10
1-2 ယေရိခေါဘုရင်နှင့် မြို့ကိုပြုသကဲ့သို့ အာဣဘုရင်နှင့်မြို့ကို ယောရှုသိမ်းယူမြေလှန်ကြောင်းကိုလည်းေကာင်း၊ အာဣမြို့ထက်မက မြို့တော်သဖွယ်ကြီးလျက် စစ်ခေါင်းမာသူပေါများသော ဂိဗောင်မြို့ သားတို့သည် ဣသရေလလူမျိုးနှင့်မိတ်ဖွဲ့၍ အတူနေကြကြောင်းကိုလည်းေကာင်း၊ ယေရုရှလင်ဘုရင်အဒေါနိ ဇေဒက်မင်းကြားသိကြောက်ရွံ့သဖြင့် ဟေဗြုန်ဘုရင်ဟောဟံ၊ ယာမုတ်ဘုရင်ပိရံ၊ လာခိရှဘုရင်ယာဖျာ၊ ဧဂလုန်ဘုရင်ဒေဗိရမင်းတို့ထံ ရာဇသံစေလွှတ်၍၊ ယောရှုမှစသောဣသရေလအမျိုးသားတို့နှင့်မိတ်ဖွဲ့သော ဂိဗောင်မြို့ကိုလုပ်ကြံရန် ချီတက်စစ်ကူကြပါလော့ဟု အမှာတော်အတိုင်း၊ ယေရုရှလင်ဘုရင်၊ ဟေဗြုန်ဘုရင်၊ ယာမုတ်ဘုရင်၊ လာခိရှဘုရင်၊ ဧဂလုန်ဘုရင်၊ ထိုအာမောရိ မင်းငါးပါးတို့စုပေါင်း၍ အလုံးအရင်းအပေါင်းတို့ပါ၊ ဂိဗောင်မြို့သို့ချီတက်စွဲရပ် တိုက်ခိုက်ကြရာ ဂိဗောင်မြို့သားတို့သည် ယောရှုတပ်ချသောဂိလဂါမြို့သို့စေလွှတ်၍ ကျွန်တော်မျိုးတို့ကိုရှုကြည့် လျက် နေတော်မမူပါလင့်။ အဆောတလျင်ချီတက်စစ်ကူကယ်မတော်မူပါ။ ခင်တန်းတစ်ေလျှာက်နေသော အာမောရိဘုရင်အပေါင်းတို့သည် ကျွန်တော်တို့ကိုစုပေါင်းတိုက်ခိုက်ကြပါပြီဟု လျှောက်ကြလေ၏။ 7-9 ထိုအခါ ယောရှုအား ထာဝရဘုရားက၊ မကြောက်လင့်။ ထိုရန်သူတို့ကိုသင့်လက်တွင်းသို့ ငါအပ် နှင်းပြီ။ မည်သူမျှသင့်ရှေ့၌ မခံရပ်နိုင်ရာဟု မိန့်တော်မူသည်နှင့်အညီ ယောရှုသည် စစ်ခေါင်းမာသူ၊ စစ်သားအပေါင်းတို့ပါ၊ ဂိလဂါလမြို့မှ ညဉ့်ချင်းရောက်ချီလျက်၊ 10 ရုတ်တရက်တိုက်ခိုက်သော်၊ ဣသရေလတပ်ရှေ့ ထာဝရဘုရားကစဉ့်ကရဲပြေးစေတော်မူသဖြင့် ဂိဗောင်မြို့အနီးလုပ်ကြံသတ်ဖြတ်၍ ဗေသောရုန်မြို့အတက်လမ်းဖြင့် အဇေကာ၊ မက္ကဒါမြို့များတိုင်အောင် လိုက်လံလုပ်ကြံလေ၏။ 11 ထိုသို့ဣသရေလတပ်ရှေ့ဗေသောရုန်မြို့ အဆင်းလမ်းဖြင့်ပြေးကြစဉ်၊ ထာဝရဘုရားသည် အဇေကာမြို့တိုင်အောင် လမ်းတစ်ေလျှာက်ကြီးစွာသော မိုးသီးများကို သွန်ချတော်မူသည်နှင့် မိုးသီးကြောင့် သေသူတို့သည် ဣသရေလအမျိုးသားတို့ဓားကြောင့် သေသည်ထက်များသတည်း။
