14
1-2 မောရှေအားဖြင့် ထာဝရဘုရားမိန့်တော်မူခဲ့သည်နှင့်အညီ၊ ကိုးနွယ်နှင့်တစ်ဝက်တို့အား ပရောဟိတ်ဧလာဇာ၊ နုန့်သားယောရှုနှင့် ဣသရေလအမျိုးအနွယ်အိမ်ထောင်အအုပ်အချုပ်တို့ မဲချဝေပေး ကြသည့်အတိုင်း၊ ခါနာန်ပြည်၌ ဣသရေလအမျိုးသားတို့အပိုင်ရသော နယ်များကိုဆိုပေအံ့။ ယော်ဒန်မြစ်တစ်ဖက်၊ နှစ်နွယ်နှင့်တစ်ဝက်တို့အား၊ မောရှေကိုယ်တိုင်အပိုင်ရစေခဲ့ပြီ။ လေဝိအနွယ်သားတို့အား အမျိုးသားချင်းနည်းတူ၊ မြေပိုင်မပေးသော်လည်း 4-5 ယောသပ်သား မနာရှေနှင့်ဧဖရိမ်တို့သည် နှစ်နွယ်ဖြစ်သတည်း။ မောရှေအားထာဝရဘုရား မိန့်မှာတော်မူခဲ့သည့်အတိုင်း၊ ဣသရေလအမျိုးသားတို့သည် နေပြည်ကိုဝေယူကြရာ၊ လေဝိအနွယ် သားတို့အား နေထိုင်ရန်ဝတ္ထုကံမြို့နှင့် တိရစ္ဆာန်စားကျက်မှတစ်ပါး ပိုင်မြေကို မပေးကြချေ။
ထိုကာလ ဂိလဂါလမြို့ရှိ ယောရှုထံယုဒအနွယ်သားတို့ချဉ်းလာကြရာ၊ ကေနတ်အမျိုး ယေဖုန္နာ့ သားကာလက်က၊ ကာဒေရှဗာနာမြို့၌ ကိုယ်တော်နှင့်ကျွန်တော်ကိုရည်၍ ဘုရားသခင့်လူယုံတော် မောရှေအား ထာဝရဘုရားမိန့်တော်မူချက်ကို ကိုယ်တော်သိမှတ်ပါလိမ့်မည်။ 7-8 ဤပြည်ကို စူးစမ်းရန်၊ ကာဒေရှဗာနမြို့မှ ဘုရားသခင့်ကျွန်တော်ရင်း မောရှေစေလွှတ်သော အခါ၊ ကျွန်တော်အသက်လေးဆယ်ရှိပါ၏။ ကျွန်တော်နှင့်တကွ သွားရသောညီအစ်ကိုတို့စကား အတွက်၊ ပရိသတ်စိတ်လျော့လျက်ပင် ကိုယ့်ဘုရားသခင်ထာဝရဘုရားကို စိတ်ပါကိုယ်ရောက်လိုက် ရှာသောကျွန်တော်သည်၊ စိတ်အထင်အမြင်အတိုင်း မောရှေအားပြန်ကြားသည့်ကာလ၊ မောရှေက၊ ငါ့ဘုရားသခင်ထာဝရဘုရားကို စိတ်ပါကိုယ်ရောက် သင်လိုက်ရှာသောကြောင့်၊ သင်နင်းပြီးသောနယ်သည် သင်နှင့်သားစဉ်မြေးဆက်တို့ အပိုင်မုချဖြစ်ရမည်ဟု သစ္စာဆိုပါ၏။ 10 ဣသရေလလူမျိုးသည် သဲကန္တာရ၌ လှည့်လည်ရစဉ်၊ မောရှေအား ထာဝရဘုရားထိုသို့မိန့်တော် မူသောနေ့မှစ၍ ယနေ့တိုင်အောင် ကတိတော်အလျောက်၊ ကျွန်တော်ကိုလေးဆယ့်ငါးနှစ်ပတ်လုံး အသက်ရှင်ခွင့်ပေးတော်မူသဖြင့်၊ ယနေ့ရှစ်ဆယ့်ငါးနှစ်ပြည့်သောကျွန်တော်သည် 11 မောရှေစေလွှတ်သောနေ့ကကဲ့သို့၊ ယခုသန်မာလျက် စစ်ချီ၊ စစ်တိုက်၊ စစ်ဝင်ခြင်းအမှု၌ ထိုအခါကဲ့သို့ပင် ယခုသန်မာပါသေး၏။ 12 သို့ဖြစ်၍၊ ထိုနေ့တွင် ထာဝရဘုရားကတိထားတော်မူသည့်အတိုင်း ဤခင်တန်းကို ပေးပါ လော့။ ထိုကာလကိုယ်တော်ကြားသိသည်နှင့်အညီ အာနက လူမျိုးနေထိုင်လျက် ခံတပ်မြို့များနှင့်ပြည့်စုံ သော်လည်း ကတိတော်အရ ထာဝရဘုရားသည်၊ ကျွန်တော်နှင့်အတူရှိတော်မူသဖြင့်၊ ထိုသူတို့ကို နှင်ထုတ်ခွင့်ပေးကောင်းပေးတော်မူလိမ့်မည်ဟု တောင်းဆိုလျှင်၊ 13 ယောရှုသည် ကောင်းကြီးပေးလျက် ဟေဗြုန်ခင်တန်းကို ယေဖုန္နာ့သားကာလက်အား အပိုင်ပေးသည်နှင့်အညီ၊ 14 ဣသရေလလူမျိုး၏ဘုရားသခင်ထာဝရဘုရားကို စိတ်ပါကိုယ်ရောက်လိုက်ရှာသော ကေနတ် အမျိုးယေဖုန္နာ့သားကာလက်သည် ဟေဗြုန်ခင်တန်းကို ယနေ့တိုင်အပိုင်ရသတည်း။ 15 ဟေဗြုန်မြို့အမည်ဟောင်းကား အာနကအမျိုးသားတို့တွင် အကြီးအမှူးအာဘကိုအစွဲပြု လျက် ကိရယသာဘဟုတွင်သတည်း။ ပြည်တော်လည်း ရန်စစ်ငြိမ်းလေ၏။