ယာကုပ်ဩဝါဒကျမ်း
1
ဘုရားသခင်၏ကျွန်နှင့် အရှင်ယေရှုခရစ်၏ကျွန်ဖြစ်သောယာကုပ်က ကွဲလွင့်လျက် နေသောတစ်ဆယ့်နှစ်နွယ်တို့အား မေတ္တာကိုရှေ့ထား၍ ရေးလိုက်သည်မှာ၊
2-3 ညီအစ်ကိုတို့၊ သင်တို့ယုံကြည်ခြင်းကို စံချသောအရာဖြင့်တည်ကြည်ခြင်းဖြစ်ပွားကြောင်း သိမြင်လျက် အထပ်ထပ်စုံစမ်းရာကျရောက်သည့်ကာလ ဝမ်းမြောက်ရန်သက်သက်ဟု မှတ်ယူကြလော။့ သို့ရာတွင်သင်တို့သည် ယုတ်လျော့ခြင်းမရှိ။ ပြည့်ဝစုံလင်စေခြင်းငှာ တည်ကြည်ခြင်းအကျိုးကိုစုံလင်ကြစေ။ သင်တို့အနက် တစ်ယောက်ယောက်၌ ဉာဏ်ပညာယုတ်လျော့လျှင် အပြစ်မတင်ဘဲ သူခပ်သိမ်းတို့အား ကြွယ်ဝစွာသနားတော်မူသောဘုရားသခင့်ထံ တောင်းလျှောက်စေ။ သနားတော်မူလိမ့်မည်။ ယုံမှားသံသယအလျှင်းမရှိဘဲ ယုံကြည်လျက်တောင်းလျှောက်စေ။ ယုံမှားသံသယရှိသူသည် လေပြင်းတိုက်ခတ်သောပင်လယ်လှိုင်းနှင့်တူသဖြင့် စိတ်ဒွိဟရှိလျက်၊ 7-8 အလေ့အလာဟူသမျှ၌ ယိမ်းယိုင်သူဖြစ်သောကြောင့် ထာဝရဘုရားအထံတော်မှ တစ်စုံတစ်ရာရမည်ဟု မထင်မမှတ်စေနှင့်။
နိမ့်ကျသောညီအစ်ကိုသည် ချီးမြှောက်ခံရာ၌လည်းေကာင်း၊ 10 ကြွယ်ဝသူသည် မြက်ပွင့်သဖွယ်လွင့်ပျောက်ရသောကြောင့် အနိမ့်ခံရာ၌လည်းေကာင်းရွှင်လန်းစေ။ 11 နေထွက်၍လေပူတိုက်သဖြင့် မြက်ညှိုးလျက်၊ အပွင့်ကြွေလျက်၊ အဆင်းအရောင်ပျက်စီးသည့်နည်းတူ သူကြွယ်သည် ကြံစည်ဆဲတွင်ကွယ်ပျောက်ရလိမ့်မည်။
12 စုံစမ်းခံရာ၌တည်ကြည်သူသည် မင်္ဂလာရှိ၏။ စံတော်မီသဖြင့် ကိုယ်တော်ကိုချစ်သူတို့အား ကတိထားတော်မူသော အသက်သရဖူကိုရလိမ့်မည်။ 13 စုံစမ်းသွေးဆောင်ခံရသည့်ကာလ ငါ့ကိုဘုရားသခင်စုံစမ်းသွေးဆောင်တော်မူသည်ဟု မည်သူမျှမဆိုစေနှင့်။ ဘုရားသခင်သည် အဆိုးဖြင့်အစုံအစမ်းခံတော်မမူသည့်အလျောက် မည်သူ့ကိုမျှ စုံစမ်းသွေးဆောင်တော်မမူ။ 14 လူအသီးအသီးသည် ကိုယ်တပ်မက်ခြင်း​ဖြင့်ဆွဲငင်ဖြားယောင်းခံရသော် စုံစမ်းသွေးဆောင်ရာရောက်၏။ 15 