20
ထိုအခါ ဒန်မြို့မှစ၍ ဗေရရှေဘမြို့တိုင်အောင် ဣသရေလအမျိုးသားအပေါင်းပရိသတ်သည် ဂိလဒ်ပြည်သားတို့နှင့်တကွ ချီထွက်ပြီးလျှင်၊ မိဇပါမြို့ ထာဝရဘုရားအထံတော်၌ တစ်ဦးတည်းကဲ့သို့ စုရုံးရာတွင် လူမျိုးတော်ဖြစ်သော ဣသရေလအမျိုးအနွယ်တို့၏ အကြီးအကဲများနှင့် ဓားကိုင်သူရဲလေး သိန်းပါ ဘုရားသခင်၏လူမျိုးတော်အစုအရုံး၌ မျက်နှာပြကြ၏။ ဣသရေလအမျိုးသားတို့သည် မိဇပါမြို့သို့ချီသွားကြောင်း ဗင်္ယာမိန့့်အနွယ်သားတို့ကြားကြ သတည်း။ ဣသရေလအမျိုးသားတို့က ထိုဆိုးသွမ်းမှုမှာ မည်သို့ဖြစ်ကြောင်းေဖာ်ပြကြပါဟုဆိုသော်၊ အသေခံရသူမိန်းမ၏လင် လေဝိဂိုဏ်းသားက၊ ကျွန်တော်သည် အပျော်မယားနှင့်တကွ ဗင်္ယာမိန့်နယ်၊ ဂိဗာမြို့တွင် တည်းခိုရန်ဝင်ရောက်သည့်ကာလ၊ ၎င်းမြို့သားတို့ထကြွလျက်၊ ညဉ့်အခါတည်းအိမ်ကို ဝန်းဝိုင်းကြပြီးလျှင် ကျွန်တော်ကိုသတ်ရန် ကြံရွယ်၍ မယားကိုအသရေရှုတ်ချသဖြင့် သေစေကြ၏။ ဣသရေလလူမျိုးတွင် အဗြဟ္မမှု၊ ယုတ်မာမှုကိုပြုကျင့်ကြသောကြောင့် ကျွန်တော်သည်မယား ၏အလောင်းကိုဆောင်ယူ၍၊ အပိုင်းပိုင်းဖြတ်လျှင် ဣသရေလအမျိုးပိုင်ဆိုင်ရာ ပြည်တစ်ဝှမ်းလုံးတွင် ပေးဝေးလိုက်ပါ၏။ အချင်းဣသရေလအမျိုးသားအပေါင်းတို့ ဤအမှုနှင့်စပ်လျဉ်း၍ တိုင်ပင်ပြီးလျှင် အကြံပေးကြ ပါလော့ဟုပြောဆိုသော်၊ တစ်မျိုးလုံးတို့သည် တစ်ဦးတည်းကဲ့သို့ထ၍၊ တစ်စုံတစ်ယောက်မျှကိုယ့်နေရာသို့မသွား၊ ကိုယ့်အိမ်သို့မပြန်၊ ဂိဗာမြို့၌စီရင်ရမည့်အရေးမှာ ထိုမြို့ကိုမဲချ၍ အတိုက်သွားကြသည့်ပြင် 10 ဣသရေလလူမျိုးတွင် ဗင်္ယာမိန့်နယ်၊ ဂိဗာမြို့သားတို့ ယုတ်မာခြင်းအလိုက် ငါတို့ဆပ်ပေးခွင့် ရကြရန်၊ ဣသရေလအမျိုးအနွယ်အပေါင်းတို့အနက် တစ်ရာလျှင်တစ်ဆယ်၊ တစ်ထောင်လျှင်တစ်ရာ၊ တစ်သောင်းလျှင်တစ်ထောင်၊ စားနပ်ရိက္ခာတောင်းခံမည့်သူတို့ကို ရွေးချယ်ကြကုန်အံ့ဟုဆိုလျက် 11 ဣသရေလအမျိုးသားအပေါင်းတို့သည် ဂိဗာမြို့တစ်ဘက်၌ တစ်ဦးတည်းကဲ့သို့ အသင်းဖွဲ့၍ စည်းဝေးကြကုန်၏။
