13
ထိုအခါ မီးဖြင့်ဆက်ကပ်ရန် ပူဇော်ရာပလ္လင်အနီး ယေရောဗောင်မင်းရပ်နေစဉ် ဘုရားသခင့် လူယုံတော်တစ်ပါးသည် ထာဝရဘုရား၏ဗျာဒိတ်တော်နှင့် ယုဒပြည်မှဗေသလမြို့သို့ရောက်လာ၍ ပူဇော်ရာပလ္လင်ပေါ်တွင် ၎င်းဗျာဒိတ်တော်နှင့်ကြွေးကြော်သည်မှာ အိုပလ္လင်၊ ပလ္လင်၊ ဒါဝိဒ်မင်း မျိုး၌ ယောရှိအမည်ရှိသော သူငယ်တစ်ယောက်ဖွားမြင်လတ္တံ့။ ထိုသူသည် သင့်အပေါ်တွင် မီးဖြင့် ဆက်ကပ်လေ့ရှိသည့် မြင့်ရာဌာနများဆိုင်သော ပရောဟိတ်တို့ကို ပူဇော်လျက် လူသေတို့အရိုးများပါမီးတိုက်လိမ့်မည့်အကြောင်း ထာဝရဘုရားမိန့်တော်မူသည်ဟူ၍လည်းကောင်း၊ ထာဝရဘုရားပြတော်မူအံ့သောသက်သေနိမိတ်ကား ပူဇော်ရာပလ္လင်သည် အက်ကွဲလျက် လောင်စာများလည်း ယိုကျလိမ့်မည်ဟူ၍လည်းကောင်း၊ ဖြစ်လတ္တံ့သောသက်သေနိမိတ်နှင့်တကွ၊ ထိုနေ့ချင်းတွင်ဟောပြောလေ၏။ ဗေသလမြို့ရှိပူဇော်ရာပလ္လင်ပေါ်တွင် ဘုရားသခင့်လူယုံတော်ကြွေးကြော်သောစကားကို ယေရောဗောင်မင်းကြားလျှင် ထိုသူ့ကိုဖမ်းလော့ဟု မိန့်ဆိုလျက်၊ ပလ္လင်ပေါ်မှလက်ကိုဆန့်ညွှန် ရာထိုလက်သည် မရုပ်နိုင်အောင်သေခြောက်သည့်ပြင် ပလ္လင်လည်း ထာဝရဘုရား၏ဗျာဒိတ်တော်နှင့်ဘုရားသခင့်လူယုံတော်ေဖာ်ပြသော သက်သေ နိမိတ်အတိုင်းအက်ကွဲ၍ လောင်စာများယိုကျလေ၏။ ထိုအခါ ဘုရင်မင်းက ပြကတေ့ အဖြစ်သို့ ငါ့လက်ရုံးရောက်စေခြင်းငှါ ငါ့အဖို့တောင်းလျှောက်၍ သင့်ဘုရားသခင်ထာဝရဘုရားထံ အသနားတော်ခံပါလော့ဟု ဘုရား သခင့်လူယုံတော်ကို တောင်းပန်သည်နှင့်အညီ ထာဝရဘုရားထံ ဘုရားသခင့်လူယုံတော်အသနား တော်ခံသဖြင့် ဘုရင်မင်းလက်ရုံးသည် ပြကတေ့အဖြစ်သို့ရောက်ပြန်လေ၏။ ဘုရင်မင်းကလည်း၊ နန်းတော်သို့လိုက်၍ အားဖြည့်ပါလော့။ ဆုလပ်ကိုလည်းပေးဦးမည်ဟု ဘုရားသခင့်လူယုံတော်အားဆိုလျှင် ဘုရားသခင့်လူယုံတော်က နန်းဝက်ခွဲ၍ ပေးသော်လည်း ဘုရင်မင်းနောက်ငါမလိုက်၊ ဤအရပ် တွင် အာဟာရနှင့်ရေကို မစားမသောက်၊ ထာဝရဘုရား၏ဗျာဒိတ်တော်အတိုင်း အာဟာရနှင့်ရေကိုမစားမသောက်ရ။ လာလမ်းဖြင့် မပြန် ရဟူ၍ ငါ့အားမြစ်တားလိုက်ပြီဟု ဘုရင်မင်းထံပြောဆိုပြီးလျှင်၊ 10 ဗေသလမြို့လာလမ်းကို ကွင်းလျက် အခြားလမ်းဖြင့် ပြန်သွားလေ၏။
