22
ထိုနောက်ယောရှုသည်၊ ရုဗင့်အနွယ်၊ ဂဒ်အနွယ်သားတို့နှင့် မနာရှေ့အနွယ်တစ်ဝက်တို့ကိုခေါ်၍ ထာဝရဘုရား၏ကျွန်တော်ရင်းမောရှေမှာထားသမျှကို သင်တို့စောင့်ေလျှာက်လျက် ငါမိန့်ဆိုသမျှ ကိုလည်း နာခံကြပြီ။ နေ့ရက်ကြာမြင့်စွာ ယနေ့တိုင်ဆွေမျိုးသားချင်းတို့ကိုမစွန့်ဘဲ သင်တို့ဘုရားသခင်ထာဝရဘုရား အမိန့်တာဝန်ကို စောင့်ရှောက်ခဲ့ကြပြီ။ ယခုမှာ ကတိထားတော်မူခဲ့သည့်အတိုင်း၊ ဆွေမျိုးသားချင်းတို့အား ရန်ငြိမ်းခွင့်ကို သင်တို့ဘုရား သခင်ထာဝရဘုရားပေးတော်မူသဖြင့် ယော်ဒန်မြစ်တစ်ဖက်၌ ထာဝရဘုရား၏ကျွန်တော်ရင်း မောရှေ ပေးခဲ့သော ကိုယ့်ပိုင်နယ်၊ ကိုယ့်တဲများသို့ပြန်သွားကြလော့။ သို့ရာတွင်၊ ထာဝရဘုရား၏ ကျွန်တော်ရင်းမောရှေထားခဲ့သောအမိန့်တော်နှင့် ပညတ်တရား တော်အတိုင်းပြုကျင့်၍၊ သင်တို့ဘုရားသခင်ထာဝရဘုရားကို ချစ်ကြည်မြတ်နိုးခြင်း၊ နည်းလမ်း​တော်တိုင်း၌ လိုက်ေလျှာက်ခြင်း၊ အမိန့်တော်ကို စောင့်ထိန်းခြင်း၊ ကိုယ်တော်ထံဆည်းကပ်ခြင်း၊ စိတ်နှလုံးအသက်ဝိညာဉ်အကြွင်းမဲ့ဝတ်ပြုခြင်းများကို သတိမူကြလော့ဟု မှာထားလျက် ကောင်းကြီးပေးပြီးလျှင်၊ နေရာတဲများသို့ ပြန်သွားခွင့်ပြုလေ၏။
မနာရှေ့အနွယ်တစ်ဝက်အား၊ ယော်ဒန်မြစ်အနောက်ဘက်၌ ဆွေမျိုးသားချင်းတို့အတွင်း ယောရှု အပိုင်ပေးခဲ့ပြီ။ ဗာရှန်ပြည်၌ မောရှေယမန်ပေးခဲ့သောတစ်ဝက်ကို ပြန်လွှတ်သောအခါ ယောရှုက၊ ရွှေ၊ ငွေ၊ ကြေး၊ သံ၊ အဝတ်တန်ဆာ၊ တိရစ္ဆာန်မှစသော စည်းစိမ်အမြောက်အမြား ပါလျက်၊ နေရာတဲများသို့ပြန်သွားပြီးလျှင် ဆွေမျိုးသားချင်းတို့အား ရန်သူ့ထံမှ လက်ရပစ္စည်းကို ဝေငှကြလော့ဟူ၍ ကောင်းကြီးပေးလေ၏။
