18
ထိုကာလ ဣသရေလလူမျိုးတွင် ဘုရင်မရှိချေ။
ထိုကာလ၊ ဒန့်အနွယ်သားတို့သည် ဣသရေလအမျိုးအနွယ်များတွင် ပိုင်စုကိုမရသေးသော ကြောင့် နေထိုင်ရန်အပိုင်ကိုရှာကြံသဖြင့် ဆွေမျိုးသားချင်းတို့အနက် သူရဲကောင်းငါးယောက်တို့အား ပြည်ကိုအစစ်အဆေးသွားကြလော့ ဟုပြောဆိုလျက် တစ်ပြည်လုံးကို စူးစမ်းစစ်ဆေးရန် ဇောရာမြို့၊ ဧရှတောလမြို့များမှ စေလွှတ်လိုက် သည့်အတိုင်း ဧဖရိမ်ခင်တန်းရှိမိက္ခာအိမ်အနီးရောက်၍ တည်းခိုနေကြ၏။ မိက္ခာ့အိမ်အနီးရှိသည့်အခိုက် လေဝိဂိုဏ်းသားလုလင့်စကားသံကို မှတ်မိ၍ အိမ်တွင်းသို့လှည့် ဝင်ပြီးလျှင် ဤအရပ်သို့မည်သူခေါ်ခဲ့သနည်း။ ဤတွင်မည်သည့်အမှုကိုဆောင်ရွက်သနည်း။ ဤနေရာ၌မည်သည့်တာဝန်ရှိသနည်းဟုမေးကြသော်၊ ထိုထိုဤဤမိက္ခာပြုလုပ်၍ ငါ့ကိုပရောဟိတ်အဖြစ် ငှားထားလေပြီဟု ပြန်ဆိုလျှင် သူတို့က၊ ခရီးမှုသည် အထမြောက်မည် မမြောက်မည်ကိုသိရရန် ဘုရားသခင်အား မေးလျှောက်ပါဟု တောင်းပန်ကြသည့်အတိုင်း ပရောဟိတ်က၊ အကြည်အသာသွားကြလော့။ သင်တို့ခရီးမှုသည် ထာဝရဘုရားမျက်မှောက်တွင် တည်သည်ဟု ပြန်ဆိုလေ၏။
ထိုလူငါးယောက်တို့ထွက်သွားသဖြင့် လဲရှမြို့သို့ရောက်ရာ ၎င်းမြို့သားတို့သည် ဇိဒုန်မြို့သားတို့ အလိုက် ဘေးကင်း၍ ငြိမ်းချမ်းစွာနေထိုင်ကြောင်းကိုလည်းေကာင်း၊ အရှက်ခွဲရန်အာဏာပိုင်ပေးသူမရှိကြောင်းကိုလည်းေကာင်း ဇိဒုန်မြို့နှင့်ဝေးကွာသည့်ပြင် အခြားမြို့နှင့်မဆိုင်ကြောင်းကိုလည်းေကာင်း၊ သိမြင်ပြီးနောက် ဇောရာမြို့၊ ဧရှတောလမြို့ရှိ အမျိုးသားချင်းတို့ထံ ပြန်လာကြသော် အမျိုးသားချင်းတို့က မည်သို့နည်းဟုမေးမြန်းကြလျှင် ထသွား၍ တိုက်ခိုက်ကြကုန်အံ့။ ထိုနယ်သည် အလွန်တရာကောင်းလှသည်ကို ကျွန်ုပ်တို့သိမြင်ခဲ့ပြီ။ သင်တို့ဆိုင်းလင့်လိုသေး သလော။ ဝင်ရောက်၍အပိုင်ယူရန်မဖင့်နွှဲကြနှင့်။ 10 သွားခဲ့သော် ငြိမ်းချမ်းစွာနေထိုင်သောလူမျိုးထံရောက်လိမ့်မည်။ နယ်လည်းကျယ်ဝန်းလှ၏။ လောကတွင်ပေါ်သမျှသောအရာနှင့်ပြည့်စုံသည်။ ထိုဌာနကို