11 ထိုကာလ ဗေသလမြို့နေ၊ အိုမင်းသောပရောဖက်တစ်ပါးထံ သားတစ်ယောက်လာ၍ ဗေသလမြို့ ၌ထိုနေ့တွင်ပင် ဘုရားသခင့်လူယုံတော်ပြုမူသမျှနှင့် ဘုရင်မင်းအားတင်လျှောက်သောစကားများကို ပြန်ကြားလျှင် 12 အဘက၊ အဘယ်လမ်းဖြင့် ပြန်သွားသနည်းဟုမေးသည့်အတိုင်း ယုဒပြည်မှလာရောက်သော ဘုရားသခင့်လူယုံတော်ပြန်လမ်းကိုသားတို့ပြကြရာ၊ 13 မြည်းကိုကတင်၍ ယူခဲ့လော့ဟု ဆိုသည့်အလျောက် 14 ကတင်ပြီးမြည်းကိုအဘစီးလျက် ဘုရားသခင့်လူယုံတော့်နောက်လိုက်သွားရာ ညန်ပင်ရိပ်တွင် ထိုင်နေသည်ကိုတွေ့သောအခါ သင်သည် ယုဒပြည်မှလာသော ဘုရားသခင့်လူယုံတော်မှန်သလောဟု မေးသော်၊ မှန်သည်ဟုဝန်ခံလေ၏။ 15 ပရောဖက်ကလည်း ကျွန်ုပ်နှင့်အတူ အိမ်သို့လိုက်၍ အာဟာရသုံးဦးလော့ဟု ခေါ်ဖိတ်လျှင် 16 ကျွန်ုပ်သည် သင့်နောက်မလိုက်၊ အိမ်သို့မဝင်နိုင်။ ဤအရပ်တွင် သင်နှင့်အတူ အာဟာရနှင့် ရေကိုမစားမသောက်။ 17 ထာဝရဘုရား၏ဗျာဒိတ်တော်အတိုင်း ထိုအရပ်တွင် အာဟာရနှင့်ရေကိုမစားမသောက်ရ။ လာလမ်းဖြင့် မပြန်ရဟူ၍ ကျွန်ုပ်အားဆင့်ဆိုလိုက်ပြီဟု ပြန်ပြောသည့်ကာလ၊ 18 ကျွန်ုပ်လည်း သင်ကဲ့သို့ပရောဖက်ဖြစ်၏။ စေတမန်တော်တစ်ပါးက၊ သင့်အိမ်တွင်အာဟာရနှင့် ရေကိုစားသောက်စေရန် ထိုသူ့ကိုခေါ်လော့ဟူ၍ ထာဝရဘုရားဗျာဒိတ်တော်နှင့် ကျွန်ုပ်အား အမိန့်ရှိသည်ဟု မုသာသုံးလျက် ပြောဆိုသည့်အတိုင်း 19 အတူလိုက်ပြီးလျှင် အာဟာရနှင့်ရေကို သူ့အိမ်တွင်စားသောက်လေ၏။ 20 ထိုနှစ်ပါးလုံးစားပွဲထိုင်ကြစဉ်၊ ခေါ်သူပရောဖက်သို့ ထာဝရဘုရား၏ ဗျာဒိတ်တော်ရောက်၍ 21-22 သင်သည် အာဟာရနှင့်ရေကို မစားမသောက်ရဟူသော သင့်ဘုရားသခင်ထာဝရဘုရား၏ ပညတ်တော်အတိုင်း မစောင့်ရှောက်ဘဲ ကန့်ကွက်တော်မူရာအရပ်၌ အာဟာရနှင့်ရေကို ပြန်လာစား သောက်လျက် ထာဝရဘုရား၏အမိန့်တော်ကို ဖီဆန်သည့်အတွက် သင့်အလောင်းသည်ဘိုးဘေးတို့ သင်္ချၖိုင်းသို့မရောက်ရဟု ထာဝရဘုရားမိန့်တော်မူကြောင်း ယုဒပြည်မှလာသူ ဘုရားသခင့်လူယုံတော်အား ကြွေးကြော်လေ၏။ 23 ထိုသို့သုံးဆောင်ကြပြီးမှ လိုက်ခဲ့သောပရောဖက်အဖို့မြည်းကို ကတင်လျက်စီးသွားစေရာ 24 ခရီးအကြားတွင် တွေ့သောခြင်္သေ့ကိုက်သတ်ပြီးလျှင် လဲ၍နေသောအလောင်းအနီး၊ ခြင်္သေ့နှင့်မြည်းပါရပ်နေကြ၏။ 25 ထိုသို့လဲရှိသောအလောင်းနှင့် ရပ်နေသည့်ခြင်္သေ့ကို မြင်သူခရီးသည်တို့က၊ အိုမင်းသော ပရောဖက်နေထိုင်ရာမြို့တွင် သတင်းပေးကြသည့်ကာလခေါ်သူပရောဖက်ကြားလျှင် 26 ထာဝရဘုရား၏အမိန့်တော်ကိုဖီဆန်သော ဘုရားသခင့်လူယုံတော်ဖြစ်လိမ့်မည်။ ထာဝရဘုရားသည် ထားတော်မူခဲ့သောဗျာဒိတ်တော်အတိုင်းကိုက်ဖြတ်သောခြင်္သေ့သို့ အပ်လိုက်တော် မူပြီတကားဟုဆိုပြီးလျှင် 27 မြည်းကိုကတင်၍ယူခဲ့လော့ဟု သားတို့အားဆိုသည့်အလျောက် ကတင်ပြီးမြည်းကိုအဘ စီးသွားလျက် 28 ခရီးအကြားလဲရှိသောအလောင်း၊ ရပ်နေသည့်မြည်းနှင့်ခြင်္သေ့တို့ကိုတွေ့ရာ ခြင်္သေ့သည် အလောင်းကိုမစား၊ မြည်းကိုလည်းမကိုက်မဖြတ်ချေ။ 29 အိုမင်းသောပရောဖက်သည် ဘုရားသခင့်လူယုံတော်၏အလောင်းကို မြည်းပေါ်သို့ပွေ့တင်ပြီးလျှင် မြည်းတမ်းမှုကိုပြုလျက် သင်္ဂြိုဟ်ခြင်းငှါ နေရင်းမြို့သို့ဆောင်ယူပြီးမှ ကိုယ့်သင်္ချၖိုင်း၌ မြှုပ်ထားလျက် 30 အိုငါ့ညီဟု ဟစ်၍မြည်းတမ်းကြကုန်၏။ 31-32 ထိုသို့သင်္ဂြိုဟ်ပြီးလျှင် ပရောဖက်က၊ ဗေသလမြို့ရှိပူဇော်ရာပလ္လင်မှစ၍ ရှမာရိမြို့ရွာများ၌ ရှိသမျှသောမြင့်ရာဌာနဆိုင်သည့်ကျောင်းများပေါ်တွင် ထာဝရဘုရား၏ဗျာဒိတ်တော်နှင့် ကြွေးကြော်သောစကားအတိုင်း အမှန်ပြည့်စုံမည်ဖြစ်သောကြောင့် ငါသေသောအခါ ဘုရားသခင့်လူယုံတော်၏ သင်္ချၖိုင်းတွင် သင်္ဂြိုဟ်၍ ငါ့အရိုးကိုသူ့အရိုးနှင့်အတူယှဉ်ထားကြလော့ဟု သားတို့အား မှာထားလေ၏။
33 ထိုနောက်ယေရောဗောင်မင်းသည် ကိုယ့်မကောင်းလမ်းကို မကြဉ်မရှောင်ဘဲ ပြည်သားတို့အနက် ပရောဟိတ်လုပ်လိုသူ၊ မည်သူ့ကိုမဆို မြင့်ရာဌာနများဆိုင်သော ပရောဟိတ်အဖြစ် ခန့်ထားလေ့ရှိသည်နှင့် 34 ယေရောဗောင်မင်းမျိုးကို မြေပြင်မှပယ်ရှားသုတ်သင်ထိုက်သောပြစ်မှုရောက်သတည်း။