21
ဣသရေလလူမျိုးတို့က ငါတို့အနက်တစ်စုံတစ်ယောက်မျှ ဗင်္ယာမိန့်အနွယ်သားတို့အား သမီး ထိမ်းမြားခြင်းမပြုရဟု မိဇပါမြို့တွင် သစ္စာထားခဲ့ပြီးဖြစ်၍ လူမျိုးတော်သည် ဗေသလမြို့သို့လာရောက်ပြီးလျှင် ညဉ့်ဦးတိုင်အောင် ဘုရားသခင့်မျက် မှောက်တော်တွင် အော်ဟစ်ငိုကြွေးထိုင်နေကြလျက် အိုဣသရေလလူမျိုး၏ ဘုရားသခင် ထာဝရဘုရား ဣသရေလလူမျိုးအနက် ယနေ့တွင် အနွယ်တစ်နွယ်တိမ်ကောရသည့်အကြောင်းကား၊ မည်သို့နည်းဟုမေးလျှောက်ကြ၏။ နောက်နေ့၌ လူမျိုးတော်သည် နံနက်အချိန်ထ၍ ပူဇော်ရာပလ္လင်ကိုတည်ပြီးလျှင် မီးရှို့ရာသက္ကာ၊ မိတ်သဟာယသက္ကာများကို ပူဇော်ကြ၏။ ဣသရေလအမျိုးသားတို့သည် မိဇပါမြို့၊ ထာဝရဘုရားအထံတော်သို့ မလာမရောက်သူကို ရည်လျက် ထိုသူတို့မှာ သေဒဏ်ခံစေဟု အထူးသစ္စာထားနှင့်ပြီးဖြစ်သောကြောင့် ဣသရေလအမျိုး အနွယ်အပေါင်းတို့အနက် ထာဝရဘုရားအထံတော်သို့ ပရိသတ်နှင့်အတူ မပါမဝင်သူကား မည်သူနည်းဟုစစ်မေးကြ၏။ ဣသရေလအမျိုးသားတို့သည် အဆွေအမျိုးဗင်္ယာမိန့့်အနွယ်အတွက် ပူပန်လျက် ယနေ့ ဣသရေလလူမျိုးအနက် အနွယ်တစ်နွယ်ပြတ်စဲခဲ့ပြီ။ ငါတို့သည် သူတို့အား သမီးထိမ်းမြားခြင်းမပြုရဟု ထာဝရဘုရားကိုတိုင်တည်လျက် သစ္စာဆို နှင့်ပြီးဖြစ်၍၊ ကျန်ရှိသူတို့အတွက် မိန်းမများကို မည်သို့စီမံရမည်နည်းဟူ၍လည်းေကာင်း၊ 8-9 မိဇပါမြို့၊ ထာဝရဘုရားအထံတော်သို့ ဣသရေလလူမျိုးတို့အနက် မလာမရောက်သော အနွယ် ကား မည်သည့်အနွယ်နည်းဟူ၍လည်းေကာင်း၊ နှီးနှောပြီးမှ လူမျိုးတော်စုရုံးသည့်ကာလ ဂိလဒ်နယ်၊ ယာဗက်မြို့သားတစ်ဦးတစ်ယောက်မပါမဝင်သည့်အလျောက် ထိုမြို့မှစုရုံးတပ်ချရာသို့ မည်သူမျှမလာ ကြောင်း သိမြင်ကြ၏။ 10 သို့ဖြစ်၍ ပရိသတ်သည် စစ်သူရဲတစ်သောင်းနှစ်ထောင်တို့ကိုစေလွှတ်၍ ဂိလဒ်နယ်၊ ယာဗက်မြို့ သူမြို့သားတို့ကို သူငယ်မကျန်၊ ဓားဖြင့်အလုပ်အကြံသွားကြချေ။ 11 အချုပ်အခြာဆိုသော်၊ လူကြီးလူငယ်ယောက်ျားမှစ၍ ယောက်ျားနှင့်သင့်မြတ်ဘူးသောမိန်းမ အပေါင်းတို့သည် မြေလှန်ခံစေဟု မှာထားသည်နှင့်အညီ 12 ဂိလဒ်နယ်၊ ယာဗက်မြို့သူမြို့သားတို့အနက် ယောက်ျားနှင့်မသင့်မြတ်ဘူးသော အပျိုကညာ လေးရာကို စစ်သူရဲတို့တွေ့ရှိသည်နှင့် ခါနာန်ပြည် ရှိလောမြို့ တပ်ချရာစခန်းသို့ဆောင်ခဲ့ကြ၏။