သင်တို့လက်တွင်းသို့ ဘုရားသခင် အပ်နှင်းတော်မူလေပြီဟု ပြန်ကြားကြ၏။ 11 ထိုအခါ စစ်လက်နက်ဆင်ယင်ပြီးသော ဒန့်အနွယ်သူရဲကောင်းခြောက်ရာသည် 12 ဇောရာမြို့၊ ဧရှတောလမြို့များမှ ချီထွက်ခရီးသွားကြရာ၊ ယုဒနယ်၊ ကိရယတ်ယာရိမ်မြို့မှာ စွဲရပ်သည်ဖြစ်၍ ထိုအရပ်ကို ယနေ့တိုင်အောင် 18.12 အနက်ကား၊ ဒန်၏စခန်း။မဟာနေဒန်ဟုခေါ်ဝေါ်ကြသတည်း။ ထိုစခန်းသည် ကိရယတ်ယာရိမ်မြို့နှင့် ကျောချင်းကပ်တည်ရှိ၏။ 13 ထိုအရပ်မှ ထချီလျှင် ဧဖရိမ်ခင်တန်းရှိ မိက္ခာ့အိမ်သို့ရောက်ကြသောအခါ 14 လဲရှနယ်ကို အစူးအစမ်းသွားဖူးသူ ငါးယောက်တို့က ထိုအိမ်စုတွင် ဧဖုဒ်အရုပ်၊ တေရပ်အရုပ်၊ သွန်းထုပြီး ရုပ်ပွားဆင်းတုများတည်ထားကြောင်း မသိပါသလော။ မည်သို့ပြုလုပ်ရမည်ကို ဆင်ခြင်ကြဦးလော့ဟု ဆွေမျိုးသားချင်းတို့အားဆိုသော် 15 သူတို့သည် လှည့်ဝင်သဖြင့်၊ လေဝိဂိုဏ်းသားလုလင်ရှိရာ မိက္ခာ့အိမ်သို့ရောက်၍ သာကြောင်း မာကြောင်းကိုမေးမြန်းဆဲတွင် 16 စစ်လက်နက်ဆင်ယင်ပြီးသော ဒန့်အနွယ်သားခြောက်ရာတို့လည်း တံခါးအနီးမှာ စောင့်နေကြ၏။ 17 နယ်ကိုအစူးအစမ်းသွားဖူးသူငါးယောက်တို့ချဉ်းကပ်ဝင်ရောက်ပြီးလျှင် ဧဖုဒ်အရုပ်၊ တေရပ်အရုပ်၊ သွန်းထုပြီး ရုပ်ပွားဆင်းထုများကို ခိုးယူကြရာ၊ ပရောဟိတ်သည် စစ်လက်နက် ဆင်ယင်ပြီးသော သူရဲခြောက်ရာတို့နှင့်အတူ တံခါးဝအနီးစောင့်နေ၏။ 18 ထိုလူငါးယောက်တို့သည် မိက္ခာအိမ်သို့ဝင်၍ ဧဖုဒ်အရုပ်၊ တေရပ်အရုပ်၊ သွန်းထုပြီးရုပ်ပွား ဆင်းတုများကို ခိုးယူကြလျှင်၊ မည်သို့ပြုလုပ်ကြသနည်းဟု ပရောဟိတ်မေးသော်၊ 19 ထိုသူတို့က၊ လက်ြဖင့်နှုတ်ကိုဖုံးအုပ်လျက် တိတ်ဆိတ်စွာနေလော့။ ကျွန်ုပ်တို့နှင့် အဘအဖြစ် ပရောဟိတ်အဖြစ်လိုက်ပါလော့။ တစ်ဦးတစ်အိမ်တည်း၌သာ ပရောဟိတ်ပြုသင့်သလော။ ဣသရေလလူမျိုးအနက် တစ်ဆက်တစ်နွယ်လုံး၌ ပြုသင့်သလောဟု မေးဆိုကြသော်၊ 20 ပရောဟိတ်သည် စိတ်ရွှင်လန်းသဖြင့် ဧဖုဒ်အရုပ်၊ တေရပ်အရုပ်၊ ရုပ်ပွားဆင်းတုများကို သိမ်းပိုက်လျက် ထိုသူတို့အလယ်တွင် ပါသွားလေ၏။ 