6
တစ်ဖန် ဣသရေလအမျိုးသားတို့သည် ထာဝရဘုရားမျက်မှောက်တော်၌ ဆိုးသွမ်းမှုကို ပြုကျင့် သောကြောင့် မိဒျန်လူမျိုးလက်တွင်းသို့ ခုနစ်နှစ်ပတ်လုံး ထာဝရဘုရားအပ်နှင်းတော်မူသည့် အလျောက်၊ မိဒျန်လက်ရုံးရည်သာသဖြင့်၊ ဣသရေလအမျိုးသားတို့သည် တောင်များတွင်လှိုဏ်ခေါင်း၊ ဥမင်နှင့်ခံတပ်များကို ပြုလုပ်ကြ၏။ ထိုကာလ ဣသရေလလူမျိုးတို့စိုက်ပျိုးပြီးမှ မိဒျန်လူမျိုး၊ အာမလက်လူမျိုးတို့မှ စသော အရှေ့ ပြည်သားတို့သည် ချီလာစွဲရပ်သဖြင့် ဂါဇမြို့တိုင်ရောက်အောင် မြေထွက်အသီးအနှံကိုဖျက်ဆီးလျက် သိုး၊ ဆိတ်၊ နွား၊ မြည်းမှစ၍ ဣသရေလတိုင်းပြည်အတွင်းတွင် စားရန်အစာမျှမကျန်မကြွင်းစေရ။ ထိုသူတို့သည် တိရစ္ဆာန်များနှင့်တဲများပါလျက် ကျိုင်းအုပ်နှင့်အမျှ အမြောက်အမြားလာကြ၍ လူနှင့်ကုလားအုပ်လည်း မရေမတွက်နိုင်အောင် ထိုပြည်သို့ချီလာဖျက်ဆီးကြ၏။ ဣသရေလအမျိုးသားတို့သည် မိဒျန်လူမျိုးကြောင့် အလွန်ဆင်းရဲလှသဖြင့် ထာဝရဘုရားထံ အော်ဟစ်ကြ၏။
ထိုသို့ဣသရေလအမျိုးသားတို့သည် မိဒျန်လူမျိုးကြောင့် ထာဝရဘုရားထံအော်ဟစ်ကြသော အခါ ထာဝရဘုရားစေလွှတ်တော်မူသော ပရောဖက်က ဣသရေလလူမျိုး၏ ဘုရားသခင်ထာဝရ ဘုရားမိန့်တော်မူသည်မှာ ကျွန်ခံနေရာအိဂျစ်ပြည်မှ သင်တို့ကိုငါထုတ်ဆောင်ခဲ့ပြီ။ ထိုပြည်သားတို့လက်အောက်မှလည်းေကာင်း၊ နှိပ်စက်သမျှသောသူတို့လက်အောက်မှလည်းေကာင်း၊ ကယ်နုတ်သည့်ပြင်၊ ချင်းတို့ကို သင်တို့ရှေ့နှင်ထုတ်လျက်၊ ပြည်ကိုလည်း အပ်လွှဲခဲ့လေပြီ။ 10 ငါသည်သင်တို့ဘုရားသခင်ထာဝရဘုရားဖြစ်သဖြင့်၊ သင်တို့နေရာအာမောရိလူမျိုးကိုးကွယ်သောဘုရားများကို ကြောက်ရွံ့ခြင်းမရှိနှင့်ဟု ငါပညတ်သော်လည်း မလိုက်မနာကြောင်း မိန့်တော် မူသည်ဟူ၍ ဆင့်ဆိုလေ၏။
11 တစ်ဖန်ထာဝရဘုရား၏ စေတမန်တော်ကြွလာ၍၊ သြဖရမြို့၊ အဗျေဇာ့အနွယ်သား ယောရှပိုင်ညန်ပင်အောက်တွင် ထိုင်နေရာ၊ ယောရှသား ဂိဒေါင်သည် မိဒျန်လူမျိုးမျက်ကွယ်ဖြစ်စေ ရန် ဖိနင်းရာစပျစ်ကျင်းတွင် ဂျုံစပါးကိုနယ်လျက်နေ၏။ 12 ထာဝရဘုရား၏စေတမန်တော်သည် ထင်ရှား၍ အိုစစ်ခေါင်းမာသူ၊ သင်နှင့်အတူ ထာဝရဘုရား ရှိတော်မူသည်ဟုဆိုလျှင်၊ 