18
ကာလရှည်ကြာပြီးနောက် တတိယနှစ်တွင် ဧလိယသို့ထာဝရဘုရားဗျာဒိတ်တော်ရောက်လာ သည်မှာ အာဟပ်ထံအထင်အရှားသွားလော့။ မြေကြီးပေါ်တွင် ငါမိုးရွာစေတော့မည်ဟု မိန့်တော်မူ သည့်အတိုင်း ဧလိယသည် အာဟပ်မင်းထံ အထင်အရှားသွား၏။ ထိုကာလရှမာရိမြို့တွင် အစာခေါင်းပါး ခြင်းကပ်အားကြီးသည်ဖြစ်၍ 3-4 ထာဝရဘုရား၏ ပရောဖက်တို့ကို ယေဇဗေလသုတ်သင်သောအခါ ထာဝရဘုရားအား ရိုသေ ခန့်ညားသူဖြစ်သဖြင့် ပရောဖက်တစ်ရာကိုငါးဆယ်စီ ဥမင်၌ဝှက်ထားလျက် ရေစာကျွေးမွေးခဲ့ဘူး သော လက်သုံးတော်ချုပ်သြဗဒိကို အာဟပ်မင်းခေါ်ပြီးလျှင် မြင်း၊ လား စသောတိရစ္ဆာန်အပေါင်းတို့ မသေစေခြင်းငှါ မြက်တောတွေ့ကောင်းတွေ့ရန် ပြည်လုံးနှံ့လျှောက်၍ စမ်းရေတွင်း၊ ချောင်းရှိရာအရပ်သို့ သွားကြကုန်အံ့ဟု မိန့်ဆိုသည့်အတိုင်း ပြည်လုံးနှံခရီးတာဝေလျက် အာဟပ်မင်းနှင့် သြဗဒိတို့ တစ်လမ်းစီသွားကြကုန်၏။ သြဗဒိသည် လျှောက်သွား၍ ခရီးအကြားတွင် ဧလိယနှင့်တွေ့ဆုံသော် မှတ်မိသဖြင့်၊ ကိုယ်တော်သည် ကျွန်တော်အရှင်ဧလိယပါလောဟု ပျပ်ဝပ်မေးလျှောက်လျှင်၊ မှန်ပေ၏။ သင့်သခင့်ထံပြန်သွား၍ ဧလိယရှိကြောင်း ကြားပြောလော့ဟုဆိုသည့်ကာလ သြဗဒိက၊ ကျွန်တော်မျိုးအသေခံရစေရန် အာဟပ်မင်းလက်တွင်းသို့ ပို့အပ်သည်မှာ မည်သို့ပြစ် မှား၍ပါနည်း။ 10 ကိုယ်တော်၏ဘုရားသခင်ထာဝရဘုရားအသက်ရှင်တော်မူသည့်အတိုင်း ကိုယ်တော်ကို လိုက်ရှာရန် ကျွန်တော့်သခင်မလွှတ်သောနိုင်ငံ၊ လူမျိုးမကျန်တော့ပါ။ မရှိဟုပြန်ဆိုသောနိုင်ငံလူမျိုးတကာတို့အား မရှိကြောင်း သစ္စာဆိုစေပါ၏။ 11 ယခုမှာမူ ကိုယ်တော်က၊ သင့်သခင့်ထံသွား၍ ဧလိယရှိကြောင်းကြားပြောလော့ဟု မိန့်တော်မူသည့်အလျောက် 12 ကျွန်တော်သွားသည်နှင့်တစ်ပြိုင်နက် ထာဝရဘုရား၏ဝိညာဉ်တော်သည် ကျွန်တော်မသိသော အရပ်သို့ ကိုယ်တော်ကိုဆောင်သွား၍ သတင်းရသူ အာဟပ်မင်းမတွေ့လျှင် ငယ်စဉ်ကပင် ထာဝရဘုရားအား ခန့်ညားသော ကျွန်တော်မျိုးကို ကွပ်မျက်ပါလိမ့်မည်။ 13 ထာဝရဘုရား၏ ပရောဖက်တို့ကို ယေဇဗေလကွပ်မျက်သောအခါ ပရောဖက်တစ်ရာကို ငါးဆယ် စီဥမင်၌ ဝှက်ထားလျက် ရေစာကျွေးမွေးခဲ့ဘူးသော