ဘုရင်မင်းတို့အတ္ထုပ္ပတ္တိကျမ်းပထမတွဲ
1
ဒါဝိဒ်မင်းသည် အသက်အရွယ်ကြီးရင့်သည့်ကာလ ခြုံထည်ဖြင့် မလုံနိုင်သည်ဖြစ်၍ ကျေးကျွန်သင်းပင်းတို့က၊ အရှင်မင်းမြတ်အဖို့ ပျိုရွယ်သော ကညာကိုရှာဖွေပြီးလျှင်၊ ဘုရင်မင်းမြတ်အပါးတော်တွင် ခစားပြုစုလျက် အချမ်းလုံတော်မူရန် ရင်ခွင်တော်၌အိပ်စက်ပါစေဟု တင်လျှောက်ကြသည့်အတိုင်း၊ အဆင်းလှသော ပျိုရွယ်သူ့ကို ဣသရေလပြည်လုံးနှံ့ရှာစေရာ ရှုနင်မြို့သူအဘိရှက်ကိုတွေ့၍ အထံတော်သို့ဆောင်သွင်းကြသော် အလွန်အဆင်းလှသောထိုပျိုရွယ်သူသည် ဘုရင်မင်းကို လုပ်ကျွေးပြုစုသော်လည်း ခြေတော်မတင်။
5-6 ထိုကာလ အဗရှလုံ့နောက် ဟဂ္ဂိတ်တွင်ရသော အလွန်အဆင်းလှသူ၊ သားတော်အဒေါနိယ သည် ဤအမှုကို အသို့ကြောင့်ပြုသနည်းဟု တစ်ကြိမ်တစ်ခါမျှ စိတ်နာအောင်၊ ခမည်းတော်မဆိုဘူးဘဲ လျက် ရထားနှင့်မြင်းစီးသူရဲတို့ကိုလည်းကောင်း၊ ရှေ့တော်ပြေးငါးဆယ်ကိုလည်းကောင်း စီမံ၍ ဘုရင်လုပ်မည့်အကြံနှင့် ကိုယ်ကိုဂုဏ်တင်ပြီးလျှင် ဇေရုယာ့သားယွာဘ၊ ပရောဟိတ်အ​ဗျာသာတို့နှင့်တိုင်ပင်ရာ သူတို့သည် အဒေါနိယဘက်သို့ လိုက်ပါ၍ အားပေးကြလေ၏။ ပရောဟိတ်ဇာဒုတ်၊ ယောယဒသားဗေနာယ၊ ပရောဖက်နာသန်၊ ရှိမိ၊ ရေဣတို့နှင့် ဒါဝိဒ်မင်း၏သူရဲကောင်းတို့မူကား အဒေါနိယဘက်သို့မလိုက်မပါကြ။ အဒေါနိယသည် အေင်္ရာဂေလအရပ်၊ ဇောဟေလက်ကျောက်ဖျာပေါ်တွင် ဆူဖြိုးသောသိုးနွားများ ကိုစီရင်လျက် ဘုရင်မင်း၏သား၊ ညီတော်နောင်တော်တို့နှင့် ယုဒသူရဲဘုရင်မင်း၏ကျေးကျွန်သင်း ပင်းတို့ကို ခေါ်ဖိတ်၍၊ 10 ပရောဖက်နာသန်၊ ဗေနာယစသောသူရဲကောင်းတို့နှင့် ညီတော်ရှောလမုန်ကိုကား မခေါ်မဖိတ်ချေ။
11 ထိုအခါ ရှောလမုန်၏မယ်တော် ဗာသရှေဘအား နာသန်က၊ ဟဂ္ဂိတ်သားအဒေါနိယသည် ငါတို့အရှင် ဒါဝိဒ်မင်းမသိဘဲ ဘုရင်လုပ်ကြောင်းကို မကြားသလော။ 12 သို့ဖြစ်၍ သင့်အသက်နှင့်သားတော်ရှောလမုန့်အသက်ချမ်းသာရန် ငါအကြံပေးပါရစေ။ 13 ဒါဝိဒ်မင်းထံဝင်၍ အိုအရှင်မင်းမြတ် ကိုယ်တော်က၊ သင့်သားရှောလမုန်သည် ငါ့အရိုက်အရာ ကိုဆက်ခံစိုးစံ၍ နန်းထိုင်ရမည်ဟု ကျွန်တော်မျိုးမအား သစ္စာထားတော်မူခဲ့ပြီမဟုတ်ပါလော။ သို့ဖြစ်ပါလျက် အဒေါနိယသည် အဘယ်ကြောင့် ဘုရင်လုပ်ရပါသနည်းဟူ၍ တင်လျှောက်လော့။ 14 ထိုသို့အထံတော်၌ တင်လျှောက်စဉ်တွင် ငါဝင်၍သင့်စကားကိုထောက်ကူမည်ဟု