20
ဗိမာန်တော်မှူးမင်းဖြစ်သော၊ ပရောဟိတ်ဣမေရသားပါရှုရသည်၊ ယေရမိဟောပြောချက်များကိုကြားလျှင်၊ ထိုပရောဖက် ယေရမိကိုကြိမ်ဒဏ်ပေး၍၊ ဗိမာန်တော်ရှိဗင်္ယာမိန်အထက်တံခါးအနီး၊ ထိတ်ခတ်၍ထား၏။ နောက်နေ့၌ ပါရှုရသည်၊ ထိတ်ကိုချွတ်၍လွှတ်သည့်ကာလ၊ ယေရမိက၊ သင့်အမည်ကိုပါရှုရမဟုတ်၊ 20 .3 အဓိပ္ပါယ်ကား၊ အဘကၒ်ဘကၒ်ကေကြာက်လန့်ဖွယ်။မာဂေါမိဿဘိတ်ဟု ထာဝရဘုရားသမုတ်တော်မူ၏။ အသို့ကြောင့်ဆိုသော်၊ ထာဝရဘုရားက၊ ကိုယ်တိုင်မှစ၍အပေါင်းအဖော် အလုံးစုံတို့အဖို့ကြောက်လန့်ဖွယ်အဖြစ်၊ သင့်ကိုငါထားသည့်အလျောက်၊ ထိုသူတို့သည်၊ သင့်ရှေ့မှောက်တွင်ပင်ရန်သူတို့ဓားဖြင့်ကျဆုံးကြလိမ့်မည်။ ယုဒတစ်မျိုးလုံးကိုငါအပ်နှင်းသည့်အတိုင်း၊ ဗာဗုလုန်ဘုရင်သည်၊ကိုယ့်မြို့သို့သုံ့ပန်းသိမ်းသွား၍၊ ဓားဖြင့်ကွပ်မျက်လိမ့်မည်။ ၎င်းပြင်၊ ဤမြို့ရှိဘဏ္ဍာအမြတ်အစွန်းရတနာမှစ၍၊ ယုဒဘုရင်အဆက်ဆက်တို့စည်းစိမ်ဘဏ္ဍာဟူသမျှကို ငါလွှဲအပ်သဖြင့်၊ ရန်သူတို့သည်၊ ဗာဗုလုန်မြို့သို့လက်ရ သိမ်းရုံးယူသွားကြလိမ့်မည်။ အိုပါရှုရ၊ သင်သည် အိမ်သူအိမ်သားတို့နှင့်တကွ၊ မုသာဟောပြောရာ နာလိုသူအပေါင်းအဖော်တို့ပါ၊ သုံ့ပန်းပါသွားသဖြင့်၊ ဗာဗုလုန်မြို့ရောက်လျှင်၊ ထိုမြို့တွင်သေလွန်၍ သင်္ဂြိုဟ်ခံရကြလိမ့်မည်ဟု၊ မိန့်တော်မူကြောင်းဟောလေ၏။
အိုထာဝရဘုရား၊ ကိုယ်တော်သွေးဆောင်တော်မူသည့်အလျောက်၊ အကျွန်ုပ်လိုက်ပါပြီ။ အကျွန်ုပ်ထက်အားကြီး၍နိုင်တော်မူပါပြီ။ အကျွန်ုပ်သည်နေ့ရှိသမျှ ပြောင်လှောင်ရာရောက်၍၊ လူအပေါင်းတို့ကဲ့ရဲ့တတ်ကြလေစွ။ နှုတ်မြွက်တိုင်း၊ ကြမ်းကြုတ်မှု၊ အဓမ္မမှုဟု၊ အကျွန်ုပ်အော်ဟစ်ကြော်ငြာရသဖြင့်၊ ထာဝရဘုရား၏ ဗျာဒိတ်တော်သည် အကျွန်ုပ်၌အရှက်ခွဲရာ၊ သရော်ရာအကြောင်း၊ နေ့စဉ်ဖြစ်ပါ၏။ ဗျာဒိတ်တော်ကိုသတိရ၍၊ နာမတော်နှင့်ဟောပြောတော့မည်မဟုတ်ဟု၊ အကျွန်ုပ်အောက်မေ့မိလျှင်၊ မချိမဆံ့၊ ချုပ်တည်းမရသည့်တိုင်အောင်၊ အရိုးတွင်း၌လှောင်ထားသော မီးသဖွယ်၊ စိတ်ပူလောင်လျက်နေရပါ၏။ 10 အဘက်ဘက်ကကြောက်လန့်ဖွယ်ဖြစ်သော၊ အများတို့ရှုတ်ချပြောဆိုချက်ကို၊ အကျွန်ုပ်ကြားရ၏။ အကျွန်ုပ်ထော့နဲ့မည်ကို မြော်လင့်သောမိတ်ဆွေရင်းဖြစ်ဖူးသူ အပေါင်းတို့က၊ သူ့အပြစ်ကိုတင်လျှောက်ကြလော့။ ငါ့တို့လည်းတင်လျှောက်ဦးမည်။ အကယ်၍သွေးဆောင်ရာလိုက်ပါခဲ့လျှင်၊ ငါတို့နိုင်သဖြင့်၊ လက်စားချေရလိမ့်မည်ဟုဆိုတတ်ကြ၏။ 11 သို့ရာတွင်၊ ထာဝရဘုရားသည်၊ စွမ်းရည်ကောင်းသောသူရဲကဲ့သို့၊ အကျွန်ုပ်နှင့်အတူရှိတော်မူသောကြောင့်၊ အကျွန်ုပ်ကိုညှဉ်းပန်းသူတို့သည်၊ တိုက်လဲ၍ရှုံးကြလိမ့်မည်။ အကြံမမြောက်သည့်အတွက်၊ အရှက်ကြီးကွဲ၍၊ ကာလအစဉ်မမေ့မလျော့သောရှုတ်ချခြင်းကိုခံရကြလိမ့်မည်။ 12 နှလုံးကျောက်ကပ်ကိုမျက်မှောက်ပြု၍၊ ဖြောင့်မတ်သူ့ကို စစ်ဆေးတော်မူသော၊ ဗိုလ်ခြေတို့အရှင်အိုထာဝရဘုရား၊ အကျွန်ုပ်အမှုကိုရှေ့တော်တွင်တင်ပြပြီးဖြစ်သည့်အလျောက်၊ ထိုသူတို့အပေါ်၌ လက်စားချေတော်မူခြင်းကိုသိမြင်ပါရစေ။ 13 အဆိုးပြုသူတို့လက်တွင်းမှ နွမ်းပါးသူ၏အသက်ကို ကယ်လွှတ်တော်မူသောထာဝရဘုရားအား၊ ထောမနာပြု၍သီချင်းဆိုကြလော့။
14 ငါဖွားသောနေ့သည်၊ အမင်္ဂလာရှိပါစေ။ ငါ့ကိုမိခင်ဖွားသောရက်သည်၊ မင်္ဂလာမရှိစေလင့်။ 15 သားယောက်ျားရသောသတင်းကို၊ ငါ့အဘအားကြားပြော၍၊ အားရရွှင်လန်းစေသောသူသည်၊ အမင်္ဂလာရှိပါလေစေ။ 16-17 ကိုယ်ဝန်အရင့်အမာအမြဲရှိရာ၊ ငါ့သင်္ချၖိုင်းဖြစ်စေခြင်းငှာ၊ မိခင်ဝမ်းတွင်းကပင်ငါ့ကိုမသတ်သည့်အတွက်၊ ထိုသူသည်၊ ထာဝရဘုရားစိတ်တော်မပြောင်းဘဲ၊ ဖြိုလှဲတော်မူခဲ့သောမြို့များနည်းတူဖြစ်လျက်၊ နံနက်ယံအချိန်၌ အော်ဟစ်သံကိုလည်း‌ေကာင်း၊ မွန်းတည့်အချိန်၌ စစ်ရေးသံကိုလည်း‌ေကာင်း၊ ကြားရပါစေသော။ 18 ပင်ပန်းခြင်း၊ ပူဆွေးခြင်းကိုသာတွေ့မြင်၍၊ ရှက်လျက်အသက်တာကုန်ဆုံးအံ့သောငှာ၊ ဝမ်းမှငါဖွားရသည်မှာ၊ အသို့နည်း။