ထိုအခါ ရုဗင့်အနွယ်သား၊ ဂဒ်အနွယ်သား၊ မနာရှေ့အနွယ်တစ်ဝက်တို့သည် မောရှေအားဖြင့် ထာဝရဘုရားမိန့်တော်မူချက်အရ၊ အပိုင်ရပြီးသောဂိလဒ်နယ်သို့ ခါနာန်ပြည်၊ ရှိလောမြို့နေ၊ ဣသရေလအမျိုးသားတို့ထံမှ ပြန်သွားလျက်၊ 10 ခါနာန်ပြည်၊ ယော်ဒန်ခရိုင်သို့ ရောက်သော် ယော်ဒန်မြစ်အနီးထင်ရှာသောပလ္လင်ကြီးကို တည်ကြ၏။ 11 ခါနာန်ပြည်ကနဦး၊ ယော်ဒန်ခရိုင်၊ ဣသရေလအမျိုးသားတို့ပိုင်နယ်အဝင်၊ ရုဗင့်အနွယ်သား၊ ဂဒ်အနွယ်သား၊ မနာရှေ့အနွယ်တစ်ဝက်တို့သည် ပလ္လင်ကိုတည်ကြသည်တကားဟု ဣသရေလအမျိုး သားတို့ကြားသိလျှင်၊ 12 ထိုသူတို့ကို ချီတက်စစ်တိုက်ရန် ရှိလောမြို့တွင် ပရိသတ်အားလုံးစည်းဝေးကြ၏။
13-14 ထိုနောက် ဣသရေလအမျိုးသားတို့သည် ပရောဟိတ်ဧလာဇာ့သား ဖိနဟတ်နှင့်တကွ ဣသရေလတစ်နွယ်လျှင် တစ်ယောက်ကျ ဣသရေလအိမ်ထောင်အအုပ်အချုပ်အကြီးအကဲတစ်ဆယ့်နှစ်ယောက်ကို ဂိလဒ်နယ်ရှိရုဗင့်အနွယ်သား၊ ဂဒ်အနွယ်သား၊ 15-16 မနာရှေ့အနွယ်တစ်ဝက်တို့ထံ စေလွှတ်၍ ရောက်ကြသော်၊ ထာဝရဘုရား၏ပရိသတ်အား လုံးဆင့်ဆိုကြသည်ကား၊ သင်တို့သည် ထာဝရဘုရားကို ယနေ့ပုန်ကန်၍ နောက်တော်မှလွှဲသွားလျက် ဣသရေလလူမျိုး၏ ဘုရားသခင့်သစ္စာတော်ကိုဖောက်ကျော်လျက် ပလ္လင်ကိုတည်ကြသည်ကား အသို့နည်း။ 17-18 သင်တို့သည် ယနေ့ထာဝရဘုရားနောက်တော်မှလွဲသွားကြသည်မှာ ထာဝရဘုရား၏ ပရိသတ်အပေါ်တွင် ကပ်ရောဂါသင့်ရောက်သည်နှင့် ယခုတိုင်ငါတို့၌မကင်းရှင်းသေးသော ပေဂုရနတ်ကိုကိုးကွယ်ခြင်း ပြစ်မှုသိမ်ဖျင်းသည်ဟု ထင်မှတ်သောကြောင့်လော။ ထာဝရဘုရားကို ယနေ့သင်တို့ပုန်ကန်ကြသည့်အတွက် နက်ဖြန်ဣသရေလပရိသတ်အားလုံးအပေါ်တွင် အမျက်ထား တော်မူလိမ့်မည်။ 19 သင်တို့ပိုင်နယ်မသန့်ခဲ့လျှင်၊ ထာဝရဘုရား၏တဲတော်တည်နေရာ၊ ထာဝရဘုရားပိုင်ရာတော် သို့ ဖြတ်ကူး၍၊ ငါတို့အတွင်းပိုင်နယ်ကိုယူကြလော့။ ငါတို့ဘုရားသခင်ထာဝရဘုရား၏ပလ္လင်တော် မှတစ်ပါး၊ အခြားပလ္လင်ကို တည်ဆောက်လျက် ထာဝရဘုရားအားလည်းေကာင်း၊ ငါတို့အားလည်းေကာင်း၊ ပုန်မကန်ကြလင့်။ 20 ဇေရသားအာခန်သည် မြေလှန်ရာပါဥစ္စာကိုယူ၍ လွန်ကျူးသည့်ဒုစရိုက်ကြောင့် သူ့ကိုယ်တိုင် သေဒဏ်ခံရုံနှင့် မငြိမ်းဘဲ ဣသရေလတစ်မျိုးလုံးပရိသတ်အပေါ်တွင် အမျက်ဒဏ်သင့်ရောက်ခဲ့ပြီ မဟုတ်လောဟု ဆင့်ဆိုကြောင်း ပြန်ကြားကြ၏။