အကြံပေးသည့်အတိုင်း ဗာသရှေဘသည် 15 ရှုနင်မြို့သူ အဘိရှက်လုပ်ကျွေးရာအတွင်းဆောင်ရှိ အိုမင်းလှသောဘုရင်မင်းထံဝင်ပြီးလျှင် 16 ဘုရင်မင်းရှေ့ဦးညွှတ်ရှိခိုးသော် အကြောင်းကား အသို့နည်းဟု ဘုရင်မင်းမေးရာ 17 အိုအရှင်ကိုယ်တော်က၊ သင့်သားရှောလမုန်သည် ငါ့အရိုက်အရာဆက်ခံစိုးစံ၍ နန်းထိုင်ရ မည်ဟု ကိုယ်တော်၏ဘုရားသခင်ထာဝရဘုရားကို တိုင်တည်လျက် ကျွန်တော်မျိုးမအား သစ္စာထားတော်မူခဲ့ပါပြီ။ 18 သို့ရာတွင် အဒေါနိယသည် အရှင်မင်းမြတ်မသိဘဲ ယခုပင်ဘုရင်လုပ်လျက် 19 ဆူဖြိုးသောသိုးနွားများစွာကို စီရင်၍ ဘုရင်မင်းမြတ်၏သားတော်တို့နှင့်တကွ ပရောဟိတ် အဗျာသာ ဗိုလ်ချုပ်ယွာဘပါ ခေါ်ဖိတ်လေပြီ။ သားတော်ရှောလမုန်ကိုကား မခေါ်မဖိတ်ပါ။ 20 အိုအရှင်မင်းမြတ်၊ အရိုက်အရာတော်ဆက်ခံလျက် နန်းထိုင်လတ္တံ့သောသူ့ကို အရှင်မင်းမြတ်ဖော်ပြလိမ့်မည်ဟု ဣသရေလတစ်မျိုးလုံးစောင့်ေမျှာ်ကြပါ၏။ 21 ဖော်ပြတော်မမူခဲ့လျှင် မင်းမြတ်သည် ဘေးတော်ဘိုးတော်တို့နှင့်အတူ ကျိန်းစက်တော်မူ သည့်ကာလ ကျွန်တော်မျိုးမနှင့်သားရှောလမုန်တို့မှာ ရာဇဝတ်သင့်သူဖြစ်ကြတော့မည်ဟု ဗာသရှေဘတင်လျှောက်ဆဲတွင် 22-23 ပရောဖက်နာသန်ဝင်ရောက်သဖြင့် ဝင်ရောက်ကြောင်း တင်လျှောက်ကြပြီးနောက် နာသန်သည်ရှေ့တော်သို့ဝင်၍ ပျပ်ဝပ်ရှိခိုးလျက် 24 အိုအရှင်မင်းမြတ် အဒေါနိယသည် ငါ့အရိုက်အရာကို ဆက်ခံစိုးစံ၍ နန်းထိုင်ရမည်ဟု မိန့်တော်မူပြီလော။ 25 ထိုသူသည် ယနေ့ပင်ထွက်၍ ဆူဖြိုးသောသိုးနွားများစွာကိုစီရင်လျက် ဘုရင်မင်းမြတ်၏ သားတော်တို့မှစ၍ ဗိုလ်များနှင့်ပရောဟိတ်အဗျာသာကို ခေါ်ဖိတ်သည့်အတိုင်း အဒေါနိယမင်းသက် တော်ရှည်ပါစေသောဟု သူတို့ကြွေးကြော်လျက် အတူစားသောက်ကြပါပြီတကား။ 26 ကျွန်တော်မျိုးမှစ၍ ပရောဟိတ်ဇာဒုတ်၊ ယောယဒသားဗေနာယနှင့် 1.26 ပါဠိ - ကျွန် သားတော်ရှောလမုန်တို့ကို မခေါ်မဖိတ်ပါ။ 27 အရှင်မင်းမြတ်အရိုက်အရာဆက်ခံ၍ နန်းထိုင်မည့်သူကို ကျွန်တော်မျိုးတို့အား မေဖာ်မပြဘဲ အရှင်မင်းမြတ်အလိုနှင့် ဤအမှုဖြစ်ပါသလောဟု တင်လျှောက်လျှင် 28 ဒါဝိဒ်မင်းက၊ ဗာသရှေဘကိုခေါ်သွင်းလော့ဟု မိန့်ဆိုသည့်အတိုင်း ဗာသရှေဘသည် ဝင်လာ၍ ရှေ့တော်တွင် ရပ်နေလေ၏။ 29-30 ထိုအခါ ဘုရင်မင်းက