19
1-2 ဒုတိယမဲကျ၍၊ အိမ်ထောင်အလိုက်ရှိမောင့်အနွယ်သားတို့သည် ယုဒအနွယ်သားတို့အတွင်း၊ အပိုင်ရကြသောမြို့များကား ရှေဘခေါ်ဗေရရှေဘ၊ 3-4 မောလဒါ၊ ဟာဇာရွာလ၊ ဗာလာ၊ အာဇင်၊ ဧလတောလဒ်၊ ဗေသုလ၊ ဟောမာ။ ဇိကလတ်၊ ဗက်မာကဗုတ်၊ ဟာဇာသုသ။ ဗက်လေဗောက်၊ ရှရုဟင်မြို့များ၊ ဆင်ခြေဖုံးပါ ဆယ့်သုံးမြို့။ အဣန၊ ရိမ္မုန်၊ ဧသာ၊ အာရှန်မြို့များ၊ ဆင်ခြေဖုံးပါ၊ လေးမြို့မှစ၍၊ နေဂပ်ခရိုင်ရှိ၊ ဗာလတ်ဗေရခေါ် ရာမမြို့အထိ၊ ထက်ဝန်းကျင်ရှိသမျှသောရွာများတည်း။ အိမ်ထောင်အလိုက်၊ ရှိမောင့်အနွယ်သားတို့ရသောအပိုင်ကား၊ ထိုသို့ပင်တည်း။ ယုဒအနွယ်သားတို့ပိုင်နယ်ဝေပုံသည် ကျယ်ဝန်းများပြားသည့်အတွက် ၎င်းပိုင်ရာနယ်အတွင်း ရှိမောင့်အနွယ်သားတို့အပိုင်ရကြ၏။
10 တတိယမဲကျ၍ အိမ်ထောင်အလိုက် ဇာဗုလုန့်အနွယ်သားတို့ရသော အပိုင်နယ်စပ်သည် စာရိဒ် မြို့မှထွက်လျက်၊ 11 အနောက်မျက်နှာမရာလမြို့၊ ဒဗ္ဗရှက်မြို့များသို့လည်းေကာင်း၊ ယောကနံမြို့ရှေ့ရှိချောင်းသို့လည်းေကာင်း မီ၏။ 12 စာရိဒ်မြို့မှ၊ နေထွက်ရာအရှေ့မျက်နှာသို့လှည့်၍ ခိသလုတ္တာဗော်မြို့နယ်နှင့် ဒါဗရတ်မြို့များသို့ ရောက်လျက်၊ 13 ယာဖျာမြို့သို့တက်ပြီးမှ၊ အရှေ့မျက်နှာဂါသေဖာမြို့၊ အိတ္တကာဇိန်မြို့၊ ရိမ္မုန်မြို့၊ နေအာမြို့များ သို့ရောက်ပြီးလျှင်၊ 14 မြောက်မျက်နှာဟန္နသုန်မြို့သို့လှည့်၍ ယိဖသေလချိုင့်၌ဆုံးလေ၏။ 15 ထိုမှတစ်ပါး၊ ကတ္တတ်၊ နဟာလာလ၊ ရှိမရုန်၊ ဣဒလ၊ ဗက်လင်မြို့များမှစ၍၊ ဆင်ခြေဖုံးပါ ဆယ့်နှစ်မြို့တည်း။ 16 အိမ်ထောင်အလိုက်၊ ဇာဗုလုန့်အနွယ်သားတို့ရသောအပိုင်ကား၊ ၎င်းမြို့များနှင့်ဆင်ခြေဖုံးများ တည်း။
