23
1-2 ထိုအခါ၊ ယောဘတုံ့ပြန်မြွက်ဆိုသည်ကား၊ ညည်းတွားခြင်းကို ငါချုပ်တည်းမည်ပြုသော်လည်း၊ ယခုတိုင်အောင်ပုန်ကန်၍ မြည်တမ်းရချေ၏။ ကိုယ်တော်နှင့်တွေ့ဆုံရာကို သိလျက်၊ စံတော်မူရာသို့ တိုးဝင်ရပါစေသော။ သို့မှငါတရားမှုကို ရှေ့တော်တွင်စီစဉ်ထား၍၊ နှုတ်ဖြင့်များစွာချေပလိမ့်မည်။ တုံ့ပြန်တော်မူမည့်အချက်ကိုသိလျက်၊ မည်သို့မိန့်မြွက်တော်မူမည်ကိုလည်းသိရလိမ့်မည်။ မဟာတန်ခိုးတော်ဖြင့် ဘက်ပြိုင်တော်မူမည်လော။ ထိုသို့မဟုတ်၊ အကျွန်ုပ်ကိုမုချအရေးယူတော်မူမည်။ ထိုအရပ်၌ သဘောဖြောင့်သူသည် ချေပခွင့်ရသည့်အတိုင်း၊ တရားစီရင်သောအရှင့်ထံ၊ ကာလအစဉ်ငါထွက်မြောက်ခွင့်ရလိမ့်မည်။
ယခုမှာမူကား၊ ငါရှေ့သို့တိုးသော်၊ ကိုယ်တော်မရှိ။ နောက်သို့ဆုတ်သော်လည်း၊ မတွေ့မမြင်ချေ။ ပြုပြင်တော်မူရာဝဲဘက်၌ မဖူးရ။ ယာဘက်၌လည်းငါမမြင်အောင် ပုန်းရှောင်တော်မူ၏။ 10 ကိုယ်တော်သည် ငါ့အလေ့အလာကိုသိတော်မူသည့်အတိုင်း၊ စစ်ဆေးလျှင်၊ ရွှေစင်ကဲ့သို့ငါထွက်ပေါ်လိမ့်မည်။ 11 ခြေတော်ရာကိုငါနင်းလိုက်၍၊ နည်းလမ်းတော်ကိုလည်း မလွှဲဘဲစောင့်ရှောက်ခဲ့ပြီ။ 12 နှုတ်မြွက်တော်မူသော ပညတ်တော်ကို မပယ်။ မုက္ခပတ်တော်ကိုလည်း၊ ဓမ္မတာတရားထက်နှစ်သက်ခဲ့လေပြီ။
13 ကိုယ်တော်မူကား၊ တသမတ်တည်းဖြစ်၍၊ မည်သူပြောင်းလဲစေနိုင်မည်နည်း။ သဘောတော်မြတ်ရာစီရင်တော်မူသတည်း။ 14 သို့နှင့်အညီ၊ ငါ့အငန်းအတာကိုပြည့်စေတော်မူ၍၊ ထိုသို့သောအရာများစွာကိုစီရင်တော်မူသဖြင့်၊ 15 မျက်မှောက်တော်တွင်၊ ငါအားလျော့၍၊ စဉ်းစားသောအခါ၊ ကိုယ်တော်ကို ကြောက်ရွံ့၏။ 16 ငါ့စိတ်နှလုံးကို ဘုရားသခင်အရည်ဖျော်၍၊ အနန္တတန်ခိုးရှင်သည်၊ အားကိုလျော့စေတော်မူခဲ့လေပြီ။ 17 မှောင်မိုက်ကြောင့်လည်းေကာင်း၊ ငါ့မျက်နှာကို ဖုံးအုပ်သောမှောင်အတိကြောင့်လည်းေကာင်း၊ ငါစိတ်ပျက်သည်မဟုတ်။