33
1 နှောင်အိမ်မြို့ရိုးငယ့်အတွင်းအချုပ်ခံရသေးသူယေရမိသို့၊ ဒုတိယအကြိမ်ရောက်လာသောထာဝရဘုရား၏ ဗျာဒိတ်တော်ကား။
2 ေယဟောဝါဟုနာမရှိလျက်စီရင်သောထာဝရဘုရား၊ ပြဋ္ဌာန်း၍အတည်ပြုသော ငါထာဝရဘုရားက၊
3 သင်ဟစ်ခေါ်လျှင်၊ ငါထူး၍ကြီးမြတ်သောအရာ၊ သင်မသိသေးသောထိမ်ချန်ရာများကိုဖော်ပြမည်ဟုကတိထား၏။
4 သို့နှင့်အညီ၊ ဓားလက်နက်နှင့်ကတုတ်များကိုကန့်ကွက်ရန်၊ ဖြိုလှဲသောယုဒဘုရင်တို့နန်းဆောင်များ၊ ဤမြို့ရှိတိုက်အိမ်များနှင့်စပ်လျဉ်း၍၊ ဣသရေလလူမျိုး၏ဘုရား သခင်၊ ငါထာဝရဘုရားက၊
5 ခါလဒဲတပ်သားတို့ကိုချဉ်းဝင်ပြိုင်ဆိုင်ကြရာ၊ အမျက်ဒေါသဖြင့် ငါကွပ်မျက်၍၊ ဆိုးသွမ်းခြင်းကြောင့်၊ ဤမြို့မှမျက်နှာတော်လွှဲစေသူတို့၏အသေကောင်များနှင့်အပြည့် ရှိသော်လည်း၊
6 ငါသည် ဤမြို့ကိုခိုင်မာအောင်ကုသမည့်ပြင်၊ မြို့သူမြို့သားတို့ကိုလည်းကုသလျက်၊ ဘေးလွတ်ခွင့်၊ တည်မြဲခွင့်၊ ကြွယ်ဝစွာေဖာ်ပြသည့်အတိုင်း၊
7 သုံ့ပန်းခံရသောယုဒနှင့်ဣသရေလလူမျိုးကိုပြန်ပို့၍ ယမန်ကဲ့သို့တည်ထောင်ပြီးလျှင်၊
8 ငါ့အားပြစ်မှားသမျှသောဒုစရိုက်ကိုစင်ကြယ်စေ၍ ပြစ်မှားလွန်ကျူးသမျှသောဒုစရိုက်များကိုပင်ဖြေလွှတ်သဖြင့်၊
9 ပြုစုသမျှသောသုခနှင့်စည်းစိမ်ချမ်းသာကိုကြားသိ၍၊ ကြောက်ရွံ့တုန်လှုပ်ကြအံ့သော၊ မြေပေါ်ရှိလူအမျိုးမျိုးတို့ရှေ့၊ ငါ့အဖို့ရွှင်လန်းဖွယ်သညာတော်၊ ဘုန်းတော်ဂုဏ်တော် ဖြစ်လတ္တံ့ဟုမိန့်ဆို၏။
10 ငါထာဝရဘုရားကလည်း၊ လူသူတိရစ္ဆာန်မဲ့ဖုန်းဆိုးကုန်းဖြစ်ပြီဟူ၍ဆိုကြသော၊ နေထိုင်သူလူတိရစ္ဆာန်မဲ့ဆိတ်ညံရာရောက်သောယုဒပြည်ရှိမြို့ရွာများ၌လည်းေကာင်း၊ ယေရုရှလင် မြို့ရှိလမ်းများ၌လည်းေကာင်း၊
11 သုံ့ပန်းခံရသောပြည်သူပြည်သားတို့ကို၊ ဗျာဒိတ်အတိုင်းယမန်အဖြစ်၊ ငါပြန်ပို့မည်နှင့်အညီ၊ အားရရွှင်လန်းသံ၊ မင်္ဂလာဆောင်သတို့သားသတို့သမီးတို့ကြွေးကြော်သံ၊ ထာဝရဘုရားသည် ကောင်းမြတ်တော်မူ၍၊ ကာလအစဉ်ကရုဏာတော်တည်သောကြောင့်၊ ဗိုလ်ခြေတို့အရှင်ထာဝရဘုရား၏ကျေးဇူးတော်ကိုချီးမွမ်းကြလော့ဟူ၍ ဩဘာပြုသံ၊ ဗိမာန်တော်သို့ ချီးမွမ်းရာသက္ကာဆက်သွင်းသံများကို ကြားရဦးမည်ဟု မိန့်ဆို၏။
12 တစ်ဖန်၊ ဗိုလ်ခြေတို့အရှင်ငါထာဝရဘုရားက၊ လူသူတိရစ္ဆာန်မဲ့ဖုန်းဆိုးကုန်းဖြစ်သောဤပြည်၌လည်းေကာင်း၊ မြို့ရွာရှိသမျှ၌လည်းေကာင်း၊ သိုးအုပ်များကိုဝပ်စေသောအထိန်းအကျောင်းတို့၏နေရာများဖြစ်ပြန်သည့်ပြင်၊ ခင်တန်း၊ ချိုင့်ဝှမ်းရာနေဂပ်အရပ်များရှိမြို့ရွာ၊
