ယောနကျမ်း
1
ထာဝရဘုရား၏အမိန့်တော်သည်၊ အမိတ္တဲ၏သားယောနထံရောက်လာသည်ကား။ နိနဝေမြို့ကြီးသို့ထသွားပြီးလျှင်၊ ၎င်းမြို့အပေါ်တွင် ကြွေးကြော်လော့။ အသို့ဆိုသော်၊ ထိုမြို့သူမြို့သားတို့၏ ဒုစရိုက်အပြစ်သည်၊ ငါ့ရှေ့သို့တက်လာပြီဟုမိန့်တော်မူ၏။ သို့ရာတွင်ယောနသည်၊ ထာဝရဘုရားထံတော်မှ တာရှုမြို့သို့ပြေးမည်အကြံနှင့် ထ၍၊ ယုပ္ပေမြို့သို့သွားရောက်ရာ၊ တာရှုမြို့သွားသင်္ဘောကိုတွေ့ကြုံ၍အခပေးပြီးလျှင်၊ ထာဝရဘုရားထံတော်မှ တာရှုမြို့သို့လိုက်ခြင်းငှာတက်စီးလေ၏။ ထိုအခါ၊ ထာဝရဘုရားသည် ပြင်းထန်သောလေကို ပင်လယ်ပေါ်သို့တိုက်စေတော်မူသဖြင့်၊ ပင်လယ်၌ကြီးစွာသောမုန်တိုင်းကျ၍ သင်္ဘောပျက်လုမတတ်ရှိသော်၊ သင်္ဘောသားတို့သည် ကြောက်လန့်၍၊ အသီးအသီးကိုယ့်ဘုရားကိုအော်ဟစ်လျက်၊ သင်္ဘောပေါ့စေခြင်းငှာ၊ ကိရိယာများကို ပင်လယ်ထဲသို့ပစ်ချကြ၏။ ယောနမူကား၊ သင်္ဘောဝမ်းထဲသို့ဆင်း၍အိပ်ပျော်လျက်နေစဉ်၊ သင်္ဘောသူကြီးသည်လာ၍၊ အချင်းလူ၊ အဘယ့်ကြောင့်အိပ်ပျော်နေသနည်း။ ထလော့၊ သင်၏ဘုရားကိုဟစ်ခေါ်လော့။ ငါတို့မပျက်စီးစေခြင်းငှာ၊ ထိုဘုရားသည် ငါတို့ကိုသတိရကောင်းရတော်မူလိမ့်မည်ဟုဆို၏။ ထိုသူတို့ကလည်းလာကြ။ မည်သူ့အတွက်ကြောင့်ဤဘေးသင့်ရောက်သည်ကို ငါတို့သိစေခြင်းငှာ၊ မဲချကြကုန်အံ့ဟု အချင်းချင်းပြောဆို၍မဲချလျှင်၊ ယောနအပေါ်သို့ကျလေ၏။ ထိုအခါသူတို့က၊ မည်သူ့အတွက်ကြောင့်ဤဘေးသင့်ရောက်သည်ကို ပြောပါလော့။ သင်လုပ်ဆောင်သောအမှုကားမည်သို့နည်း။ မည်သည့်အရပ်ကလာသနည်း။ မည်သည့်ပြည်၊ မည်သည့်အမျိုးသားဖြစ်သနည်းဟု မေးမြန်းကြသော်၊ ငါသည် ဟေဗြဲအမျိုးသားဖြစ်၏။ ရေမြေကိုဖန်ဆင်းတော်မူသော ကောင်းကင်ဘုံရှင်ထာဝရဘုရားသခင်ကို ခန့်ညားသောသူဖြစ်သည်ဟုဆိုလျှင်၊ 10 ထိုသူတို့သည် အလွန်ကြောက်လန့်၍၊ သင်သည် မည်သို့ပြုဘိသနည်းဟုမေးကြ၏။ ထိုသို့မေးသည့်အကြောင်းကား၊ ယောနသည် ထာဝရဘုရားထံတော်မှ ထွက်ပြေးကြောင်းကို သူတို့အား ဖော်ပြ၍ သိနှင့်ကြသောကြောင့်တည်း။
11 ထိုအခါ၊ လှိုင်းတံပိုးတိုး၍ ထသောကြောင့် သူတို့က၊ ငါတို့နှင့်လှိုင်းတံပိုးငြိမ်းဝေးစေခြင်းငှာ၊ သင့်ကိုမည်သို့ပြုရပါမည်နည်းဟုမေးကြသော်၊ 12 ငါ့ကိုယူ၍ပင်လယ်ထဲသို့ချပစ်ကြလော့။ သို့ပြုလျှင် သင်တို့နှင့်လှိုင်းတံပိုးငြိမ်းဝေးလိမ့်မည်။ ဤကြီးစွာသောမုန်တိုင်းသည်၊ ငါ့အတွက်ကြောင့် သင်တို့၌သင့်ရောက်သည်ကို ငါသိသည်ဟု ပြန်ပြောလျက်ပင်၊ 13 သင်္ဘောသားတို့သည် ကမ်းသို့ရောက်အံ့သောငှာ ကြိုးစားခတ်ကြသော်လည်း၊ သူတို့တစ်ဘက်၌ လှိုင်းတံပိုးတိုး၍ ထသောကြောင့်၊ မရောက်နိုင်။ 14 ထိုကြောင့်၊ ထာဝရဘုရားအားဟစ်၍၊ အိုထာဝရဘုရား၊ ဤသူ၏ အသက်ကြောင့်အကျွန်ုပ်တို့သည် ပျက်စီးခြင်းသို့မရောက်ရပါစေနှင့်။ အပြစ်ကင်းသောသူ၏အသွေးကို အကျွန်ုပ်တို့အပေါ်သို့ တင်တော်မမူပါနှင့်။ အသို့ဆိုသော်၊ ကိုယ်တော်သည် အလိုေတာ်အတိုင်းပြုတော်မူပါပြီဘုရားဟုဆုေတာင်းပြီးမှ၊ ေယာနကိုယူ၍ပင်လယ်ထဲသို့ပစ်ချကြ၏။ 15 ထိုအခါ လှိုင်းတံပိုးမထဘဲ ပင်လယ်ငြိမ်လေ၏။ 16 သင်္ဘောသားတို့လည်း၊ ထာဝရဘုရားကို အလွန်ကြောက်ရွံသည်နှင့်၊ ထိုဘုရားအားပူဇော်သက္ကာဆက်ကပ်၍သစ္စာပြုကြ၏။
17 ယောနကိုမျိုစေခြင်းငှာ ငါးကြီးကို ထာဝရဘုရားစီမံတော်မူသည်နှင့်အညီ၊ ယောနသည် ငါး၏ဝမ်းထဲမှာ၊ သုံးနေ့နှင့်သုံးညဉ့်နေရလေ၏။