18
1-2 တစ်ဖန်တုံ၊ အိုးထိန်း၏အိမ်သို့ထ၍ဆင်းသွားလော့။ ထိုအိမ်၌ဗျာဒိတ်တော်ချက်ကိုငါကြားပြောမည်ဟု၊ ငါယေရမိသို့ရောက်လာသော၊ ထာဝရဘုရား၏အမိန့်တော်အတိုင်း၊ အိုးထိန်း၏အိမ်သို့ငါဆင်းသွား၍၊ အိုးထိန်းစက်နှင့်လုပ်နေစဉ်၊ မြေစေးဖြင့်လုပ်သောအိုးသည်၊ လက်အောက်တွင်ပုံမကျမည်ဖြစ်လျှင်၊ ကိုယ့်သဘောအတိုင်းအခြားသော အိုးပုံချ၍လုပ်သည်ကို ငါတွေ့၏။
ထိုကာလ ငါသို့ရောက်လာသောထာဝရဘုရား၏ ဗျာဒိတ်တော်ကား၊ အိုဣသရေလအမျိုးသားတို့၊ ထိုအိုးထိန်းပုံချသည့်နည်းတူ၊ သင်တို့ကိုငါပုံမချရသလောဟု၊ ငါထာဝရဘုရားမေးမြန်း၏။ အိုဣသရေလအမျိုးသားတို့၊ အိုးထိန်း၏လက်အောက်တွင် မြေစေးနေသကဲ့သို့၊ ငါ့လက်အောက်တွင် သင်တို့နေလျက်ရှိ၏။ တစ်ဖန်၊ လူတစ်မျိုး၊ တစ်နိုင်ငံကိုရည်လျက်၊ ဆွဲနုတ်ဖြိုလှဲပယ်ဖျက်ရန် ငါအမိန့်ရှိသော်လည်း၊ ထိုလူမျိုးသည်၊ မကောင်းမှုမှပြောင်းလဲလျှင်၊ ငါလည်း ပြဋ္ဌာန်းခဲ့သောမကောင်းကျိုးမှ စိတ်တော်ပြောင်းလိမ့်မည်။ တစ်ဖန်တုံ၊ လူတစ်မျိုး၊ တစ်နိုင်ငံကိုရည်လျက်၊ တည်ထောင်စိုက်ပျိုးရန် အမိန့်ရှိသော်လည်း၊ 10 ဗျာဒိတ်တော်ကိုမနာခံဘဲ၊ မျက်မှောက်တော်တွင် မကောင်းမှုကိုပြုလျှင်၊ ငါလည်း၊ ကတိထားခဲ့သောကောင်းကျိုးမှစိတ်တော်ပြောင်းလိမ့်မည်။ 11 သို့ဖြစ်၍ ယုဒပြည်သူယေရုရှလင်မြို့သားတို့အား၊ သင်က၊ ငါသည်သင်တို့နှင့်စပ်လျဉ်း၍၊ မကောင်းကျိုးကိုပုံချလျက်၊ အန္တရာယ်ကိုရှာကြံလျက်နေသောကြောင့်၊ ကိုယ့်မကောင်းလမ်းကို၊ အသီးအသီးကြဉ်ရှောင်၍၊ အလေ့အလာအကျင့်အကြံများကိုပြုပြင်ကြလေဟု၊ ငါထာဝရဘုရားမိန့်ဆိုကြောင်း၊ ကြော်ငြာလော့။ 12 ထိုသူတို့က ကိုယ့်အကြံအစည်အလျောက်လိုက်လျှောက်လျက်၊ ခက်မာဆိုးသွမ်းသောကိုယ့်သဘောအတိုင်း၊ အသီးအသီးပြုကျင့်လျက်နေတော့အံ့။ စိတ်မလည်နိုင်ပြီဟု ငြင်းဆိုကြသောကြောင့်၊ 13 ငါထာဝဘုရားမိန့်ဆိုသည်မှာ၊ ထိုသို့သောအခြင်းအရာများကို၊ မည်သူကြားဖူးသနည်းဟု လူမျိုးခြားတို့တွင်မေးမြန်းကြလော့။ ကညာဖြစ်သော ဣသရေလလူမျိုး သည်၊ အလွန်စက်ဆုပ်ဖွယ်ရာကို ပြုကျင့်ခဲ့လေစွ။ 14 မိုးပွင့်သည်၊ လွင်ပြင်ရှိ လေဗနုန်ကျောက်တောင်မှခွာမည်လော။ ဝေးကွာစွာစီးဆင်းလျက်ဧမြသော ရေအလျဉ်သည်၊ ခန်းခြောက်မည်လော။ 15 ငါ၏လူမျိုးတော်မှာမူ၊ ငါ့ကိုမေ့လျော့လျက်၊ အနတ္တဘုရားများအား၊ မီးဖြင့်ပူဇော်သည့်အတွက် ခရီးသွားရာလမ်းဟောင်းများတွင်တိုက်လဲ၍၊ မဖို့သေးသောကြားလမ်းများကိုလိုက်လျှောက်သဖြင့်၊ 16 သီသွားသူတိုင်းအံ့အားသင့်လျက်၊ ဦးခေါင်းလှုပ်ခါရသည့်တိုင်အောင်၊ နေပြည်ကိုပြက်ရယ်ပြုရာအံ့ဖွယ်သရဲဖြစ်စေကြပြီတကား။ 17 ငါလည်း၊ ဘေးဥပဒ်သင့်ရောက်သည့်နေ့ရက်၌၊ ချင်းတို့ကို မျက်နှာတော်လွှဲ၍ ကျောခိုင်းသဖြင့်၊ အရှေ့လေသဖွယ်၊ ရန်သူတို့မျက်မှောက်ကွဲလွင့်စေမည်ဟူ၍တည်း။
18 ထို့နောက်၊ ယေရမိအသက်အန္တရာယ်ကိုရှာကြံကုန်အံ့။ ပညတ်တရားထားသောပရောဟိတ်၊ အကြံပေးသောသုခမိန်၊ ဗျာဒိတ်တော်ဆင့်သောပရောဖက်များပြတ်စဲ မည်မဟုတ်။ ယေရမိဟောပြောချက်ကိုနားမထောင်ဘဲ၊ နှုတ်ဖြင့် အမှုရှာကြံကြကုန်အံ့ဟု ထိုသူတို့ဆိုကြ၏။
19 အိုထာဝရဘုရား၊ အကျွန်ုပ်ကို သတိမူလျက်၊ ဘက်ပြိုင်သူတို့ စကားကိုနားစိုက်တော်မူပါ။ 20 အကျွန်ုပ်အသက်ဆုံးရှုံးရန်၊ တွင်းတူးကြသည်မှာ၊ အကောင်းအတွက်အဆိုးကိုဆပ်ပေးအပ်ပါသလော။ အမျက်တော်ကို၊ သူတို့မှလွှဲစေခြင်းငှာ၊ မျက်မှောက်တော်တွင်ခစားလျက်၊ ချင်းတို့အကျိုးအလို့ငှာ၊ လဲလျှောက်ခဲ့သည်ကို သတိရတော်မူပါ။ 21 သို့ဖြစ်၍၊ ထိုသူတို့၏ သားသမီးများကို၊ ဓားဘေးနှင့် အစာခေါင်းပါးဘေးသို့လွှဲအပ်သည့်ပြင်၊ မိန်းမများလည်း၊ သားဆုံးပါးသောမုဆိုးမဖြစ်ပါစေသော၊ ယောက်ျားတို့သည် သေဘေးဖြင့်လည်း‌ေကာင်း၊ လူပျိုတို့သည်စစ်ပွဲ၌ လုပ်ကြံသောဓားဖြင့်လည်း‌ေကာင်း၊ သေကြပါစေသော။ 22 တပ်တစ်တပ်ကို ရှောင်တခင် ချဉ်းဝင်စေတော်မူသည့်ကာလ၊ ချင်းတို့အိမ်များမှ အော်ဟစ်သံကြားရပါစေသော။ ထိုသူတို့သည်အကျွန်ုပ်ကိုဖမ်းဆီးရန်တွင်းတူး၍၊ ခြေကိုမိရန် ကျော့ကွင်းကိုဝှက်ထားကြလေပြီ။ 23 အိုထာဝရဘုရား၊ အကျွန်ုပ်ကိုကွပ်မျက်အံ့သောငှာ၊ သူတို့ကြံစည်သမျှကို သိတော်မူသည့်အလျောက်၊ ဒုစရိုက်ဖြေလွှတ်ခြင်း၊ ရှေ့တော်တွင် ပြစ်မှုချေဖျောက်ခြင်းများကို ပြုတော်မမူဘဲ၊ အမျက်တော်ထားသောကာလစီရင်လျက်၊ မျက်မှောက်တော်တွင် ပြိုလဲကြပါစေသော၊