12 ဣသရေလအမျိုးသားတို့ရှေ့ အာမောရိလူမျိုးကို ထာဝရဘုရားအပ်နှင်းတော်မူသောနေ့၌၊ ဣသရေလလူမျိုးတို့မျက်မှောက်တွင် ထာဝရဘုရားထံယောရှုက၊ အိုနေမင်း၊ ဂိဗောင်မြို့အထက်၌ လည်းေကာင်း၊ အိုလမင်း၊ အာယလုန်ချိုင့်၌လည်းေကာင်း၊ ရပ်တန့်ကြပါလော့ဟု လျှောက်သည့်အတိုင်း၊ 13 လူမျိုးတော်သည် ရန်သူတို့ကို လက်စားမချေရမချင်း၊ နေမင်းရပ်လျက်၊ လမင်းဆိုင်းသည်ဟု ယာရှာဧချင်းဖွဲ့ဆိုသည်နှင့်အညီ၊ နေသည်ဝင်မြဲမဝင်၊ ကောင်းကင်အလယ်နေ့သဖွယ်ရပ်တန့်၏။ 14 ထာဝရဘုရားသည် ဣသရေလလူမျိုးဘက်၌ စစ်တိုက်လျက်၊ လူ့စကားကိုနားညောင်းတော်မူ သောထိုနေ့ကဲ့သို့ ရှေ့၌မဖြစ်၊ နောက်၌လည်းမဖြစ်ဘူးချေ။ 15 ယောရှုသည် ဣသရေလတစ်တပ်လုံးနှင့်တကွ စွဲရပ်ရာဂိလဂါလမြို့သို့ပြန်ချီလေ၏။
16 ထိုဘုရင်မင်းငါးပါးတို့ပြေး၍၊ မက္ကဒါဥမင်၌ပုန်းနေကြရာ၊ 17 မက္ကဒါဥမင်တွင် ပုန်းနေသောမင်းငါးပါးကိုတွေ့ပါပြီဟု ယောရှုထံကြားလျှောက်လျှင်၊ 18 ယောရှုက ဥမင်ဝကိုကြီးစွာသောကျောက်များနှင့် လှိမ့်ပိတ်၍လူစောင့်ထားကြပြီးနောက်၊ 19 ရန်သူတို့ကို မဆိုင်းမလင့်လိုက်လံ၍၊ တွေ့မိသမျှသတ်ကြလော့။ ချင်းတို့မြို့သို့မဝင်စေလင့်။ သင်တို့ဘုရားသခင်ထာဝရဘုရားသည် ထိုသူတို့ကိုသင်တို့လက်တွင်းသို့ အပ်နှင်းတော်မူပြီဟု မိန့်မှာလေ၏။ 20 ထိုသို့ယောရှုမှစ၍ ဣသရေလအမျိုးသားတို့သည်၊ ရန်သူဟူသမျှကိုအဆုံးသတ်လုပ်ကြံ၍ ကြွင်းကျန်သူတို့လည်းခံတပ်မြို့များသို့ ခိုဝင်ကြသောအခါ၊ 21 စစ်သားအပေါင်းတို့သည်၊ ယောရှုတပ်ရွှေ့ရာမက္ကဒါမြို့သို့ ဘေးလွတ်စွာပြန်လာကြသော ကြောင့်၊ ဣသရေလအမျိုးသားတို့ကို မည်သူမျှမစမတင့်ဝံ့ချေ။ 22 ထိုနောက်ယောရှုက၊ ဥမင်ကိုဖွင့်၍ ဘုရင်ငါးပါးတို့ကို ငါ့ထံထုတ်ခဲ့ကြလော့ဟု မိန့်ဆိုသည့် အတိုင်း၊ 23 ယေရုရှလင်ဘုရင်၊ ဟေဗြုန်ဘုရင်၊ ယာမုတ်ဘုရင်၊ လာခိရှဘုရင်၊ ဧဂလုန်ဘုရင်မင်းငါးပါး တို့ကို ဥမင်မှယောရှုထံ ထုတ်သွင်းကြသောအခါ၊ 24 ယောရှုသည် ဣသရေလသူရဲအပေါင်းတို့ကို ခေါ်ပြီးလျှင်၊ နောက်ပါစစ်ကဲတို့အား ထိုဘုရင်တို့ လည်ကိုချဉ်း၍နင်းကြလော့ဟု မိန့်ဆိုသည့်အလျောက်၊ ချဉ်း၍နင်းကြရာ၊ 25 ယောရှုက၊ ကြောက်ရွံ့တုန်လှုပ်ခြင်းကင်းလျက်၊ အားယူ၍ရဲရင့်ကြလော့။ ထာဝရဘုရားသည် သင်တို့နှင့်စစ်တိုက်သောရန်သူဟူသမျှကို 26 ထိုသို့စီရင်တော်မူလိမ့်မည်ဟုဆိုပြီးမှ သေဒဏ်စီရင်၍ ကားတိုင်ငါးစင်ပေါ်တွင် ညဉ့်ဦးတိုင် တင်ထားစေ၏။ 27 နေဝင်ချိန်တွင် ယောရှုအမိန့်အရ၊ အလောင်းများကိုဖြုတ်၍၊ ပုန်းအောင်းခဲ့သော ဥမင်အတွင်းချထားပြီးလျှင် ဥမင်ဝကိုကြီးစွာသောကျောက်များဖြင့် ပိတ်ဆို့လျက် ယနေ့တိုင်တည်ရှိ သတည်း။
28 ထိုနေ့၌ ယောရှုသည်၊ မက္ကဒါမြို့ကို ဘုရင်မင်းပါသိမ်းယူ၍၊ ဓားဖြင့်လုပ်ကြံပြီးလျှင်၊ မြို့ရှိ လူအပေါင်းတို့ကို တစ်ယောက်မကျန်၊ မြေလှန်လျက် ယေရိခေါဘုရင်ကိုပြုသကဲ့သို့ မက္ကဒါဘုရင်ကို ပြုလေ၏။
29 ယောရှုသည်၊ ဣသရေလတစ်တပ်လုံးနှင့်တကွ မက္ကဒါမြို့မှ လိဗနမြို့သို့ချီတက်တိုက်ခိုက်ရာ၊ 30 ထိုမြို့နှင့်ဘုရင်မင်းပါ ဣသရေလလက်တွင်းသို့ ထာဝရဘုရားအပ်နှင်းတော်မူသဖြင့် မြို့ရှိ လူအပေါင်းတို့ကို တစ်ယောက်မကျန် ဓားဖြင့်လုပ်ကြံလျက် ယေရိခေါဘုရင်ကို ပြုသကဲ့သို့ ထိုဘုရင်ကိုလည်းပြုလေ၏။
31 ယောရှုသည် ဣသရေလတစ်တပ်လုံးနှင့်တကွ လိဗနမြို့မှလာခိရှမြို့သို့ချီတက်စွဲရပ်တိုက်ခိုက် ရာ၊ 32 ဣသရေလလက်တွင်းသို့ ထာဝရဘုရားအပ်နှင်းတော်မူသဖြင့် ဒုတိယနေ့သိမ်းယူသည့်ကာလ၊ လိဗနမြို့ကို ပြုသည့်နည်းတူ ထိုမြို့ရှိလူအပေါင်းတို့ကို ဓားဖြင့်လုပ်ကြံလေ၏။ 33 ​ဂေဇာဘုရင်ဟောရံမင်းသည် စစ်ကူရန် လာခိရှမြို့သို့ချီလာသော်၊ ထိုမင်းနှင့်ဘက်ပါအပေါင်း တို့ကို တစ်ယောက်မကျန်၊ ယောရှုလုပ်ကြံလေ၏။