တပ်မက်ခြင်းသည်သန္ဓေစွဲသော် အပြစ်ကိုဖွားတတ်၏။ အပြစ်လည်းအရွယ်ရောက်သော် သေခြင်းကိုဖွားတတ်၏။ 16 ငါချစ်သောညီအစ်ကိုတို့၊ အထင်မလွဲကြနှင့်။ 17 ကောင်းသောဆုနှင့်စုံလင်သောကျေးဇူးရှိသမျှတို့သည် ပြောင်းလဲခြင်း၊ လှည့်၍အရိပ်ကျခြင်းကင်းသောအရှင်၊ အလင်းတန်ဆာများ၏အဘထံ အထက်အရပ်မှဆင်းသက်၏။ 18 ဖန်ဆင်းတော်မူရာသတ္တဝါတို့တွင် ကောက်ဦးသဖွယ်ဖြစ်စေရန် ငါတို့ကိုသမ္မာတရားတော်အားဖြင့် အလိုတော်အတိုင်းဖြစ်ပွားစေတော်မူခဲ့၏။
19 ငါချစ်သောညီအစ်ကိုတို့၊ သင်တို့သည် ဤအကြောင်းအရာများကိုသိကြ၏။ သို့ရာတွင်အသီးအသီးကြားနာရန် လျင်မြန်ကြစေ။ ပြောဆိုရန်နှင့်အမျက်ထွက်ရန် နှောင့်နှေးကြစေ။ 20 လူ၏အမျက်သည် ဘုရားသခင့်ဖြောင့်မတ်ခြင်းတရားကို မဖြစ်ပွားစေနိုင်။ 21 သို့ဖြစ်၍ ခပ်သိမ်းသောညစ်ပေခြင်းနှင့် အလွန်ယုတ်ညံ့ခြင်းကိုပယ်ရှားပြီးလျှင် သင်တို့ဝိညာဉ်ကိုကယ်တင်နိုင်သောအဇ္စုတ္တ၌ စိုက်ပျိုးပြီး တရားတော်ကိုသိမ်မွေ့စွာခံယူကြလော့။ 22 ကိုယ်ကိုလှည့်စား၍ တရားတော်ကိုကြားရုံမျှသာမဟုတ်။ လိုက်နာသူများဖြစ်ကြလော့။ 23 တရားတော်ကိုမလိုက်နာ၊ ကြားရုံမျှပြုသူသည် ပြကတေ့မျက်နှာကို ကြေးမုံပြင်တွင်ကြည့်ရှုပြီးမှ၊ 24 သွားလျှင်သွားခြင်း ကိုယ့်သဏ္ဌာန်ကိုမေ့လျော့တတ်သူနှင့်တူ၏။ 25 လွတ်ခွင့်ဆိုင်ရာ စုံလင်သောတရားတော်တွင် စိုက်ကြည့်၍တည်နေသူမူကား ကြားနာရုံမျှနှင့်မေ့လျော့သူမဟုတ်။ လိုက်နာပြုကျင့်သူဖြစ်သောကြောင့် ပြုကျင့်ရာ၌ကောင်းကြီးမင်္ဂလာကို ရလိမ့်မည်။ 26 မည်သူမဆို ကိုယ့်လျှာကိုမချုပ်တည်းဘဲ စိတ်နှလုံးကိုလှည့်စားရာ ဘုရားတရားဝတ်ပြုသူဟုထင်မှတ်လျှင် ထိုသူ၏ဝတ်သည် အချည်းအနှီးဖြစ်၏။ 27 ငါတို့အဘဘုရားသခင်ရှေ့တော်၌ သန့်ရှင်းစင်ကြယ်သောဝတ်မှာ ဒုက္ခရောက်နေသောဘသက်ဆိုးနှင့် မုဆိုးမတို့ကိုကြည့်ရှုပြုစုခြင်း၊ ဤလောကအစွန်းနှင့်ကင်းစင်အောင် ကိုယ်ကိုစောင့်ထိန်းခြင်းများတည်း။