6
1-2 ထိုအခါ၊ ယောဘတုံ့ပြန်မြွက်ဆိုသည်မှာ၊ ငါ့ဒေါသနှင့် ဘေးဒုက္ခနှစ်ရပ်ကို ချိန်ခွင်တွင်ထည့်၍ ချိန်စက်ပါစေ။ သို့ပြုလျှင်၊ သမုဒ္ဒရာရှိ သဲထက်လေးပါလိမ့်မည်။ ထို့ကြောင့်ယောင်ယမ်းပြောမိပါပြီ။ အနန္တတန်ခိုးရှင်၏မြှားတော်များသည်၊ ငါ့ကိုခွင်း၍၊ မြှားဆိပ်ကိုပင် ငါ့စိတ်ဝိညာဉ်သုံးသောက်ရ၏။ ဘုရားသခင်ထံမှ ကြောက်လန့်ဖွယ်ရာများလည်း၊ ခင်းကျင်းစီစဉ် လျက်ရှိလေပြီ။ မြက်ပေါများလျက် မြည်းရိုင်းဟီခြင်း၊ ကောက်ရိုးရှိလျက် နွားတွန်ခြင်းပြုမည်လော။ အရသာမဲ့အစာကိုဆားမခတ်ဘဲစားနိုင်သလော။ အရွက်သက်သက်ဟင်းရည်လည်း၊ မြိန်ရှက်ခြင်းရှိပါသလော။ ချဉ်သိုးသောစားဖွယ်ကဲ့သို့ဖြစ်၍၊ မြည်းစမ်းခြင်းကိုမျှငါမနှစ်မြို့။ ငါစောင့်ေမျှာ်ရာကို ဘုရားသခင်သနားတော်မူ၍၊ တောင်းလျှောက်သည့်အတိုင်း ခံယူရပါစေသော။ ဘုရားသခင်သည် ငါ့ကိုချေမွှရန်အလိုတော်ရှိလျက်၊ လက်တော်ရောက်၍ပယ်ဖျောက်တော်မူပါစေ။ 10 သို့မှနှစ်သိမ့်ခွင့်ရတော့မည်။ သန့်ရှင်းတော်မူသောအရှင်၏အမိန့်တော်ကိုမငြင်းဆန်သည်နှင့်အညီ၊ ညှာတာခြင်းကင်းသောဝေဒနာကြောင့်ရွှင်လန်းရတော့မည်။ 11 ငါ၌စောင့်ေမျှာ်နိုင်ရန်ခွန်အားကား၊ မည်သည့်အရာနည်း။ စိတ်ရှည်နိုင်ရန်ငါ့အဆုံးကား၊ မည်သည့်အရာနည်း။ 12 ငါ့စွမ်းအားသည်၊ ကျောက်တောင်အားနှင့်လည်းေကာင်း။ ငါ့အသားလည်းကြေးနှင့်လည်းေကာင်း၊ တူပါသလော။ 13 ငါ၏အဇ္စျတ္တ၌အမှီတကဲပျက်လျက်၊ အေမျှာ်အမြင်ပညာကိုလည်းနှင်ထုတ်ပြီးမဟုတ်လော။ 14 စိတ်ပျက်လုသူ၊ အနန္တတန်ခိုးရှင်၏ 6.14 ပါဠိၒ ၒ- ခန့်ညားဖွယ်ရာ။ အမိန့်တော်ကိုစွန့်ပစ်အံ့ဆဲဆဲသူပင်၊ အဆွေခင်ပွန်း၏သနားခြင်းကိုခံသင့်ပါ၏။ 15-16 ငါ့ညီအစ်ကိုတို့ကား၊ ခြောက်သောချောင်းကဲ့သို့ သစ္စာမဲ့ကြလေစွ။ ၎င်းရေကြောင်းများသည်၊ရေခဲကြောင့်ညှို့၍၊ အရည်ပျော်သောမိုးပွင့်ကြောင့်ပြည့်လျှံစီးသွား သော်လည်း၊ 17 ပူသောအခါပျောက်၍၊ ပြင်းပြသောအခါ စီးရာအရပ်တွင်ခန်းခြောက်သည်နှင့်၊ 18 ထိုလမ်းဖြင့်သွားသောခရီးသည်တို့သည်၊ လွှဲရှောင်၍ သဲတောသို့တက်ရောက်ရာ၊ ပျက်စီးကြကုန်၏။ 19 တေမ အမျိုးခရီးသည်တို့သည် ရေရှာလျက်၊ ရှေဘအမျိုးခရီးသွားတို့လည်း စောင့်ေမျှာ်လျက်၊ 20 ထိုအရပ်သို့ရောက်သော်၊ အားထားမိသည့်အတွက် ကျိုးယုတ်ရှက်ကွဲကြရှာသတည်း။ 21 သင်တို့သည် ထိုနည်းတူဖြစ်လျက်၊ ကြောက်မက်ဖွယ်ရာကိုမြင်လျှင် မြင်ချင်းထိတ်လန့်ကြ၏။ 22 ငါ့အားပေးကမ်းပါ။ ငါ့အတွက်လက်ဆောင်ပေးပါဟူ၍လည်းေကာင်း၊ ရန်သူ့လက်မှကယ်ဆယ်ပါ။ 23 ကြမ်းကြုတ်သူတို့လက်မှရွေးနှုတ်ပါဟူ၍လည်းေကာင်း၊ ငါတောင်းပန်သလော။
24 ညွှန်ပြလော့။ ငါဆိတ်ဆိတ်နေပါမည်။ မည်သို့လမ်းလွှဲသည်ကိုလည်း၊ နားလည်စေပါလော့။ 25 ဖြောင့်မှန်သောစကားများသည်၊ ခက်ထန်လှစွာတကား။ သင်တို့ဆုံးမသည်မှာ၊ မည်သည့်အပြစ်ကြောင့်ဆုံးမကြသနည်း။ 26 စိတ်ပျက်သူ၏ စကားများသည် လေသက်သက်ဖြစ်ပါလျက်၊ ၎င်းစကားကိုပင်ဆုံးမမည့်ကြံစည်ကြသလော။ 27 သင်တို့သည် ဖသက်ဆိုးတို့ကိုမဲကောက်၍၊ အဆွေခင်ပွန်းကိုပင်ရောင်းကြလိမ့်တကား။ 28 ငါ့ကိုယခုလှည့်ကြည့်ပါလော့။ မျက်မှောက်ထင်ထင်မုချငါမုသာကင်းလွတ်၏။ 29 မတရားမဖြစ်စေရန် အထင်ပြောင်းလဲကြလော့။ ငါ့အမှုလည်းဖြောင့်မှန်သည်ဖြစ်၍ ပြောင်းလဲကြဦးလော့။ 30 ငါ့လျှာဖျားတွင် မတရားမှုရှိသလော။ အဆိုးကိုမြည်းစမ်း၍ မသိမြင်နိုင်သလော။