သင့်သားရှောလမုန်သည် ငါ့အရိုက်အရာအမှန်ဆက်ခံစိုးစံ၍ နန်းထိုင်ရ မည်ဟု ဣသရေလလူမျိုး၏ဘုရားသခင်ထာဝရဘုရားကို တိုင်တည်လျက်သင့်အား ငါသစ္စာထားခဲ့သည်နှင့်အညီ အသက်အန္တရာယ်အမျိုးမျိုးမှ ငါ့ကိုရွေးနုတ်တော်မူသော ထာဝရဘုရားအသက်ရှင် တော်မူသည့်အတိုင်း ယနေ့ပင် ငါစီမံမည်ဟု သစ္စာဆိုသည့်ကာလ 31 ဗာသရှေဘသည် အထံတော်၌ ဦးညွှတ်ပျပ်ဝပ်ရှိခိုးလျက် ကာလအစဉ်ကျွန်မအရှင် ဒါဝိဒ်မင်းမြတ် သက်တော်ရှည်ပါစေသောဟု သြဘာဆက်လေ၏။ 32 ဒါဝိဒ်မင်းကလည်း ပရောဟိတ်ဇာဒုတ်၊ ပရောဖက်နာသန်၊ ယောယဒသားဗေနာယတို့ကို ခေါ်သွင်းလော့ဟူသော အမိန့်တော်အရ အထံတော်သို့ဝင်ရောက်ကြရာ 33 ဘုရင်မင်းက၊ သင်တို့အရှင်ငါ၏ကျေးကျွန်သင်းပင်းတို့ကို ခေါ်လျက် သားတော်ရှောလမုန်ကို ငါ့စီးတော်လားပေါ်မှာတင်၍ ဂိဟုန်အရပ်သို့ပို့ကြပြီးလျှင် 34 ဣသရေလလူမျိုးအပေါ်တွင် ဘုရင်အဖြစ် ပရောဟိတ်ဇာဒုတ်နှင့် ပရောဖက်နာသန်တို့ ဘိသိက်သွန်းကြစေ။ ရှောလမုန်မင်းသက်တော်ရှည်ပါစေသောဟု ကြွေးကြော်ခြင်း၊ တံပိုးမှုတ်ခြင်းကိုပြုလျက် 35 ခြံရံသောသင်တို့နှင့်တကွ၊ သားတော်ပြန်ဝင်၍ နန်းထိုင်စေ။ ဣသရေလ၊ ယုဒအမျိုးပေါ်တွင် မင်းအဖြစ်ငါတင်မြှောက်သည်နှင့်အညီ သားတော်သည် ငါ့အရိုက်အရာ၌ စိုးစံလိမ့်မည်ဟူ၍ မိန့်ဆိုသော် 36 ယောယဒသားဗေနာယက ထိုသို့ဖြစ်ပါစေသော။ အရှင်မင်းမြတ်၏ဘုရားသခင်ထာဝရ ဘုရားလည်း ကူညီစွာမိန့်တော်မူပါစေသော။ 37 ထာဝရဘုရားသည် အရှင်မင်းမြတ်၌တည်ရှိတော်မူသည့်နည်းတူ ရှောလမုန်မင်း၌လည်း တည်ရှိတော်မူ၍ ကျွန်တော့်အရှင်ဒါဝိဒ်မင်းမြတ်၏ အာဏာတော်ထက် သားတော်၏အာဏာတော်ကြီးမြင့်ပါစေသောဟု တင်လျှောက်လေ၏။ 38 ထိုနောက် ပရောဟိတ်ဇာဒုတ်၊ ပရောဖက်နာသန်၊ ယောယဒသားဗေနာယတို့သည် ခေရသိ၊ ပေလသိတပ်တော်နှင့်တကွ ချီထွက်သဖြင့် ရှောလမုန်ကိုဒါဝိဒ်မင်းစီးတော်လားပေါ်မှာတင်လျက် ဂိဟုန်အရပ်သို့ပို့ကြပြီးလျှင် 39 ပရောဟိတ်ဇာဒုတ်သည် တဲတော်မှယူခဲ့သောဆီဘူးနှင့် ရှောလမုန်ကို ဘိသိက်သွန်း၍ တံပိုးမှုတ်သော် တပ်တော်သားတို့က ရှောလမုန်မင်းသက်တော်ရှည်ပါစေသောဟု ကြွေးကြော်ကြကုန်၏။ 40 မြို့သူမြို့သားအပေါင်းတို့လည်း နောက်တော်လိုက်လျက် မြေပထဝီအက်ကဲွလောက်အောင် အားရဝမ်းမြောက်စွာတီးမှုတ်ကြွေးကြော်ကြသဖြင့် 41 