12 ဣသရေလအမျိုးအနွယ်တို့သည်ဗင်္ယာမိန့့်အနွယ်အား တမန်များကို စေလွှတ်၍ သင်တို့ အတွင်းဤဆိုးသွမ်းမှုကား မည်သို့နည်း။ 13 ယခုမှာ ဂိဗာမြို့ရှိတရားမဲ့သူတို့ကို အဆုံးစီရင်သဖြင့် ဣသရေလလူမျိုးတွင်ဖြစ်သော ဆိုးသွမ်း ခြင်းကိုငါတို့ကျွမ်းလောင်စေရန် အပ်ပေးကြလော့ဟု မှာလိုက်ကြလျှင် ဗင်္ယာမိန့့်အနွယ်သားတို့ကား ဆွေမျိုးသားချင်းဖြစ်သော ဣသရေလအမျိုးသားတို့စကားကို မနာခံလိုသဖြင့် 14 ထိုအမျိုးသားတို့နှင့် ချီထွက်စစ်ပြိုင်ရန် မြို့ရွာအရပ်ရပ်မှ ဂိဗာမြို့တွင်စုရုံးကြ၏။ 15 ထိုနေ့ရက်တွင် ဂိဗာမြို့သား လက်ရွေးသူရဲခုနစ်ရာမှတစ်ပါး မြို့ရွာအရပ်ရပ်မှစုရုံးပြီးသော ဗင်္ယာမိန့့်အနွယ်သားတို့မှာ ဓားကိုင်သူရဲနှစ်သောင်းငါးထောင်တည်း။ 16 ထိုသူအပေါင်းတို့အနက် ဝဲလက်သန်မာလျက် ဆံချည်တစ်ပင်ကိုမလွဲအောင် လောက်လွှဲပစ် တတ်သောလက်ရွေးသူရဲခုနစ်ရာပါသတည်း။
17 ဗင်္ယာမိန့့်အနွယ်ကိုခြွင်းချန်၍၊ ဣသရေလအမျိုးသားတို့အနက် စုရုံးပြီးဓားကိုင်သူရဲစစ်သား တို့ကား လေးသိန်းတည်း။ 18 ဣသရေလအမျိုးသားတို့သည် ေဗသလမြို့သို့ချီသွားပြီးလျှင်၊ အကျွန်ုပ်တို့အဖို့ ဗင်္ယာမိန့်အနွယ် နှင့် စစ်ပြိုင်ရန် မည်သူဦးစားချီတက်ရပါမည်နည်းဟု ဘုရားသခင်အားမေးလျှောက်ကြရာ၊ ထာဝရဘုရားက ယုဒအနွယ်ဦးစွာချီရမည်ဟု မိန့်တော်မူသည့်အတိုင်း 19 ဣသရေလအမျိုးသားတို့သည် နံနက်အချိန်ချီသဖြင့် ဂိဗာမြို့အနီးတပ်စွဲကြကုန်၏။ 20 ထိုမြို့ရှေ့စစ်ခင်း၍ ဗင်္ယာမိန့့်အနွယ်နှင့် စစ်ပြိုင်ရန် ချီတက်ကြသော်၊ 21 ဗင်္ယာမိန့့်အနွယ်သားတို့လည်း ဂိဗာမြို့မှချီထွက်ပြီးလျှင် ဣသရေလတပ်သားနှစ်သောင်း နှစ်ထောင်ကို ထိုနေ့၌သတ်လှဲကြ၏။ 22-23 ဣသရေလအမျိုးသားတို့သည် ထာဝရဘုရားအထံတော်သို့သွားပြီးလျှင် ညဉ့်ဦးတိုင် အောင်ငိုကြွေးလျက် အကျွန်ုပ်တို့အဆွေအမျိုး ဗင်္ယာမိန့့်အနွယ်သားတို့နှင့် စစ်ပြိုင်ရန် ချဉ်းကပ်ရဦး မည်လောဟု ထာဝရဘုရားအားမေးလျှောက်ရာ ထာဝရဘုရားက ချီတက်ကြဦးဟု မိန့်တော်မူသည့် အတိုင်း ဣသရေလသူရဲတို့အားယူ၍၊ ပဌမနေ့ရက်တွင် ခင်းသောစစ်တလင်း၌ပင် ခင်းပြန်ကြ၏။
