3
တစ်ဖန်၊ ဗျာဒိတ်တော်ကိုငါခံရသည်မှာ၊ ယောက်ျားစွန့်ပစ်သောမိန်းမသည်၊ ထွက်သွား၍အိမ်ထောင်ပြုပြန်လျှင်၊ အထက်ယောက်ျားပြန်သိမ်းသင့်သလော။ နေပြည်သည် ယုတ်ညံ့ညစ်ညူးရာရောက်မည်မဟုတ်တုံလော။ သင်သည် များစွာသောသင့်မြတ်သူတို့နှင့် ပြည်တန်ဆာလုပ်လျက်ပင်၊ ငါ့ထံသို့ပြန်လာခွင့်ရမည်လောဟု၊ ငါထာဝရဘုရား မိန့်ဆို၏။ ကုန်းထိပ်များသို့မော်ကြည့်လျက်၊ မသင့်မြတ်ဘူးသောနေရာတစ်ရပ်ကို တွေ့နိုင်သလော။ သဲတောနေအာရပ်ဓားပြအလိုက်၊ သင်သည်လမ်းခရီး၌ချောင်းကြည့်လျက် နေရာ၊ မှားယွင်းမှု၊ ဆိုးသွမ်းမှုများဖြင့် နေပြည်ကိုညစ်ညူးစေခဲ့ပြီဖြစ်၍၊ မိုးဦး၊ မိုးနှောင်းခေါင်သော်လည်း၊ ပြည်တန်ဆာ၏နဖူးသဖွယ်ပြောင်တိုက်၍ ရှက်ကြောက်ခြင်းမရှိချေ။ သင်က အိုအဘ၊ ကိုယ်တော်သည် အကျွန်ုပ်၏ငယ်ပေါင်းဖြစ်တော်မူပါပြီ။ အမျက်တော်ကိုအမြဲထားတော်မူမည်လော။ အစဉ်စိတ်ရှိတော်မူမည်လောဟု ယခုကပင် ငါ့အားဟစ်သည်မဟုတ်လော။ ထိုသို့ဟစ်သော်လည်း၊ ဆိုးသွမ်းမှုကိုပြုလျက်၊ ကြံတိုင်းအောင်ခဲ့လေပြီတကားဟု မိန့်တော်မူ၏။
ယောရှိမင်းလက်ထက်၊ ငါ့အားထာဝရဘုရားထပ်မံမိန့်တော်မူသည်မှာ၊ ဖောက်ပြန်သူဣသရေလပြုကျင့်ခဲ့သည်ကို သိမြင်ပြီလော။ အရပ်ရပ်ရှိမြင့်လှသောတောင်ပေါ်၊ စိမ်းလန်းသောသစ်ပင်အောက်များသို့သွား၍ ပြည်တန်ဆာလုပ်ခဲ့လေစွ။ ထိုအမှုရှိသမျှကို​ပြုပြီးသည့်နောက်၊ ငါ့ထံပြန်လာလိမ့်မည်ဟု ငါမြော်လင့်သော်လည်း၊ မပြန်မလာ။ သစ္စာမဲ့သူညီမယုဒလည်း ဖောက်ပြန်သူဣသရေလမှားယွင်းခဲ့သည့်အတွက်၊ ငါစွန့်ပစ်၍ ဖြတ်စာပေးသည်ကိုသိမြင်လျက်၊ ထိုသစ္စာမဲ့သူညီမယုဒပင်၊ ရှက်ကြောက် ခြင်းကင်း၍၊ ပြည်တန်ဆာလုပ်ရန်ထွက်သွားပြီးလျှင်၊ လော်လည်သောပြည်တန်ဆာလုပ်မှုဖြင့်လည်း‌ေကာင်း၊ ကျောက်ရုပ်သစ်ရုပ်များနှင့် မှားယွင်းမှုဖြင့်လည်း‌ေကာင်း၊ နေပြည်ကိုညစ်ညူးစေလျက်ပင်၊ 10 ထိုသစ္စာမဲ့သူညီမယုဒကား၊ စိတ်ပါကိုယ်ရောက်မဟုတ်၊ ဟန်ဆောင်၍သာငါ့ထံပြန်လာပြီဟု၊ ထာဝရဘုရားမိန့်တော်မူ၏။
11 ငါ့အားထာဝရဘုရားဆက်လက်မိန့်တော်မူသည်မှာ၊ ဖောက်ပြန်သူဣသရေလ၏အပြစ်သည် သစ္စာမဲ့သူယုဒ၏ အပြစ်ထက်ပေါ့သေး၏။ 12 မြောက်မျက်နှာသို့သွား၍ ကြော်ငြာရမည်မှာ၊ အိုဖောက်ပြန်သူဣသရေလ၊ ပြန်လာလော့ဟူ၍လည်း‌ေကာင်း၊ ငါသည် မျက်နှာမထား၊ ကရုဏာနှင့်ပြည့်စုံသည့်အလျောက်၊ အမျက်တော်ကိုအမြဲထားမည်မဟုတ်ဟူ၍လည်း‌ေကာင်း၊ ထာဝရဘုရားမိန့်တော်မူကြောင်း၊ 13 ကိုယ့်ဘုရားသခင်ထာဝရဘုရားအားပုန်ကန်လျက်၊ အရပ်ရပ်ရှိစိမ်းလန်းသောသစ်ပင်အောက်တွင်၊ အခြားဘုရားများနောက် အဝဝလိုက်ေလျှာက်၍၊ ငါ့ဗျာဒိတ်ကို မနာခံဘဲနေသော ကိုယ့်ဒုစရိုက်ပြစ်ကို ဝန်ခံလော့ဟု၊ ထာဝရဘုရားမိန့်တော်မူကြောင်း၊ 14 အိုဖောက်ပြန်သောသားသမီးတို့၊ ပြန်လာကြလော့။ ငါသည် သင်တို့ခင်ပွန်းဖြစ်လေပြီ။ တစ်ရွာလျှင် တစ်ယောက်၊ တစ်အိမ်ထောင်လျှင် နှစ်ယောက်ကို၊ ငါရွေးကောက်၍၊ ဇိအုန်မြို့သို့ခေါ်ဆောင်ပြီးလျှင်၊ 15 အသိပညာ၊ ဉာဏ်ပညာဖြင့် တိုက်ကျွေးကြစေရန်၊ ငါသဘောမြတ်ရာအထိန်းအကျောင်းများကို၊ သင်တို့အပေါ်တွင်ငါထားမည်ဟု၊ ထာဝရဘုရားမိန့်တော်မူကြောင်း၊ 16 နေပြည်တွင်တိုးပွားများပြားကြသည့်ကာလ၊ ထာဝရဘုရား၏ပဋိညာဉ်တော်ေသတ္တာကို အောက်မေ့ခြင်း၊ နှလုံးသွင်းခြင်း၊ သတိရခြင်း၊ အလိုရှိခြင်း၊ လုပ်ဆောင်ခြင်းကင်းလျက် နေကြလိမ့်မည်ဟု၊ ထာဝရဘုရားမိန့်တော်မူကြောင်းများကို ကြော်ငြာလော့။ 17 ထိုကာလ၌၊ ယေရုရှလင်မြို့ကို ထာဝရဘုရား၏ ရာဇပလ္လင်တော်ဟု၊ ခေါ်ဝေါ်လေ့ရှိသည့်အလျောက်၊ ထာဝရဘုရား၏နာမတော်ကြောင့်၊ ထိုမြို့သို့လူအမျိုးမျိုးစုရုံးလျက် ခက်မာဆိုးသွမ်းသော ကိုယ့်သဘောအတိုင်း၊ လိုက်လျှောက်တော့မည်မဟုတ်။ 18 ထိုကာလ၊ ယုဒအမျိုးသားတို့သည်၊ ဣသရေလအမျိုးသားတို့နှင့်လိုက်လျောလျက်၊ သင်တို့ဘိုးဘေးများအား၊ ငါအပိုင်ပေးခဲ့သောပြည်သို့၊ မြောက်ပိုင်းမှအတူလာရောက်ကြလိမ့်မည်။ 19 လူမျိုးခြားတို့ပိုင်ရတနာထက် ရတနာ၊ သာယာသောပြည်ကိုပေးသနားရန်၊ သားစု၌ သင့်ကိုငါထားပါလေစေသောဟူ၍လည်း‌ေကာင်း၊ ငါ့အားအဘဟုခေါ်ခွင့်ရမည့်အလျောက်၊ နောက်တော်ကသင်ဆုတ်ခွာတော့မည်မဟုတ်ဟူ၍လည်း‌ေကာင်း၊ ငါမြော်လင့်ခဲ့သော်လည်း၊ 20 မိန်းမသည် လင်ကိုသစ္စာဖျက်၍ စွန့်ပစ်သည့်နည်းတူ၊ သင်တို့လည်းငါ့အားသစ္စာဖျက်ခဲ့လေပြီ။ အိုဣသရေလအမျိုးသားတို့ဟု၊ ထာဝရဘုရားမိန့်တော်မူ၏။ 21 ကိုယ်ဘုရားသခင်ထာဝရဘုရားအား သတိလစ်လျက် အလေ့အလာကောက်ကျစ်သော ဣသရေလအမျိုးသားတို့ငိုကြွေးသံ၊ အသနားခံသံကို ကုန်းထိပ်များပေါ်တွင်ကြားရသည်တကား။ 22 အိုေဖာက်ပြန်သော သားသမီးတို့၊ ပြန်လာကြလော့။ ဖောက်ပြန်နာကို ငါကုသမည်ဟုမိန့်တော်မူရာ၌၊ ကိုယ်တော်သည် ငါတို့ဘုရားသခင်ထာဝရဘုရားဖြစ်သည့်အလျောက်၊ အထံတော်သို့ရောက်ကြပါပြီ။ 23 ကုန်းများ၊ တောင်များပေါ်မှာ အသံဗလံသည် အချည်းနှီးဖြစ်လှပါ၏။ ငါတို့ဘုရားသခင်ထာဝရဘုရားမှသာ ကယ်တင်ရာကယ်တင်ကြောင်းကို၊ ဣသရေလလူမျိုးခံရသည်မှန်၏။ 24 သို့ရာတွင်၊ ရှက်ကြောက်ဖွယ်ဘုရားသည်၊ ငါတို့ငယ်ရွယ်စဉ်ကစ၍၊ ဘိုးဘေးတို့၏ချွေးနဲစာနှင့်တကွ၊ နွား၊ သိုး၊ ဆိတ်များ၊ သားသမီးများပါ၊ မျိုစားခဲ့ရှာလေပြီ။ ဘိုးဘေးတို့နှင့်တကွငါတို့သည်၊ ငယ်ရွယ်စဉ်ကစ၍ ယခုတိုင်အောင်၊ ငါတို့ဘုရားသခင်ထာဝရဘုရား၏ဗျာဒိတ်တော်ကို မလိုက်မနာဘဲ၊ ငါတို့ဘုရားသခင်ထာဝရဘုရားအား ပြစ်မှားပြီဖြစ်သောကြောင့်၊ အရှက်နှင့်မကွာ အိပ်လဲလျက်၊ အသရေပျက်ခြင်းနှင့်လွှမ်းခြုံကြကုန်အံ့ဟု ပြန်လျှောက်ကြသတည်း။