9
ထိုနောက် ယေရုဗ္ဗာလ၏သားအဘိမလက်သည် ရှေခင်မြို့သို့သွားရောက်ပြီးလျှင်၊ ဦးရီးများ မှစ၍ မိခင်၏ဆွေရင်းမျိုးသားအပေါင်းတို့အား ပြောဆိုသည်မှာ သင်တို့အပေါ်တွင် ယေရုဗ္ဗာလသားခုနစ်ကျိပ်တို့ အုပ်စိုးသင့်ပါသလော။ လူတစ်ဦးတည်းအုပ်စိုး သင့်ပါသလော။ ကျွန်တော်သည် မြို့သူမြို့သားတို့၏ အရိုးအသားဖြစ်ကြောင်းကို သတိရှိပါလော့ဟူ၍ ရှေခင်မြို့သားအပေါင်းတို့အား ဆင့်ဆိုကြပါဟု ထုတ်ဖော်ပြောဆိုသည့်အတိုင်း ရှေခင်မြို့သားအပေါင်းတို့အားဦးရီးတို့ဆင့်ဆိုကြရာ၊ သူတို့က၊ အဘိမလက်သည် ငါတို့ညီသား အစ်ကိုဖြစ်ပေသည်ဟု ဝန်ခံလျက်၊ စိတ်ငဲ့ကွက်သဖြင့် ဗာလဗေရိတ်ဗိမာန်အတွင်းမှ ငွေခုနစ်ဆယ်ကိုထုတ်ပေးသော်၊ အဘိမလက် သည် လူမိုက်လူသွမ်းတို့ကို ငှာလျက်လိုက်စေပြီးလျှင်၊ သြဖရမြို့ရှိ အဘအိမ်သို့သွားရောက်၍ ညီအစ်ကိုဖြစ်သောယေရုဗ္ဗာလသားခုနစ်ကျိပ်ကို ကျောက်ဖျာကြီးတစ်ချပ်ပေါ်တွင် ကွပ်မျက်လေ၏။ ယေရုဗ္ဗာလ၏သားထွေးယောသံကား တိမ်းရှောင်နေသောကြောင့် ကြွင်းကျန်ရစ်သတည်း။
ထိုနောက်ရှေခင်မြို့၊ ဗက်မိလ္လောမြို့သားအပေါင်းတို့သည် ရှေခင်မြို့ရှိ ကျောက်တိုင်မိုးရာညန်ပင်အောက်တွင်စည်းဝေးလျက် အဘိမလက်ကို ဘုရင်အဖြစ်တင်မြှောက်ကုန်၏။ ယောသံကြားသိသော်၊ ဂေရဇိမ်တောင်ထိပ်သို့တက်သွားရပ်နေပြီးလျှင်၊ သည်းစွာအော်ဟစ်သည် မှာ အိုရှေခင်မြို့သားတို့ သင်တို့တောင်းလျှောက်ချက်ကို ဘုရားသခင်နားညောင်းတော်မူရန် ငါပုံစကားကို နားထောင်ကြလော့။ အခါတစ်ပါး၌ သစ်ပင်တို့သည် ကိုယ့်အပေါ်တွင် ရာဇဘိသိက်သွန်းရန် ထွက်သွားကြရာ၊ သံလွင် ပင်အား အကျွန်ုပ်တို့အပေါ်တွင် မင်းပြုပါဟု လျှောက်ကြလျှင် သံလွင်ပင်က၊ ဘုရားသခင်၌လည်းေကာင်း၊ လူ၌လည်းေကာင်း၊ ဂုဏ်ရစေသောငါ့အဆီအနှစ်ကို စွန့်ပယ်လျက် သစ်ပင်တကာတို့အထက်၌ လှုပ်ရှားရန်သွားသင့်ပါသလောဟုပြန်ဆို၏။ 10 တစ်ဖန်သစ်ပင်တို့သည် သဖန်းပင်အား၊ ကိုယ်တော်ကြွ၍ အကျွန်ုပ်တို့အပေါ်တွင် မင်းပြုပါဟု လျှောက်ကြလျှင် 11 သဖန်းပင်ကလည်း၊ ငါ့ချိုမြိန်သောအသီးမြတ်ကို စွန့်ပယ်လျက်၊ သစ်ပင်တကာတို့အထက်၌ လှုပ်ရှားရန်သွားသင့်ပါသလောဟုပြန်ဆို၏။ 12 တစ်ဖန်သစ်ပင်တို့သည် စပျစ်ပင်အား ကိုယ်တော်ကြွ၍ အကျွန်ုပ်တို့အပေါ်တွင် မင်းပြုပါဟု လျှောက်ကြလျှင် 13 စပျစ်ပင်ကလည်း၊ ဘုရားသခင်၌လည်းေကာင်း၊ လူ၌လည်းေကာင်း၊ ရွှန်လန်းစေသောငါ့အရည်ကိုစွန့်ပယ်လျက်၊ သစ်ပင်တကာတို့အထက်၌ လှုပ်ရှားရန် သွားသင့်ပါသလောဟုပြန်ဆို၏။ 14 တစ်ဖန်သစ်ပင်အပေါင်းတို့သည် ဆူးလေပင်အား ကိုယ်တော်ကြွ၍ အကျွန်ုပ်တို့အပေါ်တွင် မင်းပြုပါဟု လျှောက်ကြလျှင်၊ 15 ဆူးလေပင်က၊ သစ္စာတည်စွာသင်တို့အပေါ်တွင် ရာဇဘိသိက်ဖြင့် ငါ့ကိုချီးမြှင့်ပါမူ ငါ့အရိပ်တွင် ခိုဝင်ကြလော့။ သို့မဟုတ်လျှင် ဆူးလေပင်အတွင်းမှ မီးထွက်၍ လေဗနုန်သစ်ကတိုးပင် များကို ကျွမ်းလောင်စေဟု သစ်ပင်တို့အား ပြန်ဆိုလေသတည်း။ 16 ထိုသို့နှင့်အညီ၊ အဘိမလက်ကို မင်းတင်မြှောက်ကြသည်မှာ သင်တို့သစ္စာတည်လျက် ဖြောင့် မတ်စွာပြုလုပ်လျှင်လည်းေကာင်း၊ ယေရုဗ္ဗာလကျေးဇူးပြုသည့်အလိုက် သူနှင့်တကွ အိမ်သူအိမ်သားတို့အား လက်စားချေလျှင်လည်းေကာင်း၊ 17 ငါ့အဘသည် သင်တို့ဘက်၌ အသက်စွန့်စား၍ စစ်ပြိုင်လျက်၊ မိဒျန်လူမျိုးလက်တွင်းမှ လွတ်မြောက်စေသော်လည်း 18 ယနေ့တွင် ငါ့အဘအိမ်သူအိမ်သားတို့တဘက်၌ ပုန်ကန်ပြီးမှ၊ သားခုနစ်ကျိပ်တို့ကို ကျောက် ဖျာကြီးတစ်ချပ်ပေါ်တွင် ကွပ်မျက်ခြင်း၊ ကျွန်မိန်းမ၏သား၊ သင်တို့ညီအစ်ကိုတော်အဘိမလက်ကို ရှေခင်မြို့သားတို့အပေါ်တွင် ဘုရင်အဖြစ်တင်မြှောက်ခြင်းများကို သင်တို့ပြုလုပ်ရာ၌ 19 ယေရုဗ္ဗာလနှင့်အိမ်သူအိမ်သားတို့အား သစ္စာတည်လျက် ဖြောင့်မတ်စွာပြုလုပ်လျှင်လည်းေကာင်း၊ အဘိမလက်ကိုအမှီပြု၍ ရွှန်လန်းကြလော့။ အဘိမလက်လည်း သင်တို့ကိုအမှီပြု၍ ရွှင်လန်းပါစေ။ 20 သို့မဟုတ်လျှင် အဘိမလက်မှ မီးထွက်လျက် ရှေခင်မြို့၊ ဗက်မိလ္လောမြို့သားတို့ကိုကျွမ်းလောင်ပါစေ၊ ဗက်မိလ္လောမြို့သားတို့မှလည်း မီးထွက်လျက် အဘိမလက်ကိုကျွမ်းလောင်ပါစေဟု အော်ဟစ်ပြီးလျှင် 21 ယောသံထွက်ပြေး၍၊ အစ်ကိုအဘိမလက်ဘေးကြောင့် ဗေရမြို့သို့ သွားရောက်နေထိုင်လေ၏။
