11
အာခဇိမင်း၏ မယ်တော်အာသလိသည် သားတော်ကွယ်လွန်ကြောင်းသိလျှင် မင်းမျိုးမင်းနွယ် အပေါင်းတို့ကိုသုတ်သင်လေ၏။ သို့ရာတွင် အာခဇိမင်း၏နှမတော်၊ ယဟောရံမင်း၏သမီးတော်ယောရှေဘသည် ကွပ်မျက်ခံ ရသူမင်းညီမင်းသားတို့အနက် အာခဇိမင်းသားတော် ယောရှကို လျှို့တဝှက်ယူ၍၊ အသက်ဘေးမှ ချမ်းသာစေခြင်းငှါ အာသလိမျက်ကွယ်၊ စက်ခန်းဆောင်တွင် အထိန်းတော်ပါဝှက်ထားလေ၏။ ပြည်တော်ကိုအာသလိစိုးစံစဉ်၊ အရီးတော်နှင့်အတူ ဗိမာန်တော်တွင် ခြောက်နှစ်တိုင်တိုင် ယောရှပုန်းနေရလေ၏။
ခုနစ်နှစ်မြောက်သောအခါ ယောယဒသည် ကိုယ်ရံတော်ရဲမက်နှင့် ရှေ့တော်ပြေးရဲမက်တပ်မှူးတို့ကို ဗိမာန်တော်တွင်းသို့ခေါ်သွင်း၍ ပဋိညာဉ်ဖွဲ့ခြင်း၊ သစ္စာဆိုခြင်းကိုပြုစေပြီးမှ မင်းသားကိုထုတ်ပြလျက် သင်တို့ဆောင်ရွက်ကြရသည်မှာ ဥပုသ်နေ့တွင်ဝင်စောင့်ရသောသင်တို့အနက် နန်းတော်ကိုတစ်စု၊ သုရတံခါးတော်ကိုတစ်စု၊ ကင်းတံခါးတော်ကိုတစ်စု၊ ခွဲဝေစောင့်ကြပ်၍ နန်းတော်လုံခြုံစေရမည်။ 7-8 ဥပုသ်နေ့ထွက်ခွင့်ရသောကင်းနှစ်တပ်ကား၊ မင်းလောင်း၏ကိုယ်ရံအဖြစ်၊ ဗိမာန်တော်တွင် လက်နက်ကိုယ်စီ စွဲကိုင်စောင့်ရှောက်လျက် တပ်အတွင်းချဉ်းဝင်သူ ဟူသမျှကိုကွပ်မျက်၍ မင်းလောင်းထွက်ဝင်တော်မူတိုင်း၊ ကာကွယ်ကြရမည်ဟု မှာထားလေ၏။ ထိုသို့ပရောဟိတ်ယောယဒမှာထားသည့်အတိုင်း ရာတပ်မှူးတို့သည် လိုက်နာလျက် ဥပုသ်နေ့ တွင်ဝင်စောင့်ရသူ၊ ထွက်ခွင့်ရသူ၊ ကိုယ့်တပ်သားများကိုခေါ်ငင်ဝင်ရောက်ကြသောအခါ 10 ပရောဟိတ်ယောယဒသည် ဗိမာန်တော်ရှိဒါဝိဒ်မင်းသုံးခဲ့သောလှံနှင့်ဒိုင်းလွှားများကို ရာတပ်မှူးတို့လက်သို့အပ်လေ၏။ 11 ဗိမာန်တော်နှင့်ပူ​ဇော်ရာပလ္လင်တော်ကို မျက်နှာမူသူ ရှေ့တော်ပြေးတို့သည် လက်နက်ကိုယ်စီ ကိုင်လျက် မင်းလောင်းကိုခြံရံကွယ်ကာရန် တစ်ဘက်မှတစ်ဘက်အထိ ရပ်နေကြရာ၊ 12 ယောယဒသည် မင်းသားကိုယူဆောင်၍ သရဖူနှင့်မင်းကျင့်တရားကျမ်းကိုတင်လျက် ရာဇဘိသိက်သွန်း၍ မင်းမြှောက်ပြီးမှ ဘုရင်မင်းမြတ်သက်တော်ရှည်ပါစေသောဟု လက်ခုပ်တီးလျက် ကြွေးကြော်ကြကုန်၏။
