တရားမင်းတို့အတ္ထုပ္ပတ္တိကျမ်း
1
ယောရှုကွယ်လွန်ပြီးနောက်၊ ဣသရေလအမျိုးသားတို့က၊ ခါနနိလူမျိုးနှင့် စစ်ပြိုင်ရန် အကျွန်ုပ် တို့ဘက်၌ မည်သူတပ်ဦးချီတက်ရပါမည်နည်းဟု ထာဝရဘုရားအား မေးလျှောက်ကြရာ၊ ယုဒအနွယ်ချီတက်ရမည်။ ထိုပြည်ကိုသူတို့လက်တွင်းသို့ အပ်ပေးပြီဟု ထာဝရဘုရားမိန့်တော် မူလျှင် ဆွေမျိုးသားချင်းရှိမောင့်အနွယ်အား ယုဒအနွယ်က ခါနနိလူမျိုးနှင့်စစ်ပြိုင်ရန် ကျွန်တော်တို့ ပိုင်စုနယ်သို့ လိုက်ခဲ့ပါ။ ကျွန်တော်တို့လည်း သင်တို့ပိုင်စုနယ်သို့ လိုက်ပါမည်ဟုဆိုသည့်အတိုင်း ရှိမောင့်အနွယ်လိုက်ပါလေ၏။ ယုဒအနွယ်ချီသွားရာ ခါနနိ၊ ဖေရဇိလူမျိုးတို့ကို သူတို့လက်တွင်းသို့ ထာဝရဘုရားအပ်နှင်း တော်မူသဖြင့် ဗေဇက်မြို့တွင် လူပေါင်းတစ်သောင်းကို လုပ်ကြံကြ၏။ အဒေါနိဗေဇက်မင်းကို ဗေဇက်မြို့တွင် တွေ့ဆုံတိုက်ခိုက်ရာ ခါနနိ၊ ဖေရဇိလူမျိုးတို့ကို လုပ်ကြံဆဲတွင် အဒေါနိဗေဇက်မင်းပြေးလေသော်၊ ယုဒအနွယ်လိုက်လံဖမ်းဆီး၍ လက်မ၊ ခြေမများကို ဖြတ်ကြလေ၏။ အဒေါနိဗေဇက်မင်းက၊ ဘုရင်မင်းခုနစ်ကျိပ်တို့သည် လက်မ၊ ခြေမပြတ်သည်နှင့် အထက်က ငါ့စားပွဲအောက်တွင် ကောက်စားကြဖူးပြီ။ ငါစီရင်ခဲ့သည့်အလျောက် ငါ၌လည်း ဘုရားသခင်စီရင် တော်မူပြီဟု ဝန်ခံပြီးနောက်၊ ယေရုရှလင်မြို့သို့ပို့ထားကြရာ ကွယ်လွန်လေ၏။
ယုဒအနွယ်သားတို့သည် ယေရုရှလင်မြို့ကိုတိုက်ယူ၍၊ ဓားဖြင့်လုပ်ကြံလျက် မီးတိုက်ကြပြီး လျှင် ခင်တန်းခရိုင်၊ နေဂပ်ခရိုင်၊ ရှဖေလာခရိုင်များ၌နေထိုင်သော ခါနနိလူမျိုးကို စစ်တိုက်ရန် ချီသွားကြစဉ် 10 ကိရယသာဘအမည်ဟောင်းရှိသော ဟေဗြုန်မြို့နေခါနနိလူမျိုးတို့ရှိရာသို့ရောက်၍ ရှေရှဲ၊ အဟိမန်၊ တာလမဲတို့ကိုလုပ်ကြံကြလေ၏။ 11 တစ်ဖန်ကိရယဿေဖာအမည်ဟောင်းရှိသော ဒေဗိရမြို့သားတို့ ရှိရာသို့ချီပြန်သော်၊ 12 ကိရယဿေဖာမြို့ကိုလုပ်ကြံတိုက်ယူသူ့အား၊ ငါ့သမီးအာခသနှင့်ပေးစားမည်ဟု ကာလက်ဆိုလျှင် 13 