21 ထိုအခါ ဣသရေလအိမ်ထောင်အအုပ်အချုပ်တို့အား ရုဗင့်အနွယ်သား၊ ဂဒ်အနွယ်သား၊ မနာ ရှေ့အနွယ်တစ်ဝက်တို့က 22-23 ကျွန်တော်တို့သည် ထာဝရဘုရားသစ္စာတော်ကို ဖောက်ကျော်၍ ပုန်ကန်လိုသောအကြံနှင့် နောက်တော်မှလွှဲသွားရန်သော်လည်းေကာင်း၊ မီးရှို့ရာသက္ကာ၊ ဘောဇဉ်သက္ကာ၊ မိတ်သဟာယပူဇော်သက္ကာများ ကို ဆက်ကပ်ရန်သော်လည်းေကာင်း၊ ထိုပလ္လင်တည်မတည်ကို ဘုရားထက်ဘုရားယေဟောဝါ၊ ဘုရားထက် ဘုရားယေဟောဝါသိတော်မူပါ၏။ သင်တို့လည်းသိကြပါလိမ့်မည်။ ထိုသို့ပြုလျှင် ထာဝရဘုရားကိုယ် တော်တိုင်စစ်ကြော၍၊ ချမ်းသာခွင့်မရသည်ဖြစ်ပါစေသော။ 24-25 တည်သောအကြောင်းကား၊ နောင်ကာလ၌ ကျွန်တော်တို့သားမြေးတို့အား သင်တို့သား မြေးများက အိုရုဗင်၊ ဂဒ်အနွယ်သားတို့၊ ထာဝရဘုရားသည် ငါတို့နှင့်သင်တို့ကြားတွင် ယော်ဒန်မြစ် ကိုနယ်စပ်အဖြစ်ထားတော်မူသောကြောင့် ဣသရေလလူမျိုး၏ဘုရားသခင်ထာဝရဘုရားနှင့် မည်သို့ ဆိုင်ကြသနည်း။ ထာဝရဘုရားကို တစ်စွန်းတစ်စမျှ သင်တို့မပိုင်ကြရဟုဆိုလျက် ကျွန်တော်တို့သား ​မြေးတို့ကို ထာဝရဘုရားအား ခန့်ညားခြင်းကင်းစေကြလိမ့်မည်ဟု စိုးရိမ်သောကြောင့်တည်း။ 26-27 သို့နှင့်အညီ၊ နောင်ကာလ၌ ကျွန်တော်တို့သားမြေးတို့အား သင်တို့သားမြေးတို့က ထာဝရ ဘုရားကိုတစ်စွန်းတစ်စမျှ သင်တို့မပိုင်ကြဟု ဆိုခွင့်မရစေခြင်းငှာ ကျွန်တော်တို့က၊ မီးရှို့ရာသက္ကာမှ စသော သက္ကာအမျိုးမျိုးအဖို့မဟုတ်။ ထာဝရဘုရားမျက်မှောက်တော်တွင် မီးရှို့ရာသက္ကာ၊ မိတ်သဟာယသက္ကာမှစသောသက္ကာအမျိုးမျိုးဖြင့် ဘုရားဝတ်ကိုပြုခွင့်ရသောကျွန်တော်တို့နှင့် သင်တို့ကြားတွင်၊ သားစဉ်မြေးဆက်သက်သေဖြစ်စိမ့်သောငှါ၊ ပလ္လင်တော်ကိုတည်ကြကုန်အံ့ဟူ၍ လည်းေကာင်း၊ 28 နောင်ကာလသားစဉ်မြေးဆက်တို့အား ထိုသို့ဆိုမိလျှင်၊ မီးရှို့ရာသက္ကာမှစသောသက္ကာ အမျိုးမျိုးအဖို့မဟုတ်။ ကျွန်တော်တို့နှင့်သင်တို့ကြားတွင် သက်သေဖြစ်စေခြင်းငှာ၊ ဘိုးဘေးတို့တည် လုပ်ခဲ့သော ထာဝရဘုရားအား ပူဇော်ရာပလ္လင်တော်ပုံကို ကြည့်ကြဦးလော့ဟု ဆိုခွင့်ရကြလိမ့်မည်ဟူ၍လည်းေကာင်း၊ ကျွန်တော်တို့အောက်မေ့ကြပါ၏။ 29 ကျွန်တော်တို့သည် ယနေ့ထာဝရဘုရားကို ပုန်ကန်လျက်၊ နောက်တော်မှလွှဲသွားလျက်၊ ကိုယ့် ဘုရားသခင်ထာဝရဘုရား၏တဲတော်ရှေ့ပူဇော်ရာပလ္လင်တော်မှတစ်ပါး မီးရှို့ရာသက္ကာ၊ ဘောဇဉ်သက္ကာမှစသောသက္ကာအမျိုးမျိုးအဖို့၊ ပလ္လင်တစ်မျိုးကိုတည်ဆောက်သောပြစ်မှုသည် ကျွန်တော်တို့နှင့်ကင်းဝေးပါစေသောဟုဆိုကြ၏။
30 ပရောဟိတ်ဖိနပ်ဟတ်နှင့်လိုက်ပါသူဣသရေလအိမ်ထောင်အအုပ်အချုပ်ဖြစ်သော ပရိသတ်အကြီးအကဲတို့သည် ရုဗင်၊ ဂဒ်၊ မနာရှေ့အနွယ်သားတို့ပြောဆိုသောစကားကိုကြားလျှင်၊ နှစ်သက်ကြသဖြင့် 31 ပရောဟိတ်ဧလာဇာ့သားဖိနဟတ်က၊ ထာဝရဘုရားသစ္စာတော်ကို သင်တို့မဖောက်ကျော် သောကြောင့် ထာဝရဘုရားသည် ငါတို့အလယ်တွင် တည်ရှိတော်မူကြောင်း ယနေ့ငါတို့သိရကြပါ၏။ သင်တို့သည် ဣသရေလအမျိုးသားတို့ကို၊ ထာဝရဘုရားလက်တော်မှ ယနေ့လွတ်မြောက်စေကြပြီဟု ရုဗင်၊ ဂဒ်၊ မနာရှေ့အနွယ်သားတို့အား ဆိုပြီးနောက် 32 ထိုသူတို့နေရာဂိလဒ်နယ်မှ ဣသရေလအမျိုးသားတို့နေရာခါနာန်ပြည်သို့၊ အကြီးအကဲတို့နှင့် တကွပြန်သွားကြားပြောကြ၏။ 33 ဣသရေလအမျိုးသားတို့သည် ထိုစကားကိုနှစ်သက်၍၊ ရုဗင်၊ ဂဒ်အနွယ်သားတို့နေရာနယ်ကို ချီတက်ဖျက်ဆီးမည့်အကြံကင်းငြိမ်းလျက် ဘုရားသခင်ကိုသြဘာဆက်ကြကုန်၏။ 34 ရုဗင်၊ ဂဒ်အနွယ်သားတို့ကလည်း ယေဟောဝါသာလျှင် ဘုရားသခင်ဖြစ်ကြောင်း ငါတို့ကြား တွင် သက်သေတည်းဟူ၍ ထိုပလ္လင်ကို 22.34 အနက်ကား၊ သက်ေသ။ဧဒဟုသမုတ်ကြသတည်း။