အဒေါနိယနှင့်ခေါ်ဖိတ်ခံရသူတို့သည် စားသောက်ပွဲအပြီးတွင် ကြားရသတည်း။ တံပိုးမှုတ်သံကိုယွာဘကြား၍ မြို့တော်၌အုတ်အုတ်သဲသဲပြုကြသည်ကား အသို့နည်းဟုမေးစဉ် 42 ပရောဟိတ်အဗျာသာ၏သားယောနသန်လာလျှင် အဒေါနိယက အိုနှလုံးရည်ရှိ၍ သတင်းကောင်းပေးမည့်သူ ဝင်ခဲ့လော့ဟု မိန့်ဆိုသော် 43 ယောနသန်က၊ ကျွန်တော်တို့အရှင် ဒါဝိဒ်မင်းသည် ရှောလမုန်ကိုမုချဘုရင်တင်မြှောက်ခဲ့ပြီ။ 44 ပရောဟိတ်ဇာဒုတ်၊ ပရောဖက်နာသန်၊ ယောယဒသားဗေနာယတို့မှစ၍၊ ခေရသိ၊ ပေလသိတပ်တော်ကိုရှောလမုန်နှင့်အတူ စေလွှတ်တော်မူသည့်အတိုင်း လားတော်ပေါ်မှာတင်လျက် 45 ပရောဟိတ်ဇာဒုတ်နှင့် ပရောဖက်နာသန်တို့သည် ဂိဟုန်အရပ်၌ ရာဇဘိသိက်သွန်း၍ မြို့တော်ပဲ့တင်ခတ်အောင် ဝမ်းမြောက်စွာကြွေးကြော်ပြန်ဝင်ကြပါပြီ။ ကိုယ်တော်တို့ကြားကြသည်ကား ထိုအသံပင်တည်း။ 46 ရှောလမုန်လည်း ရာဇပလ္လင်တော်ထက် စံရသောကြောင့် 47 ကျွန်တော်တို့အရှင်ဒါဝိဒ်မင်းထံ ကျေးကျွန်သင်းပင်းတို့သြဘာဆက်ရန် ဝင်လာ၍ ရှောလမုန် မင်း၏နာမသည် ခမည်းတော်၏နာမထက် မွန်မြတ်ခြင်း၊ အာဏာတော်လည်း ခမည်းတော့်အာဏာထက်ကြီးမြင့်ခြင်းများကို ဘုရားသခင်ပြုတော်မူပါစေသောဟု တင်လျှောက်ကြရာ ဘုရင်မင်းသည် သလွန်တော်ပေါ်မှာ ဦးညွှတ်လျက် 48 ငါ့မျက်မှောက်တွင် ငါ့ရာဇပလ္လင်ထက် ယနေ့တင်တော်မူသော ဣသရေလလူမျိုး၏ဘုရား သခင်ထာဝရဘုရားသည် မင်္ဂလာရှိတော်မူပါစေသောဟု မြွက်ဆိုတော်မူကြောင်းကို အဒေါနိယအား ပြန်ကြားလျှင် 49 အဒေါနိယခေါ်ဖိတ်သူအပေါင်းတို့ အလန့်တကြားထလျက် တကွဲတပြားပြန်သွားကြသော် 50 အဒေါနိယလည်း ရှောလမုန်မင်းကို ကြောက်ရွံ့သဖြင့် ထသွား၍ ပူဇော်ရာပလ္လင်တော်စိန်တောင်ကို ကိုင်လျက်နေလေ၏။ 51 အဒေါနိယသည် ရှောလမုန်မင်းအားကြောက်ရွံ့၍ ပူဇော်ရာပလ္လင်တော်စိန်တောင်ကိုကိုင်လျက်ပင် ကျွန်တော်အားမကွပ်မျက်ပါမည့်အကြောင်း ရှောလမုန်မင်းယနေ့သစ္စာဆိုတော်မူပါစေဟု တောင်းပန်ကြောင်းကို ရှောလမုန်မင်းထံတင်လျှောက်ကြလေသော် 52 ဘုရင်မင်းက၊ သူကောင်းဖြစ်လျှင် ဆံတစ်ပင်မျှမြေသို့မကျရ။ အဆိုးတွေ့လျှင်မူကား သေဒဏ်ခံရမည်ဟူသော အမိန့်တော်နှင့် 53 အဒေါနိယကို ပူဇော်ရာပလ္လင်တော်မှ ခေါ်စေသည့်အတိုင်း ရှောလမုန်မင်း၊ ရှေ့တော်သို့ဝင်ရောက်ရှိခိုး ရာ ရှောလမုန်မင်းက သင့်အိမ်သို့သွားလော့ဟု မိန့်ဆိုလေ၏။