25
ယောရှိမင်းသားတော်၊ ယုဒဘုရင်ယောယကိမ်မင်းနန်းစံလေးနှစ်၊ ဗာဗုလုန်ဘုရင်နေဗုခဒ်နေဇာမင်းနန်းစံတစ်နှစ်တွင်၊ ယုဒပြည်သူပြည်သားတို့ကိုရည်လျက်၊ ယေရမိသို့ရောက်လာသောဗျာဒိတ်တော်အရ၊ ယေရုရှလင်မြို့သူ၊ ယုဒပြည်သားတို့အား၊ ထိုပရောဖက်ယေရမိဆင့်ဆိုသည်ကား၊ အာမုန်မင်းသားတော်၊ ယုဒဘုရင်ယောရှိမင်းနန်းစံတစ်ဆယ့်သုံးနှစ်မှစ၍ ယခုတိုင်အောင်၊ နှစ်ပေါင်းနှစ်ဆယ့်သုံးနှစ်ပတ်လုံး၊ ငါသို့ရောက်လာသောထာဝရဘုရား၏ ဗျာဒိတ်တော်အတိုင်း၊ ဝိရိယစိုက်၍ ငါဆင့်ဆိုဟောပြောသော်လည်း၊ သင်တို့မနာခံကြချေ။ 4-6 နာခံနားထောင်ခြင်းမပြုဘဲ၊ သင်တို့နေကြလျက်ပင်၊ ဆိုးသွမ်းသော ကိုယ့်အလေ့အလာ၊ ဆိုးသွမ်းသောကိုယ့်အပြုအကျင့်များမှ၊ အသီးအသီးပြောင်းလဲ၍၊ ရှေးကာလ အစဉ်မပြတ်ဘိုးဘေးများနှင့်သင်တို့အား၊ ထာဝရဘုရားပေးတော်မူခဲ့သောပြည်တွင်၊ နေထိုင်ကြဦးလော့။ သင်တို့အား ဒုက္ခပေးတော်မမူရစေခြင်းငှာ၊ အခြားဘုရားများနောက် လိုက်လျှောက်ဝတ်ပြုရှိခိုးလျက်၊ ကိုယ့်လက်ဖြစ် ဘုရားများဖြင့် အမျက်တော်တိုက်မပြုကြလင့်ဟု၊ ဆင့်ဆိုရသောကျွန်တော်ရင်းပရောဖက်တို့ကို၊ ထာဝရဘုရားသည်ဝိရိယစိုက်၍ စေလွှတ်တော်မူသော်လည်း၊ ထာဝရဘုရားမိန့်တော်မူသည့်အတိုင်း၊ သင်တို့သည် ကိုယ့်လက်ဖြစ်ဘုရားများဖြင့်ဒုက္ခရှာ၍ အမျက်တော်တိုက်သည့်တိုင်အောင်၊ မနာခံကြချေ။ သို့ဖြစ်၍ ဗိုလ်ခြေတို့အရှင်ထာဝရဘုရားက၊ ဗျာဒိတ်တော်ချက်များကို သင်တို့မနာခံကြသည့်အတွက်၊ ငါသည်မြောက်ပိုင်းရှိလူအမျိုးမျိုးနှင့်တကွ၊ ငါ၏ကျွန်ဗာဗုလုန်ဘုရင်နေဗုခဒ်နေဇာကိုခေါ်သည့်အလျောက်၊ ဤပြည်နှင့်ပြည်သူပြည်သားတို့မှစ၍၊ ပတ်ဝန်းကျင်ရှိလူမျိုးခြားတို့တစ်ဘက်၊ လာရောက်ချီဝင်စေပြီးလျှင်၊ မြေလှန်လျက်အစဉ်ဆိတ်ညံရာ၊ ပြက်ရယ်ပြုရာအံ့ဖွယ်သရဲဖြစ်စေမည့်ပြင်၊ 10 