13 ဗင်္ယာမိန်နယ်၊ ယေရုရှလင်မြို့ပတ်လည်ဇနပုဒ်၊ ယုဒပြည်မြို့ရွာများ၌သိုးဆိတ်များသည် ရေတွက်သူ၏လက်အောက်စီးသွားကြဦးမည်ဟုမိန့်ဆို၏။
14 ငါထာဝရဘုရားကလည်း၊ ဣသရေလနှင့်ယုဒအမျိုးသားတို့ကိုရည်လျက်၊ ငါထားခဲ့သောကတိတော်မြတ်ကိုအတည်ပြုမည့်နေ့ရက်ကာလရောက်တော့မည်။
15 ထိုနေ့ရက်ကာလ ပြည်တော်တွင်တရားသဖြင့်စီရင်ဆုံးဖြတ်မည့်၊ ဖြောင့်မတ်သောအေညှာက်ကို ဒါဝိဒ်မင်းအဆက်၌ငါပေါက်စေမည်။
16 ထိုကာလ၊ ယုဒအမျိုးသည်ဘေးလွတ်လျက် ယေရုရှလင်မြို့လည်းလုံခြုံလျက်နေရသဖြင့် ငါတို့ဖြောင့်မတ်ရာဖြောင့်မတ်ကြောင်းထာဝရဘုရားပေတည်းဟု သမုတ်ခံရလတ္တံ့။
17 အသို့ဆိုသော်ငါထာဝရဘုရား၏ဗျာဒိတ်အတိုင်း၊ ဣသရေလရာဇပလ္လင်ထက်စံရသောဒါဝိဒ်မင်းမျိုးမပြတ်ရ။
18 ရှေ့တော်တွင်မီးရှို့ရာသက္ကာဆက်ကပ်ခြင်း၊ ဘောဇဉ်သက္ကာပူဇော်ခြင်း၊ မိတ်သဟာယသက္ကာစီရင်ခြင်းများကို အစဉ်ပြုရသောလေဝိဂိုဏ်းသားပရောဟိတ်မျိုးလည်းမပြတ်ရဟု မိန့်ဆိုသည်ဟူ၍တည်း။
19 ယေရမိသို့ရောက်ပြန်သောထာဝရဘုရား၏ဗျာဒိတ်တော်ကား၊
20 ငါထာဝရဘုရားက၊ အခါသမယ၌နေ့ညဉ့်မခြားအောင် နေ့ညဉ့်နှင့်ဆိုင်ရာပဋိညာဉ်တော်များကိုပယ်ဖျက်နိုင်ကြလျှင်၊
21 ကျွန်တော်ရင်းဒါဝိဒ်၏နန်းဆက်ရန်မင်းမျိုးပြတ်အောင်၊ ဒါဝိဒ်မင်းနှင့်လည်းေကာင်း၊ အမှုတော်ဆောင်ဖြစ်သောလေဝိဂိုဏ်းသားပရောဟိတ်တို့နှင့်လည်းေကာင်း၊ ငါဖွဲ့ခဲ့သောပဋိညာဉ်တော်ပျက်လိမ့်မည်။
22 ရေတွက်၍မရသောကမ္ဘာ့တန်ဆာ၊ ခြင်တွယ်၍မရသော သမုဒ္ဒရာသဲလုံးနှင့်အမျှ ကျွန်တော်ရင်းဒါဝိဒ်၏အဆက်အနွယ်၊ အမှုတော်ကိုဆောင်ရွက်သော လေဝိဂိုဏ်း သားတို့ကို ငါများပြားစေမည်ဟူ၍တည်း။
23 တစ်ဖန်၊ ယေရမိသို့ရောက်လာသောထာဝရဘုရား၏ဗျာဒိတ်တော်ကား။
24 ရွေးချယ်တော်မူခဲ့သောလူနှစ်နွယ်ကိုထာဝရဘုရားစွန့်ပစ်တော်မူလေပြီဟူ၍ လူမျိုးအဖြစ်ဆက်လက်မထင်မမှတ်ဘဲ၊ လူမျိုးတော်ကိုမထီလေးစားပြုလျက်ဆိုကြသော လူမျိုး၏စကားကိုမစဉ်းစားသလော။
25 ငါထာဝရဘုရားက၊ နေ့ညဉ့်နှင့်ဆိုင်ရာ ပဋိညာဉ်တော်မတည်လျှင်လည်းေကာင်း၊ မိုးမြေ၏ဓမ္မတာတရားကိုငါမစီမံလျှင်လည်းေကာင်း၊
26 ယာကုပ်အဆက်အနွယ်ကိုစွန့်ပယ်၍၊ အာဗြဟံ၊ ၕဣဇာက်နှင့်ယာကုပ်အဆက်အနွယ်တို့အပေါ်တွင် မင်းမြှောက်ရန်မရွေးကောက်ဘဲ၊ ကျွန်တော်ရင်းဒါဝိဒ်၏အဆက်အနွယ်ကို စွန့်ပယ်မည်။ မုချဆိုသော်၊ သုံ့ပန်းခံရာထိုသူတို့ကိုပြန်လာစေလျက်၊ ကရုဏာသက်မည်ဟူ၍တည်း။