13
အာခဇိမင်းသားတော်၊ ယုဒဘုရင်ယောရှမင်းနန်းစံနှစ်ဆယ့်သုံးနှစ်တွင် ယေဟုမင်းသား တော်ယောခတ်မင်းနန်းတက်၍ ရှမာရိမြို့၌ ဣသရေလနိုင်ငံကို ဆယ့်ခုနစ်နှစ်စိုးစံရရာ၊ ထာဝရဘုရားမျက်မှောက်တော်တွင် ဆိုးသွမ်းမှုကိုပြုကျင့်လျက် ဣသရေလအမျိုးအား ပြစ်မှားစေသော နေဗတ်သားယေရောဗောင်မင်း၏ပြစ်မှုများကို မစွန့်၊ လိုက်ေလျှာက်လေ၏။ သို့ဖြစ်၍ ထာဝရဘုရားသည် ဣသရေလအမျိုးအပေါ်တွင် အမျက်တော်ထားလျက် ရှုရိဘုရင် ဟာဇေလမင်းနှင့်သားတော်ဗဟာဒဒ်မင်းတို့လက်တွင်းသို့ အဖန်ဖန်အပ်နှင်းတော်မူ၏။ 4-7 ရှုရိဘုရင်သည် နင်းနယ်ရာအဖျင်းအမှုန်ကဲ့သို့ဖြစ်သည့်တိုင်အောင် ဣသရေလစစ်သည်တို့ ကိုဖျက်ဆီးရာယောခတ်မင်းတွင် မြင်းစီးသူရဲငါးကျိပ်၊ စစ်ရထားဆယ်စီး၊ ခြေသည်သူရဲတစ်သောင်းမျှ သာကျန်ရှိတော့သည်ဖြစ်၍ ထာဝရဘုရားထံယောခတ်မင်းအသနားတော်ခံသောအခါ ဣသရေလ အမျိုးခံရသော ရှုရိဘုရင်နှိပ်စက်ခြင်းကို ထာဝရဘုရားရှုမှတ်သဖြင့်၊ နားညောင်းတော်မူလျက် ရှုရိ လက်မှ ထွက်လွတ်စေရန် ကယ်ဆယ်သူ့ကိုပေါ်ထွန်းစေတော်မူသောကြောင့် ဣသရေလအမျိုးသား တို့သည် ယမန်နည်းတူ ကိုယ့်အိမ်တွင်နေထိုင်ခွင့်ရကြ၏။ သို့ရာတွင် ဣသရေလအမျိုးအား ပြစ်မှားစေသောယေရောဗောင်မင်းမျိုး၏ ပြစ်မှုများကိုမစွန့်။ လိုက်ေလျှာက်သည့်ပြင်၊ ရှမာရိမြို့တံခွန် တိုင်ကိုလည်း ချန်ထားသေး၏။ ယောခတ်မင်းပြုမူစီရင်သမျှ အကြွင်းအကျန်နှင့် လက်ရုံးရည်ပါ ဣသရေလရာဇဝင်၌ ရေးထားလျက်ရှိ၏။ ယောခတ်မင်းသည် ဘေးတော်၊ ဘိုးတော်တို့နှင့်အတူ ကျိန်းစက်လျက် ရှမာရိမြို့တွင် စျာပနပြု ခြင်းကို ခံရလျှင် သားတော်ယဟောရှသည် အရိုက်အရာ၌ နန်းစံလေ၏။
10 ယုဒဘုရင်ယောရှမင်းနန်းစံသုံးဆယ့်ခုနစ်နှစ်တွင် ယောခတ်မင်းသားတော် ယဟောရှမင်း နန်းတက်၍ ရှမာရိမြို့၌ ဣသရေလနိုင်ငံကို ဆယ့်ခြောက်နှစ်စိုးစံရရာ 11 ထာဝရဘုရားမျက်မှောက်တော်တွင် ဆိုးသွမ်းမှုကိုပြုကျင့်လျက် ဣသရေလအမျိုးအား ပြစ်မှားစေသော ပြုကျင့်လျက် ဣသရေလအမျိုးအား ပြစ်မှားစေသော နေဗတ်သားယေရောဗောင် မင်း၏ပြစ်မှုဟူသမျှကိုမစွန့်၊ လိုက်လျှောက်လေ၏။ 12 ယဟောရှမင်းပြုမူစီရင်သမျှအကြွင်းအကျန်နှင့် ယုဒဘုရင်အာမဇိမင်းကို စစ်တိုက်ခြင်း လက်ရုံးရည်ပါ ဣသရေလရာဇဝင်၌ရေးထားလျက်ရှိ၏။ 13 ယဟောရှမင်းသည် ဘေးတော်ဘိုးတော်တို့နှင့်အတူ ကျိန်းစက်လျက် ရှမာရိမြို့ရှိ ဣသရေလ ဘုရင်တို့သင်္ချၖိုင်းတော်တွင် စျာပနပြုခြင်းကိုခံရလျှင် ယေရောဗောင်နန်းတက်လေ၏။
