16
နောက်တစ်ဖန်ရှံဆုန်သည် ဂါဇမြို့သို့သွားလျက် ပြည်တန်ဆာမိန်းမတစ်ယောက်ကိုတွေ့မြင်၍ ၎င်းထံ ဝင်နေရာ ရှံဆုန်ရောက်လာပြီဟုသတင်းကြားကြသော်၊ ဂါဇမြို့သားတို့ ဝန်းဝိုင်းလျက် နံနက်မိုးသောက်လျင် သတ်ရတော့မည်ဟု အောက်မေ့၍ တစ်ညဉ့်ပတ်လုံးမြို့တံခါးအနီးမှာ တိတ်ဆိတ်စွာချောင်းနေကြလေ၏။ ရှံဆုန်သည် သန်းခေါင်တိုင်တိုင်အိပ်နေပြီးမှ ထိုအချိန်၌ပင် ထသွား၍ မြို့တံခါးရွက်များနှင့် ၎င်းတိုင်နှစ်လုံးကို ကန့်လန့်ကျင်ပါ နုတ်ယူပြီးလျှင် ဟေဗြုန်မြို့ရင်ဆိုင်တောင်ထိပ်အရောက်ထမ်း ဆောင်သွားလေ၏။
နောက်တစ်ဖန်စောရက်ချိုင့်တွင် နေထိုင်သည့် ဒေလိလအမည်ရှိသော မိန်းမတစ်ယောက်ကိုချစ် ကြိုက်ပြန်လျှင် ဖိလိတ္တိမင်းတို့သည် ထိုမိန်းမထံလာရောက်၍ မည်သည့်နည်းနှင့်ကြီးစွာသောခွန်အားတည် သည်ကိုလည်းေကာင်း၊ နှိပ်စက်ခွင့်ရစေခြင်းငှာ မည်သည့်နည်းနှင့်ချည်နှောင်ရသည်ကိုလည်းေကာင်း သင်သိရန် ရှံဆုန် အားဖြားယောင်းပါ။ ငါတို့တစ်ယောက်လျှင် ငွေဆယ့်တစ်ပိဿာစီပေးပါမည်ဟု ဝန်ခံကြပြီးသော်၊ ရှံဆုန်အား ဒေလိလက၊ မည်သည့်နည်းနှင့်ကြီးစွာသောခွန်အားတည်သည်ကိုလည်းေကာင်း၊ နှိပ်စက်ခွင့် ရစေခြင်းငှါ မည်သည့်နည်းနှင့်ချည်နှောင်ရသည်ကိုလည်းေကာင်း ေဖာ်ပြပါဟုမေးစမ်းသော် ရှံဆုန်က၊ မခြောက်သေးသော ဒူးလေးကြိုးအစိုခုနစ်ပင်ဖြင့် ငါ့ကိုချည်နှောင်ပါမူ သူတစ်ပါးကဲ့သို့ ဖြစ်လျက် အားလျော့လိမ့်မည်ဟုပြောလေ၏။ 8-9 ထိုအခါ မိန်းမသည် အိပ်ခန်းတွင်ချောင်းမြောင်းသူတို့ကိုထားလျက် ဖိလိတ္တိမင်းဘို့ ယူလာ သည့်မခြောက်သေးသောဒူးလေးကြိုးအစိုခုနစ်ပင်ဖြင့် ရှံဆုန်ကိုချည်နှောင်ပြီးလျှင် အိုရှံဆုန်၊ သင့်အပေါ်တွင် ဖိလိတ္တိတို့ရောက်ရှိပြီးတကားဟု အော်ဟစ်သော် မီးကျ၍ ပြတ်သောဝါချည်ကဲ့သို့ ဒူးလေးကြိုးကိုသူဖြတ်လိုက်သောကြောင့် ခွန်အားအကြောင်းမသိကြသေးချေ။ 10 ကျွန်မကိုလှောင်၍မုသာသုံးလေပြီ။ ယခုမည်သည့်နည်းနှင့်ချည်နှောင်ရသည်ကို ေဖာ်ပြပါဟု ဒေလိလတောင်းပန်ပြန်သော်၊ 11 မဆွဲရသေးသော လွန်ကြိုးအသစ်ဖြင့်ချည်နှောင်ပါမူ သူတစ်ပါးကဲ့သို့ဖြစ်လျက် အားလျော့လိမ့် မည်ဟု ပြောပြန်သည့်အတိုင်း 12 ဒေလိလသည် အိပ်ခန်းတွင် ချောင်းမြောင်းသူတို့ကို