20
ထိုအခါ၊ နေမတ်အမျိုးသား ဇေဖာတုံ့ပြန်မြွက်ဆိုသည်ကား၊ သို့အတွက်ကြောင့် အကျွန်ုပ်စိတ်ရှုပ်ထွေးလျက်၊ စိတ်လျင်မြန်လျက်ပင်၊ တုံ့ပြန်ရန်အကြောင်းကိုရပါ၏။ အကျွန်ုပ်အားအရှက်ခွဲသောဆုံးမချက်ကိုကြားရသည်နှင့်၊ စိတ်၌ နားလည်သည့်အတိုင်း၊ တုံ့ပြန်ရန်အကြောင်းကား၊ 4-5 ရှေးမဆွမြေကြီပေါ်တွင် လူကိုနေရာ ချတော်မူသောကာလကပင်၊ လူဆိုး၏ ကြွေးကြော်ခွင့်မတည်။ လူသရော်လူပျက်၏ ရွှင်လန်းခွင့်လည်း တခဏမျှဖြစ်ကြောင်းကို သင်မသိသလော။ ထိုသူ၏စိတ်မြင့်ခြင်းသည်၊ အာကာသတိုင်အောင်ရောက်၍၊ ဦးခေါင်းလည်းမိုးတိမ်ကိုထိသော်လည်း၊ ကိုယ့်ကျင်ကြီးကဲ့သို့အစဉ်ပျက်စီးရသဖြင့်၊ မြင်ဖူးသောသူတို့က အဘယ်မှာနည်းဟုမေးရကြလတ္တံ့။ အိပ်မက်ကဲ့သို့လွင့်ပါး၍ သူ့ကိုမတွေ့မမြင်။ ညဉ့်အခါရူပါရုံကဲ့သို့ ကွယ်ပျောက်ရလိမ့်မည်။ မြင်ဘူးသော သူသည် သူ့ကိုမြင်ရတော့မည်မဟုတ်။ နေရင်းအရပ်၌လည်းနောင်မတွေ့ချေ။ 10 သူ့ဥစ္စာကိုလက်နှင့်ပြန်ပေး၍၊ သားသမီးတို့လည်းနွမ်းပါးသူတို့ကိုပင် ခယကြလတ္တံ့။ 11 ငယ်ရွယ်ခြင်းဂုဏ်ဖြင့်၊ အရိုးများတောင့်တင်းစဉ်တွင်၊ မြေမုန့်၌အိပ်လဲရလိမ့်မည်။ 12 သူ့ခံတွင်း၌ ဒုစရိုက်ကိုမြိန်ရှက်သဖြင့်၊ လျှာအောက်တွင်ဝှက်ထားလျက်၊ 13 လျှာခင်တွင်ဆီးတား၍မမြိုဘဲနှမြောသော်လည်း၊ 14 ဝမ်း၌အစာချဉ်သိုးလျက်၊ မြွေဆိုးအဆိပ်တောက်ကဲ့သို့ဖြစ်၏။ 15 ဥစ္စာပစ္စည်းကိုစားမျိုခဲ့သော်လည်း၊ ဘုရားသခင်သည် သူ့ဝမ်းမှ နှုတ်ယူတော်မူ၍၊ အံထုတ်ရလတ္တံ့။ 16 မြွေဆိုးအဆိပ်အတောက်ကိုစို့၍၊ မြွေဟောက်အစွယ်ကြောင့် သေရလိမ့်မည်။ 17 မြစ်ချောင်းသဖွယ်စီးသောပျားရည်နှင့်နိုဓမ်းကိုပင်၊ မြင်ရတော့မည်မဟုတ်။ 18 ချွေးနဲစာကိုမမျိုရဘဲ ဆပ်ပေး၍၊ ဆည်းပူးသောဥစ္စာပစ္စည်းနှင့်အမျှ ဝမ်းမြောက်ခွင့်မရချေ။ 19 အသို့ဆိုသော်၊ သူသည် နွမ်းပါးသူတို့ကို နှိပ်စက်ပစ်ထားလျက်၊ ကိုယ်မတည်မဆောက်သောအိမ်ကိုလည်းလုယက်လေပြီ။ 20 စိတ်၌မရောင့်ရဲသည်ဖြစ်၍၊ နှစ်သက်ရာ တစ်စုံတစ်ခုကိုမျှ ကယ်ယူနိုင်မည်မဟုတ်။ 21 အကြွင်းမဲ့စားသောကြောင့်၊ စည်းစိမ်ချမ်းသာခိုင်ခံ့မည်မဟုတ်။ 22 ကြွယ်ဝပြည့်စုံစေအခါ အကျဉ်းအကျပ်သို့ရောက်၍၊ ဒုက္ခဆင်းရဲခံသမျှသောသူသည်၊ ထိုသူ့ကိုလက်ရောက်ပြုလိမ့်မည်။ 23 ဝစွာစားစေတော့။ အစားအသောက်အရာ၌ ဘုရားသခင်သည်၊ အမျက်တော်အရှိန်ကိုစေလွှတ်၍၊ သွန်ချတော်မူလိမ့်သတည်း။ 24 ထိုသူသည် သံလက်နက်ကိုကြောက်ရွံ့ပြေးရာ၊ ကြေးလေးဖြင့် ထုတ်ချင်းခွင်းခံရလိမ့်မည်။ 25 မြှားကိုကျောက်ကုန်းမှ ထွက်အောင် ဆွဲနုတ်၏။ အသည်းမှ စဉ်းသွားထွက်၍ ဘေးများ သင့်ရောက်လေပြီ။ 26 သူ့ဘဏ္ဍာအဖို့ မှောင်အတိရံထားလျက်၊ မမှုတ်ရသောမီးသည်၊ ထိုသူနှင့်တကွ၊ တဲ၌ကျန်သမျှပါကျွမ်းလောင်လိမ့်မည်။ 27 မိုးကောင်းကင်သည်၊ သူ၏ဒုစရိုက်ကိုဖော်ပြ၍၊ မြေကြီးလည်း၊ တစ်ဘက်၌ ထကြွလတ္တံ့။ 28 သူ့တိုက်ထွက်ပျောက်သွားလျက်၊ အမျက်တော်နေ့ရက်၌အသိမ်းခံရလိမ့်မည်။ 29 ဆိုသွမ်းသူသည် ဤဝေပုံကို ဘုရားသခင်ထံမှခံရ၍၊ ထိုသို့သော ပိုင်စုကို ဘုရားသခင်စီရင်တော်မူသည်ဟု မြွက်ဆို၏။