13 ဂိဒေါင်က၊ အိုအရှင်မြတ်၊ အကျွန်ုပ်တို့နှင့်အတူ ထာဝရဘုရားရှိတော်မူသည်မှန်ပါလျှင်၊ အဘယ်ကြောင့် ဤဘေးဆိုးသင့်ရောက်ပါသနည်း။ ထာဝရဘုရားသည် ငါတို့ကိုအိဂျစ်ပြည်မှ ထုတ်ဆောင်တော်မူခဲ့သည်မဟုတ်လောဟူ၍ ဘိုးဘေးတို့ပြန်ကြားသမျှသော အံ့ဖွယ်ရာများကား အဘယ်မှာနည်း။ ယခုမှာ ထာဝရဘုရားသည် အကျွန်ုပ်တို့ကိုစွန့်ပယ်၍ မိဒျန်လူမျိုးလက်တွင်းသို့ အပ်နှင်းတော်မူခဲ့လေစွတကားဟု ဆိုသော်၊ 14 ထာဝရဘုရားရှုမြင်၍ ပြကတေ့ခွန်အားနှင့်သွားပြီးလျှင်၊ မိဒျန်လူမျိုးလက်တွင်းမှ ဣသရေလ လူမျိုးကို ကယ်ဆယ်လော့။ သင့်ကိုငါစေလွှတ်လိုက်သည်မဟုတ်လောဟု မိန့်မှာတော်မူ၏။ 15 ဂိဒေါင်က၊ အိုအရှင်မြတ်၊ ဣသရေလလူမျိုးကိုကယ်ဆယ်ရန် အကျွန်ုပ်၌မည်သည့်တန်ခိုးရှိပါ သနည်း။ မနောရှေ့အနွယ်တွင် အကျွန်ုပ်၏အေဆွအမျိုးတို့ဆင်းရဲလှပါ၏။ အကျွန်ုပ်လည်းအဘ၏အိမ်သားတို့တွင် အသိမ်အဖျင်းဖြစ်ပါသည်ဟု ပြန်လျှောက်သော်၊ 16 ထာဝရဘုရားက၊ သင်နှင့်အတူ ငါရှိသည်မှန်သဖြင့် မိဒျန်တစ်မျိုးလုံးကို တစ်ဦးတည်းကဲ့သို့၊ သင် လုပ်ကြံရလိမ့်မည်ဟု မိန့်တော်မူလျှင်၊ 17 ဂိဒေါင်က မျက်မှောက်တော်တွင် အကျွန်ုပ်မျက်နှာသာရပါမူ အကျွန်ုပ်အား ဗျာဒိတ်ပေးသော အရှင်သည် ကိုယ်တော်ပင်ဖြစ်ကြောင်း နိမိတ်လက္ခဏာပြတော်မူပါ။ 18 အကျွန်ုပ်ပြန်ရောက်၍ပါလာသောလက်ဆောင်တော်ကို ကိုယ်တော့်မျက်မှောက်၌ မဆက်မချင်း၊ ဤဌာနက ကွယ်ကြွတော်မမူပါနှင့်ဟု လျှောက်ထားလေသော်၊ သင်ပြန်ရောက်သည့် တိုင်အောင် စောင့်ဆိုင်းမည်ဟု မိန့်တော်မူ၏။ 19 ဂိဒေါင်သည် သွား၍ ဆိတ်သားငယ်တစ်ကောင်နှင့် တဆေးမဲ့မုန့်ညက်တစ်တင်းဖြင့် ပေါင်းသောမုန့်ပြားများ ပြင်ဆင်ပြီးလျှင်၊ ဆိတ်သားကို တောင်း၌လည်းေကာင်း၊ ပြုတ်ရည်ကိုအိုး၌လည်းေကာင်း၊ ထည့်သွင်းလျက်၊ စေတမန်တော်ရှိသည့်ညန်ပင်အောက်သို့ ယူဆောင်ဆက်သရာ၊ 20 ဘုရားသခင်၏စေတမန်တော်က အမဲသားနှင့်မုန့်ပြားများကို ဤကျောက်ဖျာပေါ်တွင် ခင်းကျင်းလော့။ ပြုတ်ရည်ကိုလည်း သွန်းလောင်းလော့ဟုမိန့်ဆိုသည့်အတိုင်းပြုသော်၊ 21 စေတမန်တော်သည် ကိုင်ဆောင်သောတောင်ဝေှးကို