22
ထိုအခါ၊ တေမန့်အမျိုးသားဧလိဖတ်တုံ့ပြန်မြွက်ဆိုသည်ကား။ လူသည် ဘုရားသခင်ရှေ့၌အသုံးဝင်နိုင်သလော။ လိမ္မာသူသည်၊ ကိုယ်၌သာလျှင်မုချအသုံးကျလိမ့်မည်။ သင်ဖြောင့်မတ်ကြောင်းကို၊ အနန္တတန်ခိုးရှင် အာရုံပြုတော်မူသလော။ အကျင့်အကြံစုံလင်ခြင်း အကြောင်းကြောင့်လည်း၊ အကျိုးရှိတော်မူသလော။ သင်ရိုသေခန့်ညားခြင်းအတွက်ဆုံးမ၍၊ သင်နှင့်တရားဆိုင်တော်မူပါသလော။ သင်ဆိုးသွမ်းခြင်းများပြားလှသည်မဟုတ်လော။ ဒုစရိုက်လည်း၊ မကုန်မဆုံးချေ။
အသို့ဆိုသော်၊ သင်သည် ညီအစ်ကိုထံအချည်းအနှီးအပေါင်းခံသည့်ပြင်၊ အဝတ်မဲ့သူတို့၏ ခြုံစောင်ကိုပင်ခွာယူခဲ့လေပြီ။ မောပန်းသူအား ရေကိုမတိုက်။ မွတ်သိပ်သူ့အားလည်း အစာကိုမကျွေး။ လက်ရုံးကောင်းသူသည် နေပြည်ကိုပိုင်ရ၍၊ မျက်နှာကြီးသူလည်း တည်နေခွင့်ရရှိလျက်ပင်၊ မုဆိုးမတို့ကိုသင်လက်ချည်းလွှတ်လျက်၊ ဖသက်ဆိုးတို့၏ လက်ရုံးများကိုလည်း ချိုးဖဲ့ခဲ့လေပြီ။ 10 ထိုကြောင့်ထောင်သောကိုင်းများသည်၊ သင့်ကိုဝိုင်းရံလျက်၊ ရုတ်ခြင်းဘေးလည်း ချောက်လှန့်လေပြီ။ 11 မှောင်ကျသောဘေးကိုလည်းေကာင်း၊ လွှမ်းမိုးစီးသွားသော ရေဘေးကိုလည်းေကာင်း၊ မသိမမြင်သလော။
12 ဘုရားသခင်သည် ကောင်းကင်ဘဝဂ်ဝယ်ရှိတော်မူသည်မဟုတ်လော။ ကြယ်များ၏ အထွဋ်အထိပ်မြင့်လှသည်ကို ကြည့်လော။ 13 သင်က၊ ဘုရားသခင်မည်သည်ကိုသိသနည်း။ မိုးသားအပေါ်မှစီရင်ဆုံးဖြတ်နိုင်သလော။ 14 ကိုယ်တော်ကြည့်၍ မမြင်နိုင်ရန် တိမ်တိုက်ကို ခြုံရုံလျက်၊ ကောင်းကင်ပိတာန့်အပေါ်တွင် စက်တော်ဖြန့်သည်ဟုဆို၏။
15-16 အမြစ်အခြေသည် မြစ်ရေသဖွယ် စီးသွန်၍၊ အချိန်မစေ့မီ၊ သိမ်းသွားခံရသူဒုစရိုက်သားတို့ေလျှာက်လိုက်သောရှေးလမ်းကို၊ သင်ေလျှာက်သွားမည်လော။ 17-18 ၎င်းတို့အိမ်များကို အကောင်းနှင့်ပြည့်စေတော်မူသော်လည်း၊ ဘုရားသခင်အား ထိုသူတို့က၊ ထွက်ကြွတော်မူပါ။ အနန္တတန်ခိုးရှင်သည် ငါတို့၌မည်သို့ပြုလုပ်နိုင်တော်မူ သနည်းဟု မေးကြကုန်၏။ အကျွန်ုပ်နှင့် လူဆိုးတို့အကြံအစည်ကင်းဝေးစွတကား။ 19-20 ဖြောင့်မတ်သူတို့သည် ထိုသို့မြင်ရ၍ ဝမ်းမြောက်ကြသည့်ပြင်၊ အပြစ်ကင်းသူတို့က၊ အကျွန်ုပ်တို့နှင့် ဆန့်ကျင်ဘက်ထကြွသူတို့ကို ပယ်ရှင်း၍၊ ကြွင်းသမျှကိုလည်းမီး သင့်လောင်ပြီဟု ကဲ့ရဲ့ကြ၏။ 21 သင်ကား၊ ကိုယ်တော်နှင့်ကျွမ်းဝင်၍ မိတ်သဟာယဖွဲ့လော့။ သို့မှကောင်းစားခွင့်ရလိမ့်မည်။ 22 နှုတ်တော်ထွက်တရားကိုခံယူ၍၊ မုက္ခပတ်တော်ကိုလည်း နှလုံးသွင်းလော့။ 23 အနန္တတန်ခိုးရှင်ထံတော်သို့ ပြန်လာ၍၊ မတရားမှုကို သင့်တဲများမှ ကင်းဝေးစေလျှင်၊ တည်ဆောက်ခွင့်ရဦးမည်။ 24 သင့်ရတနာကို မြေတွင်လည်းေကာင်း၊ ဩဖိရရွှေကိုချိုင့်ရှိကျောက်များတွင်လည်းေကာင်း၊ ထားခဲ့လျှင်၊ အနန္တတန်ခိုးရှင်သည်။ 25 သင့်ရတနာမြတ်၊ ဘော်စင်အရာ၌ ဖြစ်တော်မူပါလိမ့်မည်။ 26 ထိုအခါသင်သည် အနန္တတန်ခိုးရှင်၌မွေ့လျော်၍၊ ဘုရားသခင်ရှေ့တော်တွင် မော်ကြည့်ခွင့်ရသည့်ပြင်၊ 27 တောင်းပန်၍ နားညောင်းတော်မူသဖြင့်၊ သင်၏သစ္စာဝတ်ကိုဖြေရလတံ့။ 28 သင်ပြဋ္ဌာန်းသောအချက်သည် တည်၍၊ သွားရာလမ်းတွင်လည်း၊ အလင်းထွန်းတောက်လိမ့်မည်။ 29 သင့်ကိုနှိမ့်ချကြသောအခါ၊ သင်က၊ မာနကြီးသည်ဟု မြည်တမ်းလျှင်၊ နိမ့်ကျသောသင့်ကိုကယ်တင်တော်မူလတ္တံ့။ 30 အပြစ်မကင်းသူ့ကိုပင် လွတ်မြောက်စေတော်မူ၍၊ ထိုသူလွတ်မြောက်ရခြင်းကား၊ သင့်လက်စင်ကြယ်သောကြောင့်တည်းဟုမြွက်ဆိုလေ၏။