22
ယောရှိမင်းသည် အိမ်နိမ့်ရှစ်နှစ်ရှိသော်၊ နန်းတက်၍ ယေရုရှလင်မြို့၌ သုံးဆယ့်တစ်နှစ်စိုးစံလေ၏။ မယ်တော့်အမည်ကား၊ ဗောဇကတ်မြို့သား အာဒါယ၏သမီး၊ ယေဒိဒ တည်း။ ထိုမင်းသည် ထာဝရဘုရားမျက်မှောက်တော်တွင် ဖြောင့်မှန်စွာပြုကျင့်လျက် ဝဲယာသို့မယိမ်း မယိုင်၊ ဘေးတော်ဒါဝိဒ်မင်းနည်းလမ်းအတိုင်း လုံးလုံးလိုက်ေလျှာက်လေ၏။
နန်းစံဆယ့်ရှစ်နှစ်တွင် ယောရှိမင်းသည် မေရှုလံ့မြေး၊ အာဇလိသား၊ သံတော်ဆင့်ရှာဖန်ကို ဗိမာန်တော်သို့ စေခိုင်းသည်မှာ ပရောဟိတ်မင်းဟိလခိထံသွား၍ လူပရိသတ်တို့လက်မှ အထွက်အဝင်စောင့်ကြည့်ရသူတို့ခံယူလျက် ဗိမာန်တော်တွင်သွင်းထားသောအလှူငွေကို ပေါင်းရုံးပြီးလျှင် 5-6 ကြီးကြပ်သူဗိမာန်တော်မှူးတို့လက်သို့အပ်၍ အက်ကွဲရာများကိုထေးဖာစေရန် ဗိမာန်တော်၌ ဆောင်ရွက်သူ၊ ပန်းတဉ်း၊ ပန်းပု၊ ပန်းရန်တို့အတွက်လည်းေကာင်း၊ ဗိမာန်တော်ကိုထေးဖာရာ၊ သစ်သား၊ ဆစ်ပြီးကျောက်များကိုဝယ်ရန်အတွက်လည်းေကာင်း၊ ပေးကမ်းကြစေဟုမိန့်မှာလေ၏။ ငွေလက်ခံသူတို့ သစ္စာစောင့်ကြသောကြောင့် စာရင်းမယူချေ။ ထိုအခါ ပရောဟိတ်မင်းဟိလခိက၊ ပညတ္တိကျမ်းကို ဗိမာန်တော်တွင် ငါတွေ့ပြီဟုဆိုလျက် သံတော်ဆင့်ရှာဖန်အားအပ်ရာ သံတော်ဆင့်ဖတ်ပြီးနောက် ဘုရင်မင်းထံပြန်ဝင်၍ ဗိမာန်တော်၌ တွေ့သောအလှူငွေကို ထုတ်သဖြင့် ထေးဖာမှုတွင် ကြီးကြပ်သူဗိမာန်တော်မှူးတို့လက်သို့ ကျွန်တော်မျိုးတို့အပ်ခဲ့ကြပါပြီ။ 10 ပရောဟိတ်မင်းဟိလခိလည်း ကျမ်းတစ်စောင်ကို ကျွန်တော်မျိုးသို့အပ်လိုက်ပါသည်ဟု ပြန်ကြားတင်လျှောက်ပြီးလျှင် ရှေ့တော်တွင်ဖတ်ရွတ်လေ၏။ 11 ပညတ္တိကျမ်းဆိုချက်ကို ဘုရင်မင်းကြားရသော်၊ ဝတ်လဲတော်ကိုဆုတ်လျက် 12 ပရောဟိတ်ဟိလခိ၊ ရှာဖန့်သားအဟိကံ၊ မိက္ခာ့သားအာခဗော်၊ သံတော်ဆင့်ရှာဖန်၊ သက်တော်စောင့် အသာယတို့အား မိန့်မှာသည်ကား 13 ငါမှစသောလူပရိသတ်နှင့် ယုဒတမျိုးလုံးအတွက် ယခုတွေ့သောကျမ်းဆိုချက်ကို ထောက်၍ ထာဝရဘုရားထံ သွားရောက်မေးလျှောက်ကြလော့။ ငါတို့ကိုရည်၍ ရေးထားခဲ့သော ဤကျမ်းဆိုချက် များကို ဘိုးဘေးတို့မလိုက်မနာကြသောကြောင့် ထာဝရဘုရားအမျက်တော်သည် ငါတို့အပေါ်သို့ ပြင်းပြစွာကျရောက်လေပြီဟု မိန့်မှာသည်နှင့်အညီ 14 ပရောဟိတ်ဟိလခိ၊ အဟိကံ အာခဗော်၊ ရှာဖန်၊ အသာယတို့သည် ယေရုရှလင်မြို့ဒုတိယ အရပ်တွင် နေထိုင်သူ၊ ဟရဟတ်မြေး၊ တိကဝသား၊ အချုပ်ဝန်ရှလ္လုံ၏ခင်ပွန်းပရောဖက်မဟုလ ဒထံသွားရောက်မေးမြန်းကြရာ၊ 15-17 ပရောဖက်မက၊ ဣသရေလလူမျိုး၏ဘုရားသခင်ထာဝရဘုရားမိန့်တော်မူသည်ကား၊ ဤမြို့သူမြို့သားတို့သည် ငါ့ကိုစွန့်၍၊ အခြားဘုရားများအား မီးနှင့်ပူဇော်လျက် လူ့လက်ဖြစ်အားဖြင့် အမျက်တော်တိုက်ကြသည့်အတွက် ထိုမြို့ပေါ်တွင် မငြိမ်းနိုင်သောဒေါသမီးသင့်လောင်လျက် ရှိသည်နှင့်အညီ၊ ယုဒဘုရင်ဖတ်ရွတ်သောကျမ်းဆိုချက်အတိုင်း မြို့နှင့်နေထိုင်သူတို့အပေါ်၌ ဘေးသင့်စေမည်ဟူသောဗျာဒိတ်တော်ကို ငါ့ထံသင်တို့ကို စေလွှတ်သူအား ပြန်ကြားကြလော့။ 18-19 ထာဝရဘုရားထံမေးလျှောက်ရန် စေလွှတ်သောယုဒဘုရင်အားဆင့်ဆိုရမည်မှာ ဤမြို့နှင့်နေထိုင်သူတို့ကို ရည်၍၊ ဆိတ်ညံ့ရာ၊ ကျိန်ဆဲရာဖြစ်ရလိမ့်မည်ဟူသော ဗျာဒိတ်တော်ကို ကြားလျှင် ကြားချင်း၊ ငါထာဝရဘုရားမျက်မှောက်တော်တွင် နူးညံ့သောစိတ်နှင့်နှိမ့်ချခြင်း၊ အဝတ် ဆုတ်ခြင်း၊ ငိုကြွေးခြင်းများကို သင်ပြုသောကြောင့် ငါလည်းနားညောင်းတော်မူပြီ။ 20 ဤမြို့၌ငါသင့်စေလတ္တံ့သောဘေးကို သင့်ကိုယ်တိုင်မတွေ့မကြုံရဘဲ ဘိုးဘေးတို့ထံရောက်ခွင့်၊ ဘေးကင်းစွာသင်္ချၖိုင်းသို့ ဝင်ခွင့်ရလိမ့်မည်ဟု ဣသရေလလူမျိုး၏ဘုရားသခင်ထာဝရဘုရားမိန့်တော် မူကြောင်း ဆင့်ဆိုသည့်အတိုင်း ဘုရင်မင်းထံပြန်ကြားတင်လျှောက်ကြ၏။