ၏။ 12 ဗိမာန်တော်မိုးအထက်အာခတ်မင်းလေသာဆောင်အနီး၊ ယုဒဘုရင်တို့တည်လုပ်ခဲ့သောပလ္လင် များနှင့် ဗိမာန်တော်တံတိုင်းနှစ်ထပ်တွင် မနာရှေမင်းတည်လုပ်ခဲ့သောပလ္လင်များကို ဖြိုဖျက်ထောင်း ထုလျက် အမုန့်ကိုကေဒြုန်ချောင်းထဲသို့ပစ်ချစေ၏။ 13 ယေရုရှလင်မြို့ရှေ့၊ ပျက်စီးခြင်းခေါ်ကုန်းတောင်ဘက်ရှိ စက်ဆုပ်ဖွယ်သောဇိဒုန်ဘုရားမ အာရှတရက်၊ မောဘဘုရားခေမုရှ၊ အမ္မုန်အမျိုးသားတို့ ဘုရားမိလကုံတို့အဖို့ ဣသရေလဘုရင် ရှောလမုန်မင်းပြုပြင်ခဲ့သော မြင့်ရာဌာနများကိုလည်း မသန့်ရာဖြစ်စေလျက် 14 ဆိုင်ရာကျောက်တိုင်များကို ချိုးဖဲ့၍ တံခွန်တိုင်များကိုခုတ်လှဲပြီးလျှင် ထိုဌာနများကို လူ့အရိုး များနှင့်ပြည့်စေလေ၏။ 15 ၄င်းပြင် ဗေသလမြို့ရှိ ဣသရေလအမျိုးအား ပြစ်မှားစေသောနေဗတ်သားယေရောဗောင်မင်း တည်လုပ်ခဲ့သော မြင့်ရာဌာနနှင့်ပူဇော်ရာပလ္လင်ကိုဖြိုဖျက်ချေမွှမီးတိုက်၍ တံခွန်တိုင်ကိုလည်း မီးတိုက်လေ၏။ 16 ယောရှိမင်းသည် လှည့်လည်ကြည့်ရှု၍ တောင်ပေါ်ရှိသင်္ချၖိုင်းများကိုမြင်ရာ သင်္ချၖိုင်းရှိအရိုးများကို ယူစေလျက် ယခုဖြစ်ဆဲအခြင်းအရာများကို ဟောခဲ့သူ၊ ဘုရားသခင့်လူယုံတော်ဆင့်ဆိုသော ဗျာဒိတ်တော်အတိုင်း မသန့်ရာဖြစ်စေရန် ထိုပလ္လင်ပေါ်တွင် မီးတိုက်လေ၏။ 17 ငါမြင်ရသောထိုကမ္ပည်းတိုင်ကား အသို့နည်းဟုမေးသော်၊ မြို့သားတို့က၊ ဗေသလမြို့ရှိပူဇော် ရာပလ္လင့်ပေါ်တွင် ယခုပြုတော်မူသောအခြင်းအရာများကို ဟောခဲ့သူ၊ ယုဒပြည်မှလာသော ဘုရား သခင့်လူယုံတော်၏သင်္ချၖိုင်းဖြစ်ပါသည်ဟု တင်လျှောက်ကြလျှင်ရှိစေတော့။ 18 သူ့အရိုးများကို မည်သူမျှမရွှေ့စေလင့်ဟု မိန့်ဆိုသည့်အတိုင်း ထိုအရိုးများနှင့် ရှမာရိမြို့နယ်မှ ပေါ်ထွန်းခဲ့သောပရောဖက်အရိုးများပါ ရှိစေကြ၏။ 19 ရှမာရိမြို့ရွာရှိမြင့်ရာဌာနများ၌ အမျက်တော်တိုက်ဣသရေလဘုရင်တို့တည်ဆောက်ခဲ့သော ကျောင်းရှိသမျှကိုလည်း ရှပယ်ရှားလျက် ဗေသလမြို့တွင်စီရင်ခဲ့သည့်အလိုက်စီရင်၍ 20 ဆိုင်ရာပရောဟိတ်တို့ကို ချင်းတို့ပူဇော်ရာပလ္လင်များပေါ်တွင် ကွပ်မျက်ခြင်း၊ လူ့အရိုးများကို မီးတိုက်ခြင်းပြုပြီးလျှင် ယေရုရှလင်မြို့သို့ပြန်ချီ၏။
21 ထိုနောက် ပဋိညာဉ်တော်ဆိုင်ရာ ဤကျမ်းလာရှိသည့်အတိုင်း သင်တို့ဘုရားသခင် ထာဝရဘုရားရှေ့ပသခါပွဲကိုကျင်းပကြလော့ဟု တစ်မျိုးလုံးအားမိန့်ဆိုသည်နှင့် 22-23 ယောရှိမင်းနန်းစံဆယ့်ရှစ်နှစ်တွင် ယေရုရှလင်မြို့၌ ထာဝရဘုရားရှေ့ကျင်းပကြသော ပသခါပွဲနည်းတူ ဣသရေလလူမျိုးကိုအုပ်စိုးစီရင်သော တရားမင်းတို့လက်ထက် ဣသရေလနှင့် ယုဒ ဘုရင်အဆက်ဆက်တို့လက်ထက် တစ်ကြိမ်မျှမကျင်းပဘူးချေ။ 24 ယောရှိမင်းသည် ဗိမာန်တော်၌ပရောဟိတ်ဟိလခိတွေ့သော ပညတ္တိကျမ်းချက်များကို အတည် ပြုအံ့သောငှါ ယေရုရှလင်မြို့မှစ၍ ယုဒတစ်ပြည်လုံး၌တွေ့ရှိသမျှ ကဝေ၊ မှော်ဆရာ၊ တေရပ်အရုပ်နှင့် အခြားရုပ်တုမှစသော စက်ဆုပ်ဖွယ်ဘုရားအမျိုးမျိုးကိုဖွဲပြာဖြစ်စေလေ၏။ 25 မောရှေ၏ ပညတ်တရားအလုံးစုံအရ စိတ်နှလုံး၊ အသက်ဝိညာဉ်၊ အစွမ်းသတ္တိအကြွင်းမဲ့၊ ထာဝရဘုရားဘက်တော်သို့ေလျှာက်လိုက်သူ ယောရှိမင်းနှင့်တူညီသော ဘုရင်တစ်ပါးမျှ ရှေး၌မပေါ်စဘူး။ နောက်၌လည်းမပေါ်ခဲ့ချေ။ 26 သို့ရာတွင် အမျက်တော်တိုက်မနာရှေမင်းပြုခဲ့သော ပြစ်မှုများကြောင့် ယုဒအမျိုးပေါ်တွင် ထာဝရဘုရားထားတော်မူသောအမျက်တော်ရှိန်မငြိမ်းဘဲ 27 ငါသည်ဣသရေလအမျိုးကို မျက်မှောက်မှပယ်ရှားသည့်နည်းတူ ယုဒအမျိုးကိုလည်း ပယ်ရှား၍ငါရွေးချယ်သောယေရုရှလင်မြို့နှင့် ဤဗိမာန်တွင် ငါ့နာမတည်စေမည်ဟူသော ဗိမာန်တော်ကိုပင် ငါစွန့်ခွာမည်ဟု မိန့်တော်မူ၏။
28 ယောရှိမင်းပြုမူစီရင်သမျှ အကြွင်းအကျန်သည် ယုဒရာဇဝင်တွင် ရေးထားလျက်ရှိ၏။ 29 ထိုမင်းလက်ထက် အာရှုရိဘုရင်ကိုတိုက်ရန် ဥဖရတ်မြစ်ရောက်အိဂျစ်ဘုရင် ဖာရောနေခေါမင်းချီတက်ရာ ဆီးဆို့မည့်ချီလာသောယောရှိမင်းသည် မေဂိဒ္ဒေါမြို့အနီး ရင်ဆိုင်တွေ့လျှင်တွေ့ချင်း 30 ကျဆုံးသည့်ကာလ၊ အလောင်းတော်ကို မေဂိဒ္ဒေါမြို့မှ ယေရုရှလင်မြို့သို့၊ ကျေးကျွန်တို့ တင်ဆောင်သယ်ပိုး၍ သင်္ချၖိုင်းတော်တွင် စျာပနပြုပြီးနောက် ပြည်သူပြည်သားတို့သည် သားတော် ယောခတ်ကိုခေါ်လျက် အရိုက်အရာ၌ ရာဇဘိသိက်သွန်း၍ မင်းမြှောက်ကြကုန်၏။
31 ယောခတ်မင်းသည် အိမ်နိမ့်နှစ်ဆယ့်သုံးနှစ်ရှိသော် နန်းတက်၍ ယေရုရှလင်မြို၌ သုံးလသာစိုးစံရ၏၊ မယ်တော့်အမည်ကား လိဗနမြို့သား ယေရမိ၏သမီး၊ ဟာမုတလတည်း။ 32 ထိုမင်းသည် ဘေးတော်ဘိုးတော်တို့ပြုသမျှအတိုင်း ထာဝရဘုရားမျက်မှောက်တော်တွင် ဆိုးသွမ်းမှုကိုပြုကျင့်၏။ 33 ယေရုရှလင်မြို့မှဖာရောနေခေါမင်းနန်းချလျက် ဟာမတ်ပြည်၊ ရိဗလမြို့၌ချုပ်ထားပြီးလျှင် ယုဒပြည်တွင် ငွေချိန်ခွက်သုံးထောင်၊ ရွှေချိန်ခွက်သုံးဆယ်ဒဏ်တပ်လေ၏။ 34 ဖာရောနေခေါမင်းသည် ယောရှိမင်းသားတော်ဧလျာကိမ်ကို ယောယကိမ်အမည်သစ်ပြောင်း၍ ခမည်းတော့်အရိုက်အရာ၌ နန်းတင်လျက် ယောခတ်မင်းကိုအိဂျစ်ပြည်သို့ယူသွားရာ ထိုပြည်တွင် ကွယ်လွန်လေ၏။ 35 ယောယကိမ်မင်းသည် ဖာရောမင်းတပ်ခဲ့သော ဒဏ်ငွေကို ဆက်သွင်းရန် ပြည်သူပြည်သားတို့ အပေါ်၌ ပျမ်းမျှဖြတ်ဆိုသည့်အလျောက် အသီးအသီးတို့ရွှေငွေကို အနိုင့်အထက်ကောက်ခံ၍ ဖာရောနေခေါမင်းထံ ဆက်သွင်းရလေ၏။
36 ယောယကိမ်မင်းသည် အိမ်နိမ့်နှစ်ဆဉ့်ငါးနှစ်ရှိသော်၊ နန်းတက်၍ ယေရုရှလင်မြို့၌ ဆယ့်တစ်နှစ်စိုးစံလေ၏။ မယ်တော့်အမည်ကား ရုမမြို့သားပေဒါယ၏သမီး၊ ဇေဗုဒတည်း။ 37 ထိုမင်းသည် ဘေးတော်ဘိုးတော်တို့ပြုသမျှအတိုင်း ထာဝရဘုရားမျက်မှောက်တော်တွင် ဆိုးသွမ်းမှုကိုပြုကျင့်၏။