13 အာသလိသည် ရှေ့တော်ပြေးနှင့် လူပရိသတ်တို့ကြွေးကြော်သံကိုကြား၍ ပရိသတ်ရှိရာ ဗိမာန် တော်သို့သွားရောက်သော်၊ မင်းတို့ထုံးစံအတိုင်း 14 တပ်မှူးနှင့်တံပိုးမှုတ်သူတို့ ဝန်းရံလျက် တိုင်တော့်အနီးရပ်နေသော ဘုရင်မင်းကိုလည်းေကာင်း၊ ရွှင်လန်းစွာတံပိုးမှုတ်သောပြည်သူပြည်သားတို့ကိုလည်းေကာင်း၊ မြင်လျှင်၊ ဝတ်လဲတော်ကိုဆုတ်လျက် တော်လှန်ပြီ၊ တော်လှန်ပြီဟု ဟစ်အော်လေ၏။ 15 ပရောဟိတ်ယောယဒကလည်း၊ ဗိမာန်တော်တွင် မသေစေလင့်ဟူ၍လည်းေကာင်း၊ တပ်အကြားတံတိုင်း ပြင်သို့ထုတ်လျက် လိုက်လာသူတို့ပါလုပ်ကြံကြဟူ၍လည်းေကာင်း၊ ရဲမက်တို့ကိုအုပ်ချုပ်သော ရာတပ်မှူးတို့အား မှာထားသည့်အတိုင်း 16 အာသလိကိုကိုင်ဖမ်းလျက် မြင်းသွင်းသောနန်းတော်လမ်းဖြင့် ထုတ်၍ကွပ်မျက်ကြ၏။
17 ယောယဒလည်း၊ ထာဝရဘုရား၏လူမျိုးတော်ဖြစ်စေရန် ဘုရင်မင်းမှစသော လူပရိသတ်နှင့် ထာဝရဘုရားကြားတွင်လည်းေကာင်း၊ လူပရိသတ်နှင့်ဘုရင်မင်းကြားတွင်လည်းေကာင်း၊ 18 ပဋိညာဉ်ဖွဲ့စေပြီးနောက် ပြည်သူပြည်သားတို့သည် ဗာလ၏ဗိမာန်ကို သွားရောက်ဖြိုဖျက်လျက် ယဇ်ပလ္လင်များနှင့်ရုပ်တုများကို ချိုးဖဲ့လျက် ဗာလ၏ပရောဟိတ်မဿန်ကို ယဇ်ပလ္လင်များရှေ့ ကွပ်မျက်ကြ၏။ ပရောဟိတ်ယောယဒသည် ဗိမာန်တော်မှူးများကိုခန့်ထားပြီးလျှင် 19 ရာတပ်မှူးမှစ၍ ကိုယ်ရံတော်ရဲမက်၊ ရှေ့တော်ပြေးရဲမက်များနှင့် ပြည်သူပြည်သားအပေါင်းတို့ကို ခေါ်သည့်အလျောက် ဘုရင်မင်းကို ဗိမာန်တော်မှဆောင်၍ ကင်းတံခါးတော်လမ်းဖြင့် နန်းတော်သို့ပို့ကြသည့်အတိုင်း ရာဇပလ္လင်ထက်စိုးစံရာ 20 ပြည်သူပြည်သားအပေါင်းတို့ဝမ်းမြောက်လျက် မြို့တော်ငြိမ်းချမ်းလေ၏။ အာသလိကိုကား နန်းတော်အတွင်း ဓားဖြင့်ကွပ်မျက်နှင့်ကြသတည်း။