14 ဧလိရှဲသည် ကွယ်လွန်အံ့သော ဝေဒနာစွဲနေစဉ်အတွင်း ဣသရေလဘုရင်ယဟောရှမင်း လာရောက်ပြီးလျှင် အိုအဘ၊ အဘ၊ ဣသရေလအားကိုးရာမြင်းနှင့် ယဉ်များပါတကားဟူ၍ ရှေ့မှောက်တွင်ငိုကြွေးသော်၊ 15 ဧလိရှဲက၊ လေးနှင့်မြှားကို ကောက်ယူလော့ဟု မိန့်ဆိုသည့်အတိုင်း ကောက်ယူရာ 16 လေးကိုင်စွဲလော့ဟု မိန့်ဆိုချက်အရ ဣသရေလဘုရင်ကိုင်စွဲလျှင် ဧလိရှဲသည် ဘုရင်မင်း လက်ပေါ်တွင် ကိုယ့်လက်ကိုတင်လျက် 17 ရှေ့ပြူတင်းပေါက်ကို ဖွင့်လော့ဟုမိန့်ဆိုသည့်အလျောက် ဖွင့်လေ၏။ ပစ်လော့ဟုဆို၍ ပစ်လေသော်၊ ဧလိရှဲက ရှုရိလူမျိုးကိုအောင်မြင်ရာမြှားတော်၊ ထာဝရဘုရား၏အောင်မြင်ရာမြှားတော်ဖြစ်သည်တကား။ ရှုရိရဲမက်တို့မကုန်မချင်း၊ အာဖက်မြို့တွင် ဘုရင်မင်းလုပ်ကြံရလိမ့်မည်ဟု မိန့်ဆိုပြီးနောက် 18 မြှားများကိုကောက်ယူဦးလော့ဟု မိန့်ဆိုသည်နှင့် ကောက်ယူသော်၊ ကြမ်းပျဉ်ကိုရိုက်လော့ ဟုဆို၍ သုံးကြိမ်သာဣသရေလဘုရင်ရိုက်သည့်အတွက် ဘုရားသခင့်လူယုံတော်အမျက်ထွက်လျက် ငါးကြိမ်ခြောက်ကြိမ်ရိုက်သင့်ပေ၏။ 19 ရိုက်က၊ ရှုရိရဲမက်မကုန်မချင်း လုပ်ကြံရလေပြီ။ ယခုမှာ သုံးကြိမ်သာလုပ်ကြံရတော့မည်ဟု မိန့်မှာလေ၏။
20-21 ဧလိရှဲကွယ်လွန်၍ စျာပနပြုခြင်းကို ခံပြီးနောက် လူသေတစ်လောင်းကို သင်္ဂြိုဟ်မည့်ပြုဆဲ တွင်နှစ်ဦးသမယတိုင်းပြည်တော်ကို အနုကြမ်းစီးလေ့ရှိသော မောဘတပ်ကိုမြင်သည်နှင့် ဧလိရှဲ၏ သင်္ချၖိုင်းတွင်း၌ပင် ပစ်ချလိုက်ကြသော်၊ ဧလိရှဲ၏အရိုးများနှင့် ထိလျှင်ထိချင်း လူသေရှင်၍ရပ်လေ၏။
22 ယောခတ်မင်းလက်ထက် ကာလပတ်လုံး၊ ဣသရေလအမျိုးကိုရှုရိဘုရင်ဟာဇေလမင်းနှိပ်စက် လေ၏။ 23 သို့ရာတွင် ထာဝရဘုရားသည် အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့နှင့်ဖွဲ့ခဲ့သောပဋိညာဉ်ကိုထောက် ၍ ထိုလူမျိုးကိုဖျက်ဆီးရန် အလိုတော်မရှိ။ မျက်နှာတော်မူလျက် မေတ္တာကျေးဇူးတော်ကိုပြလျက် ရှေ့တော်မှပယ်ပစ်တော်မမူသေး။ 24 ရှုရိဘုရင်ဟာဇေလမင်းကွယ်လွန်၍၊ အရိုက်အရာ၌သားတော်ဗဟာဒဒ်မင်းနန်းစံသည့်ကာလ 25 ယောခတ်မင်းသားတော်ယဟောရှမင်းသည် သုံးကြိမ်မြောက်လုပ်ကြံ၍ ခမည်းတော်ယောခတ် မင်းလက်ထက် သိမ်းယူခံရသောဣသရေလမြို့ရွာများကို ဗဟာဒဒ်မင်းလက်မှပြန်ရလေ၏။