22 သုံးနှစ်ပတ်လုံး ဣသရေလလူမျိုးအပေါ်တွင် အဘိမလက်အုပ်ချုပ်ပြီးနောက် 23-24 ယေရုဗ္ဗာလ၏သားခုနစ်ကျိပ်တို့အား ပြုလုပ်ခဲ့သော ရက်စက်မှု၊ သွေးသွန်းမှုသည် ညီအစ်ကိုဖြစ်လျက် ကွပ်မျက်သူအဘိမလက်အပေါ်တွင်လည်းေကာင်း၊ ကွပ်မျက်ခြင်းအမှု၌ အားပေးပါဝင် သောရှေခင်မြို့သားတို့အပေါ်တွင်လည်းေကာင်း၊ လက်စားသင့်ရောက်စေခြင်းငှါ အဘိမလက်နှင့် ရှေခင်မြို့ သားတို့ကြားတွင် နတ်ဆိုးကို ဘုရားသခင်လွှတ်တော်မူ၍ ရှေခင်မြို့သားတို့သည် အဘိမလက်သစ္စာ ကိုေဖာက်ပြန်ကြကုန်၏။ 25 ရှေခင်မြို့သားတို့သည် အဘိမလက်ကို ချောင်းကြည့်စေရန် တောင်ထိပ်ပေါ်တွင် ကင်းထားရာ၊ တောင်ကျော်၍သွားသောခရီးသည်တို့ကို ထိုသူတို့လုယက်ကြကြောင်း အဘိမလက်ကြားလေ၏။
26 ဧဗက်သားဂါလသည် ညီအစ်ကိုတို့နှင့်အတူ ရှေခင်မြို့သို့ရွှေ့ပြောင်းရောက်လာရာ ၎င်းမြို့သား တို့အားထားကြ၏။ 27 မြို့ပြင်သို့ထွက်သွားပြီးလျှင် စပျစ်ခြံအသီးကိုဆွတ်၍ ဖိနင်းခြင်း၊ ပျော်ပွဲကျင်းပခြင်း၊ ကိုယ့် ဘုရား၏ဗိမာန်အတွင်း ဝင်ရောက်ခြင်း၊ စားသောက်ခြင်းများကို ပြုလျက်၊ အဘိမလက်ကိုလည်း ကျိန်ဆိုကြရာ၊ 28 ဧဗက်သားဂါလက၊ သူ့လက်အောက်၌ ငါတို့ကျွန်ခံနိုင်ရန် အဘိမလက်ကား မည်သူနည်း။ ရှေခင်ကား မည်သူနည်း။ အဘိမလက်သည် ယေရုဗ္ဗာလသားမျှသာမဟုတ်လော။ ဇေဗုလကား၊ ၎င်း၏ ကိုယ်စားလှယ်ဖြစ်သည်မဟုတ်လော။ ရှေခင့်အဘ ဟာမော်၏လူတို့အောက်တွင် ကျွန်ခံကြလေ။ အဘိမလက်အောက်တွင် အဘယ်ကြောင့် ကျွန်ခံရမည်နည်း။ 29 ဤလူမျိုးသည် ငါ့အောက်တွင်ပါရှိချေသော် အဘိမလက်ကို ငါပယ်ရှားမည်ဟု ဆိုသည့်ပြင် အဘိမလက်အားလည်း ဗိုလ်ထုများစွာနှင့် ချီတက်ခဲ့လောဟု ဆိုလိုက်၏။ 30 ဧဗက်သား ဂါလစကားကို မြို့အုပ်ဇေဗုလကြားလျှင် အမျက်ထွက်လျက်ကြည့်ပါလော့။ 31 ဧဗက်သား ဂါလသည် ညီအစ်ကိုတို့နှင့်တကွ ရှေခင်မြို့သို့ ဝင်ရောက်ပြီးလျှင်၊ မြို့သားတို့ကို