50
ခါလဒဲပြည်နှင့် ဗာဗုလုန်မြို့ကိုရည်လျက်၊ ပရောဖက်ယေရမိဖြင့် ထာဝရဘုရားမိန့်တော်မူသောဗျာဒိတ်တော်ကား၊ 2-3 ဗာဗုလုန်မြို့သည်သိမ်းယူခြင်း၊ ဗေလဘုရားသည်အရှက်ကွဲခြင်း၊ မေရောဒပ်ဘုရားလည်းလှုပ်ရှားခြင်းခံရပြီ။ ဆိုင်ရာရုပ်ပွားဆင်းတုများသည်၊ အရှက်ရ၍ လှုပ်ရှားခံရပြီ။ မြောက်ပိုင်းမှချီတက်လာသောလူမျိုးသည်၊ ထိုပြည်ကိုဆိတ်ညံရာဖြစ်စေသဖြင့်၊ လူသူတိရစ္ဆာန်ထွက်သွားကြပြီဟု၊ လူမျိုးခြားတို့တွင်အလံစိုက်ထူလျက်၊ မထိမ်မချန်ကြော်ငြာဖော်ပြကြလော့။ ထိုထိုနေ့ရက်ကာလ၌၊ အတူပြန်လာသောဣသရေလအမျိုးသားနှင့် ယုဒအမျိုးသားတို့သည်ငိုကြွေးလိုက်ေလျှာက်လျက်၊ ကိုယ့်ဘုရားသခင်ငါထာဝရဘုရားကိုရှာဖွေခြင်း၊ ထာဝရဘုရားထံမမေ့မလျော့နိုင်သော ထာဝရပဋိညာဉ်အားဖြင့်၊ တိုးဝင်မှီဝဲကြကုန်အံ့ဟုနှိုးဆော်လျက်၊ ဤပြည်သို့မျက်နှာမူ၍၊ ဇိအုန်မြို့ကိုလိုက်ရှာခြင်း၊ ပြုကြလတ္တံ့ဟု ထာဝရဘုရားမိန့်တော်မူ၏။ ငါ၏လူမျိုးသည် ပျောက်သွားသောသိုးအုပ်ဖြစ်၏။ အထိန်းအကျောင်းတို့လမ်းလွဲစေသဖြင့်၊ တောင်တန်းသို့လှည့်သွားလျက်၊ ဝပ်နေရာအရပ်ကိုမေ့လျော့၍၊ တစ်တောင်မှတစ်ကုန်းသို့သွားလေ့ရှိကြ၏။ တွေ့ကြုံသမျှသောရန်ဘက်တို့က၊ ဖြောင့်မတ်ခြင်းတည်နေရာ၊ ဘိုးဘေးတို့စောင့်ေမျှာ်ရာထာဝရဘုရားအား၊ ချင်းတို့ပြစ်မှားကြသည့်အတွက်၊ ငါတို့သည်ပြစ်ဒဏ်မခံထိုက်ဟုဆိုလျက်၊ ကိုက်စားကြလေပြီ။ ဆိတ်ထီးသဖွယ်၊ ဆိတ်အုပ်ရှေ့ဦးတည်လျက်၊ ဗာဗုလုန်မြို့မှပြေး၍၊ ခါလဒဲပြည်ကထွက်သွားကြလော့။
အသို့ဆိုသော်၊ မြောက်ပြည်မှ ဗာဗုလုန်မြို့ပေါ်သို့ငါဆော်ဩသဖြင့်၊ ချီတက်သောမဟာလူမျိုးတို့အလုံးအရင်းသည်၊ ထိုမြို့ရှေ့ခင်းကျင်းပြီးလျှင်၊ အချည်းနှီးမပြန်သော၊ စွမ်းရည်ရှိသူရဲကောင်းတို့မြှားပါလျက်၊ သိမ်းယူကြသဖြင့်၊ 10 ခါလဒဲပြည်သည်လုယူရာဖြစ်လျက်၊ လုယက်သူတို့ရောင့်ရဲကြလိမ့်မည်။ 11 ငါ့ပိုင်ရာကိုလုယက်သူသင်တို့သည်၊ စပါးနယ်သောနွားမတန်းသဖွယ်မြူးလျက်၊ မြင်းသဖွယ်ဟီလျက်၊ အားရရွှင်လန်းကြသော်လည်း၊ 12 ဖွားမြင်သောမိခင်သည်၊ အလွန်ကျိုးယုတ်ရှက်ကွဲ၍၊ အယုတ်ဆုံးသောလူမျိုး၊ သွေ့သောကန္တာရ၊ ခြောက်သောလွင်ပြင်၊ ဖြစ်လိမ့်တကား။ 13 ငါထာဝရဘုရား၏အမျက်တော်ကြောင့်၊ ဗာဗုလုန်မြို့ကိုသီသွားသူတိုင်း၊ ဒဏ်ချက်များကိုထောက်၍၊ အံ့အားသင့်လျက်ပြက်ရယ်ပြုရသည့်တိုင်အောင်၊ မတည်တံ့ဘဲ၊ ဆိတ်ညံရာသက်သက်ဖြစ်လိမ့်မည်ဟု၊ ထာဝရဘုရားမိန့်တော်မူ၏။
14 လေးကိုင်တင်သော သူရဲအပေါင်းတို့၊ ထာဝရဘုရားအားပြစ်မှားသောဗာဗုလုန်မြို့ကိုဝန်းဝိုင်းခင်းကျင်း၍၊ မြှားကိုမနှမြောဘဲပစ်လျက်၊ 15 ပတ်လည်အောင်သံပြုကြလော့။ ထိုမြို့သည်လက်အောက်ခံပြီ။ မြို့ရိုးနှင့်အထောက်အခံများပါပျက်ယွင်းပြိုလဲပြီ။ ထာဝရဘုရားလက်စားချေတော်မူရာဖြစ်သောကြောင့်၊ ချေကြလော့။ ပြုဘူးသည့်အတိုင်း၊ တုံ့ပြန်ကြလော့။ 16 မျိုးကြဲသူ့ကိုလည်းေကာင်း၊ ရိတ်သိမ်းသောကာလ၊ တံစဉ်ကိုင်သူ့ကိုလည်းေကာင်း၊ ဗာဗုလုန်မြို့မှပယ်ရှားကြလော့။ ရက်စက်သောဓားဘေးအတွက်၊ အသီးအသီးတို့သည်၊ အမျိုးသားချင်းရှိရာလှည့်၍၊ နေရင်းပြည်သို့ပြေးသွားကြလတ္တံ့။
17 ဣသရေလလူမျိုးသည်၊ ခြင်္သေ့ချောက်နှင်၍ကွဲလွင့်သောသိုးအုပ်သဖွယ်ဖြစ်၏။ ဦးစွာအာရှုရိဘုရင်ကိုက်စားလျက်၊ နောက်ဗာဗုလုန်ဘုရင်နေဗုခဒ်နေဇာမင်းအရိုးကိုက်ဝါးဆဲရှိသောကြောင့်၊ 18 ဗိုလ်ခြေတို့အရှင်ထာဝရဘုရား၊ ဣသရေလလူမျိုး၏ဘုရားသခင်က၊ အာရှုရိဘုရင်ကိုငါဒဏ်ခတ်ခဲ့သည့်နည်းတူ ဗာဗုလုန်ဘုရင်ကိုတိုင်းပြည်ပါ၊ ဒဏ်ခတ်၍၊ 19 ဣသရေလလူမျိုးကိုခြံရင်းသို့ ငါပြန်ပို့မည်နှင့်အညီ၊ ကာရမေလတောင်၊ ဗာရှာတောင်ပေါ်တွင်လည်းေကာင်း၊ ဧဖရိမ်နယ်၊ ဂိလဒ်နယ်ရှိ ခင်တန်းပေါ်တွင်လည်းေကာင်း၊ ကျက်စားလျက်အာရုံပြေရကြလိမ့်မည်။ 20 ငါထာဝရဘုရားမိန့်ဆိုသည့်အတိုင်း၊ ထိုနေ့ရက်ကာလ၌ အကြွင်းအကျန်အဖြစ်ငါထားမည့်သူတို့ကို ချမ်းသာပေးသဖြင့်၊ ဣသရေလအမျိုး၏ဒုစရိုက်၊ ယုဒအမျိုး၏အပြစ်များကိုရှာသော်လည်း၊ တွေ့ကြမည်မဟုတ်ဟုမိန့်တော်မူ၏။
21 မေရသိမ်ပြည်နှင့်ပေကုပ်နယ်သားတို့ကို၊ ချီတက်လုပ်ကြံမြေလှန်လျက်၊ ငါမိန့်မှာသမျှအတိုင်းပြုလော့။ 22 ထိုပြည်၌စစ်တိုက်ဖျက်ဆီးပယ်ရှားသံကို ကြားရသည်တကား။ 23 မြေတစ်ပြင်လုံးကိုချေသောတူကြီးသည်၊ ကွဲပဲ့ကြေမွပြီတကား။ ဗာဗုလုန်မြို့သည်၊ လူမျိုးခြားတို့တွင်အံ့ဖွယ်သရဲဖြစ်ပြီတကား။ 24 အိုဗာဗုလုန်မြို့၊ သင့်ရှေ့တွင်ညွတ်ကွင်းကို ငါထောင်ထားသဖြင့်၊ အမှတ်မဲ့သင်မိလေပြီ။ ငါထာဝရဘုရား၏တစ်ဘက်ထကြွသောကြောင့်၊ ဆုံတွေ့၍သိမ်းယူခံရလေ ပြီဟု၊ ထာဝရဘုရားမိန့်တော်မူ၏။ 25 ဗိုလ်ခြေတို့အရှင်ထာဝရဘုရားသခင်သည်၊ ခါလဒဲပြည်တွင်စီရင်ရန်အမှုရှိသည်နှင့်အညီ၊ လက်နက်တိုက်တော်ကိုဖွင့်လျက်၊ အမျက်တော်ဆိုင်ရာလက်နက်များကို ထုတ်တော်မူရကား၊ အရပ်ရပ်မှချီတက်၍၊ 26 စပါးကျီများကိုဖွင့်ပြီးလျှင်၊ မြို့ကိုအကြွင်းမဲ့မြေလှန်လျက်၊ အမှိုက်ပုံဖြစ်စေကြလော့။ 27 နွားဥဿဘ သဖွယ်ဖြစ်သူတို့ကိုလုပ်ကြံ၍ ကွပ်မျက်ခံကြစေ။ ဒဏ်စီရင်ခြင်းခံရာနေ့ရက်ကာလရောက်ပြီဖြစ်သောကြောင့်၊ အကျိုးနည်းလေစွ။ 28 ဗိမာန်တော်အတွက်၊ ငါတို့ဘုရားသခင်ထာဝရဘုရား၏လက်စားချေတော်မူခြင်း အကြောင်း၊ ဇိအုန်မြို့၌ကြော်ငြာကြအံ့သောငှာ၊ ဗာဗုလုန်မြို့မှထွက်ပြေးလွတ်မြောက်သူတို့ဟစ်သံကို ကြားရသည်တကား။ 29 ဗာဗုလုန်မြို့တစ်ဘက်၊ လေးကိုင်တင်သောသူရဲအပေါင်းတို့ကိုခေါ်ပြီးလျှင်၊ ဝန်းဝိုင်း၍ တပ်စွဲကြလော့။ ထွက်လွတ်ခွင့်မပေးဘဲ၊ အပြုအမူအလိုက်ဆပ်ပေးခြင်း၊ ပြုမူသမျှ အတိုင်းတုံ့ပြန်ခြင်းပြုကြလော့။ ဣသရေလလူမျိုး၏ သန့်ရှင်းသောအရှင်ထာဝရဘုရားရှေ့တော်၌၊ မောက်မာလေပြီ။ 30 သို့နှင့်အညီ၊ လက်ရွေးသူတို့သည်၊ လမ်းဆုံများ၌ကျဆုံးခြင်း၊ စစ်သူရဲအပေါင်းတို့လည်း၊ ပယ်ရှားခြင်းကို၊ ထိုနေ့ရက်ခံရကြလတ္တံ့ဟု ထာဝရဘုရားမိန့်တော်မူ၏။ 31 အိုမောက်မာသောမြို့၊ ငါဒဏ်ခတ်ရာနေ့ရက်ကာလရောက်ပြီ။ သင့်တစ်ဘက်၌ငါနေ၏။ 32 မောက်မာသောသင်သည်၊ ထောက်မသူကင်းလျက်၊ ခလုတ်ထိ၍ပြိုလဲပြီ။ ပတ်လည်ရှိသမျှကျွမ်းလောင်ရန်မီးကို၊ မြို့ရွာများတွင်ငါမွေးမည်ဟု၊ ဗိုလ်ခြေတို့အရှင်ထာဝရဘုရားသခင်မိန့်တော်မူ၏။
33 ဗိုလ်ခြေတို့အရှင်ထာဝရဘုရားမိန့်တော်မူသည်မှာ၊ ဣသရေလအမျိုးသားနှင့်ယုဒအမျိုးသားတို့သည်၊ အတူညှဉ်းပန်းခံရကြပြီ။ သုံ့ပန်းသူအပေါင်းတို့သည်၊ ထွက်လွတ်ခွင့်မပေးဘဲ၊ ထားမြဲထားကြသော်လည်း၊ 34 ဗိုလ်ခြေတို့အရှင်ထာဝရဘုရားဟုနာမရှိလျက်၊ ရွေးနုတ်သောငါသည်၊ တန်ခိုးကြီးသဖြင့်၊ တစ်လောကလုံးအားငြိမ်သက်ခြင်း၊ ဗာဗုလုန်မြို့သူမြို့သားတို့အားတုန်လှုပ်ခြင်းကို၊ ပေးအံ့သောငှာ၊ လူမျိုးတော်ဘက်၌ချေပမည်။ 35 ငါထာဝရဘုရားမိန့်ဆိုသည့်အတိုင်း၊ ခါလဒဲပြည်သားတို့အပေါ်သို့လည်းေကာင်း၊ ဗာဗုလုန်မြို့သားတို့နှင့်တကွမှူးမတ်များ၊ ပညာရှိများတို့အပေါ်သို့လည်းေကာင်း၊ ဓားဘေးသင့်ရောက်ပြီ။ 36 မိစ္ဆာပရောဖက်တို့အပါ်သို့ဓားဘေးသင့်ရောက်သဖြင့်၊ ရူးသွပ်ကြလတ္တံ့။ သူရဲကောင်းတို့အပေါ်သို့ဓားဘေးသင့်ရောက်သဖြင့်၊ တုန်လှုပ်ကြလတ္တံ့။ 37 မြင်းတပ်၊ ရထားတပ်၊ ပြည်ရှိမျိုးကွဲတပ်များအပေါ်သို့ဓားဘေးသင့်ရောက်စေသဖြင့်၊ မိန်းမသူရဲဘောရှိကြလတ္တံ့။ အစီးအပွားအပေါ်သို့ဓားဘေးသင့်ရောက် သဖြင့်၊ အလုအယက်ခံရလတ္တံ့။ 38 မြစ်ချောင်းများပေါ်သို့ မိုးခေါင်ဘေးသင့်ရောက်သဖြင့်၊ ခန်းခြောက်လတ္တံ့။ အသို့ဆိုသော်၊ ထိုပြည်၌ရုပ်ပွားများပြားသည့်အလျောက်၊ ကြောက်မက်ဖွယ်ဆင်းတုများကြောင့်၊ ရူးသွပ်ကြလေပြီ။ 39 သို့နှင့်အညီ၊ တောခွေးမှစ၍၊ သားရဲများနှင့် ငှက်ကုလားအုပ်များအောင်းနေလျက်၊ နေထိုင်သူ၊ တည်းခိုသူသည်၊ လူမျိုးအဆက်ဆက်၊ ကာလအစဉ်ရှိတော့မည်မဟုတ်။ 40 ငါဘုရားသခင်ဖြိုလှဲခဲ့သောသောဒုံ၊ ဂေါမောရမှစ၍၊ နီးစပ်သောမြို့ရွာများနည်းတူ၊ ထိုပြည်တွင်နေထိုင်သူလူသတ္တဝါ၊ တည်းခိုသူလူ့သားရှိတော့မည်မဟုတ်။ 41 တန်ခိုးကြီးသောလူမျိုးသည်၊ ဘုရင်မင်းအမြောက်အမြားပါ၊ နှိုးဆော်တော်မူခြင်းခံလျက်၊ မြောက်ပိုင်းမြေစွန်းမှချီလာ၍၊ 42 ရက်စက်သောသဘော၊ ကရုဏာကင်းသောသဘောရှိသည့်အလျောက်၊ လေး၊ လှံလက်နက်စွဲကိုင်လျက်၊ လှိုင်းတံပိုးသဖွယ်၊ မြင်းအလုံးအရင်းစီးလာကြရာ၊ သတို့ သမီးဗာဗုလုန်ဖြစ်သောသင့်ကိုစစ်တိုက်ကြရန်၊ သူရဲကောင်းဘာဝ၊ အသီးအသီးတို့ခင်းကျင်းကြသည်တကား။ 43 ဗာဗုလုန်ဘုရင်သည်၊ ထိုလူမျိုးသတင်းကိုကြား၍ လက်လျော့လေပြီ။ မီးဖွားသောမိန်းမကဲ့သို့ ဝေဒနာခံစား၍ နာကျင်လှလေပြီ။ 44 မင်းတစ်ပါးသည်၊ ယော်ဒန်ပိတ်ပေါင်းမှ၊ ခြင်္သေ့သဖွယ်၊ တည်မြဲသော နေရာသို့ချီတက်၍၊ ပြည်သားတို့ကို ရုတ်ခြင်း ငါပြေးစေသဖြင့်၊ ရွေးချယ်သူ့ကိုထိုပြည်ပေါ်တွင် ငါခန့်ထားမည်။ ငါနှင့်တူသောသူ၊ ငါ့အားချိန်းချက်ဝံ့သူ၊ ရှေ့တော်တွင်ခံရပ်နိုင်သော 50.44 ပါဠိၒ ၒ- အထိန်းအေကြာင်းမင်းကား၊ မည်သူနည်း။ 45-46 သိုးသားငယ်သဖွယ် ဖြစ်သောထိုလူမျိုးကို ရန်သူတို့ဆွဲငင်သဖြင့်၊ နေရာအရပ်ကိုအံ့ဖွယ်သရဲမုချဖြစ်စေမည်။ ဗာဗုလုန်မြို့ကိုသိမ်းယူပြီဟူသောသတင်းကြောင့်၊ မြေပထဝီလှုပ်ရှားလျက်၊ လူမျိုးခြားတို့တွင် အော်ဟစ်သံကိုကြားရသည်တကားဟု၊ ဗာဗုလုန်မြို့နှင့် ခါလဒဲပြည်အပေါ်တွင်၊ ငါထာဝရဘုရားကြံစည်ပြဋ္ဌာန်းတော်မူချက်ကိုနာခံ ကြလော့ ဟူ၍မိန့်တော်မူ၏။