20
နောက်တစ်ဖန်ယောရှုအား ထာဝရဘုရားက၊ 2-3 ဣသရေလအမျိုးသားတို့အား သင်ဆင့်ဆိုရမည်မှာ မောရှေအားဖြင့် ငါထားခဲ့သောဗျာဒိတ် တော်နှင့်အညီ၊ သူ့အသက်ကိုမတော်တဆသတ်မိသောလူသတ်တို့ပြေးသွားရာမြို့များကို၊ သေစားသေစေသူ့လက်မှခိုဝင်ရာအဖြစ် ရွေးထားကြလော့။ 4-6 မုန်းထားခြင်းကင်းလျက် သူတစ်ပါးကိုမတော်တဆသတ်မိသောလူသတ်သည် ထိုမြို့တစ်မြို့ သို့ပြေး၍၊ မြို့တံခါးဝ၌ရပ်လျက် မြို့လူကြီးတို့ထံအမှုကိုဖော်ပြလျှင်၊ တရားစီရင်ခံရန် လူပရိသတ် ရှေ့ရပ်ပိုင်ခွင့်မရမချင်း သေစားသေစေရန် လိုက်လာသူ့လက်တွင်းသို့ မအပ်ဘဲ၊ မြို့အတွင်းခေါ်သွင်း ၍နေရာချကြသည့်အတိုင်း ထိုကာလရှိ ပရောဟိတ်မင်းမလွန်မချင်း ၎င်းမြို့တွင်နေထိုင်စေ။ ထိုနောက်မှထွက်ပြေးခဲ့ရာ နေရင်းမြို့နေရင်းအိမ်သို့ ပြန်ခွင့်ရမည့်အကြောင်း ဆင့်ဆိုလော့ဟု မိန့်တော်မူသည့်အတိုင်း၊ ဂါလိလဲပြည်၊ နဿလိခင်တန်းရှိ ကေဒရှမြို့ကိုလည်းေကာင်း၊ ဧဖရိမ်ခင်တန်းရှိ ရှေခင်မြို့ကိုလည်းေကာင်း၊ ယုဒခင်တန်းရှိ ဟေဗြုန်ခေါ်ကိရယသာဘမြို့ကိုလည်းေကာင်း၊ သီးသန့်ထားကြ၏။ ယေရိခေါမြို့တစ်ဖက်၊ ယော်ဒန်မြစ်အရှေ့၌လည်း ရုဗင်နယ်ရှိတောပျံ့၌ ဗေဇာမြို့ကိုလည်းေကာင်း၊ ဂဒ်နယ်ရှိဂိလဒ်ခရိုင်၌ ရာမုတ်မြို့ကိုလည်းေကာင်း၊ မနာရှေနယ်ရှိ ဗာရှန်ခရိုင်၌ ဂေါလန်မြို့ကိုလည်းေကာင်း၊ ရွေးထားကြ၏။ ထိုမြို့များကိုကား၊ ဣသရေလအမျိုးသားဖြစ်စေ၊ ကပ်ပါးဝင်နေသူဖြစ်စေ၊ သူ့အသက်ကို မတော်တဆသတ်မိသောသူတိုင်း ပြေးသွား၍ လူပရိသတ်ရှေ့ရပ်ခွင့်မရမချင်း သေစားသေစေ သူ့လက်ဖြင့်မသေစေရန် ရွေးချယ်ကြသတည်း။