သင့်တစ်ဖက်၌ ထကြွစေသည်တကား။ 32 သို့ဖြစ်၍၊ ပါရှိသောရဲမက်တို့နှင့် ညဉ့်အချိန်ချီလာ၍ မြို့အပြင်ကချောင်းလျက်နေတော်မူပါ။ 33 နံနက်၊ နေဝန်းပေါ်လျှင်ပေါ်ချင်း ထ၍မြို့ကိုပစ်ခတ်သော် ဂါလနှင့်ပါရှိသောသူတို့သည် ဆီးကြိုခုခံကြသောအခါ ပြုလိုတိုင်း ပြုလုပ်စီရင်တော်မူပါဟု တောရမမြို့ရှိ အဘိမလက်ထံ တမန်တို့ကို စေ၍ လျှောက်ထားလေ၏။
34 အဘိမလက်သည် ပါရှိသောရဲမက်တို့နှင့် ညဉ့်အခါထပြီးလျှင် တပ်လေးတပ်ခွဲ၍ ရှေခင်မြို့အပ တွင် ချောင်းလျက်နေကြစဉ် 35 ဧဗက်သားဂါလလည်း မြို့မှထွက်ပြီးလျှင်၊ တံခါးဝအနီးရပ်နေရာ၊ အဘိမလက်နှင့်ပါရှိသော ရဲမက်တို့ပါ ချောင်းရာကထကြ၏။ 36 ထိုသူတို့ကို ဂါလမြင်လျှင် တောင်ပေါ်ကလူများဆင်းသက်လာပြီဟု ဇေဗုလအားဆိုသော်၊ ဇေဗု လက တောင်ရိပ်ကိုပင် လူကဲ့သို့ထင်မြင်သည်ဟု ပြန်ဆို၏။ 37 တစ်ဖန်ဂါလက၊ ကြည့်ပါဦး။ လူများသည်တောင်ရိုးပေါ်မှဆင်းသက်၏။ တစ်တပ်ကား၊ မောနေနိမ်ညန်ပင်လမ်းဖြင့် လာကြသည်ဟုပြောပြန်သော်၊ 38 ဇေဗုလက၊ သူ့လက်အောက်၌ငါတို့ကျွန်ခံနိုင်ရန် အဘိမလက်ကား မည်သူနည်းဟူ၍ ကြွားဝါ သောနှုတ်သည် ယခုအဘယ်မှာနည်း။ ထိုလူတို့သည် သင်မထီလေးစားပြုသောသူတို့ပင်မဟုတ် လော။ ထွက်၍စစ်ပြိုင်လော့ဟု ဆိုလျှင် 39 ဂါလသည် ရှေခင်မြို့သားတို့ရှေ့တွင်ထွက်၍၊ စစ်ပြိုင်ရာ၊ 40 အထိအရှအကျအဆုံးများသောကြောင့် ပြေးသွားလျှင်၊ မြို့တံခါးဝတိုင်အောင်အဘိမလက် လိုက်လံလေ၏။ 41 အဘိမလက်သည် အရုမမြို့၌ခိုနေစဉ် ဂါလနှင့်ညီအစ်ကိုတို့ကို၊ ရှေခင်မြို့တွင်နေထိုင်ရာမှ ဇေဗုလနှင့်ထုတ်လေ၏။ 42 နောက်နေ့၌ မြို့သားတို့သည် မြို့ပြင်သို့ထွက်သွားကြောင်း အဘိမလက်ကြားသော်၊ 43 ရဲမက်တို့ကိုသုံးတပ်ခွဲပြီးလျှင်၊ ချောင်း၍ကြည့်နေစဉ် မြို့သားတို့ထွက်လာသည့်အခိုက်ထ၍ လုပ်ကြံရာ 44 အဘိမလက်နှင့်လိုက်ပါသောတပ်သည် မြို့တံခါးဝတိုင်အောင် အပြင်းချီ၍ တိုက်ခိုက်စောင့် နေကြ၏။ အခြားတပ်နှစ်တပ်ကား၊ လယ်ယာတွင်ရှိသူတို့ထံ အပြင်းချီလျက်တိုက်ခိုက်လုပ်ကြံ လေ၏။ 45 အဘိမလက်သည် တစ်နေ့ချင်းဖြင့် မြို့ကိုတိုက်ခိုက်သိမ်းယူပြီးသော် ရှိသမျှသောသူတို့ကို ကွပ်မျက်၍ မြို့ကိုဖျက်ဆီးပြီးလျှင် ဆားဖြင့်ကြဲဖြန့်လေ၏။
