17
ယောသပ်သားဦးမနာရှေ့အနွယ်မဲကျ၍ ရသောနယ်ကား၊ မနာရှေ့သားဦး၊ ဂိလဒ်အဘ မာခိရ သည်သူရဲကောင်းဖြစ်၍ ဂိလဒ်၊ ဗာရှန်နယ်များကိုရလေ၏။ မနာရှေ၏အခြားသား အဗျေဇာ၊ ဟေလက်၊ အသရေလ၊ ရှေခင်၊ ဟေဗာ၊ ရှမိဒတို့အဆက်များလည်း အိမ်ထောင်အလိုက် မဲကျ၍ပိုင်ရကြ၏။ ထိုသူတို့သည် ယောသပ်သား မနာရှေ၏သားစဉ်မြေး ဆက်တို့တည်း။ မနာရှေ့တီ၊ မာခိရမြစ်၊ ဂိလဒ်မြေး၊ ဟေဖာ့သား၊ ဇလောဖဒ်၌ကား၊ သားယောက်ျားမရှိ။ မာလာ၊ နောအာ၊ ဟောဂလာ၊ မိလခါ၊ တိရဇာအမည်ရှိသော သမီးများသာရှိသဖြင့်၊ ထိုမိန်းမတို့သည် ပရောဟိတ်ဧလာဇာ၊ နန်ု့သားယောရှုနှင့် အကြီးအကဲတို့ထံချဉ်းကပ်၍၊ ဆွေမျိုးသားချင်းတို့အတွင်း ကျွန်မတို့အပိုင်ရစေခြင်းငှာ မောရှေအား ထာဝရဘုရားမိန့်မှာတော်မူခဲ့ပါ ပြီဟု လျှောက်ဆိုကြသည့်အတိုင်း၊ ထာဝရဘုရားအမိန့်တော်အရ၊ ဆွေမျိုးသားချင်းတို့အတွင်း အပိုင် ပေးကြ၏။ 5-6 ထိုသို့မနာရှေ့အဆက်မိန်းမတို့သည် ဆွေမျိုးသားချင်းတို့အတွင်း အပိုင်ရကြသောကြောင့်၊ ယော်ဒန်မြစ်တစ်ဖက်မနာရှေ၏ သားစဉ်မြေးဆက်တို့ပိုင်ရသောဂိလဒ်၊ ဗာရှန်နယ်များမှတစ်ပါး၊ ဆယ်ပိုင်းကို မနာရှေ့အနွယ်သားတို့ရကြ၏။ မနာရှေ့နယ်စပ်သည် အာရှာမြို့မှ ရှေခင်မြို့ရင်ဆိုင်မိတ်မေသမြို့သို့ရောက်ပြီးမှ လက်ယာဘက် အင်တာပွာမြို့သို့ရောက်၏။ 8-9 မနာရှေ့အနွယ်သည် တာပွာခရိုင်ကိုပိုင်သော်လည်း မနာရှေနယ်တွင် ဧဖရိမ့်အနွယ်သားတို့ ပိုင်မြို့များအနက်၊ မနာရှေ့နယ်စပ်ရှိ တာပွာမြို့ကိုလည်းပိုင်ကြ၏။ နယ်စပ်သည် ကာနချောင်း တောင်ဘက်တစ်ေလျှာက်၊ ပင်လယ်၌ဆုံးလေ၏။ 10 ထိုချောင်းတောင်ဘက်နယ်သည်၊ ဧဖရိမ့်အနွယ်ပိုင်၊ မြောက်ဘက်ကား မနာရှေ့အနွယ်ပိုင်ဖြစ် ၏။ ပင်လယ်ကမ်းတစ်ေလျှာက်နယ်စပ်လျက်၊ မြောက်ဘက်အာရှာနယ်နှင့်လည်းေကာင်း၊ အရှေ့ဘက် ဣသခါ နယ်နှင့် လည်းေကာင်းစပ်၏။ 11 အာရှာနှင့်ဣသခါနယ်များတွင် မနာရှေ့အနွယ်ပိုင်သောမြို့များကား၊ ကုန်းသုံးတန်းဖြစ်သော ဗက်ရှန်၊ ဣဗလံ၊ ဒေါရ၊ အေင်္ဒၙၙါရ၊ တာနက်၊ မေဂိဒ္ဒေါမြို့များနှင့်နိဂုံးများတည်း။ 12 မနာရှေ့အနွယ်သားတို့သည် ၎င်းမြို့များတွင် နေထိုင်သူတို့ကို မနှင်ထုတ်နိုင်သဖြင့် ထိုခါနာန် လူမျိုးတို့အတင်းနေကြသေး၏။ 13 နောက်ကာလဣသရေလအမျိုးသားတို့အင်အားတိုးတက်သောအခါ ထိုသူတို့ကိုမနှင်ထုတ်ဘဲ လမိုင်းသားဖြစ်စေကြ၏။
14 ထိုကာလ ယောရှုထံယောသပ်အနွယ်သားတို့က၊ ထာဝရဘုရားပေးသနားတော်မူသော မင်္ဂလာ ကြောင့် ကြီးပွားသောအနွယ်ဖြစ်သူ ကျွန်တော်တို့အား မဲကျရာတစ်နယ်တည်းပေးသည်မှာ အသို့ကြောင့်နည်းဟု မေးလျှောက်ကြသော်၊ 15 ယောရှုက၊ ကြီးပွားသောအနွယ်ဖြစ်သူ သင်တို့၌ ဧဖရိမ်ခင်တန်းကျဉ်းမြောင်းသည်ဖြစ်လျှင်၊ ဖေရဇိ၊ ရေဖိမ်လူမျိုးတို့ပိုင်ပြည်ရှိ တောအရပ်သို့သွား၍ ခုတ်ထွင်ကြလော့ဟု မိန့်ဆိုရာ၊ 16 ယောသပ်အနွယ်သားတို့က၊ ဧဖရိမ်ခင်တန်းသည် ကျွန်တော်တို့အဖို့မလောက်သေးသည်မှန် သော်လည်း ချိုင့်ရှိဗက်ရှန်မြို့နှင့်နိဂုံးများ၌လည်းေကာင်း၊ ယေဇရေလချိုင့်၌လည်းေကာင်း၊ နေထိုင်သောခါနာန်လူမျိုးတို့ မှာ သံဖြင့်ပြီးသောစစ်ရထားရှိပါသည်ဟု လျှောက်ပြန်လျှင်၊ 17 ယောရှုက၊ ခွန်အားနှင့်တကွ ကြီးပွားသောအနွယ်ဖြစ်သူ သင်တို့သည် တစ်နယ်တည်းကိုမရ သင့်။ 18 တောကြီးဖြစ်သောခင်တန်းကိုခုတ်ထွင်၍ အပိုင်ရကြမည်။ သံရထားတပ်နှင့်ခွန်အားကြီးသော ခါနာန်လူမျိုးလူတို့ကို နှင်ထုတ်ပြီးမှ တောခင်တန်း၊ အဆင်းချိုင့်ကိုလည်းပိုင်ရကြလိမ့်မည်ဟု ဧဖရိမ်၊ မနာရှေတည်းဟူသောယောသပ်အနွယ်သားတို့အား ပြောဆို၏။