ထားလျက် လွန်ကြိုးအသစ်ယူ၍ ချည်နှောင်ပြီးလျှင် အိုရှံဆုန် သင့်အပေါ်တွင် ဖိလိတ္တိတို့ ရောက်ရှိပြီတကားဟု အော်ဟစ်ပြန်သော် ချည်မျှင်ကဲ့သို့ လက်ရုံးကြိုးများကို သူဖြတ်လိုက်လေ၏။ 13 ဒေလိလကလည်း၊ ယခုတိုင်အောင် ကျွန်မကိုလှောင်၍ မုသာသုံးခဲ့ပြန်ပြီ။ မည်သည့်နည်းနှင့် ချည်နှောင်ရသည်ကိုေဖာ်ပြပါဟု ဆိုသော် ရှံဆုန်က ကျစ်ဆံခုနစ်သွယ်ကို ရက်ကန်းသားနှင့်ရော ရက်လျှင် ဖြစ်မည်ဟုဆိုသည့်အတိုင်း 14 ရက်သည့်ပြင် လက်ခတ်ခတ်ပြီးလျှင် အိုရှံဆုန် သင့်အပေါ်တွင် ဖိလိတ္တိတို့ရောက်ရှိပြီတကားဟု အော်ဟစ်သော် အိပ်ရာမှနိုး၍ ရက်ကန်းသားနှင့်တကွ ရက်ကန်းစင်ပါ ဆွဲနုတ်လေ၏။ 15 ထိုအခါ ဒေလိလက၊ သင့်စိတ်သည် ကျွန်မနှင့်မမျှဘဲလျက် ကျွန်မကိုချစ်ကြောင်း မည်သို့ပြော ဆိုနိုင်သနည်း၊ သုံးကြိမ်မြောက်အောင် ကျွန်မကိုလှောင်၍ မည်သည့်နည်းနှင့်ကြီးစွာသောခွန်အား တည်သည်ကို မဖော်မပြလေစွတကားဟု မြည်တွန်သည့်ပြင် 16 နေ့စဉ်မပြတ် ထိုသို့သောစကားနှင့် သွေးဆောင်ပူစာသဖြင့် သေလောက်အောင်စိတ်ငြီးငွေ့ သောရှံဆုန်သည် 17 စိတ်တွင်ပါရှိသမျှကိုေဖာ်ပြမိသည်မှာ ငါသည် အမိဝမ်းတွင်းမှစ၍ ဘုရားသခင့်မျက်မှောက် တော်တွင်ပရဗိုဇ်ဂိုဏ်းသားအဖြစ်နေရသည့်အလျောက် ဦးခေါင်းပေါ်တွင် သင်တုန်းဓားမတင်ရ သေး။ ဆံပယ်ခြင်းခံရမူ ခွန်အားကွယ်ပျောက်၍ လူတိုင်းကဲ့သို့ဖြစ်လျက် အားလျော့လိမ့်မည်ဟု ပြောဆိုလေ၏။ 18 ​ဒေလိလသည် စိတ်တွင်ပါရှိသမျှကို ေဖာ်ပြမိကြောင်း သိမြင်သော် ယခုတစ်ကြိမ်လာကြတော့။ စိတ်တွင်ပါရှိသမျှကိုေဖာ်ပြမိလေပြီဟူ၍ ဖိလိတ္တိမင်းတို့ကိုခေါ်စေသည့်အလျောက် လက်ဆောင်တွင် ပါလျက် ရောက်လာကြပြီးနောက် 19 ဒူးပေါ်တွင် ဦးခေါင်တင်လျက် ရှံဆုန်ကိုအိပ်စေပြီးမှ ဆတ္တာသည် ခေါ်၍ကျစ်ဆံခုနစ်သွယ်ရိတ် စေသဖြင့် ခွန်အားကွယ်ပျောက်သည်နှင့် အသရေယုတ်လျော့စေ၏။ 20 ထိုအခါ ဒေလိလက အိုရှံဆုန်၊ သင့်အပေါ်တွင် ဖိလိတ္တိတို့ရောက်ရှိပြီတကားဟု အော်ဟစ်သော် အိပ်ရာမှနိုးလျှင် ရှံဆုန်သည် ထာဝရဘုရားခွာကြွတော်မူကြောင်း မသိသေးသောကြောင့် အထက်ကဲ့သို့ အပြင်သို့ထွက်လျက် ရုန်း၍ရမည်ထင်မှတ်လေ၏။ 21 ဖိလိတ္တိလူမျိုးတို့ ဖမ်းဆီး၍ မျက်စိနှစ်လုံးကိုထိုးဖောက်ပြီးလျှင် ဂါဇမြို့သို့ ဆေင်သွား၍ ခြေချင်းခတ်လျက် နှောင်အိမ်အတွင်းတွင် စပါးကြိတ်စေ၏။ 22 သို့ရာတွင် ဦးဆံရိတ်ပြီးမှတစ်ဖန်ရှည်စဖြစ်သတည်း။