ဆန့်တန်းလျက် အမဲသားနှင့်မုန့်ပြားများ ကိုတို့သဖြင့် ကျောက်ဖျာမှမီးတောက်၍၊ အမဲသားနှင့်မုန့်ပြားများကို ကျွမ်းလောင်ရာတွင် ထာဝရ ဘုရား၏စေတမန်တော်လည်း ကွယ်သွားလေ၏။ 22 ထာဝရဘုရား၏ စေတမန်တော်ဖြစ်ကြောင်း ဂိ​ဒေါင်သိမြင်ရလျှင်၊ အိုအရှင်ထာဝရဘုရား၊ အကျွန်ုပ်သည် ထာဝရဘုရား၏ စေတမန်တော်ကိုမျက်မှောက်ထင်ထင်မြင်ရလေစွတကားဟု လျှောက်ဆိုသော် 23 ထာဝရဘုရားက၊ မကြောက်နှင့်။ စိတ်ဧချမ်းလော့။ သေရမည်မဟုတ်ဟု မိန့်တော်မူသည့် အတိုင်း 24 ဂိဒေါင်သည် ထိုအရပ်၌ ထာဝရဘုရားအား ပူဇော်ရာပလ္လင်တော်ကိုတည်ပြီးမှ 6.24 အနက်ကား၊ ထာ၀ရဘုရားသည်စိတ်ဧချမ်းြခင်းြဖစ်၏။ယေဟောဝါရှာ လုံအမည်မှည့်ရာ ယနေ့တိုင်အောင်အဗျေဇာ့အနွယ်သားတို့ နေရာသြဖရမြို့၌ တည်ရှိလေသတည်း။
25 ထိုနေ့ညဉ့်အခါ ထာဝရဘုရားက၊ အဘပိုင်နွားများအနက် အသက်ခုနစ်နှစ်ပြည့်သော နှစ်ကောင်မြောက်နွားကိုဆွဲ၍၊ အဘကိုးကွယ်ရာဗာလနတ်၏ယဇ်ပလ္လင်ကို ဖြိုဖျက်လျက် အနီးရှိ တံခွန်တိုင်ကိုလည်း ခုတ်လှဲပြီးလျှင် 26 ဤခံတပ်အထက် သင့်ဘုရားသခင်ထာဝရဘုရားအား ပူဇော်ရာပလ္လင်တော်ကိုသင့်တင့်စွာတည်၍၊ ထိုနှစ်ကောင်မြောက်နွားကို ခုတ်လှဲပြီး တံခွန်တိုင်ထင်းနှင့်မီးရှို့ရာသက္ကာအဖြစ် ဆက်ကပ်လော့ဟုမိန့်တော်မူရာ 27 ဂိဒေါင်လည်း ငယ်သားတစ်ဆယ်ကို ခေါ်ပြီးလျှင်၊ ထာဝရဘုရားအမိန့်တော်အတိုင်းပြုလေ၏။ သို့ရာတွင် အဘအိမ်ထောင်သားချင်းနှင့် မြို့သားတို့ကိုကြောက်ရွံ့သည့်အလျောက် နေ့အချိန်တွင် မပြုဝံ့ဘဲ ညဉ့်အချိန်တွင်ပြုလေ၏။ 28 ထိုမြို့သားတို့သည် နံနက်အချိန်ထကြသောအခါ ပြိုပျက်လျက်ရှိသော ဗာလနတ်၏ပလ္လင်ကို လည်းေကာင်း၊ အနီးရှိခုတ်လှဲထားသော တံခွန်တိုင်ကိုလည်းေကာင်း၊ ထပ်မံတည်ပြီးသောပလ္လင်တော်တွင် နှစ်ကောင်မြောက်ဆက်ကပ်သော နွားကိုလည်းေကာင်း၊ မြင်ကြသော် 29 ဤအမှုကိုမည်သူပြုသနည်းဟု အချင်းချင်းဆွေးနွေးမေးမြန်းပြီးမှ ယောရှသား ဂိဒေါင်ပြုလေ ပြီဟု ပြောဆိုကြ၏။ 30 ဗာလနတ်၏ပလ္လင်ကို ဖြိုဖျက်၍ အနီးရှိတံခွန်တိုင်ကိုလည်း ခုတ်လှဲသောသင့်သားကို သေဒဏ် ခံရန်ထုတ်လော့ဟု ယောရှအားမြို့သားတို့ပြောဆိုကြသော်၊ 31 ယောရှက၊ သင်တို့သည် ဗာလနတ်ဘက်၌လျှောက်လဲကြမည်လော။ ကယ်ဆယ်ကြမည်လော။ သူ့ဘက်၌လျှောက်လဲသူသည် နံနက်အခါမလွန်မီသေဒဏ်ခံစေ။ အကယ်၍ဘုရားဟုတ်ခဲ့လျှင် ကိုယ့် ပလ္လင်ကို တစ်စုံတစ်ယောက်ဖြိုဖျက်သောကြောင့် ကိုယ့်အဖို့ကိုယ်တိုင်လျှောက်လဲပါစေဟု တစ်ဘက်၌ရပ် သောသူအပေါင်းတို့အား ဆိုသည်နှင့်အညီ၊ 32 ဗာလနတ်၏ပလ္လင်ကို ဂိဒေါင်ဖြိုဖျက်သည့်အတွက် သူ့ကိုယ်တိုင်တစ်ဘက်တွင် လျှောက်လဲပါစေ ဟုဆိုပြန်လျက် ထိုနေ့ရက်၌ပင် 6.32 အနက်ကား၊ ဗာလလျှောက်လဲပါစေ။ယေရုဗ္ဗာလဟူ၍ အမည်သစ်ကိုပေးလေ၏။
33 ထိုအခါ မိဒျန်လူမျိုး၊ အာမလက်လူမျိုးတို့မှစ၍ အရှေ့ပြည်သားအပေါင်းတို့စုရုံးလျက် မြစ်ကူးပြီးလျှင် 34 ယေဇရေလချိုင့်တွင် စွဲရပ်ကြရာ၊ ဂိဒေါင့်အပေါ်သို့ ထာဝရဘုရား၏ဝိညာဉ်တော်သက်ရောက် သဖြင့်၊ သူသည်တံပိုးမှုတ်သောအခါ အဗျေဇာ့အနွယ်သားတို့လိုက်ပါကြ၏။ 35 မနာရှေ့နယ်တစ်လျှောက်လုံးတွင် တမန်တို့ကိုစေလွှတ်လိုက်သဖြင့် ၎င်းတို့လိုက်ကြသည့်ပြင် အာရှာ၊ ဇာဗုလုန်နှင့် နဿလိနယ်များသို့လည်း တမန်တို့ကိုလွှတ်သောကြောင့် ကြိုဆိုချီတက် လာရောက်ကြကုန်၏။
36 ဘုရားသခင်အား ဂိဒေါင်က၊ ကိုယ်​တော်မိန့်တော်မူသည့်အတိုင်း အကျွန်ုပ်လက်ရုံးအားဖြင့် ဣသရေလလူမျိုးကို ကယ်ဆယ်တော်မူမည်မှန်လျှင် 37 ကောက်နယ်တလင်းတွင် တစ်ကောင်ထွက် သိုးမွေးကို ဖြန့်ကြဲထားပါမည်။ မြေတစ်ပြင်လုံး ခြောက်သွေ့လျက် ကြဲထားသောသိုးမွေးကိုသာနှင်းစိုလျှင် မိန့်တော်မူတိုင်းပင် ဣသရေလူမျိုးကို အကျွန်ုပ်လက်ရုံးအားဖြင့် ကယ်ဆယ်တော်မူမည့်အကြောင်း အမှန်သိသာရပါမည်ဟု လျှောက်ထားသော်၊ 38 နံနက်အချိန်ထပြီးလျှင် သိုးမွေးကိုနယ်ညှစ်ရာ၊ နှင်းရည်တစ်အင်တုံအပြည့်အလျှံရ၏။ 39 တစ်ဖန်လည်း ဂိဒေါင်က၊ အကျွန်ုပ်အပေါ်တွင် စိတ်ရှိတော်မမူပါနှင့်။ ယခုတစ်ကြိမ်တစ်ခါသာ သိုးမွေးအားဖြင့် စုံစမ်းလျက်လျှောက်ထားပါရစေ။ မြေတစ်ပြင်လုံးနှင်းစိုလျက် ကြဲထားသောသိုး မွေးကိုသာ ခြောက်သွေ့ပါစေဟု ဘုရားသခင်အား လျှောက်ထားသည့်အတိုင်း၊ 40 ထိုညဉ့်တွင် ဘုရားသခင်စီရင်တော်မူသဖြင့် မြေတစ်ပြင်လုံးနှင်းစို၍ သိုးမွေးသွေ့ခြောက်လျက်ရှိ၏။