13
တစ်ဖန်၊ ထာဝရဘုရားက၊ ပိတ်ခါးဝတ်ကိုသွားဝယ်၍၊ ရေမချဘဲ ခါးစည်းလော့ဟု မိန့်တော်မူသည့်အတိုင်း၊ ငါဝယ်ပြီးလျှင်၊ ခါးစည်းလျက်နေ၏။ 3-4 ဒုတိယအကြိမ်ထာဝရဘုရားက၊ သင်ဝယ်စည်းေသာခါးဝတ်ကို၊ ဥဖရတ်မြစ်သို့ယူဆောင်ထသွားလျက်၊ ကျောက်ဆောင်ကြား၌ မြှုပ်ထားလော့၊ ဟူသောအမိန့်တော်အတိုင်း၊ ငါသွား၍ ထိုမြစ်အနီးမြှုပ်ထားလေ၏။ နေ့ရက်များစွာလွန်ပြီးမှ ထာဝရဘုရားက၊ ဥဖရတ်မြစ်သို့ပြန်သွား၍၊ မြှုပ်ထားရန် ငါမှာလိုက်သောခါးဝတ်ကို ယူခဲ့လော့ဟု၊ မိန့်တော်မူသည့်အလျောက်၊ ငါသွားရောက်တူးဖော်ပြီးလျှင်၊ မြှုပ်ထားရာအရပ်မှ၊ ထိုခါးဝတ်ကိုဆွဲယူသော်၊ ဆွေးရိ၍ အသုံးမဝင်ကြောင်းငါတွေ့၏။ ငါသို့ထာဝရ၏ဗျာဒိတ်တော်ရောက်ပြန်သည်ကား၊ ငါထာဝရဘုရားမိန့်ဆိုသည့်အတိုင်း၊ ယုဒပြည်သူတို့၏မာနရှိခြင်း၊ ယေရုရှလင်မြို့သားတို့မာနကြီးခြင်းများကို၊ ထိုနည်းတူပင်ငါဆွေးရိစေမည်။ 10 ခက်မာသောကိုယ့်သဘောအလျောက် ကျင့်ကြံလျက်၊ အခြားဘုရားများနောက် လိုက်လျှောက်ဝတ်ပြုရှိခိုးလျက်၊ ဗျာဒိတ်တော်ချက်များကို နားထောင်သောစိတ်ကင်းလျက်၊ ဆိုးသွမ်းသောဤလူမျိုးသည်၊ ထိုခါးဝတ်ကဲ့သို့ အသုံးမဲ့ဖြစ်လိမ့်မည်။ 11 ခါးဝတ်သည် စည်းသူ့ခါး၌မြဲသည့်နည်းတူ၊ ဣသရေလနှင့်ယုဒအမျိုးသားအပေါင်းတို့ကို၊ လူမျိုးတော်၊ ​သညာတော်၊ ဂုဏ်တော်၊ ဘုန်းတော်ဖြစ်စေခြင်းငှာ၊ ငါ၌မြဲစေလိုသော်လည်း၊ သူတို့နားမထောင်ချေဟု၊ ငါထာဝရဘုရားမိန့်ဆို၏။ 12 မြူအိုးဟူသမျှသည်၊ 13.12 ပါဠိၒ ၒ- စပျစ်ရည်။အရက်နှင့်ပြည့်အပ်သည်ဟူသော၊ ဣသရေလလူမျိုး၏ ဘုရားသခင်၊ ငါထာဝရဘုရား၏ ဗျာဒိတ်တော်ကို၊ သင်ဆင့်ဆိုလျှင်၊ မြူအိုးဟူသမျှ သည်၊ 13.12 ပါဠိၒ ၒ- စပျစ်ရည်။အရက်နှင့်ပြည့်အပ်သည်ကို၊ ငါတို့မသိသလောဟု ပြန်ဆိုကြသော်၊ 13 သင်က၊ ဒါဝိဒ်မင်း၏နန်းဆက်ဘုရင်တို့မှစ၍၊ ပရောဟိတ်၊ ပရောဖက်တို့နှင့်တကွ၊ ဤပြည်သူယေရုရှလင်မြို့သားအပေါင်းတို့ပါ။ 14 ယစ်မူးခြင်းနှင့် ငါပြည့်စေလျက်၊ သားနှင့်အဘ၊ လူအချင်းချင်းတို့ကို၊ ငါကိုင်ဆောင်၍၊ စာနာခြင်း၊ ညှာတာခြင်း၊ သနားခြင်းကင်းလျက်၊ ထိုသူတို့ကို ငါဖျက်ဆီးမည်ဟု၊ ထာဝရဘုရားမိန့်တော်မူကြောင်း၊ ဆင့်ဆိုလော့ဟူ၍တည်း။