ကေနတ်အမျိုးညီသြသံယေလတိုက်ယူသည့်အလျောက်၊ သမီးအာခသနှင့် ပေးစားလေ၏။ 14 ထိုမိန်းမသည်၊ လင့်အိမ်သို့ရောက်ပြီးမှ၊ အဘထံလယ်တစ်ကွက်တောင်းရန် တိုင်ပင်၍ သွားရောက်ရာ မြည်းပေါ်မှဆင်းလျက်၊ ကာလက်က၊ မည်သည့်အရာကိုလိုသနည်းဟုမေးသော်၊ 15 ကောင်းကြီးပေးစေလိုပါ၏။ ကိုယ်တော်သည် နေဂပ်ခရိုင်တွင် ကျွန်မကိုနေစေသည်ဖြစ်၍၊ စမ်းရေ တွင်းကို ပေးပါဦးဟု တောင်းဆိုသည့်အလျောက် အထက်စမ်းရေတွင်းနှင့် အောက်စမ်းရေတွင်းများ ကိုပေးလေ၏။
16 ကေနိလူမျိုး မောရှေ့ယောက္ခမ၏သားမြေးမြစ်တို့သည် စွန်ပလွံမြို့မှ၊အာရဒ်မြို့တောင်ဘက် ယုဒတောသို့ ယုဒအနွယ်သားတို့နှင့် လိုက်သွား၍၊ နေရင်းသားတို့နှင့် အတူနေရာကျကြ၏။ 17 တစ်ဖန်ယုဒအနွယ်သည် ဆွေမျိုးသားချင်းရှိမောင့်အနွယ်နှင့် လိုက်သွား၍၊ ဇေဖတ်မြို့ရှိ ခါနနိ လူမျိုးတို့ကို လုပ်ကြံပြီးလျှင်၊ မြို့ကိုလည်း မြေလှန်လျက်၊ ဟောမာဟုသမုတ်ကြ၏။ 18 တစ်ဖန်လည်း ယုဒအနွယ်သည် ဂါဇမြို့နှင့်လည်းေကာင်းနယ်၊ အာရှကေလုန်မြို့နှင့်၎င်းနယ်၊ ဧကြုန်မြို့ နှင့်၎င်းနယ်များကိုသိမ်းယူလေ၏။ 19 ယုဒအနွယ်နှင့်အတူ ထာဝရဘုရားရှိတော်မူသည့်အလျောက် သူသည်တောင်ပေါ်ရှိသူတို့ကို နှင်ထုတ်လေ၏။ ချိုင့်တွင်နေထိုင်သူတို့ကိုကား သံဖြင့်ပြီးသောစစ်ရထားရှိသောကြောင့် မနှင်မထုတ် နိုင်သေးချေ။ 20 မောရှေမှာထားခဲ့သည့်အတိုင်း၊ ဟေဗြုန်မြို့ကို ကာလက်အားအပ်နှင်းကြ၍၊ သူသည်အာနက သားသုံးယောက်တို့ကို ထိုမြို့မှနှင်ထုတ်လေ၏။ 21 ဗင်္ယာမိန့်အနွယ်သားတို့ကား၊ ယေရုရှလင်မြို့၌နေသော ယေဗုသိလူမျိုးတို့ကို မနှင်ထုတ်ဘဲ၊ သူတို့သည် ယနေ့တိုင်အောင် ဗင်္ယာမိန့်အနွယ်သားတို့နှင့်အတူ ယေရုရှလင်မြို့တွင် နေကြသတည်း။