21 သူငယ်များမှစ၍ တိရစ္ဆာန်များနှင့် အသုံးအဆောင်များကို ရှေ့ထားလျက် လှည့်ချီပြန်သဖြင့် မိက္ခာ့အိမ်နှင့်အတော်ဝေးကြသော် 22 မိက္ခာ့အိမ်နီးချင်းတို့ စုရုံးပြီးလျှင် ဒန့်အနွယ်သားတို့ကို လိုက်မှီဟစ်ခေါ်ရာ 23 ဒန့်အနွယ်သား တို့သည် မျက်နှာပြုပြီးလျှင် သင်စုရုံးလိုက်လာခြင်းအကြောင်းကား မည်သို့ နည်းဟု မိက္ခာအားမေးပြန်သော်၊ 24 ငါပြုလုပ်သောဘုရားများနှင့် ပရောဟိတ်ကို ခေါ်သွားကြလေပြီဖြစ်သောကြောင့် ငါ၌မည်သည့်အကျိုးရှိသေးသနည်း။ အကြောင်းကား မည်သို့နည်းဟူ၍ မေးဖွယ်ရှိသလောဟု ပြန်ဆိုလျှင် 25 ဒန့်အနွယ်သားတို့က၊ ခက်ထန်သောစိတ်ရှိသူတို့သည် သင်တို့ကိုသတ်ဖြတ်သဖြင့် သင်နှင့် တကွအဆွေအမျိုးတို့ပါ အသက်မဆုံးရှုံးစေရန် ထိုသို့အသံကျယ်စွာမအော်နှင့်ဟုသတိပေးလျက် ခရီးချီမြဲချီကြ၏။ 26 မိက္ခာမူကား ခုခံနိုင်ရန် အစွမ်းမရှိသည်ကို သိသည်နှင့် နေအိမ်သို့ပြန်လေ၏။ 27 ဒန့်အနွယ်သားတို့သည် မိက္ခာပြုလုပ်ခဲ့သောအရုပ်များနှင့် ငှားထားသောပရောဟိတ်ကို ခေါ်သွားလျက် ဘေးကင်း၍ငြိမ်းချမ်းစွာနေထိုင်သော လဲရှမြို့သားတို့ရှိရာသို့ရောက်လျှင် ဓားဖြင့် သတ်သည့်ပြင် မြို့ကိုမီးတိုက်ကြကုန်၏။ 28 ဗက်ရဟောဘမြို့အနီးရှိ ချိုင့်တွင်တည်သောထိုမြို့သည် ဇိဒုန်မြို့နှင့်ဝေးကွာ၍ အခြားမြို့နှင့် မဆိုင်သောကြောင့် ကယ်ဆယ်သူမရှိချေ။ ထိုနောက်မြို့ကိုတည်ထောင်ပြန်၍ နေထိုင်သော် 29 ဣသရေလရသောသား၊ ၎င်းတို့ဘိုးဘေးဖြစ်သော ဒန့်အမည်အလိုက် လဲရှအမည်ဟောင်းရှိသော ထိုမြို့ကိုဒန့်မြို့ဟုခေါ်ဝေါ်ကြသတည်း။ 30 ပါရှိသောရုပ်ပွားကို ကိုးကွယ်ရန် ဒန့်အနွယ်သားတို့တည်ထားပြီးလျှင်၊ မောရှေသားဂေရရှုံ၏ အဆက်အနွယ်ယောနသန်နှင့် သားမြေးတို့သည် ပြည်တော်သားတို့ကိုသိမ်းသွားသည့်ကာလတိုင်အောင် ဒန့်အနွယ်တွင် ပရောဟိတ်အဖြစ်နှင့် နေကြ၏။ 31 မိက္ခာပြုလုပ်ခဲ့သော ရုပ်ပွားကား ရှိလောမြို့တွင် ဘုရားသခင့်စံရာတော်တည်သမျှ ကာလအတွင်း တည်ရှိသတည်း။