ယောလကျမ်း
1
ပေသွေလသား ယောလသို့ရောက်လာသော၊ ထာဝရဘုရား၏ ဗျာဒိတ်တော်ကို ပြန်ကြားပေအံ့။
အိုအသက်ကြီးသူတို့၊ နာခံ၍၊ ပြည်သူပြည်သားတို့၊ နားစိုက်ကြလော့။ သင်တို့လက်ထက်၌ဖြစ်စေ၊ ဘိုးဘေးတို့လက်ထက်၌ဖြစ်စေ၊ ဤမျှလောက် အဖြစ်အပျက် သင့်ရောက်ဘူးသလော။ သားတို့အားလည်းေကာင်း၊ မြေးတို့အားလည်းေကာင်း၊ မြစ်တို့အားလည်းေကာင်း၊ အဆင့်ဆင့်သတင်းကြားကြစေ။ ဂါဇံခေါ်ကျိုင်းအုပ်စားကြွင်းကို၊ အရာဘခေါ်ကျိုင်းအုပ်စားလေပြီ။ အရာဘခေါ်ကျိုင်းအုပ်စားကြွင်းကို၊ ယာလက်ခေါ်ကျိုင်းအုပ်စားလေပြီ။ ယာလက်ခေါ်ကျိုင်းအုပ်စားကြွင်း ကို ခါသိလခေါ်ကျိုင်းအုပ်စားလေပြီ။ အိုယစ်သောက်သူတို့၊ နိုးထငိုကြွေး၍ အိုစပျစ်ရည်သောက်သူတို့၊ အော်ဟစ်ကြလော့။ သောက်အံ့သောစပျစ်ရည်ပပျောက်လေပြီ။ ခွန်အားကြီးလျက် ရေတွက်၍မရ၊ ခြင်္သေ့ကဲ့သို့သွား၊ သီဟကဲ့သို့အစွယ်နှင့်ပြည့်စုံသောအလုံးအရင်းသည်၊ ငါ့ပြည်ပေါ်သို့တက်ချီ၍၊ စပျစ်ခြံကိုမြေပြင်၊ သဖန်းခြံကို သစ်ခွဖြစ်စေလျက်၊ အကိုင်းအခက် ဖြူသည့်တိုင်အောင်၊ အခေါက်ကို ကိုက်စားပစ်ချကြလေပြီ။ ကြောင်းလမ်းပြီး ရည်းစားအတွက်၊ လျှော်တေဝတ်နေသောအပျိုကညာကဲ့သို့ ငိုကြွေးလော့။ ဗိမာန်တော့်ဆိုင်ရာ ဘောဇဉ်သက္ကာနှင့် သွန်းလောင်းရာ သက္ကာများကုန်ခန်းသည့်အတွက်၊ ထာဝရဘုရား၏ အမှုတော်ဆောင်ပရောဟိတ်တို့မြည်တမ်းကြရ၏။ 10 လယ်ယာပျက်စီးလျက်၊ မြေမြည်တမ်းလျက်၊ ကောက်ပင်ပျက်စီးလျက်၊ စပျစ်ရည်ကျိုးယုတ်လျက်၊ ဆီညှိုးငယ်လျက်ရှိပြီ။ 11-12 အိုလယ်လုပ်သူ၊ အိုခြံလုပ်သူဖို့၊ လယ်တွင်ရိတ်သိမ်းရာ ဂျုံစပါးမုယောစပါးပျက်စီးသည့်ပြင်၊ စပျစ်ပင်ကျိုးယုတ်လျက်၊ သဖန်းပင်ညှိုးငယ်လျက်၊ သလဲ၊ စွန်ပလွံ၊ သစ်သော့မှ စသောအပင်အမျိုးမျိုးသွေ့ခြောက်သည့်အတွက်၊ ကျိုးယုတ်၍အော်ဟစ်ကြလော့။ လူသားတို့၌ အားရရွှင်လန်းခြင်းပလေစွတကား။ 13 အိုပရောဟိတ်တို့၊ လျှော်တေဝတ်လျက် မြည်တမ်းကြလော့။ ပူဇော်ရာ ပလ္လင်တော်မှုကို ဆောင်ရွက်သူတို့၊ အော်ဟစ်ကြလော့။ ငါ၏ဘုရားသခင့်အမှုတော်ဆောင်တို့၊ လျှော်တေခင်း၍အိပ်ကြလော့။ သင်တို့ဘုရားသခင့်ဗိမာန်တော်ဆိုင်ရာ ဘောဇဉ်သက္ကာနှင့်၊ သွန်းလောင်းရာ သက္ကာများကုန်ခန်းလေပြီ။ 14 အစာရှောင်ရာနေ့၊ စည်းဝေးရာနေ့ကို သန့်ခြားလျက်၊ ကြော်ငြာလျက်၊ လူကြီးတို့မှ စ၍ပြည်သူပြည်သားအပေါင်းတို့ကို၊ သင်တို့ဘုရားသခင့် ဗိမာန်တော်သို့ခေါ်ဖိတ် ပြီးလျှင်၊ အမင်္ဂလာနေ့ရောက်လေပြီ။ 15 ထာဝရဘုရား၏နေ့ရက်တော်ရောက်အံ့ဆဲဆဲဖြစ်၏။ အနန္တတန်ခိုးရှင့်ထံမှ၊ ဘေးဆိုးကဲ့သို့သင့်ရောက်လေစွဟု၊ ထာဝရဘုရားထံဟစ်ကြလော့။ 16 မျက်မှောက်တွင်ပင်၊ အစားအသောက်ကုန်ခန်းလေပြီ။ ငါတို့ဘုရားသခင်ဗိမာန်တော်၌၊ အားရရွှင်လမ်းသံတိတ်လေပြီမဟုတ်လော။ 17 တူးဆွလျက်ပင် မျိုးစေ့ပိန်ကြုံ၍၊ ကောက်ပင်မအောင်သည့်အတိုင်း၊ တလင်းဆိတ်ညံရာ၊ ကျီကျပြိုပျက်ရာရောက်ခဲ့လေစွ။ 18 မြက်မရှိသည့်အတွက်၊ နွား၊သိုး၊ဆိတ်မှစသော၊ သားယဉ်များသည်၊ အစာငတ်လှည့်လည်လျက်မြည်တွန်ကြသည်တကား။ 19 အိုထာဝရဘုရား၊ တောတောင်စားကျက်များကိုလည်းေကာင်း၊ သစ်ပင်ရှိသမျှကိုလည်းေကာင်း၊ မီးလျှံသင့်၍ ကျွမ်းလောင်သောကြောင့်၊ ကိုယ်တော့်ထံအကျွန်ုပ်ပဌနာပြုသည်ပြင်၊ 20 ချောင်းရေခန်းခြောက်၍၊ တောတောင်စားကျက် ကျွမ်းလောင်ပြီဖြစ်သောကြောင့်၊ သားရိုင်းတို့ပင် ကိုယ်တော့်ထံတသကြသည်တကား။