13 ထိုနောက်လူပရိသတ်ဥဿုံသည် ရိမ္မုန်ကျောက်တောင်တွင် ပုန်းအောင်သောဗင်္ယာမိန့့်အနွယ် သားတို့ထံရန်ငြိမ်းပြီဟု ကြောငြာထုတ်ဆင့်သည့်ကာလ 14 ဗင်္ယာမိန့့်အနွယ်သားတို့ပြန်လာသဖြင့် အရှင်ထားသောဂိလဒ်နယ်၊ ယာဗက်မြို့သူမိန်းမတို့ နှင့် ထိမ်းမြားသော်လည်း မလောက်မငှချေ။ 15 ဣသရေလအမျိုးအနွယ်တို့တွင် ထာဝရဘုရားအက်ကွဲစေတော်မူသောကြောင့် လူမျိုးတော် သည် ဗင်္ယာမိန့့်အတွက် ပူပန်လျက်ပင်ရှိသေး၏။
16 ထိုအခါ ပရိသတ်လူကြီးတို့က ဗင်္ယာမိန့့်အနွယ်မိန်းမတို့ပျက်စီးပြီဖြစ်၍ ကျန်ရှိသူတို့အတွက် မိန်းမများကို မည်သို့စီမံရမည်နည်းဟု မေးမြန်းလျက် 17-18 ဗင်္ယာမိန့့်အနွယ်အား မိန်းမ ထိမ်းမြားသူကား အမဂလာခံစေဟု ဣသရေလအမျိုးသားတို့ သစ္စာဆိုနှင့်ပြီးဖြစ်၍ ဣသရေလူမျိုးတွင် အနွယ်တစ်နွယ်မကြေမပျက်စေခြင်းငှာ၊ ဘေးလွတ်သော ဗင်္ယာမိန့့်အနွယ်သားတို့သည် ပိုင်စုရရန်ရှိသင့်သော်လည်း ကိုယ့်သမီးများ၊ ထိမ်းမြားခြင်းကို ငါတို့မပြုနိုင်ဟူ၍ နှီးနှောပြီးလျှင်၊ 19 ဗေသလမြို့မြောက်ဘက်၊ ၎င်းမြို့မှရှေခင်မြို့နားလမ်းအရှေ့ဘက်၊ လေဗောနမြို့တောင်ဘက်၊ ရှိလောမြို့တွင် ထာဝရဘုရားကိုရည်ရွယ်၍ နှစ်စဉ်မပြတ်ပူဇော်ပွဲလုပ်တတ်သည်ဟု အောက်မေ့ သဖြင့် ဗင်္ယာမိန့့်အနွယ်သားတို့အား 20 စပျစ်ခြံများတွင် အချောင်းအမြောင်းသွား၍နေကြလော့။ 21 ရှိလောမြို့သူသတို့သမီးတို့သည် ပွဲတွင်ကအံ့သောငှါလာကြလျှင် စပျစ်ခြံမှထွက်လျက် ထိုမြို့ သူတို့ကိုအသီးအသီးကြင်ဘက်အဖြစ်ဖမ်း၍ ဗင်္ယာမိန့်နယ်သို့ ဆောင်သွားကြလော့။ 22 သူတို့အဖသော်လည်းေကာင်း၊ မောင်သော်လည်းေကာင်း၊ အပြစ်တင်ရန် ငါတို့ထံလာခဲ့သော် ငါတို့က စစ်ရေးတွင် အသီးအသီးတို့အတွက် မိန်းမကိုချန်ထားခဲ့သည်မဟုတ်သောကြောင့်လည်းေကာင်း၊ သင်တို့လည်း အပြစ်ခံရစေရန် ပေးစားသည်မဟုတ်သောကြောင့်လည်းေကာင်း ငါတို့အားပေးသနားပါဟူ၍ တောင်းပန်လိုက် မည်ဟု မှာထားသည့်အတိုင်း 23 ဗင်္ယာမိန့့်အနွယ်သားတို့လိုက်နာ၍ ကသောမိန်းမတို့အနက်၊ လူဦးရေအလိုက်၊ ဖမ်းယူဆောင် သွားကြပြီးလျှင်၊ ပိုင်စုရနယ်သို့ပြန်သွား၍ မြို့များကိုတည်ထောင်လျက်နေထိုင်ကြ၏။ 24 ဣသရေလအမျိုးသားအသီးအသီးတို့သည် ကိုယ့်အနွယ်၊ ကိုယ့်ဆွေမျိုးသားချင်းတို့ထံ ပြန်ပြီးလျှင်၊ ကိုယ့်ပိုင်စုသို့ထွက်သွားကြ၏။ 25 ထိုကာလဣသရေလလူမျိုးတွင် ဘုရင်မရှိသည်ဖြစ်၍ လူတိုင်းကိုယ့်အလိုရှိရာလိုက်သတည်း။