အားရရွှင်လန်းသံ၊ မင်္ဂလာဆောင်သတို့သား သတို့သမီးတို့ကြွေးကြော်သံ၊ မောင်းဆုံသံများကို မီးခွက်အလင်းပါ၊ ပြတ်စဲစေ၍၊ 11 ပြည်လုံးကျွတ်ဆိတ်ညံရာ အံ့ဖွယ်သရဲဖြစ်နေစဉ်၊ ထိုလူမျိုးများသည် ဗာဗုလုန်ဘုရင်၏အမှုကို၊ နှစ်ပေါင်းခုနစ်ဆယ်တိုင်တိုင် ထမ်းကြရမည်။ 12 ငါထာဝရဘုရားမိန့်ဆိုသည့်အတိုင်း၊ ထိုနှစ်ပေါင်းခုနစ်ဆယ်ကုန်လွန်ပြီးနောက်၊ ငါသည် ဗာဗုလုန်ဘုရင်မှစ၍၊ လူတစ်မျိုးလုံးကို ခါလဒဲပြည်ပါ၊ ချင်းတို့ဒုစရိုက်အတွက် အစီအရင်လာလျက်၊ အစဉ်ဆိတ်ညံရာဖြစ်စေ၍၊ 13 လူအမျိုးမျိုးကိုယေရမိရည်ဆောင်ဟောပြောခဲ့ရာ၊ ဤကျမ်းတွင်ပါရှိသမျှသောအချက်၊ ထိုပြည်နှင့်ဆန့်ကျင်ဘက်ငါမိန့်မှာသမျှသောအချက်များကို၊ သင့်ရောက်စေမည့်အလျောက်၊ 14 လူမျိုးခြားအမြောက်အမြားနှင့်ဘုရင်မင်းမြတ်တို့စေစားကြ၍၊ ချင်းတို့အကျင့်အကြံအပြုအမူများအတိုင်း၊ ငါဆပ်ပေးမည်ဟုမိန့်တော်မူ၏။
15 သို့နှင့်အညီ၊ ဣသရေလလူမျိုး၏ဘုရားသခင်ထာဝရဘုရားက၊ ငါ့လက်တော်ရှိအမျက်တော်စပျစ်ရည်ဖလားကိုယူ၍၊ ငါစေလွှတ်သည့်အလျောက်၊ လူအမျိုးမျိုးကိုတိုက်လော့။ 16 ထိုသူတို့သောက်ရာ၊ ငါသင့်စေသောဓားဘေးကြောင့်၊ ယိမ်းယိုင်လျက်ရူးသွပ်ကြရလိမ့်မည်ဟု မိန့်တော်မူသည့်အတိုင်း၊ 17 ငါသည်ထာဝရဘုရား၏လက်တော်ရှိဖလားကိုယူ၍ စေလွှတ်တော်မူသည့်အလျောက်၊ လူအမျိုးမျိုးတည်းဟူသော၊ ယခုဖြစ်သည့်အတိုင်း၊ 18 ဆိတ်ညံရာ၊ ပြက်ရယ်ပြုရာ၊​ ကျိန်ဆဲရာ၊ အံ့ဖွယ်သရဲ၊ ဖြစ်စေရန်၊ ယေရုရှလင်မြို့မှစ၍၊ ယုဒပြည်မြို့ရွာများနှင့်ဘုရင်များ၊ မှူးမတ်များအားလည်း‌ေကာင်း၊ 19-20 အိဂျစ်ဘုရင်ဖာရောမင်းမှစ၍၊ ကျေးကျွန်သင်းပင်းများ၊ မှူးမတ်များ၊ ပြည်သူပြည်သားတို့နှင့်၊ မျိုးရိုးမဟုတ်သူတို့အားလည်း‌ေကာင်း၊ ဥဇပြည့်ရှင်ဘုရင်တို့အားလည်း‌ေကာင်း၊ ဖိလိတ္တိပြည့်ရှင် ဘုရင်တို့မှစ၍၊ အာရှကေလုန်၊ ဂါဇ၊ ဧကြုန်မြို့သားတို့နှင့်အာဇုတ်မြို့သား အကြွင်းအကျန်တို့အားလည်း‌ေကာင်း၊ 21 ဧဒုန်ပြည်သား၊ မောဘပြည်သားနှင့် အမ္မုန်အမျိုးသားတို့အားလည်း‌ေကာင်း၊ 22 တုရုမြို့၊ ဇိဒုန်မြို့ဘုရင်တို့မှစ၍၊ ပယ်လယ်တစ်ဘက်ကမ်းတစ်လျှောက်ရှိ ဘုရင်တို့အားလည်း‌ေကာင်း၊ 23 ဒေဓန်၊ တေမနှင့်ဗုဇအမျိုးသားတို့မှစ၍၊ နဖူးထိပ်ဆံရိတ်သူတို့အားလည်း‌ေကာင်း၊ 24 အာရပ်ပြည့်ရှင်ဘုရင်တို့မှစ၍၊ သဲတောနေမျိုးရိုးမဟုတ်သူတို့၏ ဘုရင်တို့အားလည်း‌ေကာင်း၊ 25 ဇိမရိလူမျိုး၊ ဧလံလူမျိုး၊ မေဒိလူမျိုး ဘုရင်တို့အားလည်း‌ေကာင်း၊ 26 ဝေးသည်ဖြစ်စေ၊ နီးသည်ဖြစ်စေ၊ တစ်ပါးနောက်တစ်ပါး၊ မြောက်ပိုင်းပြည့်ရှင်ဘုရင်တို့မှစ၍၊ မြေတစ်ပြင်လုံးရှိတိုင်း နိုင်ငံတို့အားလည်း‌ေကာင်း၊ ငါတိုက်၏။ 25.26 ပါဠိ၊ ေရှရှကၒ်။ဗာဗုလုန်ဘုရင်လည်း၊ နောက်ဆုံးသောက်ရ၏။
27 ငါသင့်စေသောဓားဘေးကြောင့်၊ သောက်စားယစ်မူးအော့အန်လျက်၊ နောင်မထနိုင်အောင်လဲကြလော့ဟု၊ ဗိုလ်ခြေတို့အရှင်ထာဝရဘုရား၊ ဣသရေလလူမျိုး၏ ဘုရားသခင်မိန့်တော်မူကြောင်း၊ သင်ဆင့်ဆိုရသည့်အတိုင်း၊ 28 လက်ရှိဖလားကိုယူသောက်ရန် ငြင်းပယ်ကြလျှင်၊ သင်က၊ မုချသောက်ကြရမည်။ 29 အသို့ဆိုသော်၊ နာမတော်ဖြင့်သမုတ်ခံသောမြို့၌ဘေးကို ငါတင်ရင်စီမံပြီးဖြစ်က၊ ပြစ်ဒဏ်ကင်းလျက် သင်တို့နေအပ်ကြသလော။ ဗိုလ်ခြေတို့အရှင်ငါထာဝရဘုရား မိန့်ဆိုသည့်အလျောက်၊ မြေပေါ်ရှိလူအပေါင်းတို့၌၊ ဓားဘေးကိုငါရောက်စေသဖြင့်၊ ပြစ်ဒဏ်ကင်းလျက်သင်တို့နေကြရမည်မဟုတ်ဟု၊ ဗိုလ်ခြေတို့အရှင်ထာဝရဘုရားမိန့်တော်မူ ကြောင်း၊ ဆင့်ဆိုလော့။ 30 ဆိုခဲ့သည့်အချက်ဟူသမျှကို ထိုသူတို့အားဟောပြောလျက်၊ သင်ဆင့်ဆိုရဦးမည်မှာ၊ ထာဝရဘုရားသည်၊ သန့်ရှင်းသောစံရာတော်ကောင်းကင်ဘဝဂ်မှတဟုန်းဟုန်း ချုန်းခြင်း၊ သိုးခြံတော်တစ်ဘက်၊ တခြိမ်းခြိမ်းဟုန်းခြင်း၊ မြေပေါ်ရှိလူအပေါင်းတို့တစ်ဘက်၊ ဖိနင်းသူတို့ကဲ့သို့ အောင်သံကြွေးကြော်ခြင်းများကိုပြုတော်မူလိမ့်မည်။ 31 ထာဝရဘုရား၏ဗျာဒိတ်တော်အတိုင်း၊ လူအမျိုးမျိုးတို့နှင့်ဘက်ပြိုင်ခြင်း၊ လူသတ္တဝါအပေါင်းတို့နှင့် တရားတွေ့ခြင်း၊ လူဆိုးတို့ကိုဓားဘေးသို့အပ်နှင်းခြင်းများကို၊ ထာဝရဘုရားစီရင်တော်မူသည်နှင့် အသံဗလံတော်သည်၊ မြေကြီးစွန်းတိုင်အောင်ရောက်လေစွဟု ဆင့်ဆိုလော့။
32 ဗိုလ်ခြေတို့အရှင်ထာဝရဘုရားက ဘေးဥပဒ်သည် လူတစ်မျိုးမှလူတစ်မျိုးသို့ကူးစက်သည့်ပြင်၊ ပြင်းထန်သောမိုးသက်မုန်တိုင်းကိုလည်း၊ မြေကြီးစွန်းမှပင်ကျစေတော်မူလိမ့်မည်။ 33 ထိုကာလ ငါထာဝရဘုရားကွပ်မျက်သူတို့အလောင်းများသည် မြည်တမ်းမှု၊ စုပုံမှု၊ မြှုပ်နှံမှုကင်းလျက်၊ မြေကြီးအပြင်တွင်တစ်စွန်းမှ တစ်စွန်းတိုင်အောင်၊ မြေဩဇာအဖြစ် ရှိနေကြလိမ့်မည်။ 34 အိုအထိန်းအကျောင်းတို့၊ အော်ဟစ်ကြလော့။ အိုသိုးကြီးသိုးမြတ်တို့၊ ပြာလူးကြလော့။ အသတ်ခံရသောနေ့ရက်စေ့ရောက်ပြီဖြစ်သောကြောင့်၊ အဖိုးထိုက်သောအသုံးအဆောင်သဖွယ်၊ သင်တို့လဲကျ၍ ကွဲပြားကြလိမ့်မည်။ 35 အထိန်းအကျောင်းတို့သည်၊ ထွက်ပြေးခွင့်၊ သိုးကြီးသိုးမြတ်တို့လည်း ဘေးလွတ်ခွင့်ရကြမည်မဟုတ်ဟု မိန့်တော်မူ၏။ 36 အထိန်းအကျောင်းတို့ဟစ်သံ၊ သိုးကြီးသိုးမြတ်တို့အော်သံကို၊ ကြားရလေစွ။ သူတို့စားကျက်ကို ထာဝရဘုရားဖျက်ဆီးတော်မူသည့်အလျောက်၊ 37 အမျက်တော်အရှိန်ကြောင့်၊ လုံခြုံသောသိုးခြံများပင်တိတ်ဆိတ်လျက်ရှိ၏။ 38 ညှဉ်းပန်းသူတို့ဒေါသကြောင့်လည်း‌ေကာင်း၊ အမျက်တော်ရှိန်ကြောင့်လည်း‌ေကာင်း၊ သူတို့နေရာသည်၊ အံ့ဖွယ်သရဲဖြစ်သဖြင့်၊ ထာဝရဘုရားသည်၊ ခြင်္သေ့သဖွယ်ပိတ်ပေါင်းတော်ကို စွန့်လွှတ်တော်မူရသည်ဟူ၍တည်း။