23 ဖိလိတ္တိမင်းတို့က ငါတို့ဘုရားသည် ရန်သူရှံဆုန်ကို ငါတို့လက်တွင်းသို့ အပ်နှင်းတော်မူပြီ ဟုဆိုလျက် ၎င်းတို့ဘုရားဒါဂုန်အား ခမ်းနားစွာပူဇော်၍ ပျော်ရွှင်ရန်စုဝေးကြကုန်၏။ 24 ပြည်သူပြည်သားတို့လည်း ရှံဆုန်ကိုမြင်သောအခါ ငါတို့ဘုရားသည် နေပြည်ပျက်စီးစေ၍ ပြည်သားများစွာသတ်ဖြတ်သောထိုရန်သူကို ငါတို့လက်တွင်းသို့ အပ်နှင်းတော်မူပြီဟူ၍ ကိုယ့်ဘုရား အားထောမနာပြုကြကုန်၏။ 25 စိတ်ကြည်လင်သောအခါ သူတို့က ရွှင်လန်းကြရန် ရှံဆုန်ကိုခေါ်စေဟုဆိုသည့်အတိုင်း ရှံဆုန်ကို နှောင်အိမ်အတွင်းမှထုတ်ခေါ်သဖြင့် ရွှင်လန်းကြပြီးနောက် ကျောင်းခေါင်တိုင်ကြားတွင် ထားသောရှံဆုန်က 26 ကျောင်းထောက်ခံသောတိုင်များကို အမှီသဟဲပြုရန် စမ်းသပ်ပါရစေဟု လက်ဆွဲသူလုလင် အား တောင်းပန်လေ၏။ 27 ထိုကျောင်းမှာ ဖိလိတ္တိမင်းပေါင်းတို့ပါ ယောက်ျားမိန်းမပြည့်နှက်စွာရှိသည့်ပြင် ရှံဆုန်ရွှင်လန်း စေသည့်ကာလ အမိုးထက်ကြည့်ရှုနေထိုင်သူ ယောက်ျားမိန်းမသုံးထောင်ခန့်ရှိရာ 28 ရှံဆုန်သည် အိုအရှင်ထာဝရဘုရား၊ အကျွန်ုပ်ကိုသတိရတော်မူပါ။ ဖိလိတ္တိလူမျိုးတို့အပေါ်တွင် အကျွန်ုပ်၏မျက်စိတစ်လုံးအတွက် ကျေနပ်အောင်ဆပ်ပေးရန်၊ ယခုတစ်ကြိမ်မှသာ အားတိုးစေတော်မူ ပါဘုရားဟု ထာဝရဘုရားအား ပဌနာပြုလျက် 29 အမိုးထောက်ခံသောအလယ်တိုင်နှစ်တိုင်ကို လက်နှစ်ဘက်ဖြင့် ဆုပ်ကိုင်ပြီးမှ 30 အားဆည်း၍ ဖိလိတ္တိလူမျိုးတို့နှင့်တကွ သေရပါစေဟုဆိုလျက် အားကြီးစွာကိုယ်ကိုကုန်းဝပ် လေသော်၊ မင်းတို့မှစ၍ အတွင်းရှိပြည်သူပြည်သားတို့အပေါ်၌ ကျောင်းပြိုပိသဖြင့် သေဆဲတွင် သတ်သောသူတို့ကား အသက်ရှင်စဉ်သတ်ခဲ့သူတို့ထက် များပြားသေး၏။ 31 သူ့ညီမှစ၍ ဆွေမျိုးသားချင်းအပေါင်းတို့လာရောက်ပြီးလျှင် အလောင်းကိုဆောင်ယူပြန်လျက် ဇောရာမြို့နှင့်ဧရှတောလမြို့များစပ်ကြား အဘမာနော်၏သင်္ချၖိုင်းတွင် သင်္ဂြိုဟ်ကြ၏။ ရှံဆုန်သည် ဣသရေလလူမျိုးကို နှစ်ပေါင်းနှစ်ဆယ်အုပ်စိုးစီရင်လေသတည်း။