27
ထို့နောက်၊ ယောဘသည် ပုံဆောင်ချက်ကိုဆက်လက်မြွက်ဆိုသည်ကား၊ ငါ့တရားမှုကို ပယ်ပတော်မူသောဘုရားသခင်၊ စိတ်ကိုနစ်နာစေတော်မူသောအနန္တတန်ခိုးရှင်၏ အသက်တော်ကိုတိုင်တည်၍၊ ဇီဝအသက်ရှိသေးလျက်၊ နှာခေါင်း၌ ဘုရားသခင်ရှုမှုတ်တော်မူသော လေရှိသေးလျက်၊ ငါသစ္စာဆိုသည်မှာ၊ ငါသည် မတရားသောစကားကိုနှုတ်မမြွက်။ ပရိယာယ်စကားကိုလည်း လျှာဖြင့်မဆိုချေ။ သေသည့်တိုင်အောင်၊ ငါစုံလင်သည်ဟု၊ မငြင်းမဆိုသည့်အတိုင်း၊ သင်တို့စကားမှန်သည်ဟု ဝန်ခံရခြင်းကား၊ ငါနှင့်ကင်းဝေးပါစေသော။ ငါ့နေ့ရက်တာအတွင်း၊ စိတ်နှလုံးကအပြစ်မတင်ခဲ့သည်နှင့်အညီ၊ ငါဖြောင့်မတ်သည်ဟု မလွှတ်ဘဲအမြဲဝန်ခံမည်။ ငါ့ရန်သူသည် လူဆိုးကဲ့သို့လည်းေကာင်း၊ တစ်ဘက်၌ထကြွသူလည်း မတရားသူကဲ့သို့လည်းေကာင်း၊ ဖြစ်ပါစေသော။ လူသရော်လူပျက်၏အသက်ကို၊ ဘုရားသခင်နုတ်ယူသိမ်းတော်မူသောအခါ၊ သူ၌မည်သို့စောင့်ေမျှာ်ရာအကြာင်းရှိတော့အံ့နည်း။ ဒုက္ခရောက်သောအခါ၊ သူဟစ်သံကို၊ ဘုရားသခင်နားညောင်းတော်မူမည်လော။ 10 ထိုသူသည် အနန္တတန်ခိုးရှင်၌ အခါခပ်သိမ်းမွေ့လျော်၍၊ ဘုရားသခင်အား ပဌနာပြုမည်လော။
11 ငါသည် ဘုရားသခင်၏လက်ရုံးတော်အကြောင်းကို၊ သင်တို့အား သွန်သင်လျက်၊ အနန္တတန်ခိုးရှင်၏အပြုအမူတော်များကို ထိမ်ချန်မည်မဟုတ်။ 12 သင်တို့ရှိသမျှသည် ထိုသို့ဒိဋ္ဌမြင်ရဘူးပါလျက်၊ အဘယ့်ကြောင့်အချည်းအနှီးသက်သက်ဖြစ်ကြသနည်း။ 13 ဘုရားသခင့်ထံတော်၌ လူဆိုး၏ ဝေပုံ၊ အနန္တတန်ခိုးရှင်ထံတော်မှ ကြမ်းကြုတ်သူခံရသောပိုင်စုဟူမူကား၊ 14 ဆင်းသက်သော သားမြေးများပြားပါသော်လည်း၊ ဓားစာဖြစ်၏။ အစာအာဟာရနှင့်လည်း ရောင့်ရဲခွင့်မရကြ။ 15 ကျန်ကြွင်းသောသူတို့မှာ သေဘေးတွေ့၍ မြေမြှုပ်ခံကြရာ၊ မုဆိုးမတို့သည် ငိုကြွေးမြည်တမ်းခြင်းကိုမပြုရကြ။ 16 မြေမုန့်နှင့်အမျှ ငွေကိုဆည်းပူး၍၊ ရွှံ့နှင့်အမျှအဝတ်တန်ဆာကို စုဆောင်းထားသော်လည်း၊ 17 ထားသောအဝတ်ကိုဖြောင့်မတ်သူဝတ်ဆင်၍၊ ငွေကိုလည်း အပြစ်ကင်းသူတို့ဝေငှခွင့်ရကြလိမ့်မည်။ 18 ထိုသူသည်၊ လယ်စောင့်သူထိုးတတ်သောတဲကဲ့သို့လည်းေကာင်း၊ ပိုးရွလုပ်ထားသကဲ့သို့လည်းေကာင်း၊ အိမ်ကိုတည်ဆောက်ရ၏။ 19 ဥစ္စာဓနရှိ၍ အိပ်သော်လည်း၊ ထပ်မံ၍မအိပ်ရ။ မျက်စိပွင့်လျှင် ပွင့်ချင်းမရှိချေ။ 20 ကြောက်မက်ဖွယ်ရာများသည်၊ ရေဘေးကဲ့သို့သူ့ကိုလိုက်မီလျက်၊ ညဉ့်အခါ၌ လေဗွေတိုက်သွားလေ၏။ 21 အရှေ့လေသည်၊ သူ့ကိုနေရာအရပ်မှ ဆောင်ချီတိုက်သွား၍ မတည်မနေနိုင်။ 22 မညှာတာဘဲမြှားတော်နှင့်ပစ်သဖြင့်၊ လက်တော်မှပြေးသွားမြဲပြေးသွားရ၏။ 23 လူတို့လည်းလက်ပမ်းပေါက်ခတ်လျက်၊ ပြက်ရယ်ပြုကြသဖြင့်၊ နေရာအရပ်မှ၊ သူပြေးသွားရသတည်း။