16
1-2 ယောသပ်အနွယ်သားတို့ မဲကျ၍ရသောနယ်စပ်သည် ယေရိခေါမြို့အနီး၊ တောရှိယေရိခေါ ချောင်းအရှေ့ဘက်၊ ယော်ဒန်မြစ်မှခင်တန်းကိုဖြတ်ကျော်၍ ဗေသလခေါ် လုဇမြို့သို့ရောက်ပြီးနောက်၊ အတရုတ်မြို့အထိ၊ အာခိလူမျိုးနယ်စပ်ကို ေလျှာက်လျက်၊ အနောက်မျက်နှာ၊ အောက်ဗေသောရုန်၊ ဂေဇာမြို့များ အထိ၊ ယာဖလက်လူမျိုးနယ်စပ်ကို ေလျှာက်၍ ပင်လယ်၌ဆုံးလေ၏။ ထိုသို့ယောသပ်သား မနာရှေနှင့် ဧဖရိမ်တို့သည် အပိုင်ကိုရကြ၏။ အိမ်ထောင်အလိုက် ဧဖရိမ့်အနွယ်တို့ရသော နယ်စပ်ကား၊ အရှေ့စွန်းအတရုတ်အဒ္ဒါမြို့မှ အထက်ဗေသောရုန်မြို့အထိ၊ မြောက်ဘက်၌၊ အနောက်စွန်းမိတ်မေသမြို့မှ ထွက်၍ ထိုမြို့အရှေ့၊ တာနတ်ရှိလောမြို့သို့ လှည့် သဖြင့်၊ ယနောဟမြို့အရှေ့သို့ ရောက်ပြီးမှ အတရုတ်၊ နာရ၊ ယေရိခေါမြို့များသို့ဆင်းလျက် ယော်ဒန်မြစ်၌ ဆုံးလေ၏။ တစ်ဖန်၊ တာပွာမြို့မှ ကာနချောင်းတစ်ေလျှာက် အနောက်သို့လိုက်လျက်၊ ပင်လယ်၌ဆုံးသတည်း။ အိမ်ထောင်အလိုက် ဧဖရိမ့်အနွယ်သားတို့အပိုင်ကား၊ မနာရှေ့အနွယ်သားတို့အပိုင်တွင် သီးခြားရသောမြို့ရွာများပါ ထိုသို့ပင်တည်း။ 10 ဂေဇာမြို့၌နေထိုင်သော ခါနာန်လူမျိုးတို့ကို မနှင်ထုတ်သည့်အတွက် ထိုခါနာန်လူမျိုးတို့သည် ယနေ့တိုင်ဧဖရိမ့်နယ်တွင်နေထိုင်လျက် လမိုင်းသားဖြစ်ကြသတည်း။