19
1-2 ထိုအခါ၊ ယောဘတုံ့ပြန်မြွက်ဆိုသည်ကား၊ ငါ့ကိုစိတ်ကိုပူဆွေးစေလျက်၊ အပြောအဆိုဖြင့်လည်း မည်မျှကြာချေမွကြမည်နည်း။ ဆယ်ကြိမ်မြောက်ငါ့ကိုကျိုးယုတ်စေ၍၊ သင်တို့၌ အရှက်မရှိဘဲပုတ်ခတ်ဝံ့သေးချေ၏။ အကယ်၍ ငါမှောက်မှားသည်မှန်က၊ ထိုမှောက်မှားခြင်းသည် ငါနှင့်သာဆိုင်ပါ၏။
မုချအားဖြင့် သင်တို့သည်၊ ငါ့တစ်ဘက်၌ ဝါကြွား၍၊ အရှက်ကို ထုတ်ဖော်ချေပကြသော်လည်း၊ ဘုရားသခင်သည် ငါ့အပေါ်တွင် အလွဲစီရင်၍၊ ပိုက်တော်ဖြင့်ချဖမ်းတော်မူသည်ကို သိမှတ်ကြလော့။ ကြည့်ကြလော့။ အဓမ္မဟူ၍ ငါဟစ်သော်လည်း၊ ထူးတော်မမူ။ အော်သော်လည်း၊ တရားသဖြင့်စီရင်တော်မူသည်မဟုတ်။ ငါေလျှာက်သွား၍မပေါက်ရန်၊ လမ်းမလမ်းကြားများကိုပိတ်ဆီးလျက်၊ မှောင်ကျစေတော်မူပြီ။ ငါ၏ကြက်သရေကို ချွတ်၍၊ ဦးရစ်ကိုလည်းချတော်မူ၏။ 10 ငါ့ကိုဝိုင်းရံဖြိုလှဲတော်မူသဖြင့် ငါထွက်ခွာခဲ့ရပြီ။ သစ်ပင်ကိုနုတ်သကဲ့သို့၊ စောင့်ေမျှာ်ရာအကြောင်းကိုလည်း နုတ်ယူတော်မူပြီ။ 11 ငါ့အပေါ်တွင် အမျက်ထွက်၍။ ရန်သူသဖွယ်ထင်မှတ်တော်မူ၏။ 12 စစ်တပ်တော်များသည်၊ တစ်ပြိုင်နက်ချီလာပြီးလျင်ကတုတ်လှန်၍၊ ငါ၏ တဲကိုဝန်းဝိုင်းလျက် စခန်းချကြလေ၏။ 13 ညီအစ်ကိုတို့ကို ငါနှင့်ကွာဝေးစေတော်မူ၍၊ အသိအကျွမ်းများလည်း၊ စိမ်းကားသူတို့ဖြစ်ကြလေပြီ။ 14 နီးစပ်သူတို့သည် လျစ်လျူရှု၍၊ မိတ်သင်္ဂဟတို့လည်း၊ ငါ့ကိုမေ့လျော့ကြပြီ။ 15 ကျွန်မိန်းများမှစသောအိမ်သူအိမ်သားတို့သည်၊ ငါ့ကိုသူစိမ်းသဖွယ်မှတ်၍၊ လူမျိုးခြားဖြစ်သည်ဟုထင်မြင်ကြလေပြီ။ 16 ကျွန်ကိုငါခေါ်၍မထူးချေ။ ခယမြွက်ဆိုရသည်တကား။ 17 မယားသည် ငါ၏ထွက်သက်ဝင်သက်လေကို ရွံရှာ၍၊ ညီအစ်ကိုမောင်နှမတို့လည်း၊ ငါ့ကိုစက်ဆုပ်ကြ၏။ 18 သူငယ်တို့ပင် ငါ့ကိုမထီလေးစားပြု၍၊ ငါထမည်ပြုသော်၊ သရော်တတ်ကြ၏။ 19 အပေါင်းအဖော်တို့သည် ငါ့ကိုရွံ့ရှာလျက်၊ ချစ်ခင်သူတို့လည်း စိတ်ပြောင်းလဲကြပြီ။ 20 ငါ့အသားအရေသည် အရိုး၌ကပ်လျက်၊ 19.20 ပါဠိၒ ၒ- သွားခွံနှင့်။ လက်မတင်မျှငါလွတ်မြောက်ခဲ့ပြီ။
21 အဆွေခင်ပွန်းဖြစ်သောသင်တို့၊ ငါ့အားသနားကြပါ။ ဘုရားသခင်လက်တော်သည် ငါ့ကိုထိခိုက်ပြီဖြစ်၍သနားကြပါ။ 22 သင်တို့လည်း ငါ့အသားနှင့်မရောင့်ရဲဘဲ၊ ဘုရားသခင်ကဲ့သို့အဘယ့်ကြောင့်ငါ့ကိုလိုက်လံညှဉ်းပန်းကြသနည်း။ 23 ငါပြောဆိုချက်ကိုရေးသားလျက်ရှိပါစေသော။ စာစောင်တွင်လည်း တင်သွင်းလျက်ရှိပါစေသော။ 24 သံစို့ဖြင့်ကျောက်စာထွင်း၍၊ ခဲရေပါလျက်မြဲပါစေသော။ 25-27 သို့ရာတွင် ငါ့ရှေ့ဆောင်အရှင်သည်၊ သက်တော်ရှိသဖြင့်၊ မြေမုန့်ပေါ်တွင် နောင်ထင်ရှားတော်မူ၍၊ ငါ၏ယခုအသားအရေလည်းပျက်စီးပြီးမှ၊ ကိုယ်ခန္ဓာနှင့်ကင်းလျက် ဘုရားသခင်ကိုဖူးမြင်ရမည်ကား။ အခြားမဟုတ်၊ ငါကိုယ်တိုင်ပင်ဖူးမြင်၍၊ ငါ့မျက်စိမြင်ရမည်ကို ငါသိနှင့်သတည်း။ ထို့ကြောင့်ငါ့ရင်ထဲ၌နှလုံးသည်းပွတ်ကြွေပြတ်လေစွ။
28 သင်တို့က၊ ထိုသူ၌ မူလကြောင်းရင်းကိုတွေ့လျက်၊ လိုက်လံညှဉ်းပန်းလိမ့်မည်ဟု အောက်မေ့လျှင်၊ ဓားဘေးကိုကြောက်ရွံ့ကြလော့။ 29 ဘုရားသခင်ဆုံးဖြတ်တော်မူသည်ကို သင်တို့သိစေခြင်းငှာ၊ ဓားဘေးဒဏ်ရက်စက်သည်ဟု မြွက်ဆို၏။