22 ယောသပ်အနွယ်သားတို့လည်း၊ ဗေသလမြို့သို့ချီတက်ရာ၊ သူတို့နှင့်အတူထာဝရဘုရားရှိတော် မူ၏။ 23 လုဇအမည်ဟောင်းရှိသော ဗေသလမြို့ကိုစူးစမ်းစေရာ 24 မြို့တွင်းမှထွက်လာသူတစ်ယောက်ကိုသူလျှိုတို့ တွေ့မြင်သည်နှင့် မြို့ဝင်ပေါက်ကိုပြပါ။ ငါတို့ချမ်းသာပေးမည်ဟုဆိုသော်၊ 25 မြို့ဝင်ပေါက်ကိုပြပြီးမှ၊ မြို့သားတို့ကို ဓားဖြင့်လုပ်ကြံလျက် ထိုသူနှင့်အိမ်သူအိမ်သားအား လုံးတို့ကို လွှတ်လိုက်ကြ၏။ 26 ထိုသူသည် ဟိတ္တိပြည်သို့သွားရောက်ပြီးလျှင်၊ မြို့သစ်တည်၍ လုဇမြို့ဟုသမုတ်သည့်အတိုင်း၊ ယနေ့တိုင်အောင် ထိုသို့တွင်သတည်း။
27 မနာရှေ့အနွယ်မူကား၊ ဗက်ရှန်၊ တာနက်၊ ဒေါရ၊ ဣဗလံ၊ မေဂိဒ္ဒေါမြို့များနှင့် နိဂုံးများတွင် နေထိုင်သူတို့ကို မနှင်ထုတ်နိုင်သဖြင့်၊ ထိုခါနနိလူမျိုးတို့အတင်းနေကြသေး၏။ 28 နောင်ကာလ၊ ဣသရေလအမျိုးသားတို့ အင်အားတိုးတက်သောအခါ၊ ထိုသူတို့ကိုမနှင်ထုတ် ဘဲ လမိုင်းသားဖြစ်စေကြ၏။ 29 ထိုနည်းတူ ဧဖရိမ့်အနွယ်သည် ဂေဇာမြို့၌နေသော ခါနနိလူမျိုးတို့ကို မနှင်ထုတ်ဘဲ၊ ရောပြွမ်း လျက်နေကြ၏။ 30 ထိုနည်းတူ ဇာဗုလုန်အနွယ်သည် ကိတရုန်မြို့သား၊ နာဟာလောလမြို့သားတို့ကို မနှင်ထုတ် ဘဲ ထိုခါနနိလူမျိုးတို့ ရောပြွမ်းနေထိုင်လျက်၊ လမိုင်းအမှုကိုထမ်းရကြ၏။ 31 ထိုနည်းတူ အာရှာ့အနွယ်သည် အက္ခော၊ ဇိဒုန်၊ အာလပ်၊ အာခဇိပ်၊ ဟေလဗ၊ အာဖိတ်၊ ရဟောဘမြို့သူ မြို့သားတို့ကို မနှင်ထုတ်ဘဲ 32 ပြည်ရင်းသား ခါနနိလူမျိုးတို့နှင့် ရောပြွမ်းနေထိုင်ကြ၏။ 33 ထိုနည်းတူ နဿလိအနွယ်သည် ဗက်ရှေမက်၊ ဗေသနတ်မြို့သူမြို့သားတို့ကို မနှင်ထုတ်ဘဲ ပြည်ရင်းသားခါနနိလူမျိုးတို့နှင့် ရောပြွမ်းနေထိုင်ကြ၏။ သို့ရာတွင် ၄င်းမြို့သူမြို့သားတို့သည် လမိုင်းအမှုကိုထမ်းရကြ၏။ 34 အာမောရိလူမျိုးကား၊ ဒန့်အနွယ်သားတို့ကို ခင်တန်းသို့တက်စေ၍၊ ချိုင့်ဝှမ်းရာ၌ ဆင်းနေခွင့် မပေးကြ။ 35 ထိုအာမောရိလူမျိုးသည် ဟေရက်တောင်မှစ၍၊ အာယလုန်မြို့နှင့်၊ ရှာလဗိမ်မြို့များတွင် အတင်းနေသေးရာ ယောသပ်အနွယ်သားတို့ လက်ရုံးရည်တိုးတက်သောအခါ လမိုင်းအမှုကို ထမ်းရကြ၏။ 36 အာမောရိလူမျိုးနေရသောအရပ်ကား၊ အကရဗ္ဗိမ်တောင်ကြားနှင့် သေလမြို့မှစ၍ အထက်အရပ်တည်း။