24
1 အနန္တတန်ခိုးရှင်သည်၊ အဘယ့်ကြောင့်ချိန်းချက်၍ထားတော်မူသနည်း။ ထိုသို့သောနေ့ရက်ကာလများကို၊ ကိုယ်တော်နှင့် ကျွမ်းဝင်သူတို့သည် အဘယ့်ကြောင့်မမြင် ရကြသနည်း။
2-3 မြေမှတ်တိုင်ကို ရွှေ့တတ်သူ၊ သိုးဆိတ်အုပ်ကိုလုယူ၍ ထိန်းထားတတ်သူ၊ ဘသက်ဆိုးတို့၏မြည်းကို မောင်းသွားတတ်သူ၊ မုဆိုးမ၏ နွားကိုအပေါင်ခံတတ်သူများ ရှိကြ၏။
4-5 ထို့ကြောင့်၊ သူဆင်းရဲတို့ကို လမ်းဖဲကြစေသည့်အတိုင်း၊ ထိုနိမ့်ကျသူ မြေကြီးသားတို့တစ်ပြိုင်နက်ရှောင်သွားကြပြီးလျှင်၊ မြင်းရိုင်းများကဲ့သို့၊ တော၌အစာရှာခြင်းအလုပ် ကိုလုပ်ရန်ထွက်သွားရာ၊ တော၌ပင်သူငယ်တို့စားရန် အစာကိုရကြရှာလေ၏။
6 စားရန်မြက်သီးကို လယ်ယာတွင်ရိတ်၍၊ လူဆိုးတို့စပျစ်ဥယျာဉ်၌လည်း ကောက်သင်းကောက်ရကြ၏။
7 ညဉ့်အခါအဝတ်ချည်းစည်းအိပ်ရ၍၊ ချမ်းအေးသော်လည်း ခြုံစောင်မရှိချေ။
8 တောင်ပေါ်တွင် မိုးကြီးစိုစွတ်လျက်၊ ခိုစရာမရှိသောကြောင့်၊ ကျောက်တောင်ကို ဖက်ယမ်းကြရှာလေ၏။
9 ဖသက်ဆိုးတို့ကို ရင်ခွင်မှလုယူ၍၊ သူဆင်းရဲတို့၏အဝတ်ကို အပေါင်ခံတတ်သူတို့ရှိကြသေး၏။
10 သူဆင်းရဲတို့သည် အဝတ်အချည်းစည်းသွားလာ၍၊ ကောက်လှိုင်းများကို ထမ်းဆောင်လျက်ပင် မွတ်သိပ်ရကြ၏။
11 လူဆိုးတို့၏သံလွင်ပင်ကြားတွင် ဆီကိုညှပ်ပေး၍၊ စပျစ်ကျင်းကို ဖိနင်းရလျက်ပင် ငတ်ရကြ၏။
12 စည်ကားသောမြို့တွင် လူတို့ညည်းတွားလျက်၊ ထိပါးခံရသူတို့ အော်ဟစ်သော်လည်း၊ ထိုအဓမ္မမှုကိုဘုရားသခင်အာရုံပြုတော်မမူ။
13 အလင်းကို ဆန့်ကျက်ဘက်၍၊ အလင်းလမ်းများကိုမမှတ်သားဘဲ၊ ထိုခရီး၌ မမြဲသောသူတို့အနက်၊
14 လူသတ်သည် အရုဏ်တက်က ထပြီးလျှင်၊ နိမ့်ကျဆင်းရဲသားတို့ကို သတ်ဖြတ်၍၊ ညဉ့်၌ခိုးသူသဖွယ်ဖြစ်၏။
15 မယာခိုးကလည်း၊ မည်သူမျှ ငါ့ကိုမမြင်ရဟုဆိုလျက်၊ မျက်နှာဖုံးအုပ်၍၊ ဆည်းဆာအချိန်တိုင်ဆိုင်းလင့်၏။
16 အချို့တို့လည်း မှောင်ကျသောအခါ၊ အိမ်များကိုဖောက်ထွင်း၍၊ အလင်းကိုမနှစ်မြို့ဘဲ၊ နေ့အခါပုန်းရှောင်လျက်နေကြ၏။
17 ထိုသူတို့သည်၊ သေမင်းအရိပ်ဆိုင်ရာကြောက်မက်ဖွယ်ကိုသိ၍၊ နံနက်ယံကိုထိုအရိပ်ကဲ့သို့ ထင်ကြ၏။
18 သင်တို့က၊ ထိုသူသည်ရေမျက်နှာပြင်တွင်အလျင်အမြန်ပျောက်၍၊ နေပြည်၌ပိုင်စုပေါ်တွင် အမင်္ဂလာတည်သည့်အတိုင်း၊ စပျစ်ဥယျာဉ်သို့လည်းပြန်သွားလမ်းမရ။
19 မိုးခေါင်၍ နေပူခြင်းသည်၊ မိုးပွင့်ကိုမျိုစားသကဲ့သို့၊ မရဏာ့နိုင်ငံလည်း ပြစ်မှားသူတို့ကို မျိုစားတတ်၏။
20 ထိုသူကို အမိမေ့လျက်၊ လောက်စားလျက်၊ နောင်မည်သူမျှ သတိမရ။ မတရားခြင်းသည် သစ်ပင်ကဲ့သို့ကျိုးပြတ်လိမ့်မည်။
21 မုဆိုးမအား အကောင်းကိုမပြုဘဲ၊ သားမဖွားသောအမြုံမအား၊ အဆိုးကိုပြုသူကား၊ ထိုသို့ပင်တည်းဟုဆိုရိုးရှိသော်လည်း၊
22 အစွမ်းကောင်းသူတို့ကို၊ တန်ခိုးတော်ဖြင့် အသက်တာရှည်စေတော်မူသည့်အတိုင်း၊ ထိုသူတို့သည်၊ အသက်ရှည်မည်ဟု မထင်လျက်ပင်၊ ထခွင့်ရကြ၏။
23 စိတ်ချခွင့်ပေးတော်မူသည့်အတိုင်း၊ အမှီတံကဲကို ရကြ၍၊ သူတို့၏ နည်းလမ်းများကိုလည်း ကြည့်ရှုတော်မူ၏။
24 ထိုသူတို့သည် ချီးမြှောက်ခြင်းသို့ရောက်၍ ရုတ်တရက်မရှိချေ။ လူဟူသမျှကဲ့သို့ ရှုတ်ချသိမ်းယူခြင်းကိုလည်းေကာင်း၊ ကောက်နှံကဲ့သို့ ရိတ်ဖြတ်ခြင်းကိုလည်းေကာင်း၊ ခံရကြ၏။
25 ထိုသို့မဟုတ်လျှင်၊ ငါသည် မုသာသုံးသူဖြစ်ကြောင်း၊ စကားလည်း အချည်းနှီးဖြစ်ကြောင်းများကို၊ မည်သူထင်ရှားစေမည်နည်းဟု မြွက်ဆိုလေ၏။