34 ယောရှုသည် ဣသရေလတစ်တပ်လုံးနှင့်တကွ လာခိရှမြို့မှ ဧဂလုန်မြို့သို့ချီတက်စွဲရပ်တိုက် ခိုက်ရာ၊ နေ့ချင်းသိမ်းယူပြီးလျှင်၊ 35 လာခိရှမြို့ကိုပြုသည့်နည်းတူ၊ ဓားဖြင့်လုပ်ကြံလျက် မြို့ရှိလူအပေါင်းတို့ကို မြေလှန်လေ၏။
36 ယောရှုသည် ဣသရေလတစ်တပ်လုံးနှင့်တကွ 37 ဧဂလုန်မြို့မှဟေဗြုန်မြို့သို့ ချီတက်တိုက်ခိုက်ရာ သိမ်းယူပြီးလျှင်၊ ဘုရင်မင်းမှစ၍ မြို့ရွာလူအပေါင်းတို့ပါ ဓားဖြင့်လုပ်ကြံလျက်၊ ဧဂလုန်မြို့ကိုပြုသည့်နည်းတူ မြို့ရှိလူအပေါင်းတို့ကို တစ်ယောက်မကျန်၊ မြေလှန်လေ၏။
38 ယောရှုသည် ဣသရေလတစ်တပ်လုံးနှင့်တကွ၊ ဒေဗိရမြို့သို့လှည့်ချီတိုက်ခိုက်ရာ၊ 39 ဘုရင်မင်းနှင့်မြို့ရွာရှိသမျှပါ၊ သိမ်းယူပြီးလျှင် မြို့ရွာရှိလူအပေါင်းတို့ကို တစ်ယောက်မကျန်၊ ဓားဖြင့်လုပ်ကြံမြေလှန်လျက်၊ ဟေဗြုန်မြို့ကိုလည်းေကာင်း၊ လိဗနဘုရင်နှင့်မြို့ကိုလည်းေကာင်း၊ ပြုသကဲ့သို့ ဒေဗိရ ဘုရင်နှင့်မြို့ကိုပြုလေ၏။
40 ထိုသို့ယောရှုသည် ခင်တန်း၊ နေဂပ်ခရိုင်၊ ရုဖေလာခရိုင်၊ တောင်စောင်း၊ ပြည်တစ်ေလျှာက်လုံးကို ဘုရင်မင်းများပါ လုပ်ကြံလျက်၊ ဣသရေလလူမျိုး၏ဘုရားသခင်ထာဝရဘုရားမိန့်တော်မူသည့်အ တိုင်း၊ ဇီဝသက်ရှိသူအပေါင်းတို့ကို တစ်ယောက်မကျန် မြေလှန်လျက်၊ 41 ကာဒေရှဗာနာမြို့မှ ဂါဇမြို့တိုင်အောင်လည်းေကာင်း၊ ဂိဗောင်မြို့ရောက်ဂေါရှင်တစ်နယ်လုံးကိုလည်းေကာင်း၊ လုပ်ကြံ၏။ 42 ဣသရေလလူမျိုး၏ ဘုရားသခင်ထာဝရဘုရားသည် ဣသရေလလူမျိုးဘက်၌ စစ်တိုက်တော် မူသောကြောင့် ဆိုခဲ့သောဘုရင်မင်းများနှင့် ပိုင်သောပြည်ပါ 43 တစ်ပြိၖၗုင်နက်အောင်မြင်ပြီးမှ ယောရှုသည် ဣသရေလတစ်တပ်လုံးနှင့်တကွ၊ စွဲရပ်ရာ ဂိလဂါလမြို့ သို့ပြန်ချီလေ၏။