10
ရှမာရိမြို့တွင် အာဟပ်မင်း၏သားတော်မြေးတော်ခုနစ်ကျိပ်ရှိသည်ဖြစ်၍ ၄င်းမြို့ရှိယေဇရေ လမြို့ဝန်၊ လူကြီး၊ အကြီးတော်များထံ၊ ယေဟုမင်းရေးလိုက်သောအမိန့်စာကား၊ သင်တို့သခင့်သားတော်မြေးတော်များနှင့်တကွ မြင်းတပ်၊ ရထားတပ်၊ လက်နက်၊ ခံမြို့ရှိသည် နှင့်အညီ၊ ဤအမိန့်စာရောက်သည့်ကာလ ၄င်းသားတော်မြေးတော်တို့အနက် ကောင်းမွန်သင့်မြတ်သူ့ကိုရွေးချယ်၍ ခမည်းတော်ရာဇပလ္လင်ထက်တင်မြှောက်ပြီးလျှင် သင်တို့သခင့်မျိုးနွယ်အဖို့ စစ်တိုက်ကြလော့ဟု မှာလိုက်သတည်း။ ထိုသူတို့က၊ ဘုရင်မင်းနှစ်ပါးပင်၊ သူ့ရှေ့တွင် မခံမရပ်နိုင်။ ငါတို့ကား မည်သို့ခံရပ်နိုင်အံ့နည်းဟု အလွန်ကြောက်ရွံ့လျက်၊ လက်သုံးတော်ချုပ်၊ မြို့ဝန်၊ အကြီးတော်နှင့်လူကြီးတို့က၊ ကိုယ်တော့်ကျွန်များဖြစ်ကြပါပြီ။ အမိန့်တော်ကို လိုက်နာပါမည်။ မင်းမြှောက်ဝံ့မည်မဟုတ်ပါ။ သဘောတော်မြတ်ရာပြုတော်မူပါဟု ဝန်ခံလိုက်ကြသောအခါ သင်တို့သည် ငါ့ဘက်၌နေ၍၊ အမိန့်အတိုင်းလိုက်နာမည်ဖြစ်လျှင်၊ သင်တို့သခင့်သားတော်မြေး တော်တို့ဦးခေါင်းများကို နက်ဖြန်ယခုအချိန်၊ ငါရှိရာယေဇရေလမြို့သို့ယူခဲ့ကြလော့ဟု နောက်ထပ် အမိန့်စာကို ယေဟုမင်းပို့လိုက်လေ၏။ မင်းသားခုနစ်ကျိပ်တို့ကား မြို့၌အကြီးအကဲပြုလုပ်သူ အကြီးတော်တို့နှင့်အတူ ရှိနေကြသတည်း။ ထိုစာရောက်လျှင် ရောက်ချင်း မင်းသားခုနစ်ကျိပ်တို့ကို ဖမ်းဆီးကွပ်မျက်လျက် ဦးခေါင်းများကို တောင်းတွင်ထည့်၍ ယေဟုရှိရာယေဇရေလမြို့သို့ ပို့လိုက်သည်နှင့်အညီ မင်းသားဦးခေါင်းများရောက်ကြောင်း လူတစ်ယောက်ဝင်ရောက်လျှောက်ထားလျှင် ယေဟုမင်းက၊ မြို့တံခါးဝတွင် နှစ်ပုံခွဲ၍ မိုးသောက်တိုင်အောင်ထားခဲ့လော့ဟု မိန့်ဆိုလေ၏။ မိုးသောက်သော်၊ ယေဟုထွက်ရပ်လျက် အိုဖြော့င်မတ်သူတို့၊ ငါသည်ငါ့သခင့်တစ်ဘက်၌ အတွင်းမီးထ၍ ကွပ်မျက်လေပြီ။ ဤမင်းသားတို့ကိုကား မည်သူလုပ်ကြံသနည်း။ 10 ကျွန်တော်ရင်းဧလိယအားဖြင့် ထားခဲ့သောဗျာဒိတ်တော်အတိုင်း ထာဝရဘုရားစီရင်တော်မူ ပြီ။ အာဟပ်မင်းမျိုးကိုရည်၍ ထာဝရဘုရားထားတော်မူခဲ့သော ဗျာဒိတ်တော်သည် မြေဝယ်မကျရကြောင်း သိမှတ်ကြလော့ဟု မြို့သူမြို့သားတို့အား မိန့်ဆိုလျက် 11 ယေဇရေလမြို့၌ ကျန်ကြွင်းသော အာဟပ်မင်းမျိုးမှစ၍ ဘက်ပါအကြီးအကဲ၊ ကျွမ်းဝင်သူ၊ ပရောဟိတ်အပေါင်းတို့ကို တစ်ယောက်မကျန်ကွပ်မျက်လေ၏။ 12 ထိုနောက် ရှမာရိမြို့သို့ထွက်သွားရာ ခရီးအကြား၊ သိုးထိန်းတို့စုဝေးလေ့ရှိသော စရပ်တွင် 13 ယုဒဘုရင်အာခဇိမင်း၏ညီတော် နောင်တော်တို့ကို တွေ့သဖြင့် မည်သူနည်းဟုမေးလျှင် အာခဇိမင်း၏ညီတော်နောင်တော်များဖြစ်ကြပါ၏။ ဘုရင်မင်းနှင့်မိဖုရား၏သားတော်သမီးတော် တို့အဖြစ်အနေကို မေးမြန်းရန် လာပါသည်ဟုဆိုကြသော်၊ 14 ယေဟုမင်းက၊ လက်ရဖမ်းကြလော့ဟုမိန့်ဆိုသည့်အတိုင်း ဖမ်း၍ထိုစရပ်ရေတွင်းအနီး လေးကျိပ်နှစ်ယောက်တို့ကို တစ်ယောက်မကျန် သတ်လေ၏။
15 ထိုစရပ်မှထွက်သောအခါ ခရီးဦးကြိုဆိုသောရေခပ်သားယောနဒပ်ကို တွေ့ဆုံနှုတ်ဆက်လျက် ငါ့စိတ်သည်သင့်စိတ်နှင့်ညီမျှသည့်နည်းတူ၊ သင့်စိတ်လည်း ညီမျှ၏လောဟု မေးရာ ညီမျှပါသည်ဟု ဝန်ခံသော် ထိုသို့မှန်မူ လက်ကမ်းလော့ဟုဆိုသည့်အတိုင်း 16 လက်ကမ်းလျှင် ရထားထက်တင်လျက် ထာဝရဘုရားအတွက် ငါ့စေတနာထက်သန်ခြင်းကို ကြည့်မှတ်ရန်လိုက်လော့ဟုဆို၍ ရထားစီးစေ၏။ 17 ရှမာရိမြို့သို့ရောက်သော် ဧလိယအား ထာဝရဘုရားထားတော်မူခဲ့သော ဗျာဒိတ်တော်နှင့်အညီ အာဟပ်မင်းမျိုးကြွင်းသမျှကို မကုန်မချင်းကွပ်မျက်လေ၏။ 18 ထိုနောက် မြို့သူမြို့သားအပေါင်းတို့ကို စုဝေးစေလျက် ယေဟုမင်းက၊ အာဟပ်မင်းသည် ဗာလဘုရားကိုပေါ့ပေါ့သာဝတ်ပြု၏။ ငါယေဟုမူကား အားကြီးစွာပြုမည်။ 19 ထိုကြောင့် ဗာလ၏ပရောဖက်၊ ပရောဟိတ်များမှစ၍ ဝတ်ပြုသူအပေါင်းတို့ကို တစ်ယောက် မကျန် ခေါ်ဖိတ်ကြလော့။ ငါသည်ဗာလဘုရားအား တခမ်းတနားပူဇော်မည်။ မလာမရောက်သူမှာ အသက်မရှင်ရဟု ဗာလနတ်အား ကိုးကွယ်သူတို့ကိုဖျက်ဆီးရန်အကြံနှင့် ပရိယာယ်ဖြင့် မိန့်ဆို၏။ 20 ဗာလဘုရားပွဲကို ပြင်ဆင်ကြလော့ဟု မိန့်ဆိုသည့်အတိုင်း ကြော်ငြာကြသော်၊ 21 ဣသရေလပြည်လုံးနှံ့၊ ယေဟုမင်းကြော်ငြာချက်အရ ဗာလကိုဝတ်ပြုသူတစ်ယောက်မကျန်၊ လာရောက်ကြပြီးလျှင် ဗာလ၏ဗိမာန်သို့ဝင်ကြသဖြင့် တစ်ဗိမာန်လုံးပြည့်လေ၏။ 22 ထိုအခါ ဘဏ္ဍာတော်ထိန်းအား၊ ဗာလကိုဝတ်ပြုသူတို့ဆင်ယင်ရန် အဝတ်များကိုထုတ်ပေး လော့ဟု ယေဟုမင်းမိန့်ဆိုသည့်အတိုင်း ထုတ်ပေးပြီးနောက်၊ 23 ရေခပ်သားယောနဒပ်နှင့်အတူ ဗာလ၏ဗိမာန်တွင်းသို့ဝင်၍ ဝတ်ပြုသူတို့အား ထာဝရဘုရား ကိုဝတ်ပြုသူမပါ၊ ဗာလဘုရားကိုဝတ်ပြုသူတို့သာ ရှိစေရန် ကြည့်ရှုစစ်ဆေးကြလော့ဟု မိန့်ဆိုလေ၏။ 24 မီးရှို့ရာသက္ကာ၊ မိတ်သဟာယသက္ကာများကို ပူဇော်ရန်ဝင်၍၊ မီးရှို့ရာသက္ကာကို ပူဇော်ပြီးမှ၊ သင်တို့လက်တွင်းသို့ ငါအပ်နှင်းသူတစ်စုံတစ်ယောက်လွတ်လျှင်၊ အစားသေရမည်ဟုဆိုလျက် ဗိမာန်ပြင် တွင် သူရဲရှစ်ကျိပ်ကို ယေဟုမင်းထားနှင့်ခဲ့သည့်အလျောက် 25 ဝင်၍လုပ်ကြံကြလော့။ မထွက်မလွတ်စေလင့်ဟု ရှေ့တော်ပြေးနှင့်စစ်ကဲတို့အား မိန့်ဆိုသော အခါ ရှေ့တော်ပြေးနှင့်စစ်ကဲတို့သည် ဓားဖြင့်လုပ်ကြံလျက် အလောင်းများကိုထုတ်၍ ဗာလ၏ ဗိမာန်ဆိုင်ရာဝတ္ထုကံမြို့သို့သွားရောက်ပြီးနောက် 26 ဗာလ၏ဗိမာန်ရှိကျောက်တိုင်များကို ထုတ်ယူမီးတိုက်ကြ၏။ 27 ထိုသို့ဗာလ၏ကျောက်တိုင်နှင့်ဗိမာန်ကိုဖြိုဖျက်၍ ယနေ့တိုင်အောင် ကိုယ်သုတ်သင်ရာအိမ်ဖြစ် စေသဖြင့်၊ 28 ယေဟုမင်းသည် ဗာလနတ်ကို ဣသရေလပြည်မှ ပယ်ရှားလေ၏။ 29 သို့ရာတွင် ဗေသလမြို့နှင့်ဒန်မြို့ရှိရွှေနွားရုပ်များအား မှီဝဲ၍ ဣသရေလအမျိုးအား ပြစ်မှားစေသော၊ နေဗတ်သားယေရောဗောင်မင်း၏ပြစ်မှုများကို မစွန့်ချေ။ 30 ထာဝရဘုရားက၊ ငါ့အလိုအတိုင်း အာဟပ်မင်းမျိုး၌ အပြီးသတ်စီရင်လျက် ငါ့မျက်မှောက်တွင် ဖြောင့်မှန်မှုကို သင့်လျော်စွာပြုလုပ်သောကြောင့် ဣသရေလရာဇပလ္လင်ထက် သင့်သားမြေး လေးဆက်မြောက်စိုးစံခွင့်ရလိမ့်မည်ဟူ၍ ယေဟုမင်းအား မိန့်တော်မူသော်လည်း၊ 31 ယေဟုမင်းသည် ဣသရေလလူမျိုး၏ဘုရားသခင်ထာဝရဘုရား ပညတ်တရားတော်အတိုင်း အကြွင်းမဲ့လိုက်ေလျှာက်ရန် စိတ်နှလုံးမမူဘဲ ဣသရေလအမျိုးအား ပြစ်မှားစေသောယေရောဗောင် မင်း၏ပြစ်မှုများကို မစွန့်လေစွ။
32-33 ထိုကာလ ဣသရေလနိုင်ငံအစွန်အဖျားကို ထာဝရဘုရားကျုံ့စပြုတော်မူသည်နှင့် ဟာဇေလမင်းသည် ယော်ဒန်မြစ်အရှေ့ဘက်၊ အာနုချောင်းအနီးရှိ အာရော်မြို့မှစ၍ ရုဗင်၊ ဂဒ်၊ မနာရှေအနွယ်တို့နေရာဂိလဒ်၊ ဗာရှန်နယ်တစ်ေလျှာက်လုံးကို လုပ်ကြံလေ၏။ 34 ယေဟုမင်းပြုမူစီရင်သမျှ အကြွင်းအကျန်နှင့် လက်ရုံးရည်ပါ ဣသရေလရာဇဝင်၌ရေးထား လျက်ရှိ၏။ 35-36 ယေဟုမင်းသည် ရှမာရိမြို့၌ ဣသရေလနိုင်ငံကို နှစ်ဆယ့်ရှစ်နှစ်စိုးစံပြီးမှ ဘေးတော်ဘိုး တော်တို့နှင့်အတူ ကျိန်းစက်လျက် ရှမာရိမြို့တွင် စျာပနပြုခြင်းကိုခံရလျှင် သားတော်ယောခတ်သည် အရိုက်အရာ၌နန်းစံလေ၏။