3
1-2 ခါနာန်ပြည်တွင် ဖြစ်ပွားသမျှသောစစ်ရေးကို မကျွမ်းကျင်သူ ဣသရေလအမျိုးသားအပေါင်း တို့ကို စုံစမ်းခြင်းငှာလည်းေကာင်း၊ စစ်ရေးကိုမလိမ္မာသူ၊ ဣသရေလအမျိုးသား အစဉ်အဆက်တို့သည် စစ် အတတ်ကိုသင်ကြား၍၊ ကျင်လည်စေခြင်းငှာလည်းေကာင်း၊ ထာဝရဘုရားခြွင်းချန်တော်မူသောလူမျိုးခြား တို့ဟူမူကား၊ ဖိလိတ္တိမင်းငါးပါးနှင့် ခါနနိလူမျိုး၊ ဇိဒုန်လူမျိုး၊ ဗာလဟေရမုန်တောင်မှစ၍ ဟာမတ်မြို့လမ်းဝ တိုင်အောင် လေဗနုန်တောင်ပေါ်မှာ နေထိုင်သော ဟိဝိလူမျိုးတို့တည်း။ ထိုလူမျိုးခြားတို့မှာ ဘိုးဘေးတို့အား မောရှေဖြင့် မိန့်မှာတော်မူခဲ့သောပညတ်များကို ဣသရေလ လူမျိုးလိုက်နာမည်မလိုက်နာမည်ကို အထင်အရှားစုံစမ်းစေခြင်းငှာ ကြွင်းကျန်ကြ၏။ ဣသရေလအမျိုးသားတို့သည် ခါနနိ၊ ဟိတ္တိ၊ အာမောရိ၊ ဖေရဇိ၊ ဟိဝိ၊ ယေဗုသိလူမျိုးတို့နှင့် ရောပြွမ်းနေထိုင်၍ သူတို့သမီးများနှင့် ကိုယ့်သမီးတို့ကိုလည်းပေးစားလျက်၊ ၎င်းတို့ဘုရားများကို ဝတ်ပြုကြ သတည်း။
ဣသရေလအမျိုးသားတို့သည် ထာဝရဘုရားမျက်မှောက်တော်၌ ဆိုးသွမ်းမှုကိုပြုကျင့်လျက် ကိုယ့်ဘုရားသခင်ထာဝရဘုရားကို မေ့လျော့သည့်ပြင် ဗာလနတ်၊ အရှဲရာနတ်တို့ကို ဝတ်ပြုကြသော ကြောင့် ထာဝရဘုရားသည် ဣသရေလလူမျိုးအပေါ်တွင် အမျက်တော်ထားသဖြင့် မေသောပေါတာမိ ဘုရင်ခုရှံရိရှသိမ်မင်းလက်တွင်းသို့ ရောင်းချတော်မူ၍ ရှစ်နှစ်ပတ်လုံး ကျွန်ခံရသည်နှင့် ထာဝရဘုရားထံ အော်ဟစ်ကြလျှင်၊ ကယ်ဆယ်သူဖြစ်သော ကေနတ်အမျိုးကာလက်ညီ သြသံ ယေလကို သူတို့ဘက်တွင် ပေါ်ထွန်းစေတော်မူ၏။ 10 ထာဝရဘုရား၏ဝိညာဉ်တော်သည် သူ့အပေါ်၌ ကိန်းဝပ်သဖြင့်၊ ဣသရေလလူမျိုးကို အုပ်စိုးစီ ရင်လျက် စစ်ချီလေသော်၊ မေသောပေါတာမိဘုရင် ခုရှံရိရှသိမ်မင်းကို သူ့လက်တွင်းသို့ ထာဝရဘုရား အပ်နှင်းသည့်အလျောက် လက်ရုံးရည်သာလေ၏။ 11 အနှစ်လေးဆယ်တိုင်တိုင် တစ်ပြည်လုံးငြိမ်းချမ်း၍ ကေနတ်အမျိုးသြသံယေလကွယ်လွန်လေ၏။
12 တစ်ဖန်ဣသရေလအမျိုးသားတို့သည် ထာဝရဘုရားမျက်မှောက်တော်၌ ဆိုးသွမ်းမှုကိုပြုကျင့် သောကြောင့် မောဘဘုရင်ဧဂလုန်မင်းကို ဣသရေလလူမျိုးတို့တစ်ဘက်တွင် အားတိုးတက်စေတော်မူ၍ 13 ထိုမင်းသည်၊ အမ္မုန်အမျိုးသား၊ အာမလက်အမျိုးသားတို့ကိုစုရုံးပြီးလျှင်၊ စစ်ချီလုပ်ကြံရာ စွန်ပလွံမြို့ကိုသိမ်းယူသဖြင့်၊ 14 ဆယ့်ရှစ်နှစ်ပတ်လုံး၊ မောဘဘုရင်ဧဂလုန်မင်းထံ၊ ဣသရေလူမျိုးတို့ကျွန်ခံရသည်နှင့် ထာဝရဘုရားထံအော်ဟစ်ကြလျှင်၊ 15 ကယ်ဆယ်သူအဖြစ်၊ ဝဲလက်သန်မာသည့် ဗင်္ယာမိန့့်အနွယ်ဂေရသားဧဟုဒကို သူတို့ဘက်တွင် ပေါ်ထွန်းစေတော်မူ၏။ မောဘဘုရင် ဧဂလုန်မင်းထံ လက်ဆောင်ပဏ္ဏာပို့ဆက်ရန် 16 ဣသရေလအမျိုးသားတို့ခိုင်းစေကြရာ၊ ဧဟုဒသည်၊ အလျားတစ်တောင်ရှိသန်လျက်ကိုလုပ်ပြီး လျှင်၊ ယာပေါင်အဝတ်အတွင်း၌ စည်းနှောင်လျက်၊ အလွန်ဝဖြိုးသူ၊ 17 မောဘဘုရင်ဧဂလုန်မင်းထံ လက်ဆောင်ပဏ္ဏာကို ဆက်သွင်းလေ၏။ 18 လက်ဆောင်ပဏ္ဏာကို ဆက်သွင်းပြီးနောက်၊ အဆောင်ကိုင်တို့ကို လိုက်ပို့လျက်၊ 19 ဂိလဂါလမြို့အနီးရှိ ကျောက်ရုပ်တုများရှိရာကပြန်လာ၍၊ ကျွန်တော်မျိုးသည် ဘုရင်မင်းမြတ် အား တီးတိုးစကားတင်ရန်ရှိပါသည်ဟု လျှောက်သော် ဘုရင်မင်းက၊ တိတ်ဆိတ်စေဟု အမိန့်တော်ရှိ လျှင်၊ခစားသူအပေါင်းတို့ထွက်ခွာကြလေ၏။ 20 ထိုအခါ လေသာနန်းဆောင်တွင် တစ်ကိုယ်တည်းစံနေရာ ဧဟုဒချဉ်းကပ်၍ ဘုရင်မင်းမြတ်အား ဘုရားသခင့်အမိန့်တော်ဆင့်ဆိုရန်ရှိပါသည်ဟု တင်လျှောက်သည့်အတိုင်း ရာဇပလ္လင်ထက်မှ ဘုရင်မင်းဆင်းသက်လျှင်၊ 21 ဧဟုဒသည်၊ ဝဲလက်ကိုဆန့်တန်းလျက်၊ ယာပေါင်မှသန်လျက်ကိုထုတ်၍၊ ဘုရင်မင်း၏ဝမ်းကို ထိုးရာ 22 သန်လျက်သည် လက်ကိုင်ရိုးပါ ထုတ်ချင်းစူးဝင်သဖြင့် ဝမ်းတွင်းက မနုတ်မီ အဆီလွှမ်းလျက် ရှိလေ၏။ 23 ဧဟုဒသည်၊ အဆောင်ဦးသို့ထွက်လျက် ဆောင်မတံခါးများကိုပိတ်ထားသော့ခတ်၍ ထွက်သွား သည့်နောက် 24 လက်သုံးတော်တို့ လာရောက်ရာ အဆောင်တံခါးများသော့ခတ်လျက် ရှိသည်ကိုတွေ့မြင်သော် လေသာဆောင်ထဲတွင် အခင်းသွားသည်ဟု အချင်းချင်းပြောဆိုလျက်၊ 25 ရှက်လောက်ဖွယ်စောင့်ဆိုင်းပြီးမှ တံခါးကိုမဖွင့်သောကြောင့် သော့ကိုယူ၍ဖွင့်ကြရာ၊ နန်းကြမ်းပြင်တွင်လဲ၍သေနေသောကိုယ့်အရှင်ကိုတွေ့မြင်ကြ၏။ 26 ထိုသို့စောင့်ဆိုင်းနေကြသည့်အခိုက် ဧဟုဒသည် ကျောက်ရုပ်တုများရှိရာအရပ်ကိုလွန်သွား၍ စိရပ်ရွာသို့လွတ်မြောက်စွာရောက်ပြီးမှ 27 ဧဖရိမ်ခင်တန်းပေါ်တွင် တံပိုးမှုတ်သဖြင့်၊ သူ့နောက်၊ ခင်တန်းပေါ်က ဣသရေလအမျိုးသား တို့ဆင်းလိုက်ကြ၏။ 28 သူကလည်း၊ ငါ့နောက်လိုက်ခဲ့ဦး။ ထာဝရဘုရားသည် ရန်သူဖြစ်သောမောဘလူမျိုးကို သင်တို့ လက်တွင်းသို့အပ်နှင်းတော်မူသတည်းဟု ဆိုသည့်အတိုင်း၊ ဆင်းလိုက်ကြရာ မောဘလူမျိုးနှင့် စစ်ပြိုင်၍ ယော်ဒန်မြစ်ကူးဆိပ်များကို သိမ်းယူသဖြင့်၊ လူတစ်ဦးတစ်ယောက်မျှ မကူးနိုင်။ 29 သန်မာသောမောဘစစ်သူရဲတစ်ယောက်မျှလည်း လွတ်မြောက်ခွင့်မရစေဘဲ၊ လူတစ်သောင်းခန့်ကို လုပ်ကြံပြီးလျှင်၊ 30 မောဘလူမျိုးသည် ဣသရေလလူမျိုး၏ လက်ရုံးအောက်နိမ့်ကျ၍ အနှစ်ရှစ်ဆယ်တိုင်တိုင် တစ်ပြည်လုံးငြိမ်းချမ်းလေ၏။
31 ဧဟုဒနောက်မှ အာနတ်သားရှံဂါပေါ်ထွန်းပြီးလျှင် ဖိလိတ္တိလူ ခြောက်ရာကို သနချွန်းဖြင့် လုပ်ကြံလျက် ဣသရေလလူမျိုးတို့ကို ကယ်ဆယ်လေ၏။