11
ဂိလဒ်အနွယ်ယေဖသသည် စစ်ခေါင်းမာသူဖြစ်၏။ အဖကား ဂိလဒ်။ အမိကား ပြည်တန်ဆာ ဖြစ်သတည်း။ ဂိလဒ်မယားဖွားမြင်သောသားတို့အရွယ်မြောက်သော်၊ ယေဖသအား အခြားသောမိန်းမ၏ သားဖြစ်သောကြောင့် အဖအိမ်တွင် အမွေကိုနင်မခံထိုက်ဟု ပြောဆိုနှင်ထုတ်ကြသည့်အတိုင်း ညီတို့ထံမှ ပြေးသွားလျက်၊ တောဘနယ်တွင်နေရာကျသောယေဖသထံ၊ လူသွမ်းတို့ဆည်းကပ် လိုက်သွားကြရာ မကြာမီအမ္မုန်အမျိုးသားတို့သည် ဣသရေလလူမျိုးနှင့်စစ်ပြိုင်ကြ၏။ ထိုသို့ဣသရေလလူမျိုးနှင့် အမ္မုန်အမျိုးသားတို့စစ်ပြိုင်သောအခါ ဂိလဒ်ပြည် လူကြီးတို့သည် ယေဖသကိုခေါ်ရန် တောဘနယ်သို့သွားရောက်ပြီးလျှင် အမ္မုန်အမျိုးသားတို့နှင့် ကျွန်တော်တို့စစ်ပြိုင်နိုင်ရန် လိုက်၍ဗိုလ်မှူးလုပ်ပါဟု တောင်းပန်ကြရာ သင်တို့သည် ငါ့ကိုမုန်းသဖြင့် အဖအိမ်မှနှင်ထုတ်ခဲ့သည်မဟုတ်လော။ ယခုဘေးသင့်သည့် ကာလ၊ အဘယ်ကြောင့် လာရောက်ခေါ်ခိုင်းကြသနည်းဟု ဂိလဒ်ပြည်လူကြီးတို့အား ယေဖသပြန်ဆို သော်၊ ထိုသူတို့က၊ ကျွန်တော်တို့နှင့်အတူ လိုက်၍ အမ္မုန်အမျိုးသားတို့ကို စစ်ပြိုင်ခြင်းအလို့ငှာ တစ်ဖန်တိုးဝင်လာရောက်ရပါသည်ဖြစ်၍ ဂိလဒ်ပြည်သားအပေါင်းတို့နှင့် ကျွန်တော်တို့အပေါ်တွင် အကြီးအမှူးအဖြစ် တင်မြှောက်ပါမည်ဟု ယေဖသအား ထပ်မံတောင်းပန်သောအခါ အမ္မုန်အမျိုးသားတို့နှင့် စစ်ပြိုင်ရန် ငါ့ကိုပြန်စေပြီးမှ ငါ့လက်တွင်းသို့ထိုသူတို့ကို ထာဝရဘုရား အပ်နှင်းတော်မူလျှင် သင်တို့အပေါ်အကြီးအမှူးအဖြစ် အမှန်တင်မြှောက်မည်လောဟု ဂိလဒ်ပြည် လူကြီးတို့အား ေယဖသေမးပြန်ရာဂိလဒ်ပြည် လူကြီးတို့က၊ 10 အရှင့်စကားအတိုင်း အမှန်ပြုပါမည်။ ထာဝရဘုရားသည် အရှင်နှင့်ကျွန်တော်တို့ကြားတွင် သက်သေဖြစ်ပါစေသောဟု ယေဖသအား ဝန်ခံကြ၏။ 11 ထိုအခါ ဂိလဒ်ပြည်လူကြီးတို့နှင့်အတူ ယေဖသလိုက်သွားသဖြင့် ပြည်သူပြည်သားတို့သည် အကြီးအမှူးအဖြစ်၊ ဗိုလ်ချုပ်အဖြစ်၊ တင်မြှောက်ကြ၏။ ယေဖသသည် ထိုသို့ဝန်ခံသမျှသော အချက် ကို မိဇပါမြို့၊ ထာဝရဘုရားမျက်မှောက်တော်တွင် တင်လျှောက်လေ၏။
12 ထိုနောက် ယေဖသသည် အမ္မုန်အမျိုးသားတို့ဘုရင့်ထံ သံတမန်စေလွှတ်သဖြင့် ကျွန်ုပ်အပေါ်တွင် မည်သည့်အကြောင်းရှိ၍ ကျွန်ုပ်နိုင်ငံကိုချီတက်စစ်တိုက်ပါသနည်းဟု မေး​ေစရာ 13 အမ္မုန်အမျိုးသားတို့ဘုရင်က၊ အကြောင်းဆိုရလျှင် ဣသရေလလူမျိုးတို့သည် အိဂျစ်ပြည်မှ လာရောက်စဉ် အာနုန်ချောင်းမှစ၍ ယဗ္ဗုတ်ချောင်း၊ ယော်ဒန်မြစ်တိုင်အောင် ကျွန်ုပ်ပိုင်ပြည်ကို သိမ်းယူဘူးသောကြောင့်တည်း။ သို့ဖြစ်၍ ရန်ပြေစေလိုမူ ပြန်အပ်ပါဟု သံတမန်တို့အား ပြောလိုက် လေ၏။ 14 တစ်ဖန်အမ္မုန်အမျိုးသားတို့ ဘုရင့်ထံ ယေဖသစေလွှတ်သောသံတမန်တို့က၊ ယေဖသအမှာတော် ဆက်လိုက်သည်မှာ 15 ဣသရေလလူမျိုးတို့သည် မောဘပြည်ကိုလည်းေကာင်း၊ အမ္မုန်အမျိုးသားတို့ပြည်ကိုလည်းေကာင်း၊ 16 သိမ်းယူသည်မဟုတ်ပါ။ အိဂျစ်ပြည်မှထွက်လာစဉ် သဲကန္တာရကိုေလျှာက်လျက်၊ ပင်လယ်နီကူး၍ ကာဒေရှမြို့သို့ရောက်သော်၊ 17 ဧဒုံဘုရင့်ထံသံတမန်များကိုစေလွှတ်၍၊ ကိုယ်တော်၏ပြည်ကိုဖြတ်သွားပါရစေဟု ခွင့်ပန်သော် လည်း၊ ထိုဘုရင်မင်းသည် မနာမယူ။ ထိုနည်းတူ မောဘဘုရင့်ထံ စေလွှတ်ပြန်ရာ၊ အခွင့်မရသဖြင့် ဣသရေလလူမျိုးတို့သည် ကာဒေရှမြို့တွင်ဆိုင်းငံ့နေရပြီးလျှင် 18 သဲကန္တာရကိုေလျှာက်လျက်၊ ဧဒုံပြည်နှင့်မောဘပြည်များကို ကွင်း၍ မောဘပြည့်အရှေ့ဘက် လှည့်သွားပြီးမှ အာနုန်ချောင်းတစ်ဖက်တွင် စခန်းချရကြ၏။ အာနုန်ချောင်းသည် မောဘပြည်၏ နယ်ခြားဖြစ်သည့်အလျောက် ၎င်းပြည်အတွင်းတွင် မဝင်မရောက်ကြချေ။ 19 ထိုကာလ ဣသရေလလူမျိုးတို့သည် ဟေရှဘုန်မြို့စံ၊ အာမောရိပြည့်ရှင်ရှိဟုန်မင်းထံ သံတမန် များကို စေလွှတ်လျက် ကျွန်တော်တို့ဌာနသို့ရောက်ရန် ကိုယ်တော်၏ပြည်ကိုဖြတ်သွားပါရစေဟု ခွင့် ပန်သော်လည်း၊ 20 ရှိဟုန်မင်းသည် ပြည်နယ်ဖြတ်သွားရန် ထိုလူမျိုးတို့ကိုစိတ်မချရ၍၊ အလုံးအရင်းရှိသမျှစုရုံးပြီး လျှင်၊ ယာဟတ်မြို့တွင် စွဲရပ်လျက် ဣသရေလလူမျိုးတို့ကို စစ်တိုက်သော်၊ 21 ရှိဟုန်မင်းနှင့် အလုံးအရင်းရှိသမျှတို့ကို ဣသရေလလက်တွင်းသို့ ဣသရေလလူမျိုး၏ဘုရား သခင်ထာဝရဘုရားအပ်နှင်းတော်မူသည့်အတိုင်း လုပ်ကြံကြရာ၊ ထိုပြည်တွင် နေထိုင်သော အာမောရိ လူမျိုး၏ပြည်နယ်တစ်ေလျှာက်လုံးကို ဣသရေလလူမျိုးတို့သိမ်းယူကြ၏။ 22 ထိုသို့အာနုန်ချောင်းမှ ယဗ္ဗုတ်ချောင်းအထိလည်းေကာင်း၊ သဲကန္တာရမှယော်ဒန်မြစ်အထိလည်းေကာင်း၊ အာမောရိ ပြည်တစ်ေလျှာက်လုံးကို အပိုင်ရကြသတည်း။ 23 ထိုသို့လျှင် ဣသရေလလူမျိုး၏ ဘုရားသခင်ထာဝရဘုရားသည် လူမျိုးတော်ဖြစ်သော ဣသရေလရှေ့တွင် အာမောရိလူမျိုး၏ပြည်ကို သိမ်းယူတော်မူပြီးဖြစ်လျက် သင်သည်အပိုင်ယူရမည် လော။ 24 ကိုယ့်ဘုရားခေမုရှပေးသောပြည်ကို အပိုင်ယူရာသည်မဟုတ်ပါလော။ ကျွန်ုပ်တို့မှာမူ ရှေ့တွင် ကိုယ့်ဘုရားသခင်ထာဝရဘုရားသိမ်းယူတော်မူသမျှကို အပိုင်ယူကြပါလိမ့်မည်။ 25 သင်သည် မောဘုရင် ဇိဖော်သားဗာလက်မင်းထက် မြင့်မြတ်ပါသလော။ ထိုမင်းသည် ဣသရေ လူမျိုးနှင့်ရန်ပြု၍ စစ်တိုက်ဘူးသလော။ 26 ဣသရေလလူမျိုးသည် ဟေရှဘုန်မြို့နှင့်နိဂုံးများ၌လည်းေကာင်း၊ အာရော်မြို့နှင့်နိဂုံးများ၌လည်းေကာင်း၊ အာနုန် ချောင်းတစ်ေလျှာက်ရှိသမျှသောမြို့ရွာများ၌လည်းေကာင်း၊ နှစ်ပေါင်းသုံးရာပတ်လုံး နေစဉ်အခါ၊ အဘယ်ကြောင့် မသိမ်းမယူဘိသနည်း။ 27 သင့်အား ကျွန်ုပ်ပြစ်မှားခဲ့သည်မဟုတ်ပါ။ သင်သာလျှင် ကျွန်ုပ်ကိုစစ်မူ၍ အဆိုးပြုလုပ်သည် တကား။ တရားမင်းမြတ်တည်းဟူသော ထာဝရဘုရားသည် ဣသရေလအမျိုးသားနှင့် အမ္မုန်အမျိုး သားတို့ကြားတွင် ယနေ့စီရင်ဆုံးဖြတ်တော်မူပါစေသောဟု အမှာတော်ဆက်လိုက်ကြောင်း လျှောက်ထားကြ၏။ 28 သို့ရာတွင် အမ္မုန်အမျိုးသားတို့ဘုရင်သည် ယေဖသ၏အမှာစကားကို မနာမယူချေ။
29 ထိုအခါ ထာဝရဘုရား၏ဝိညာဉ်တော်သည် ယေဖသအပေါ်တွင် ကိန်းဝပ်သဖြင့် ဂိလဒ်နယ် မိဇပါမြို့တိုင်အောင်၊ ဂိလဒ်နယ်၊ မနာရှေနယ်များကို လျှောက်သွားပြီးလျှင်၊ ထိုမြို့မှ အမ္မုန်အမျိုးသား တို့ရှိရာအရောက်ချီတက်လေ၏။ 30 ထာဝရဘုရားအား ယေဖသသစ္စာဆိုသည်မှာ အမ္မုန်အမျိုးသားတို့ကို အကျွန်ုပ်လက်တွင်းသို့ ကိုယ်တော်အပ်နှင်းတော်မူပါလျှင်၊ 31 အမ္မုန်အမျိုးသားတို့နှင့် စစ်ငြိမ်း၍ ပြန်ရောက်သောအခါ အကြင်သူသည် အကျွန်ုပ်အိမ်တံခါး တွင်းမှ ကြိုဆိုရန်ထွက်လာအံ့။ ထိုသူသည် ကိုယ်တော်ပိုင်ဖြစ်ပါ၍ မီးရှို့ရာသက္ကာအဖြစ် ဆက်ကပ်ပါအံ့ဟုဆိုပြီးမှ 32 အမ္မုန်အမျိုးသားတို့နှင့်စစ်ပြိုင်ရန် တိုးကပ်သော် သူ့လက်တွင်းသို့ အပ်နှင်းတော်မူသဖြင့် 33 အာရော်မြို့မှစ၍ မိန္နိတ်မြို့နှင့် အာဗေလခေရမိမ်မြို့များရောက်အောင်၊ မြို့ပေါင်းနှစ်ဆယ့်ကို ပြင်းစွာလုပ်ကြံသတ်ဖြတ်လေ၏။ ထိုသို့အမ္မုန်အမျိုးသားတို့သည် ဣသရေလအမျိုးသားတို့ရှေ့ နိမ့်ကျလေ၏။
34 မိဇပါမြို့ရှိ နေအိမ်သို့ ယေဖသပြန်ရောက်ရာ ဧကဓီတဖြစ်သောသမီးသည် ပတ်သာတီးခြင်း၊ ကခုန်ခြင်းပြုလျက် ကြိုဆိုရန်ထွက်လာ၏။ သူမှတစ်ပါး သားသမီးမရှိချေ။ 35 ယေဖသမြင်လျှင် မြင်ချင်း၊ အိုချစ်သမီး သင်သည်ငါ့ကိုငုံ့မှိုင်စေ၍ ဒုက္ခရောက်စေသောသူဖြစ် လေစွတကား။ ထာဝရဘုရားရှေ့တော်တွင် နှုတ်မြွက်မိချေပြီ။ ပြန်၍မနုတ်နိုင်ဟုဆိုလျက် အဝတ်ကို ဆုတ်လေ၏။ 36 သမီးက၊ အိုဖခင်၊ ထိုသို့နှုတ်မြွတ်မိလျှင် ထာဝရဘုရားသည် အမ္မုန်အမျိုးသားရန်သူတို့အပေါ် တွင် လက်စားချေခွင့်ပေးတော်မူသောကြောင့် ထာဝရဘုရားရှေ့တော်၌ နှုတ်မြွတ်သည့်အတိုင်း ကျွန်မကိုစီရင်ပါဟူ၍လည်းေကာင်း၊ 37 ကျွန်မအဖို့ပြုသင့်သည်မှာ ခင်တန်းပေါ်တွင်ေလျှာက်လျက်၊ အပေါင်းအဖော်တို့နှင့် အပျိုဖြစ် ကြောင်း မြည်တမ်းရန်အတွက် နှစ်လတိတိအခွင့်ကိုသာပေးပါဟူ၍လည်းေကာင်း အဘအားလျှောက်ထား သည့်အတိုင်း၊ 38 အဖက၊ သွားလေတော့ဟုဆိုလျက် နှစ်လသတ်မှတ်ပြီးလျှင် လွှတ်လိုက်ရာ၊ အပေါင်းအဖော် တို့နှင့်တကွ ထွက်သွားပြီးသော် ခင်တန်းပေါ်တွင် အပျိုဖြစ်ကြောင်း မြည်တမ်းလေ၏။ 39-40 နှစ်လစေ့သောအခါ အဖထံပြန်လာလျှင်၊ သစ္စာဆိုမိသည့်အလျောက် လင်ကင်းသေးသော ထိုသမီးကိုစီရင်လေ၏။ ထိုနောက်ဣသရေလအမျိုးသမီးတို့သည် တစ်နှစ်လျှင်တစ်ကြိမ်၊ လေးရက် အတွင်း ဂိလဒ်အနွယ် ယေဖသ၏သမီးပျိုအတွက် အောက်မေ့ခြင်းပွဲပြုလုပ်သောထုံးစံဖြစ်လေ၏။