ဆောင်ရွက်မှုအကြောင်း အရှင်ကြားသိတော်မမူပါလော။ 14 ယခုမှာကိုယ်တော်က၊ သင့်သခင့်ထံသွား၍ ဧလိယရှိကြောင်း ကြားပြောရမည်ဟု မိန့်တော်မူ သည်ဖြစ်၍ ကျွန်တော်ကိုကွပ်မျက်ပါလိမ့်မည်ဟု ပြန်လျှောက်ရာ 15 ဧလိယက၊ ငါခစားလျက်နေသော ဗိုလ်ခြေတို့အရှင် ထာဝရဘုရားအသက်ရှင်တော်မူသည့် အတိုင်း ငါသည်ယနေ့ပင်အာဟပ်မင်းထံ အထင်အရှားမုချသွားမည်ဟု ဆိုပြန်၏။ 16 သြဗဒိသည် အာဟပ်မင်းထံသွား၍ သတင်းပေးသဖြင့် ဧလိယကို တွေ့ခြင်းငှါ အာဟပ်မင်းလိုက်လာ၍ တွေ့သောအခါ 17 အိုဣသရေလအမျိုးကို နှောင့်ရှက်သူ၊ တွေ့ရပြီလောဟုမေးလျှင် 18 ဣသရေလအမျိုးကိုငါမနှောင့်ရှက်။ သင်နှင့်သင့်ဆွေမျိုးသားချင်းတို့သာ ထာဝရဘုရား၏ ပညတ်တော်များကို စွန့်လျက် ဗာလနတ်တို့နောက်သို့လိုက်၍ ဣသရေလအမျိုးကိုနှောင့်ရှက်ကြပြီ။ 19 သို့ဖြစ်၍ ဣသရေလတစ်မျိုးလုံးကိုလည်းကောင်း၊ ဗာလ၏ပရောဖက်လေးရာ့ငါးဆယ်ကိုလည်းကောင်း၊ ယေဇဗေလစားပွဲ၌ စားသော အရှဲရာ၏ပရောဖက်လေးရာကိုလည်းကောင်း၊ ငါရှိရာကရမေလတောင်သို့ စုဝေးစေလော့ဟုဆိုသည့်အတိုင်း 20 အာဟပ်မင်းသည် ဣသရေလအမျိုးသားအပေါင်းတို့ကို ခေါ်စေ၍ ပရောဖက်တို့ပါ ကရမေလတောင်၌ စုဝေးစေသည့်ကာလ 21 လူပရိသတ်ရှိရာသို့ ဧလိယချဉ်းကပ်၍ နုန့်နဲ့စွာဒွိဟလိုက်ကြသည်မှာ မည်မျှကြာကြမည်နည်း။ ယေဟောဝါသည် ဘုရားသခင်မှန်လျှင် လိုက်ကြလော့။ ဗာလသည် ဘုရားသခင်မှန်လျှင် လိုက်ကြလော့ဟုဆိုသော်၊ ပရိသတ်ဆိတ်ဆိတ်နေကြ၏။ 22 ဧလိယကလည်း၊ ယေဟောဝါ၏ ပရောဖက်ကား ငါတစ်ယောက်တည်းကျန်၏။ ဗာလ၏ပရောဖက်တို့ကား လေးရာ့ငါးဆယ်ရှိကြ၏။ 23 သို့ဖြစ်၍ ငါတို့နှစ်ဖက်သို့ နွားနှစ်ကောင်ကိုပေးလော့။ နှစ်ကောင်အနက် တစ်ကောင်ကို သူတို့ရွေးယူလျက် မီးမထည့်သောထင်းပေါ်တွင် အပိုင်းပိုင်းစီရင်၍ တင်ထားကြပါလေစေ။ ငါလည်းမီးမထည့်သောထင်းပေါ်တွင် တစ်ကောင်ကိုစီရင်၍ တင်ထားပါမည်။ 24 ကိုယ့်ဘုရား၏နာမအား ပဌနာပြုကြလော့။ ငါမူကား ယေဟောဝါ၏နာမတော်အား ပဌနာပြုပါမည်။ မီးဖြင့်တုံ့ပြန်တော်မူသောအရှင်သည် ဘုရားမှန်ပါလေ​စေဟု လူပရိသတ်အားပြောဆိုသော်၊ ကောင်းပြီဟုဝန်ခံကြကုန်၏။ 25 တစ်ဖန်ဧလိယက သင်တို့ကား အများဖြစ်သောကြောင့် နွားတစ်ကောင်ကို အရင်ယူ၍ စီရင်ပြီးလျှင် မီးမထည့်ဘဲ ကိုယ့်ဘုရားနာမကို ပဌနာပြုကြလော့ဟု ဗာလ၏ပရောဖက်တို့အား ဆိုသည့်အတိုင်း 26 သူတို့သည် နွားကိုခံယူ၍ စီရင်ပြီးလျှင် အိုဗာလဘုရား၊ မြွက်ကြားတော်မူပါဟူ၍ နံနက်မှ မွန်းတည့်တိုင်အောင် ဗာလ၏နာမအားပဌနာပြုကြသော်လည်း၊ မြွက်သံပြုသူမရှိသည်နှင့် ကိုယ်တည်သော ပူဇော်ရာပလ္လင်ပတ်လည်တွင် ကိုယ်ကိုယိမ်းနွှဲ့ကြ၏။ 27 မွန်းတည့်သော်၊ ဧလိယက၊ ကျယ်စွာဟစ်ကြလော့။ ဗာလသည် ဘုရားမှန်လိမ့်မည်။ သို့ရာတွင် ဖိုလ်ဝင်စားသော်လည်းကောင်း၊ တပိုတပါးသွားခိုက်သော်လည်းကောင်း၊ ခရီးလွန်သော်လည်းကောင်း၊ မနိုးအောင်အိပ်မောကျ ကောင်းကျသော်လည်းကောင်း၊ ဖြစ်လိမ့်မည်ဟု ပြက်ရယ်ဆိုသည့်ကာလ သူတို့သည် ကျယ်စွာဟစ်လျက် 28 အသွေးယိုစီးစေရန် အလေ့အတိုင်း ဓား၊ သံလျက်များနှင့် ကိုယ်ကိုဆွလှီး၍ မွန်းလွဲပြီးနောက် 29 ညဉ့်ဦးပူဇော်ချိန်တိုင်အောင်ရွတ်ဆိုကြသော်လည်း မြွက်သံပြုသူ၊ အရေးယူသူမရှိချေ။ 30 ထိုအခါ ဧလိယက ချဉ်းခဲ့ကြလော့ဟု ပရိသတ်အား ပြောဆိုသည့်အတိုင်း ချဉ်းလာကြရာ ဧလိယသည် ပြိုပျက်နေသောထာဝရဘုရား၏ ပူဇော်ရာပလ္လင်တော်ကို ပြုပြင်လေ၏။ 31 ၄င်းပြင်သင့်အမည်ကား၊ ဣသရေလတည်းဟူ၍ ထာဝရဘုရားဗျာဒိတ်တော်ခံယာကုပ်၏သားတို့ အမျိုးအနွယ်များအလိုက်ကျောက်ဆယ့်နှစ်လုံးကိုယူပြီးသော်၊ 32 ထာဝရဘုရား၏နာမတော်အဖို့ ပူဇော်ရာပလ္လင်တော်ကိုတည်လျက် မျိုးနှစ်စိတ်ဝင်​မြေအကျယ်ပတ်လည်၌ ကျုံးတူးပြီးလျှင် 33 အပိုင်းပိုင်းစီရင်သည့်နွားကို ပြင်ဆင်သောထင်းပုံထက်တင်ထားလေ၏။ အိုးလေးလုံးအပြည့် ရေခပ်ပြီးမှ မီးရှို့ရာသက္ကာနှင့်ထင်းကိုလောင်းကြလော့ဟူ၍လည်းကောင်း၊ 34 တစ်ဖန်လောင်းဦးလော့ဟူ၍လည်းကောင်း၊ ဆိုသည့်အတိုင်းလောင်းကြရာ ထပ်၍လောင်းဦးလော့ဟု မိန့်ဆိုသည့်လျောက် 35 သုံးကြိမ်​ေြမာက်လောင်းကြသဖြင့် ပူဇော်ရာပလ္လင်ပတ်လည်သို့ ရေစီး၍ ကျုံးကိုလည်းပြည့်စေကြ၏။ 36 ညဉ့်ဦးပူဇော်ချိန်ရောက်သော် ပရောဖက်ဧလိယချဉ်းကပ်၍ အာဗြဟံ၊ ဣဇာက်၊ ဣသရေလတို့၏ ဘုရားသခင်ထာဝရဘုရား ကိုယ်တော်သည် ဣသရေလလူမျိုး၏ ဘုရားဖြစ်ကြောင်းကိုလည်းကောင်း၊ အကျွန်ုပ်လည်း ကိုယ်တော့်ကျွန်ဖြစ်၍ ဤအမှုအလုံးစုံကို အမိန့်တော်အတိုင်း ဆောင်ရွက်ကြောင်းကိုလည်းကောင်း ယနေ့သိကြပါစေသော။ 37 အိုထာဝရဘုရား၊ ကိုယ်တော်ယေဟောဝါသည် ဘုရားသခင်ဖြစ်တော်မူကြောင်းကိုလည်းကောင်း၊ ချင်းတို့ စိတ်သဘောကိုပြောင်းလဲစေသောအရှင်ဖြစ်တော်မူကြောင်းကိုလည်းကောင်း၊ ဤပရိသတ်သိစေခြင်းငှါ၊ မြွက်ကြားတော်မူပါ။ မြွက်ကြားတော်မူပါဟု တောင်းလျှောက်သည့်အတိုင်း 38 ထာဝရဘုရားထံမှမီးကျ၍ ရှို့ရာသက္ကာအစရှိသော ထင်း၊ ကျောက်၊ မြေမုန့်ပါ၊ ကျွမ်းလောင်လျက် ကျုံးရှိရေကိုလည်း ခန်းခြောက်စေ၏။ 39 လူပရိသတ်မြင်လျှင် ပျပ်ဝပ်၍ ယေဟောဝါသည် ဘုရားသခင်ဖြစ်တော်မူ၏။ ယေဟောဝါသည် ဘုရားသခင်ဖြစ်တော်မူသည်ဟု ဝန်ခံကြသည့်ကာလ၊ 40 ဧလိယက၊ ဗာလ၏ပရောဖက်တို့ကို တစ်ယောက်မျှမလွတ်စေဘဲ ဖမ်းဆီးကြလော့ဟု အမိန့် ပေးသည့်အတိုင်း ဖမ်းဆီးကြပြီးလျှင် ဧလိယသည် ကိရှုန်ချောင်းသို့ ထုတ်သွား၍ ကွပ်မျက်လေသတည်း။
41 ထိုနောက် ဧလိယက၊ ကြွ၍ပွဲတော်တည်ပါလော့။ သည်းစွာရွာအံ့သောမိုးသံကြားသည်ဟု အာဟပ်မင်းအားဆိုလျှင် 42 ပွဲတော်တည်ရန် အာဟပ်မင်းသွားရာ ဧလိယသည် ကရမေလတောင်ထိပ်သို့တက်၍ မြေပေါ်တွင်တုပ်ဝပ်နေရာမှ 43 ငယ်သားအား တက်၍ ပင်လယ်သို့ကြည့်လော့ဟုဆိုသည့်အတိုင်း တက်ကြည့်ပြီးလျှင် မည်သည်ကိုမျှမမြင်ပါဟု ပြန်လျှောက်သော်၊ ခုနစ်ကြိမ်တိုင်သွား၍ကြည့်ဦးလော့ဟုမိန့်ဆိုပြန်၏။ 44 ခုနစ်ကြိမ်မြောက်သောအခါ ငယ်သားက၊ လူလက်သဖွယ်သေးငယ်သော မိုးတိမ်သည် ပင်လယ်မှတက်လာပါသည်ဟု လျှောက်ရာ အာဟပ်မင်းထံသွားပြီးလျှင် မိုးမဆီးတားမီ ရထားတော်က၍ ပြန်တော်မူရန် တင်လျှောက်လော့ဟု မှာလိုက်လေ၏။ 45 မကြာမတင်မိုးကောင်းကင်သည် မိုးသက်မုန်တိုင်းနှင့် မှိုင်းအုန်လျက် သည်းထန်စွာရွာ သွန်းလေ၏။ အာဟပ်မင်းလည်း ယေဇရေလမြို့သို့ စီးသွားစဉ် 46 ထာဝရဘုရား၏လက်တော်တည်သဖြင့် ဧလိယသည် ခါးစည်း၍ အာဟပ်မင်းရှေ့ဆောင်ပြုလျက် ယေဇရေလမြို့ရောက် အသော့သွားလေ၏။