2
နုန့်သားယောရှုသည် သူလျှိုနှစ်ယောက်ကို ရှိတ္တိမ်မြို့မှစေလွှတ်၍၊ ယေရိခေါမြို့မှစသော တစ်ပြည်လုံးကိုစူးစမ်းကြလော့ဟု မှာလိုက်သည့်အတိုင်း၊ သူတို့သွားပြီးလျှင်၊ ရာခပ်အမည်ရှိသော ပြည်တန်ဆာ့အိမ်သို့ဝင်ရောက်တည်းခိုကြ၏။ ဤပြည်ကို စုံစမ်းရန်၊ ယနေ့ညဉ့်မြို့တွင်းသို့ ဣသရေလလူမျိုးအချို့ဝင်ကြောင်း ယေရိခေါ ဘုရင်ကြားသော်၊ ရာခပ်ထံစေလွှတ်၍၊ သင့်အိမ်သို့ဝင်ရောက်သူတို့ကို အပ်လော့။ ထိုသူတို့သည် နေပြည် တစ်ေလျှာက်အစုံအစမ်းလာသူဖြစ်သည်ဟု ဆင့်ဆိုစေရာ၊ 4-6 ထိုမိန်းမသည် သူလျှိုနှစ်ယောက်ကို တိုက်မိုးပေါ်သို့ ခေါ်၍၊ အမိုးထက်ဖြန့်ထားသောပိုက် ဆန်လျှော်ဖြင့် ဖုံးထားပြီးလျှင်၊ ကျွန်မထံထိုသူတို့အမှန်ရောက်လာပါ၏။ အဘယ်ကလာသည်ကို မသိပါ။ ညဉ့်နက်၍မြို့တံခါးပိတ်ချိန်လောက်တွင် ထွက်သွားကြပါပြီ။ အဘယ်သို့သွားသည်ကို မသိ။ အမြန်လိုက်က မီပါလိမ့်မည်ဟု ဆိုသည်နှင့်၊ ယော်ဒန်မြစ်ကူးဆိပ်လမ်းဖြင့် မင်းစေတို့လိုက်ကြစဉ်၊ မြို့ပြင်သို့ရောက်လျှင်မြို့တံခါးပိတ်လေ၏။
သူလျှိုတို့မအိပ်မီ၊ သူတို့ရှိရာတိုက်မိုးပေါ်သို့ ရာခပ်တက်၍၊ ထာဝရဘုရားသည် ဤပြည်ကို သင်တို့အား ပေးတော်မူကြောင်းကိုလည်းေကာင်း၊ ပြည်သူပြည်သားတို့ လည်း သင်တို့ကြောင့် ထိတ်လန့်ကြောက်ရွံ့၍ ပျက်ပြားကြကြောင်းကိုလည်းေကာင်း၊ ကျွန်မရိပ်မိပါ၏။ 10 အိဂျစ်ပြည်မှသင်တို့ထွက်လာကြသောအခါ ပင်လယ်နီေရကိုသင်တို့ရှေ့ ထာဝရဘုရားခန်းခြောက် စေတော်မူကြောင်းကိုလည်းေကာင်း၊ ယော်ဒန်မြစ်တစ်ဘက်ရှိ အာမောရိပြည့်ရှင်ရှိဟုန်မင်းနှင့် သြဃမင်းနှစ်ပါး တို့အား သင်တို့မြေလှန်ကြောင်းကိုလည်းေကာင်း၊ ကျွန်မတို့ကြားရကြပါပြီ။ 11 ထိုသတင်းကိုကြားကတည်းက၊ သင်တို့ကြောင့် မည်သူမျှရဲရင့်ခြင်းမရှိနိုင်အောင်၊ ကျွန်မတို့ စိတ်လျော့ကြပါ၏။ သင်တို့ဘုရားသခင်ထာဝရဘုရားသည် အထက်ကောင်းကင်၊ အောက်မြေကြီး ပါ စိုးပိုင်သောဘုရားဖြစ်တော်မူပါ၏။ 12-13 သို့ဖြစ်၍ ကျွန်မသည် သင်တို့အားကျေးဇူးပြုသည့်နည်းတူ၊ ကျွန်မ၏ဆွေမျိုးသားချင်းတို့ အား ကျေးဇူးပြုလျက်၊ ကျွန်မနှင့်တကွ၊ မိဘ၊ မောင်၊ ညီမ၊ ပိုင်ဆိုင်သမျှပါ အသက်ဘေးမှကယ်လွှတ် ချမ်းသာစေမည်ဟု ထာဝရဘုရားကိုတိုင်တည်၍ သစ္စာဆိုပြီးလျှင်၊ မဖောက်သောလက္ခဏာ သက်သေကိုပေးခဲ့ပါလော့ဟုဆိုရာ 14 သူလျှိုတို့က၊ ငါတို့အမှုအရေးကို မေဖာ်လျှင်၊ သင့်အသက်အစား ငါတို့အသေခံပါမည်။ ဤပြည်ကို ငါတို့အား ထာဝရဘုရားပေးတော်မူသောအခါ သစ္စာနှင့်ကျေးဇူးပြုပါမည်ဟု ဝန်ခံကြ၏။ 15 ထိုမိန်းမသည်၊ မြို့ရိုးပေါ်တွင်နေအိမ်ရှိသောကြောင့် ပြၗူတင်းပေါက်မှကြိုးဖြင့် လျှောဆင်းစေလျက်၊ 16 လိုက်ရှာသူတို့သည် သင်တို့ကိုဖမ်းမိမည်စိုး၍ တောင်ပေါ်သို့ပြေးလျက်၊ သူတို့မပြန်မချင်း သုံးရက်တိုင်တိုင်ပုန်းနေကြလော့။ 17 ပြန်မှထွက်သွားကြလော့ဟုဆိုသော်၊ သူလျိုတို့က၊ သင်ပေးသောသစ္စာဝန်နှင့် ငါတို့မကင်းစေ ရန် ဤပြည်သို့ ငါတို့ဝင်ရောက်သည့်ကာလ၊ 18 ထိုကြိုးနီကို ယခုလျှောဆင်းကြသောပြူတင်းပေါက်၌ ချည်ထား၍၊ မိဘ၊ မောင်ဘွားများနှင့် ဆွေမျိုးသားချင်းအပေါင်းတို့ကို အိမ်သို့သွင်းထားလော့။ 19 သင့်အိမ်၌ပါရှိသူတစ်စုံတစ်ယောက်ကို လက်လွန်လျှင် ထိုသူ၏အသွေးသည် ငါတို့ဦးထိပ်ထက် တည်ပါစေ။ သင့်အိမ်တံခါးမှထွက်သွား၍ သေလျှင်မူကား၊ ချင့်အသွေးသည် ချင့်ဦးထိပ်ထက်တည်၍ ငါတို့ကင်းကြမည်။ 20 ငါတို့အမှုအရေးကို သင်ဖော်ပြလျှင်လည်း သင်ပေးသောသစ္စာဝန်နှင့် ငါတို့ကင်းလိမ့်မည်ဟုဆို ကြသောအခါ 21 မိန်းမက၊ သင်တို့စကားအတိုင်း ရှိပါစေတော့ဟုဝန်ခံလျက်၊ လွှတ်လိုက်သည်နှင့် သူတို့ထွက် သွားကြ၏။ မိန်းမလည်း ထိုကြိုးနီကိုပြူတင်းပေါက်၌ချည်ထားလေ၏။ 22 သူလျိုနှစ်ယောက်တို့သည် တောင်ပေါ်သို့တက်သွားလျက် လမ်းတစ်ေလျှာက်လိုက်ရှာသူတို့မတွေ့ ၍ မပြန်မချင်း၊ သုံးရက်တိုင်တိုင် အောင်းနေပြီးမှ 23 တောင်ပေါ်ကဆင်းလျက် မြစ်ကူးပြီးနောက် နန်ု့သားယောရှုထံရောက်သော်၊ ဖြစ်ပျက်ခဲ့သမျှကို ပြန်ကြား၍ 24 ထာဝရဘုရားသည် တစ်ပြည်လုံးကို ငါတို့လက်တွင်းသို့ အပ်နှင်းတော်မူပြီ။ ပြည်သူပြည်သားအ ပေါင်းတို့လည်း ငါတို့ရှေ့ပျက်ပြားလိမ့်တကားဟု လျှောက်ဆိုကြ၏။