24 ဒုတိယနေ့တွင် ဣသရေလအမျိုးသားတို့ချဉ်းကြသော်၊ 25 ဗင်္ယာမိန့့်အနွယ်သားတို့သည် ဂိဗာမြို့မှချီထွက်ဆီးဆို့လျက် ဣသရေလအမျိုးသားဓားကိုင် တစ်သောင်းရှစ်ထောင်တို့ကို သတ်လှဲကြ၏။ 26 ထိုအခါ ဣသရေလအမျိုးသားအပေါင်းနှင့် ရဲမက်တို့ပါ ဗေသလမြို့သို့လှည့်ချီ၍ ညဉ့်ဦးတိုင်အောင် ထာဝရဘုရားမျက်မှောက်တော်တွင် အစာမစားဘဲ ငိုကြွေးနေထိုင်ကြပြီးလျှင်၊ ထာဝရဘုရားအား မီးရှို့သက္ကာ၊ မိတ်သဟာယသက္ကာများကို ပူဇော်ကြ၏။ 27-28 ထိုနေ့ရက်ကာလ၌ ဘုရားသခင့်ပဋိညာဉ်တော်သေတ္တာသည် ၎င်းမြို့တွင်ရှိသည်ဖြစ်၍ ရှေ့တော်ဝယ်အာရုန့်မြေး၊ ဧလာဇာ့သားဖိနဟတ်ခစားသည်နှင့် အကျွန်ုပ်တို့အဆွေအမျိုး ဗင်္ယာမိန့့် အနွယ်သားတို့နှင့် စစ်ပြိုင်ရန် တစ်ဖန်ချီပြန်ရဦးမည်လော။ မချီဘဲနေရမည်လောဟု ထာဝရဘုရားအား မေးလျှောက်ရာ ချီကြဦး။ နက်ဖြန်သင်တို့လက်တွင်းသို့ အပ်နှင်းမည်ဟုမိန့်တော် မူသည့်အတိုင်း 29 ဂိဗာမြို့ထက်ဝန်းကျင်၌ တပ်ပုန်းများကို ဣသရေလလူမျိုးတို့ချထားကြလေ၏။
30 တတိယနေ့တွင် ဣသရေလအမျိုးသားတို့သည် ဗင်္ယာမိန့့်အနွယ်သားတို့ကို စစ်တိုက်ရန် ချီတက်၍ ယမန်ကဲ့သို့ ဂိဗာမြို့ရှေ့တွင်စစ်ခင်းကြသည့်ကာလ 31 ဗင်္ယာမိန့့်အနွယ်သားတို့ ချီထွက်ဆီးဆို့လျက် မြို့မှကွာလမ်းစွာလိုက်ကြရာ၊ အပြင်အပ၊ ဗေသလမြို့၊ ဂိဗာမြို့သွားလမ်းများတွင် ယမန်ကဲ့သို့ ဣသရေလသူရဲသုံးကျိပ်​မြောက်သတ်ဖြတ်လုပ် ကြံပြီးမှ 32 ဗင်္ယာမိန့့်အနွယ်သားတို့က၊ ငါတို့ရှေ့ယမန်ကဲ့သို့ ရှုံးခဲ့ပြီဟု ဝင့်ဝါကြသည်နှင့် ဣသရေလအမျိုးသားတို့က မြို့နှင့်ကွာဝေးသောလမ်းတိုင်အောင် ဆုတ်ေပြးသွေးဆောင်ကြစို့ဟု ဆိုကြ၏။ 33 ဣသရေလသူရဲအပေါင်းတို့သည် နေရင်းဌာနမှချီထွက်၍ ဗာလတာမာအရပ်၌ စစ်ခင်းပြန်စဉ် တပ်ပုန်းလည်း နေရင်းဌာန မာရေဂိဗာမှချီထွက်သည့်ကာလ၊ 34 ဂိဗာမြို့ရှေ့တွင် ဣသရေလရဲမက်တို့အနက် လက်ရွေးသူရဲတစ်သောင်းပေါ်လာသဖြင့် စစ်ရေးခဲယဉ်းပြင်းထန်သော်လည်း ဘေးသင့်ရောက်မည့်အကြောင်း မသိသေးချေ။ 35 ဗင်္ယာမိန့့်အနွယ်ကို ဣသရေလလူမျိုးတို့ရှေ့ ထာဝရဘုရားဒဏ်ခတ်ေတာ်မူသည့်အေလျာက်ထိုေန့ရက်တွင် ဣသရေလအမျိုးသားတို့သည် ဗင်္ယာမိန့့်ဓားကိုင်သူရဲနှစ်သောင်းငါးထောင့်တစ်ရာကို သတ်ဖြတ်ကြ၏။