17-18 စတုတ္ထမဲကျ၍ အိမ်ထောင်အလိုက် ဣသခါ့အနွယ့်သားတို့အနယ်အတွင်းရှိမြို့များကား၊ 19 ယေဇရေလ၊ ခေသုလုတ်၊ 20 ရှုနင်၊ ဟာဖရိမ်၊ ရှိဟုန်၊ အာနဟာရတ်၊ 21 ရဗ္ဗိတ်၊ ကိရှုန်၊ အာဗက်၊ ရေမက်၊ အင်္ဂန္နိမ်၊ အင်္ဟဒ္ဒါ၊ 22 ဗက်ပဇ္ဇက်။ တာဗော်၊ ရှာဟဇိမ၊ ဗက်ရှေမက်မြို့များ၊ ဆင်ခြေဖုံးပါ ဆယ့်ခြောက်မြို့တည်း။ 23 နယ်စပ်သည် ယော်ဒန်မြစ်၌ဆုံးလေ၏။ အိမ်ထောင်အလိုက်၊ ဣသခါ့အနွယ်သားတို့ရသော အပိုင်ကား ၎င်းမြို့များနှင့်ဆင်ခြေဖုံးများတည်း။
24-25 ပဥ္စမမဲကျ၍၊ အိမ်ထောင်အလိုက်အာရှာ့အနွယ်သားတို့ နယ်အတွင်းရှိမြို့များကား၊ 26 ဟေလကတ်၊ ဟာလိ၊ ဗေတင်၊ အာခရှပ်၊ အာလမ္မေလက်၊ အာမဒ်၊ မိရှလမြို့များတည်း။ နယ်စပ်သည် အနောက်မျက်နှာကရမေလတောင်နှင့် ရှိဟောရလိဗနတ်ချောင်းများသို့ ရောက်ပြီး လျှင်၊ 27 အရှေ့မျက်နှာဗက်ဒါဂုန်မြို့သို့လှည့်၍၊ ဗေသမက်မြို့၊ နယေလမြို့များမြောက်ဘက်၊ ယိဖသေလချိုင့်တွင် ဇာဗုလုန်နယ်နှင့်စပ်လျက်၊ မြောက်မျက်နှာရှိ ကာဗုလမြို့ကိုေလျှာက်၍၊ ဧဗြုန်၊ ရဟောဘ၊ 28 ဟမ္မုန်၊ ကာနမြို့များနှင့် ဇိဒုန်မြို့ကြီးတိုင်အောင်ရောက်ပြီးမှ 29 ရာမမြို့၊ တုရုခံတပ်မြို့၊ ဟောသမြို့များသို့လှည့်လျက်၊ ပယ်လယ်ကမ်းရှိအာခဇိမ်မြို့အနီးဆုံးလေ၏။ 30 ထိုမှတစ်ပါး၊ အုမ္မ၊ အာဖက်၊ ရဟောဘမြို့များမှစ၍၊ ဆင်ခြေဖုံးပါ၊ နှစ်ဆယ့်နှစ်မြို့တည်း။ 31 အိမ်ထောင်အလိုက်၊ အာရှာ့အနွယ်သားတို့ရသောအပိုင်ကား ၎င်းမြို့များနှင့် ဆင်ခြေဖုံးများ တည်း။
32-33 ဆဌမမဲကျ၍၊ အိမ်ထောင်အလိုက် နဿလိအနွယ်သားတို့နယ်စပ်သည်၊ ဟေလပ်မြို့၊ ဇာနန္နိမ်အရပ်ရှိ ညန်ပင်မှထွက်၍၊ အာဒမိနေကပ်၊ ယာ​ဗနေလ၊ လာကုံမြို့များသို့ရောက်လျက်၊ ယော်ဒန်မြစ်၌ဆုံးလေ၏။ 34 အနောက်မျက်နှာအာဇာနုတ္တာဗော်မြို့သို့လှည့်၍၊ ဟုကုတ်မြို့သို့ရောက်၏။ တောင်ဘက်၌၊ ဇာဗုလုန်နယ်သို့လည်းေကာင်း၊ အနောက်ဘက်၌အာရှာနယ်သို့လည်းေကာင်း၊ အရှေ့ဘက်၌ယော်ဒန်မြစ်ကမ်းရှိ ယုဒအပိုင်သို့လည်းေကာင်းမီ၏။ 35 ခံတပ်မြို့များကား၊ ဇိဒ္ဒိမ်၊ ဇေရ၊ ဟမ္မတ်၊ 36-37 ရက္ကတ်၊ ဂေင်္နသရက်၊ အာဒမာ၊ ရာမ၊ ဟာဇော်။ 38 ကေဒေရှ၊ ဧဒြိအင်ဟာေဇာ်၊ ၕၕၔဣရုန်၊ မိဂဒ၊ ေလလ၊ ေဟာရင်၊ ဗေသနတ်၊ ဗက်ရှေမက်မြို့များမှစ၍ ဆင်ခြေဖုံးပါ၊ ဆယ့်ကိုးမြို့တည်း။ 39 အိမ်ထောင်အလိုက်၊ နဿလိအနွယ်သားတို့ရသောအပိုင်ကား၊ ၎င်းမြို့များနှင့်ဆင်ခြေဖုံးများတည်း။
40-41 သတ္တမမဲကျ၍၊ အိမ်ထောင်အလိုက် ဒန့်အနွယ်သားတို့ပိုင်ရာ နယ်အတွင်းရှိမြို့များကား၊ ဇော်ရာ၊ ဧရှတော၊ ဣရရှေမက်၊ 42 ရှာလဗ္ဗိန်၊ အာယလုန်၊ 43-44 ယေသလ၊ ဧလုန် တိမနတ်၊ ဧကြုန်၊ ဧလတေက၊ 45 ဂိဗ္ဗသုန်၊ ဗာလတ်၊ ယေဟုတ်၊ ဗေနဗေရက်၊ ဂါသရိမ္မုန်၊ 46 မေယာကုန်၊ ရက္ကုန်မြို့များနှင့်တကွ ယုပ္ပေမြို့ရင်ဆိုင်ခရိုင်တည်း။ 47 ဒန့်အနွယ်သားတို့သည် လဲရှမြို့ကိုချီတက်တိုက်ခိုက်သိမ်းယူလျက်၊ ဓားဖြင့်လုပ်ပြီးလျှင် အပိုင်ရ၍ နေရာကျသည်နှင့် အနွယ်၏အဘဒန့်အမည်အလိုက်၊ ဒန်မြို့ဟုတွင်သဖြင့် ကိုယ့်နယ်ကိုတိုးပွားစေကြ၏။ 48 အိမ်​ထောင်အလိုက်၊ ဒန့်အနွယ်သားတို့ရသောအပိုင်ကား၊ ၎င်းမြို့များနှင့်ဆင်​ခြေဖုံးများတည်း။
49-50 ထိုသို့ဣသရေလအမျိုးသားတို့သည် အပိုင်ရသောပြည်နယ်ကို နယ်စပ်အလိုက်၊ အပြီးသတ်ပိုင်းခြားပြီးမှ ထာဝရဘုရားအမိန့်တော်အရ၊ နေပြည်အတွင်း ဧဖရိမ်ခင်တန်းရှိ၊ နုန့်သားယောရှုတောင်းသောတိမနဿေရမြို့ကို အပိုင်ပေးကြသဖြင့် ယောရှုလည်းမြို့ကိုချဲ့တည် လျက်နေထိုင်၏။
51 ရှိလောမြို့ရှိ တွေ့ဆုံရာတဲတော်မုတ်ဝ၌ ထာရဘုရားမျက်မှောက်တော်တွင် ပရောဟိတ်ဧလာဇာ၊ နုန့်သားယောရှုနှင့်ဣသရေလအမျိုးအနွယ်အိမ်​ထောင်အအုပ်အချုပ်တို့သည် မဲချ၍ ပိုင်ရာနယ်များကို ထိုသို့အပြီးသတ်ဝေပေးကြသတည်း။