7
လူတို့သည်၊ မြေကြီးပေါ်တွင်လမိုင်းသားကဲ့သို့၊ အမှုထမ်းရကြသည်မဟုတ်လော။ ရက်တာလည်း၊ သူငှား၏ရက်တာနှင့်တူသည်မဟုတ်လော။ အရိပ်ကိုမက်၍ မောဟိုက်သောကျွန်၊ အခကိုလို၍စောင့်စားသောသူငှားကဲ့သို့၊ ငါသည် အချည်းနှီးသောလများကိုပိုင်ရ၍၊ ပင်ပန်းခံရသောညဉ့်များကိုလည်း စီမံတော်မူ၏။ အိပ်လျှင်မူကား၊ မည်သည့်အခါထနိုင်မည်နည်းဟုဆင်ခြင်လျက်ရှိသည်နှင့်၊ ညဉ့်တာရှည်၍နံနက်ဆည်းဆာအချိန်တိုင်တိုင်၊ လူးလျက်လှိမ့်လျက်ညီးငွေ့လေ၏။ ငါ့အသားသည်လောက်နှင့်မြေဆိုင်ဖုံးလွှမ်း၍၊ အရေလည်းတင်းမာလျက်၊ ရိယိုလျက်ရှိ၏။ ငါ့အသက်တာသည်၊ ရက်ကန်းခြေနင်းစက်ထက်လျင်မြန်၍၊ ေမျှာ်လင့်ခြင်းမဲ့ကွယ်ပျောက်လေ၏။ အကျွန်ုပ်အသက်သည် လေဖြစ်ကြောင်းကိုသတိရတော်မူပါ။ ကောင်းစားခြင်းကိုထပ်မံ၍မြင်ရတော့မည်မဟုတ်။ အကျွန်ုပ်ကိုရှုမြင်သောသူလည်း၊ ရှုကြည့်ရတော့မည်မဟုတ်ပါ။ ရှုကြည့်တော်မူပါက အကျွန်ုပ်မရှိပြီ။ မိုးတိမ်သည်လွင့်ပါးပျောက်ကွယ်သည့်နည်းတူ၊ မရဏာ့နိုင်ငံသို့ဆင်းသွားသူသည်၊ ပြန်တက်ရမည်မဟုတ်။ 10 နေအိမ်သို့မပြန်မလာ။ နေရင်းအရပ်၌လည်း၊ သူ့ကိုနောင်မတွေ့မမြင်ရ။
11 အကျွန်ုပ်သည် နှုတ်ကိုမချုပ်တည်းဘဲ၊ စိတ်ဆင်းရဲ၍ပြောဆိုခြင်း၊ စိတ်နစ်နာ၍ ညည်းတွားခြင်းပြုပါမည်။ 12 အစောင့်ထားတော်မူခြင်းကိုခံရစေရန်၊ သမုဒ္ဒရာဝဲဂယက်သော်လည်းေကာင်း၊ ငါးကြီးအာနန္ဒသော် လည်းေကာင်း၊ ဖြစ်ပါသလော။ 13 မွေ့ရာဖြင့်ချမ်းသာရမည်။ အိပ်ရာဖြင့်လည်း ညည်းတွားခြင်းသက်သာရမည်ဟု၊ အကျွန်ုပ်အောက်မေ့သောအခါ၊ 14-15 အရိုးစုဖြစ်ရသည်ထက်၊ ညှစ်၍အသေသတ်ခြင်းကိုရွေးချယ်သောစိတ်ရှိစေရန်၊ အိမ်မက်များတွင်ချောက်ချား၍၊ ရူပါရုံများဖြင့်လည်း ချောက်လှန့်တော်မူ၏။ 16 ကိုယ်ကိုရွံရှာသဖြင့်၊ ရှင်လျက်အစဉ်မနေလို။ အကျွန်ုပ်၏အသက်တာသည်၊ တစ်ရှုတစ်ရှိုက်သာဖြစ်သောကြောင့်၊ အကျွန်ုပ်ကိုရှိပါလေစေ။
17 လူသည်မည်သို့သော သတ္တဝါဖြစ်၍ ချီးမြှောက်ခြင်း၊ စိတ်တော်စွဲလမ်းခြင်း၊ 18 နံနက်တိုင်းကြည့်ရှုခြင်း၊ အစဉ်မပြတ်စစ်ဆေးခြင်းများကို၊ ပြုတော်မူရပါသနည်း။ 19 အကျွန်ုပ်တံတွေးကိုမျိုခိုက် မျက်နှာတော်မလွှဲဘဲ၊ မည်မျှကြာမလျစ်မလျူနေတော်မူမည်နည်း။ 20 လူတို့ကိုစောင့်ကြည့်တော်မူသောအရှင်၊ အကျွန်ုပ်ပြစ်မှားသည်မှန်ပါက၊ ကိုယ်တော်အားမည်သို့ပြုမိပါသနည်း။ အသက်ရှင်ခြင်းဝန်လေးသည့်တိုင်အောင်၊ ရှေ့တော် တွင်ခလုတ်အဖြစ်ဖြင့်၊ အကျွန်ုပ်ကိုအဘယ့်ကြောင့်ထားတော်မူပါသနည်း။ 21 အကျွန်ုပ်လွန်ကျူးသော ပြစ်မှုကိုမဖြေမလွှတ်၊ ဒုစရိုက်ကိုလည်းမဆောင်မသွားဘဲ၊ အဘယ့်ကြောင့်နေတော်မူပါသနည်း။ အကျွန်ုပ်သည် မြေမုန့်၌ယခုအိပ်ရပါမည်။ လိုက်စစ်ရှာဖွေတော်မူသော်လည်း၊ အကျွန်ုပ်ရှိမည်မဟုတ်ပါဟု မြွက်ဆိုလေ၏။ ​​​​