21
1-2 ထိုနောက် ခါနာန်ပြည်၊ ​ရှိလောမြို့နေ၊ ပရောဟိတ်ဧလာဇာ၊ နုန့်သားယောရှုနှင့် ဣသရေလအမျိုးအနွယ်အိမ်ထောင်အအုပ်အချုပ်တို့ထံ လေဝိအနွယ်အိမ်ထောင် အအုပ်အချုပ်တို့ချဉ်းလာ၍ ကျွန်ုပ်တို့နေထိုင်ရန် ဝတ္ထုကံမြို့များနှင့် တိရစ္ဆာန်စားကျက်များကို ပေးစေခြင်းငှါ၊ မောရှေအားဖြင့် ထာဝရဘုရားမိန့်တော်မူပါပြီဟု လျှောက်ဆိုကြသည့် အတိုင်း၊ ဣသရေလအမျိုသားတို့သည် ပိုင်ရာနယ်အတွင်း ဆိုအံ့သောဝတ္ထုကံမြို့များနှင့် စားကျက်များ ကို ထာဝရဘုရားအမိန့်တော်အရ ပေးကြ၏။
ကောဟတ်အဆက်အနွယ်များပေါ်တွင် မဲကျရာ လေဝိဂိုဏ်းသား၊ ပရောဟိတ်အာရုန်၏ သားမြေးတို့သည် ယုဒ၊ ရှိမောင်၊ ဗင်္ယာမိန့်နယ်များတွင် မဲကျသည့်အတိုင်း ဆယ့်သုံးမြို့ကို ရကြ၏။ ကြွင်းသောကောဟတ်သားမြေးတို့သည် ဧဖရိမ်၊ ဒန်၊ မနာရှေ့အနွယ်တစ်ဝက်နယ်များတွင် မဲကျ သည့်အတိုင်း ဆယ်မြို့ကိုရကြ၏။ ဂေရရှုံ့သားမြေးတို့သည် ဣသခါ၊ အာရှာ၊ နဿလိ၊ ဗာရှန်ပြည်ရှိ မနာရှေ့အနွယ်တစ်ဝက်နယ် များတွင် မဲကျသည့်အတိုင်း ဆယ့်သုံးမြို့ကို ရကြ၏။ မေရာရိသားမြေးတို့သည်၊ အဆက်အနွယ်အလိုက် ရုဗင်၊ ဂဒ်၊ ဇာဗုလုန်နယ်များတွင် ဆယ့်နှစ် မြို့ကိုရကြ၏။
မောရှေအားဖြင့် ထာဝရဘုရားမိန့်တော်မူခဲ့သည့်အတိုင်း၊ ဣသရေလအမျိုးသားတို့သည်၊ ဆိုအံ့ သောဝတ္ထုကံမြို့များနှင့် စားကျက်ပါ လေဝိဂိုဏ်းသားတို့အား မဲချ၍ပေးကြ၏။ 9-10 ယုဒအနွယ်သား၊ ရှိမောင့်အနွယ်သားတို့နယ်များတွင် လေဝိဂိုဏ်းသား၊ ကောဟတ်အဆက် အနွယ်၊ အာရုန့်သားမြေးတို့အား ပဌမမဲကျသည့်အတိုင်း၊ အောက်၌အမည်ပါသောဝတ္ထုကံမြို့များကို ပေးကြ၏။ 11 ယုဒခင်တန်းရှိ အာနကအဘအာဘ၏မြို့၊ ကိရယသာဘခေါ် ဟေဗြုန်မြို့ကိုစားကျက်ပါ ပေးရာ၊ 12 ဆင်ခြေဖုံးနှင့်လယ်ယာများကို ယေဖုန္နာ့သား ကာလက်အား အပိုင်ပေးကြ၏။ 13 ပရောဟိတ်အာရုန့်သားမြေးတို့အား ပေးကြသည်မှာ 14 လူသတ်ခိုဝင်ရာ ဟေဗြုန်၊ လိဗန၊ ယတ္တိရ၊ 15-16 ဧရှတေမာ၊ ဟောလုန်၊ ဒေဗိရ၊ အဣန၊ ယုတ္တ၊ ဗက်ရှေမက်မြို့များနှင့် စားကျက်ပါ၊ ထိုနှစ်နယ်တွင် ကိုးမြို့ကိုလည်းေကာင်း၊ 17-18 ဗင်္ယာမိန့်နယ်တွင် ဂိဗောင်၊ ဂေဗ၊ အာနသုတ်၊ အာလမုန်မြို့များနှင့်စားကျက်ပါ၊ လေးမြို့ကိုလည်းေကာင်း၊ ပေးကြ၏။ 19 အာရုန့်သားမြေးပရောဟိတ်တို့ရသော ဝတ္ထုကံမြို့ပေါင်းကား၊ စားကျက်ပါ ဆယ့်သုံးမြို့တည်း။