46-47 ရှေခင်ရဲတိုက်သားအပေါင်းတို့သည် သတင်းကြားလျှင်၊ ဧလဗာရိတ်ဗိမာန်အောက် မြေ တိုက်အတွင်း ခိုဝင်စုရုံးကြောင်း အဘိမလက်ကြားသော်၊ 48 ပါရှိသောရဲမက်တို့နှင့်တကွ ဇာလမုန်တောင်သို့ တက်သွားပြီးလျှင် ပုဆိန်ကိုကိုင်၍ သစ်ကိုင်းခုတ်ဖြတ်ထမ်းဆောင်လျက် ပါရှိသူတို့အား မြင်ခဲ့ကြရာ ငါ့အမှုအလျောက်၊ အလျင်အမြန် ပြုကြလော့ဟုမှာလိုက်သဖြင့် 49 ပါရှိသမျှသောသူအသီးအသီးတို့လည်း သစ်ကိုင်းကိုခုတ်ဖြတ်ပြီးလျှင် အဘိမလက်နောက်က လိုက်လျက် မြေတိုက်ကို ထိုသစ်ကိုင်းများဖြင့်အုံ၍ မီးတိုက်ရာ မိန်းမယောက်ျားတစ်ထောင်ခန့် ရဲတိုက် ရှိသူအပေါင်းတို့သေကြကုန်၏။
50 ထိုနောက် အဘိမလက်သည် သေဗက်မြို့ရောက်ချီပြီးလျှင် တပ်စွဲသိမ်းယူလေ၏။ 51 မြို့တွင်း၌မူ ခိုင်ခံ့သောရဲတိုက်ရှိသဖြင့် မြို့သူမြို့သားယောက်ျားမိန်းမအပေါင်းတို့ ပြေးဝင်လျက် အပေါက်ကိုပိတ်ထားပြီးလျှင် ရဲတိုက်အပေါ်ထပ်သို့တက်သွားကြကုန်၏။ 52 အဘိမလက်သည် ဝင်လာတိုက်ခိုက်လျက် ရဲတိုက်တံခါးကို မီးတိုက်ရန် ချဉ်းကပ်သော် 53 ကျောက်ကျည်ပွေ့ကိုအဘိမလက်ဦးခေါင်းထက် မိန်းမတစ်ယောက်ပစ်ချသဖြင့် ဦးခွံကွဲလျှင် 54 လက်နက်ကိုင်လူငယ်ကို အမြန်ခေါ်လျက် ငါ့ကိုမိန်းမသတ်သည်ဟုဆိုလေ့မရှိစေခြင်းငှါ၊ သင့်ဓားကိုထုတ်၍ သတ်လော့ဟုဆိုသည့်အတိုင်း ထိုးသတ်သဖြင့် သေလေ၏။ 55 ဣသရေလလူမျိုးတို့သည် အဘိမလက်သေသည်ကိုသိမြင်လျှင် အသီးအသီးကိုယ့်ဌာနသို့ပြန်သွားကြ၏။ 56 ထိုသို့ညီအစ်ကိုခုနစ်ကျိပ်ကို ကွပ်မျက်ခြင်းကြောင့် အဘအားပြုလုပ်ခဲ့သောဆိုးသွမ်းမှုကို ဘုရားသခင်သည် အဘိမလက်အပေါ်တွင် ဆပ်ပေးသည့်ပြင် 57 ရှေခင်မြို့သားတို့ပြုသမျှသော ဆိုးသွမ်းမှုကိုလည်း ချင်းတို့ဦးထိပ်ထက်ရောက်စေတော်မူသဖြင့် သူတို့ အပေါ်သို့ ယေရုဗ္ဗာလသား ယောသံကျိန်ဆိုသောအမင်္ဂလာသက်ရောက်သတည်း။