9
1-2 ထိုအခါ၊ ယောဘတုံ့ပြန်မိန့်မြွက်ဆိုသည်ကား၊ ထိုသို့မှန်ကြောင်းကို ငါဧကန်သိ၏။ သို့ရာတွင် လူသည် ဘုရားသခင်နှင့်ဘက်ပြိုင်၍၊ မည်သို့ဖြောင့်မတ်ရာရောက်နိုင် သနည်း။ ကိုယ်တော်နှင့်ဘက်ပြိုင်လိုလျှင်၊ မေးခွန်းတော်တစ်ထောင်အနက်၊ တစ်ခွန်းကိုမျှမဖြေနိုင်။ ကိုယ်တော်သည်၊ ဉာဏ်ပညာချွန်လျက်၊ တန်ခိုးကြီးလျက် ရှိတော်မူသည်နှင့်၊ မည်သူသည်စိတ်ခဲယဉ်းစွာခုခံ၍၊ ဒဏ်ကင်းလျက်နေရဖူးသနည်း။ တောင်များကို 9.5 ပါဠိၒ ၒ- ၄င်းတို့မသိဘဲရွှေ့။ရုတ်တရက်ရွှေ့၍၊ အမျက်တော်ကြောင့်ဖြိုလှဲတော်မူ၏။ မြေပထဝီကို နေရာရင်းမှလှုပ်ရှားတော်မူ၍၊ တည်ရာတိုင်များလည်းတုန်လှုပ်ရ၏။ နေကိုမြစ်တားတော်မူ၍မထွက်၊ ကြယ်များကိုလည်းကာရံ၍ တံဆိပ်ခတ်ပိတ်တော်မူ၏။ မိုးကောင်းကင်ကိုကိုယ်တော်တစ်ပါးတည်းကြက်၍၊ သမုဒ္ဒရာလှိုင်းတံပိုးပေါ်တွင် စက်တော်ဖြန့်လေ၏။ ခုနစ်စဉ်၊ အဿဝနီ၊ ကြတ္တိကာမှစသော၊ တောင်မျက်နှာတိုက်ခန်းများကိုဖန်ဆင်းလျက်၊ 10 စူးစမ်း၍မမီနိုင်သောတန်ခိုးကြီးများကိုလည်းေကာင်း၊ ရေတွက်၍မကုန်နိုင်သောအံ့ဖွယ်ရာများကိုလည်းေကာင်း၊ စီရင်တော်မူ၏။ 11 အနားမှာသီကြွတော်မူ၍ ငါမမြင်၊ လွန်ကြွတော်မူ၍လည်း၊ ငါမသိ။ 12 ဖမ်းဆီးတော်မူရာ၌၊ အဘယ်သို့ပြုတော်မူသနည်းဟုဆိုလျက်၊ မည်သူတွန်းလှန်နိုင်သနည်း။ 13 ဘုရားသခင်သည်၊ အမျက်တော်ကိုပြန်သိမ်းတော်မူမည်မဟုတ်။ 9.13 ပါဠိၒ ၒ- ရာဟပ်။ရေနတ်နဂါးကို ကူညီသူတို့သည်၊ လက်တော်အောက်သို့ဝတ်လျှိုးရသည်မှန်လျှင်၊ 14 ငါမူကား၊ စကားရွေးချယ်၍၊ ကိုယ်တော့်အားထုချေနိုင်သလော။
15 အကယ်၍ ငါဖြောင့်မတ်သော်လည်း၊ မထုချေဘဲ၊ တစ်ဘက်အမှုသည့်ထံ၊ အသနားခံတော့မည်။ 16 ငါခေါ်၍ထူးတော်မူသော်လည်း၊ စကားကိုနားညောင်းတော်မူပြီဟုမယုံနိုင်။ 17 မိုးသက်မုန်တိုင်းဖြင့် ငါ၌အနာတရပြု၍၊ ဒဏ်ချက်ရာကိုလည်း၊ အကြောင်းမဲ့များပြားစေလျက်၊ 18 အသက်ရှူသာခွင့်မပြုဘဲ၊ နစ်နာခြင်းနှင့်ပြည့်ဝစေတော်မူလိမ့်မည်။ 19 သန်စွမ်းသူ၏ တန်ခိုးအကြောင်းနှင့်စပ်လျဉ်းလျှင်၊ ငါပင်ရှိသည်ဟူ၍လည်းေကာင်း၊ တရားဆုံးဖြတ်ခြင်းအကြောင်းနှင့်စပ်လျဉ်းလျှင်၊ ငါ့အားမည်သူချိန်းချက်မည်နည်းဟူ၍လည်းေကာင်း၊ မိန့်တော်မူ၏။ 20 ငါဖြောင့်မတ်သော်လည်း၊ ငါ့စကားပင်၊ ငါ့ကိုအပြစ်စီရင်လိမ့်မည်။ စုံလင်သော်လည်း၊ လိမ်လည်ကောက်ကျစ်ရာရောက်လိမ့်မည်။ 21 ငါကားစုံလင်၏။ ကိုယ်ကိုဂရုမစိုက်။ အသက်ကိုလည်းပေါ့ပေါ့ဆဆပြုသတည်း။
22 ပိုင်းခြားခြင်းမရှိသည်ကို ထောက်၍ငါက၊ ကိုယ်တော်သည်စုံလင်သူ၊ ဆိုးသွမ်းသူတို့ကိုပယ်ရှင်းတော်မူသည်ဟုဆိုလေ၏။ 23 သေစေတတ်သောဘေးဆိုးသည် ရုတ်တရက်သင့်၍၊ အပြစ်ကင်းသူတို့စိတ်ပျက်သည်ကို၊ ကဲ့ရဲ့တော်မူ၏။ 24 မြေကြီးကိုလူဆိုးတို့လက်သို့အပ်နှင်း၍၊ တရားမင်းတို့မျက်နှာကို ဖုံးအုပ်တော်မူ၏။ ကိုယ်တော်ပင်မဟုတ်ပါလျှင်၊ မည်သူပြုပါသနည်း။ 25 ငါ့အသက်တာသည် ခြေလျင်တော်ထက်မြန်၍ ကောင်းစားခြင်းကိုမမြင်ရဘဲထွက်ပြေးလျက်၊ 9.25 ပါဠိၒ ၒ- ကြိမ်ချုပ်။ 26 လှော်လောင်းကဲ့သို့လည်းေကာင်း၊ အကောင်ကိုသုတ်သောလင်းယုန်ကဲ့သို့လည်းေကာင်း၊ ပျံသွားလေ၏။ 27 အကယ်၍ငါက၊ ညည်းတွားခြင်းကိုမေ့လျော့၍၊ မျက်နှာကြည်ကြည်ရွှင်ရွှင်နေမည်ဟု အောက်မေ့လျှင်၊ 28-29 ခံစားရသမျှသောဝေဒနာအတွက် ကြောက်ရွံ့၍၊ အပြစ်မကင်းပါဟုအစီရင်ခံရမည်ကို အကျွန်ုပ်သိလျက်၊ အဘယ့်ကြောင့်အချည်းအနှီးကြိုးစားရမည်နည်း။ 30 မိုးပွင့်ရေဖြင့်ချိုးလျက်၊ လက်များကိုစင်ကြယ်အောင်ဆေးသော်လည်း၊ 31 မစင်တွင်း၌အကျွန်ုပ်ကိုနှစ်တော်မူသဖြင့်၊ အဝတ်ကပင်စက်ဆုပ်ရွံ့ရှာပါလိမ့်မည်။ 32 စီရင်ရာသို့စုံညီသွားရောက်၍၊ ငါထုချေလျှောက်လဲခွင့်ရရန်၊ ကိုယ်တော်သည် ငါကဲ့သို့လူဖြစ်တော်မူသည်မဟုတ်ပါ။ 33 နှစ်ဘက်တို့အပေါ်တွင်၊ လက်ဝါးစီးအုပ်၍၊ အလယ်၌စုံရာသမာဓိလည်းမရှိချေ။ 34 အာဏာတော့်ရိုက်ဒဏ်ကို၊ ငါ၌ရပ်စဲ၍၊ ဘေးလည်းငါ့အားမချောက်ပါစေနှင့်။ 35 သို့မှကိုယ်တော်ကိုမကြောက်မရွံ့လျှောက်ထားဝံ့ပါမည်။ အသို့ကြောင့်ဆိုသော်၊ ကိုယ်၌ကြောက်ရွံ့ရန်မရှိသောကြောင့်တည်း။