36 ထိုအခါ ဗင်္ယာမိန့့်အနွယ်သားတို့သည် စစ်ရှုံးသည်ကိုသိမြင်ကြကြောင်းမှာ ဂိဗာမြို့ရှေ့ချထားသော တပ်ပုန်းကို ဣသရေလသူရဲတို့စိတ်ချသောကြောင့် 37 ဗင်္ယာမိန့့်အနွယ်ရှေ့ဆုတ်ခဲ့ကြရာ တပ်ပုန်းသည် ဂိဗာမြို့ကိုတိုက်ရန် အပြင်းချီဝင်၍ တစ်မြို့လုံး ကိုဓားဖြင့်လုပ်ကြံခြင်းတည်း။ 38 မြို့တွင်းမှမီးခိုးတက်လွင့်ခြင်းနိမိတ်ကို အထင်အရှားပြရန် ဣသရေလသူရဲတို့သည် တပ်ပုန်းအားမှာနှင့်ပြီးဖြစ်၏။ 39 ဗင်္ယာမိန့့်သူရဲတို့သည် စစ်တိုက်ရာမှဆုတ်ပြီး ဣသရေလသူရဲသုံးကျိပ်မြောက်သတ်ဖြတ်လုပ် ကြံပြီးမှ ငါတို့ရှေ့ယမန်ကဲ့သို့ မုချစစ်ရှုံးခဲ့ပြီဟု ဝင့်ဝါကြသည့်အခိုက် 40 မြို့တွင်းမှမီးခိုးတိုင်သဖွယ်အခိုးတက်လွင့်ရာ၊ ဗင်္ယာမိန့့်သူရဲတို့ လှည့်ကြည့်၍ တစ်မြို့လုံးကောင်း ကင်သို့ မီးခိုးတက်လွင့်သည်ကိုမြင်ကြ၏။ 41 ဣသရေလသူရဲတို့လည်း လှန်၍ တိုက်သဖြင့် ဘေးသင့်ကြောင်းကို ဗင်္ယာမိန့့်သူရဲတို့သိမြင်လျှင်ကြောက်ရွံ့၍ 42 ဣသရေလသူရဲတို့ရှေ့တွင် တောလမ်းအရောက်ပြေးကြရာ စစ်သူရဲတို့လိုက်မှီသည့်ပြင် မြို့ရွာ များမှထွက်လာသူတို့လည်း ခိုဝင်သူတို့ကိုဖျက်ပြီးလျှင် 43 လိုက်လံဝန်းဝိုင်းလျက် နေထွက်ရာဂိဗာမြို့အရှေ့တိုင်အောင် ပုန်းနေရာအရပ်တွင် နင်းနယ်သည့်အလျောက် 44 ဗင်္ယာမိန့့်သူရဲကောင်းတစ်သောင်းရှစ်ထောင်ကျဆုံးကြကုန်၏။ 45 ကျန်သောသူတို့လှည့်၍ တောအရပ်ရှိရိမ္မုန်ကျောက်တောင်သို့ ပြေးကြစဉ်၊ လိုက်လံသူတို့သည် လူငါးထောင်ကို လမ်းတွင်ကောက်သိမ်း၍ ဂိဒုံမြို့တိုင်လိုက်လံလျက် လူနှစ်ထောင်ကိုလုပ်ကြံကြ သဖြင့် 46 တစ်နေ့ချင်းတွင်ကျဆုံးသော ဗင်္ယာမိန့့်ဓားကိုင်သူရဲကောင်းအရေအတွက်ကား နှစ်သောင်း ငါးထောင်တည်း။ 47 လူခြောက်ရာတို့မူကား လှည့်လျက်၊ တောအရပ်ရှိရိမ္မုန်ကျောက်တောင်အရောက်ပြေး၍ ထိုကျောက်တောင်အတွင်းလေးလပတ်လုံး အောင်းနေရကြ၏။ 48 ဣသရေလအမျိုးသားတို့သည်ဗင်္ယာမိန့့်အနွယ်သားတို့ရှိရာသို့ လွန်၍တိုက်ပြန်သဖြင့် မြို့ရွာ အရပ်ရပ်၌ လူသူတိရစ္ဆာန်မှစသော တွေ့ရှိသမျှကို ဓားဖြင့်လုပ်ကြံလျက် ၎င်းမြို့ရွာများကိုလည်း မီးတိုက်ကြကုန်၏။