15 ထာဝရဘုရား မိန့်တော်မူပြီးဖြစ်သောကြောင့် မောက်မာခြင်းကင်းလျက် နာခံနားထောင်ကြလော့။ 16 မှောင်ကျသဖြင့် သင်တို့သည်၊ ညိုမှိုင်းသောတောင်တန်းပေါ်တွင် တိုက်လဲ၍၊ အလင်းကိုစောင့်မြော်ကြသည့်အခိုက်၊ သေခြင်းအရိပ်၊ အမိုက်တိုက်ဖြစ်စေတော်မမူမီ၊ သင်တို့ဘုရားသခင်ထာဝရဘုရား၏ဘုန်းတော်ကို ချီးမွမ်းကြလော့။ 17 ဗျာဒိတ်တော်ကိုနားမထောင်ကြလျှင်၊ ငါသည် သင်တို့၏မာနအတွက် ကွယ်ဝှက်စွာငိုကြွေး၍၊ ထာဝရဘုရား၏သိုးအုပ်တော်သုံ့ပန်းခံရသောကြောင့်၊ မဆည်နိုင်အောင်မျက်ရည်ကြလိမ့်မည်။
18 ဦးသျှောင်တော်ထက်၊ တင့်တယ်ခြင်းသရဖူကျပြီးဖြစ်သောကြောင့်၊ နှိမ့်ချစွာစံနေကြပါဟု၊ ဘုရင်မင်းနှင့် မယ်တော်အားတင်ကြလော့။ 19 နေဂပ်ခရိုင် မြို့ရွာများသည်၊ ဝင်ထွက်သူမဲ့ပိတ်ဆို့လျက်ရှိ၏။ ယုဒတစ်ပြည်လုံးမကြွင်းမကျန်၊ သုံ့ပန်းသိမ်းသွားခံရကြလေစွ။
20 မြောက်ပိုင်းမှချီလာသူတို့ကိုမြော်ကြည့်လော့။ သင်၌အပ်နှံသောရှုချင်ဖွယ်သိုးအုပ်ကား၊ အဘယ်မှာနည်း။ 21 မိတ်ကျွမ်းဝင်အောင်ကိုယ်တိုင်သင်ပေးခဲ့သောသူတို့ကို၊ ကိုယ့်အပေါ်တွင်တင်မြှောက်တော်မူကြောင်း တွေ့သည့်ကာလ၊ မည်သို့ဆိုမည်နည်း။ မီးဖွားသောမိန်းမကဲ့သို့၊ ဒုက္ခဝေဒနာခံစားမည်မဟုတ်လော။ 22 ထိုအမှုအရေးများသည် မည်သည့်အကြောင်းကြောင့် သင့်ရောက်ခဲ့သနည်းဟုအောက်မေ့လျှင်၊ ဒုစရိုက်များပြားသည့်အတွက် ထမီလှစ်ခြင်း၊ ခြေချုပ်ထားခြင်းကိုခံရသည်တကား။ 23  13.23 ပါဠိၒ ၒ- ကုရှလူမျိုး။ကပ္ပလီသည်၊ ကိုယ့်အသားအရေကိုလည်း‌ေကာင်း၊ ကျားသစ်သည် ကိုယ့်အပြောက်အကွက်များကိုလည်း‌ေကာင်း၊ ပြောင်းနိုင်သလော။ ပြောင်းနိုင်လျှင်၊ အဆိုး၌ ထိုးထွင်းသောသင်တို့ သည်၊ အကောင်းကိုပြုကောင်းပြုလိမ့်မည်။ 24 သဲတောမှလေပြင်းရှေ့၊ ဖွဲလွင့်ပျောက်သည့်နည်းတူ၊ သင်တို့ကိုငါကွဲလွင့်စေမည်။ 25 ငါထာဝရဘုရားမိန့်ဆိုသည့်အတိုင်း၊ ငါ့ကိုမေ့လျော့၍ မုသာ၌အားထားသောကြောင့်၊ ငါတိုင်းတာရာ သင်၏ပိုင်စုနှင့်ဝေပုံကား၊ ထိုသို့ပင်တည်း။ 26-27 လွင်ပြင်ရှိကုန်းပေါ်တွင်၊ သင်၏မှားယွင်းခြင်း၊ ဟီခြင်း၊ ယုတ်မာစွာပြည်တန်ဆာလုပ်ခြင်းတည်းဟူသောစက်ဆုပ်ဖွယ်အမှုများကို၊ ငါသိမြင်သည်နှင့်အညီ၊ သင့်မျက်နှာပေါ်၌၊ အရှက်ထင်ရှားသည့်တိုင်အောင် ထမီကိုလှစ်မည်။ အိုယေရုရှလင်မြို့၊ သင်သည် အမင်္ဂလာရှိလေစွ။ သန့်ရာမရောက်လျက်နေသည်မှာ၊ မည်မျှကြာအံ့နည်း။