20 လေဝိဂိုဏ်းကောဟတ်အဆက်အနွယ်ဖြစ်သူ၊ ကြွင်းသောကောဟတ်သားမြေးတို့အား မဲချ၍ 21-22 ဧဖရိမ်နယ်တွင်ပေးကြသည်မှာ ဧဖရိမ်ခင်တန်းရှိ၊ လူသတ်ခို၀င်ရာရှေခင်၊ ဂေဇာ၊ ကိဗဇိမ်၊ ဗေသောရုန်မြို့များနှင့် 23-24 စားကျက်ပါ လေးမြို့ကိုလည်းေကာင်း၊ ဒန်နယ်တွင် ဧလတေက၊ ဂိဗ္ဗသုန်၊ အာယလုန်၊ ဂါသရိမ္မုန်မြို့များနှင့် စားကျက်ပါ လေးမြို့ကိုလည်းေကာင်း၊ 25 မနာရှေ့အနွယ်တစ်ဝက်နယ်တွင် တာနက်၊ ဂါသရိမ္မုန်မြို့များနှင့် စားကျက်ပါ၊ နှစ်မြို့ကိုလည်းေကာင်း ပေးကြ၏။ 26 ကြွင်းသောကောဟတ်သားမြေးအဆက်အနွယ်တို့ ဝတ္ထုကံမြို့ပေါင်းကား စားကျက်ပါ ဆယ်မြို့တည်း။
27 လေဝိအဆက်အနွယ်၊ ဂေရရှုံ့သားမြေးတို့အား မနာရှေ့အနွယ်တစ်ဝက်နယ်တွင်ပေးကြသည်မှာ ဗာရှန်ပြည်ရှိ လူသတ်ခိုဝင်ရာဂေါလန်၊ ဗေရှတေရမြို့များနှင့် စားကျက်ပါနှစ်မြို့ကိုလည်းေကာင်း၊ 28-29 ဣသခါနယ်တွင် ကိရှုန်၊ ဒါဗရတ်၊ ယာမုတ်၊ အင်္ဂန္နိမ်မြို့များနှင့် စားကျက်ပါ လေးမြို့ကိုလည်းေကာင်း၊ 30-31 အာရှာနယ်တွင် မိရှလ၊ အာဗဒုန်၊ ဟေလကတ်၊ ရဟောဘမြို့များနှင့် စားကျက်ပါ လေးမြို့ကိုလည်းေကာင်း၊ 32 နဿလိနယ်တွင် ဂါလိလဲပြည်ရှိ၊ လူသတ်ခိုဝင်ရာကေဒေရှ၊ ဟမ္မုဒ္ဒော၊ ကာတန်မြို့များနှင့် စားကျက်ပါ သုံးမြို့ကိုလည်းေကာင်း၊ ပေးကြ၏။ 33 အဆက်အနွယ်အလိုက်၊ ဂေရရှုံ့သားမြေးတို့ ဝတ္ထုကံမြို့ပေါင်းကား စားကျက်ပါ ဆယ့်သုံးမြို့တည်း။
34 မေရာရိသားမြေးအဆက်အနွယ်ဖြစ်သူ၊ ကြွင်းသောလေဝိဂိုဏ်းသားတို့အား ဇာဗုလုန်နယ်တွင် ပေးကြသည်မှာ 35 ယောကနံ၊ ကာတ၊ ဒိမန၊ နဟာလာလမြို့များနှင့် 36-37 စားကျက်ပါ လေးမြို့ကိုလည်းေကာင်း၊ ရုဗင်နယ်တွင် ဗေဇာ၊ ယာဟတ်၊ ကေဒမုတ်၊ မေဖတ်မြို့များနှင့် စားကျက်ပါ လေးမြို့ကိုလည်းေကာင်း၊ 38-39 ဂဒ်နယ်တွင် ဂိလဒ်ပြည်ရှိ လူသတ်ခိုဝင်ရာ ရာမုတ်၊ မဟာနိမ်၊ ဟေရှဘုန်၊ ယာဇာမြို့များနှင့် စားကျက်ပါ လေးမြို့ကိုလည်းေကာင်းပေးကြ၏။ 40 အဆက်အနွယ်အလိုက် မေရာရိသားမြေးဖြစ်သူ၊ ကြွင်းသောလေဝိအဆက်အနွယ်တို့သည် မဲကျသည့်အတိုင်း ရသောဝတ္ထုကံမြို့များကား ထိုဆယ့်နှစ်မြို့တည်း။
41-42 ဣသရေလအမျိုးသားတို့အပိုင်အတွင်း လေဝိဂိုဏ်းသားတို့ဝတ္ထုကံမြို့ပေါင်းကား၊ အသီးအသီးပတ်ဝန်းကျင်ရှိစားကျက်များနှင့် ပြည့်စုံသောလေးဆယ့်ရှစ်မြို့တည်း။
43 ထိုသို့ဘိုးဘေးတို့အား သစ္စာဆိုခဲ့သောတစ်ပြည်လုံးကို ထာဝရဘုရားပေးတော်မူသည့်အတိုင်း ဣသရေလလူမျိုးအပိုင်ရ၍ နေရာကျ၏။ 44 ဘိုးဘေးတို့အား သစ္စာဆိုတော်မူသမျှအလျောက် ထာဝရဘုရားသည် ရန်သူတစ်စုံတစ်ယောက်မျှ သူတို့ရှေ့မခံရပ်နိုင်စေရန် လက်တွင်းသို့အလုံးစုံအပ်နှင်းတော်မူ၍ ပတ်ဝန်းကျင်အရပ်ရပ်၌ ရန်ငြိမ်းခွင့်ပေးတော်မူ၏။ 45 ဣသရေလအမျိုးသားတို့အား ထာဝရဘုရားမိန့်တော်မူခဲ့သော ဆုကျေးဇူးတစ်ပါးမျှ မယုတ်မလျော့ဘဲ အပြည့်အစုံဖြစ်သတည်း။