5
ထိုနေ့ရက်၌ ဒေဗောရနှင့်အဘိနောင့်သားဗာရက်တို့ အောင်ချင်းဖွဲ့ဆိုသည်ကား ဣသရေလလူမျိုးတော်သည် ဦးဆံဖားလျားကျလျက် အပျော်စစ်ထမ်းရသောကြောင့် ထာဝရ ဘုရားကို သြဘာပြုကြလော့။ အိုဘုရင်မင်းမြတ်နှင့် မှူးမတ်တို့ နာခံနာယူကြလော့။ ထာဝရဘုရားအား ငါသီချင်းဖွဲ့ဆိုမည်။ ဣသရေလလူမျိုး၏ ဘုရားသခင်ထာဝရဘုရားအား ကျူးဧစွာချီးမွမ်းမည်။ အိုထာဝရဘုရား၊ စိရခင်တန်းပေါ်က ကိုယ်တော်ကြွလျက်၊ ဧဒုံပြည်မှစစ်ချီတော်မူသောအခါ မြေလှုပ်ခြင်း၊ မိုးရွာခြင်း၊ တိမ်တိုက်မှရေပေါက်ကျခြင်းများဖြစ်ပါ၏။ တောင်များသည် ထာဝရဘုရားမျက်မှောက်တော်၌လည်းေကာင်း၊ ထိုသိနာတောင်သည် ဣသရေလလူမျိုး ၏ဘုရားသခင်ထာဝရဘုရားရှေ့တော်၌လည်းေကာင်း၊ တုန်လှုပ်ပါ၏။
အာနတ်သားရှံဂါ့လက်ထက်နှင့် ယေလလက်ထက်၌ လမ်းမများဆိတ်၍ တောလမ်းများဖြင့် ခရီးသည်တို့လိုက်ရကြ၏။ ငါဒေဗောရသည် ဣသရေလလူမျိုးတွင် အမိသဖွယ်မပေါ်မချင်း ရပ်သူရွာသားများပြတ်စဲခဲ့ လေစွ။ ဘုရားသစ်များကို ရွေးချယ်ပြီးမှ မြို့ရွာတံခါးအနီးတွင် အတိုက်အလုခံရကြရာ ဣသရေလ အမျိုးသားလေးသောင်း၌ ဒိုင်းလွှား၊ လှံ၊ ဓားတစ်စင်းမျှ မတွေ့မရှိချေ။
ငါ့စိတ်သည် ပြည်သူပြည်သားတို့အတွင်း အပျော်စစ်ထမ်းသော ဗိုလ်ချုပ်တို့ကို ငဲ့ကွက်ခြင်းရှိ၏။ 10 ထာဝရဘုရားအား သြဘာပြုကြလော့။ အိုမြည်းရွှေများကို စီးတတ်သူတို့၊ အိုကော်ဇော်ပေါ်တွင် ထိုင်နေတတ်သူတို့၊ အိုလမ်းခရီး၌ ခြေလျင်သွားရသူတို့စဉ်းစားကြဦး။ 11 လေးသမားတို့အသံဗလံနှင့် ကင်းကွာသော၊ ရေခပ်ရာအရပ်၌ပင်၊ ထာဝရဘုရား၏တရားမှု၊ ဣသရေလမြို့ရွာများတွင် စီရင်သောတရားမှုများကို ပြန်ကြားပါလေစေ။ ထိုအခါထာဝရဘုရား၏လူမျိုး တော်သည် စစ်ချီထွက်သွားရကြသတည်း။
12 အိုဒေဗောရ၊ နိုးကြား၍၊ နိုးကြား၍အောင်ချင်းဖွဲ့ဆိုလော့။ အိုအဘိနောင့်သားဗာရက် ထပြီးလျှင် သင့်သုံ့ဘမ်းလူတို့ကိုသိမ်းသွားလော့။ 13 ထိုအခါကျန်ကြွင်းသောဗိုလ်မှူးတို့ ဆင်းလာ၍ ထာဝရဘုရား၏လူမျိုးတော်လည်း သူရဲတို့ အဖြစ်၊ ငါ့ထံဆင်းကြ၏။ 14 အိုဗင်္ယာမိန့်၊ အာမလက်ပြည်၌ အမြစ်စွဲလျက်နေသော ဧဖရိမ့်အနွယ် သင့်အမျိုးသားချင်းတို့ သည် သင့်နောက်လိုက်ပါသည့်ပြင် မာခိရအနွယ်အနက် အာဏာရှင်တို့ပေါ်ထွန်း၍ ဇာဗုလုန့်အနွယ် အနက် စစ်စာရေးတော်ကြီးတို့ရောက်လာ၏။ 15 ဣသခါ့နည်းတူ ဗာရက်ခြေရင်းချိုင့်တွင်းသို့ ဣသခါမှူးမတ်တို့သည် ဒေဗောရဘက်ပါ၍ တစ်ဟုန်တည်းဆင်းကြ၏။ ရုဗင့်အမျိုးအနွယ်တို့တွင် ပြင်းစွာကြံစည်ခြင်းရှိ၏။ 16 သိုးကိုခေါ်သံနာခံလို၍ သိုးခြံအနီးတွင် အဘယ်ကြောင့် ထိုင်နေဘိသနည်း။ ရုဗင့်အမျိုးအနွယ် တို့တွင် ပြင်းစွာတွေးတောဆင်ခြင်ခြင်းရှိလေစွ။ 17 ဂိလဒ်အနွယ်သည် ယော်ဒန်မြစ်တစ်ဖက်တွင် ဆိုင်းငံ့၍ နေ၏။ ဒန့်အနွယ်လည်း အဘယ်ကြောင့်သင်္ဘောတွင်နေထိုင်ဘိသနည်း။ အာရှာ့အနွယ်လည်း ပင်လယ်ကမ်း၊ သင်္ဘောဆိပ်များ အနီးတွင် နေထိုင်ကြသည်တကား။ 18 ဇာဗုလုန့်အနွယ်၊ နဿလိအနွယ်တို့မူ ထင်ရှားသောစစ်မြေပြင်၌ရဲရင့်စွာအသက်စွန့်စားကြ၏။ 19 ဘုရင်မင်းတို့ချီလာ၍ စစ်တိုက်ကြသည်တကား၊ ခါနာန်ဘုရင်မင်းတို့သည် မေဂိဒ္ဒေါမြစ်၊ တာနက်မြို့အနီး၊ စစ်တိုက်သော်လည်း ငွေကိုလုယက်ခွင့်မရကြချေ။ 20 ကြယ်များသည် ကောင်းကင်မှစစ်တိုက်ခြင်း၊ ခရီးလှည့်စဉ်သိသရကိုတိုက်ခိုက်ခြင်းပြုရာတွင် 21 ထာဝရမြစ်တည်းဟူသော ကိရှုန်မြစ်လည်း သူတို့ကိုပယ်ရှားလိုက်၏။ ငါ့စိတ်ဝိညာဉ်သည် ခွန်အားနှင့်ကြွချီလိမ့်သတည်း။ 22 ထိုသို့ပေါက်ပြေးရာတွင် အင်အားကြီးသောမြင်းတပ်၏ ခွာသံတဖြုန်းဖြုန်းဖြစ်၏။
23 စစ်သူရဲတို့ကို ခုခံရန် ထာဝရဘုရားဘက်တော်သို့ အကူအညီမဝင်လာကြသောကြောင့်၊ မေရောဇရွာနှင့် ၎င်းရွာသားတို့ကို အမင်္ဂလာထားကြလော့။ ပြင်းစွာထားကြလော့ဟု ထာဝရဘုရား ၏ စေတမန်တော်ဆင့်ဆို၏။ 24 ကေနိအမျိုးသား ဟေဗာ့မယားယေလမူ၊ မိန်းမတကာတို့ထက် မင်္ဂလာရှိ၏။ တဲတွင်နေထိုင် သောမိန်းမတကာတို့ထက် မင်္ဂလာရှိလေပြီတကား။ 25 ရေကိုတောင်းရာ နို့ရည်ကမ်းခြင်း၊ သောက်တော်ဖလားနှင့် နို့ဓမ်းဆက်ခြင်းကိုပြု၏။ 26 ကြက်ဆူးကိုကိုင်လျက်၊ ဗိသုကာတို့၏လက်ရိုက်ကို ယာလက်ဖြင့်ယူ၍၊ သိသရဦးခေါင်းကို ထိုးနှက်သဖြင့် နားထင်ကိုထုတ်ချင်းပေါက်ရိုက်သွင်းသည်နှင့် 27 ခြေရင်း၌ ကျလဲပြီးလျှင် စင်းစင်းနေ၏။ ခြေရင်း၌ကျလဲ၍ ကျရာတွင် စင်းစင်းသေလေစွတကား။
28 သိသရ၏အမိသည် လေသာပြၗူတင်းကစီးကြည့်၍ သူစီးသောရထားသည် အဘယ်ကြောင့် ဖင့်နွှဲလာရသနည်း။ ရထားဘီးများလည်း အဘယ်ကြောင့်နောက်ကျရသနည်းဟု မြည်တမ်းရာ 29 ပညာရှိနန်းတွင်းသူတို့ ပြန်လျှောက်သည့်ပြင်၊ ကိုယ်တိုင်အောက်မေ့မိသည်မှာ 30 လက်ရဥစ္စာကိုဝေဖန်နေကြသည်မဟုတ်လော။ သူရဲအသီးအသီးတို့အား၊ ကျွန်မိန်းမတစ်ယောက်နှစ်ယောက်၊ သိသရအား ပန်းထိုးသောအထည်၊ ပန်းဆိုး၍ပန်း ထိုးသောအထည်၊ အသုံ့အဘမ်းကုပ်တင်ပန်းဆို၍ ပန်းထိုးသောတစ်ထည်နှစ်ထည်ကို ဝေဖန်ကြသည်ဟုဆို၏။
31 အိုထာဝရဘုရား၊ ကိုယ်တော်၏ရန်သူအပေါင်းတို့သည် ထိုသူ့အတူပျက်စီးကြစေသော။ ထာဝရဘုရားကို ချစ်ကြည်မြတ်နိုးသူတို့ကား၊ အရှိန်တန်ခိုးနှင့်ထွက်ပေါ်သော နေမင်းကဲ့သို့ဖြစ်ပါစေ သောဟုသီချင်းဖွဲ့ဆိုကြသတည်း။
ထိုနောက် အနှစ်လေးဆယ်တိုင်တိုင် တစ်ပြည်လုံးငြိမ်းချမ်းလေ၏။